[Zawgyi/Unicode]
ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္တာကို လက္ခံႏုိင္ဖြယ္ရာ မရွိဘူးလုိ႔ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရး အေျခအေနဆုိင္ရာ အထူးစံုစမ္းစစ္ေဆးေရးမွဴး Tom Andrews က အဂၤါေန႔မွာေျပာပါတယ္။ ဒီအေပၚ ႏုိင္ငံတကာအေနနဲ႔ အားေကာင္းၿပီး ျပတ္သားတဲ့ တံု႔ျပန္မႈတခုလုပ္ဖို႔ လိုအပ္တယ္လုိ႔လည္း ေျပာပါတယ္။
"ဒါဟာ လူထုတရပ္လံုးကုိ ထိုးႏွက္လိုက္တာပါ။ သိပ္ကို တရားလြန္ၿပီး လက္ခံႏုိင္ဖြယ္မရွိပါဘူး။ ႏုိင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ တိုက္႐ိုက္၊ အားေကာင္းေကာင္းနဲ႔ တာဝန္သိသိ တံု႔ျပန္သင့္ပါတယ္။" လို႔ Tom Andrews က ဗီြအိုေအကိုေျပာပါတယ္။
ေရြးေကာက္ပြဲ မဲစာရင္း မသမာမႈေတြေၾကာင့္ဆိုိတဲ့ စစ္တပ္ရဲ႕ အေၾကာင္းျပခ်က္ဟာ ဘာမွခိုင္လံုမႈ မရွိသလို ျဖစ္ႏုိင္ေျခမရွိဘဲ အဓိပၸါယ္မဲ့လွတယ္လုိ႔ Tom Andrews က ေျပာပါတယ္။
"ေရြးေကာက္ပြဲတခုနဲ႔ ပတ္သက္ၿပီး စိုးရိမ္စရာေတြဆိုတာက ကိစၥတခုပါ။ ေရြးေကာက္ပြဲအမ်ားစုမွာ လူေတြ စိုးရိမ္ၾကတာရွိတာပါပဲ။ ဒါေပမဲ့ ေရြးေကာက္ပြဲနဲ႔ပတ္သက္တဲ့ စိုးရိမ္မႈေၾကာင့္ ဆိုၿပီးေတာ့ေတာ့ အစိုးရတရပ္ကို ျဖဳတ္ခ်တာမ်ဳိး မလုပ္ရဘူးေလ။" လို႔ Tom Andrews က ေျပာပါတယ္။
ဒီလုိ အျပဳအမူမ်ဳိးအေပၚ အားေကာင္းၿပီး ညီၫြတ္တဲ့ ႏုိင္ငံတကာတုံ႔ျပန္မႈ လိုအပ္ၿပီး အဲဒါမွသာလ ွ်င္ ဗုိလ္ခ်ဳပ္ႀကီးေတြအေနနဲ႔ သူတို႔လုပ္ရပ္အတြက္ ျပန္ေပးဆပ္ရတယ္ဆိုတာကို နားလည္မွာျဖစ္တယ္လို႔ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးအေျခအေနဆုိင္ရာ အထူးစံုစမ္းစစ္ေဆးေရးမွဴး Tom Andrews က ေျပာပါတယ္။
[Unicode Version]
စစ်အာဏာသိမ်းမှု လက်ခံနိုင်ဖွယ်မရှိ - ကုလအထူးစုံစမ်းရေးမှူး Tom Andrews
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကို လက်ခံနိုင်ဖွယ်ရာ မရှိဘူးလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး Tom Andrews က အင်္ဂါနေ့မှာပြောပါတယ်။ ဒီအပေါ် နိုင်ငံတကာအနေနဲ့ အားကောင်းပြီး ပြတ်သားတဲ့ တုံ့ပြန်မှုတခုလုပ်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။
"ဒါဟာ လူထုတရပ်လုံးကို ထိုးနှက်လိုက်တာပါ။ သိပ်ကို တရားလွန်ပြီး လက်ခံနိုင်ဖွယ်မရှိပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တိုက်ရိုက်၊ အားကောင်းကောင်းနဲ့ တာဝန်သိသိ တုံ့ပြန်သင့်ပါတယ်။" လို့ Tom Andrews က ဗွီအိုအေကိုပြောပါတယ်။
ရွေးကောက်ပွဲ မဲစာရင်း မသမာမှုတွေကြောင့်ဆိုတဲ့ စစ်တပ်ရဲ့ အကြောင်းပြချက်ဟာ ဘာမှခိုင်လုံမှု မရှိသလို ဖြစ်နိုင်ခြေမရှိဘဲ အဓိပ္ပါယ်မဲ့လှတယ်လို့ Tom Andrews က ပြောပါတယ်။
"ရွေးကောက်ပွဲတခုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေဆိုတာက ကိစ္စတခုပါ။ ရွေးကောက်ပွဲအများစုမှာ လူတွေ စိုးရိမ်ကြတာရှိတာပါပဲ။ ဒါပေမဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ စိုးရိမ်မှုကြောင့် ဆိုပြီးတော့တော့ အစိုးရတရပ်ကို ဖြုတ်ချတာမျိုး မလုပ်ရဘူးလေ။" လို့ Tom Andrews က ပြောပါတယ်။
ဒီလို အပြုအမူမျိုးအပေါ် အားကောင်းပြီး ညီညွတ်တဲ့ နိုင်ငံတကာတုံ့ပြန်မှု လိုအပ်ပြီး အဲဒါမှသာလ ျှင် ဗိုလ်ချုပ်ကြီးတွေအနေနဲ့ သူတို့လုပ်ရပ်အတွက် ပြန်ပေးဆပ်ရတယ်ဆိုတာကို နားလည်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး Tom Andrews က ပြောပါတယ်။