သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္အာဏာသိမ္းမႈကို တံု႕ျပန္ၾကဖို႔ ဒီမိုႏိုင္ငံေတြကို ကန္ဆီနိတ္တာ Mitch McConnell ပန္ၾကား


အေမရိကန္အထက္ လႊတ္ေတာ္အမတ္ Mitch McConnell

(Zawgyi/Unicode)

ျမန္မာနိုင္ငံမွာ စစ္တပ္က အာဏာသိမ္းမႈကို အေမရိကန္နိုင္ငံနဲ႔ မဟာမိတ္နိုင္ငံေတြက ျပန္လည္ တုံ႔ျပန္ဖို႔ အေမရိကန္အထက္ လႊတ္ေတာ္အမတ္ Mitch McConnell က ဆီးနိတ္ အထက္လႊတ္ေတာ္မွာ မိန္႔ခြန္းေျပာၾကားရင္း တိုက္တြန္းလိုက္ပါတယ္။

“အေမရိကန္ျပည္ေထာင္စုနဲ႔ ကမၻာအႏွံ႔က ဒီမိုကေရစီနိုင္ငံေတြက ျမန္မာနိုင္ငံက အျဖစ္အပ်က္ေတြကို စိုးရိမ္တႀကီးနဲ႔ ေစာင့္ၾကည့္ ေန ပါတယ္။ ျမန္မာနိုင္ငံနဲ႔ ပတ္သက္လို႔ ကၽြန္ေတာ္ကိုယ္တိုင္ စိတ္ဝင္တစား ရွိေနတာ ႏွစ္ေပါင္း မ်ားစြာ ၾကာျမင့္ခဲ့ပါၿပီ။ ၿပီးခဲ့တဲ့ နိုဝင္ဘာလတုန္းကပဲ ဒီဆီးနိတ္ အထက္လႊတ္ေတာ္မွာ ျမန္မာနိုင္ငံက ေရြးေကာက္ပြဲအေပၚ သတိထားၿပီး ႀကိဳဆိုခဲ့ၿပီး ျမန္မာနိုင္ငံမွာ စစ္တပ္က ဒီမို ကေရစီတိုးတက္ ျဖစ္ထြန္းမႈအေပၚမွာ အဆိပ္အေတာက္အေနနဲ႔ ဩဇာသက္ေရာက္မႈ ရွိေနေသးတယ္လို႔ ကၽြန္ေတာ္ သတိေပးခဲ့ပါ ေသးတယ္” လို႔ အထက္လႊတ္ေတာ္ လူနည္းစု ေခါင္းေဆာင္ Mitch McConnell က ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အရပ္သား နိုင္ငံေရး ေခါင္းေဆာင္ေတြကို ဒီ သီတင္းပတ္ကုန္မွာ ဖမ္းဆီးထိန္းသိမ္းလိုက္တဲ့သတင္းကို ကမၻာႀကီးက စက္ဆုပ္ ထိတ္လန္႔စဖြယ္ ၾကားလိုက္ရပါတယ္လို႔လည္း သူက ေျပာပါတယ္။

စစ္အုပ္စု အေပၚ ဖိအားေပးဖို႔ မဟာမိတ္နဲ႔ မိတ္ေဆြနိုင္ငံေတြကို အေမရိကန္နိုင္ငံက အကူအညီေပးဖို႔ လိုအပ္ေၾကာင္း၊ ဒီ အခ်ိန္က လြတ္လပ္မႈကို ခ်စ္ျမတ္နိုးတဲ့ နိုင္ငံေတြအေနနဲ႔ ဒီမိုကေရစီအတြက္ မားမားမတ္မတ္ ရပ္တည္ဖို႔ အခ်ိန္ျဖစ္ေၾကာင္းနဲ႔ စစ္အုပ္စုအေန နဲ႔သူတို႔ လုပ္ရပ္အတြက္ ေပးဆပ္ရဖို႔ စည္းက်ပ္မႈေတြ လုပ္ေဆာင္ရမွာ ျဖစ္ေၾကာင္းလည္း McConnellက ေျပာပါတယ္။

ဝါရင့္ ဆီးနိတ္ အထက္လႊတ္ေတာ္ အမတ္ Mitch McConnell က ျမန္မာနိုင္ငံကို ၂၀၁၂ ခုႏွစ္ ဇန္နဝါရီလမွာ သြားေရာက္လည္ပတ္ ၿပီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆုံခဲ့သလို ေဒၚေအာင္ဆန္းစုၾကည္ကလည္း အဲဒီႏွစ္ စက္တင္ဘာလထဲ အေမရိကန္နိုင္ငံကို လာေရာက္ တုန္းကလည္း Kentucky ျပည္နယ္ကို သြားေရာက္ၿပီး Mitch McConnell နဲ႔ ေတြ႕ ဆုံခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


........

မြန်မာစစ်တပ်အာဏာသိမ်းမှုကို တုံ့ပြန်ကြဖို့ ဒီမိုနိုင်ငံတွေကို ကန်ဆီနိတ်တာ Mitch McConnell ပန်ကြား

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို အမေရိကန်နိုင်ငံနဲ့ မဟာမိတ်နိုင်ငံတွေက ပြန်လည် တုံ့ပြန်ဖို့ အမေရိကန်အထက် လွှတ်တော်အမတ် Mitch McConnell က ဆီးနိတ် အထက်လွှတ်တော်မှာ မိန့်ခွန်းပြောကြားရင်း တိုက်တွန်းလိုက်ပါတယ်။

“အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာအနှံ့က ဒီမိုကရေစီနိုင်ငံတွေက မြန်မာနိုင်ငံက အဖြစ်အပျက်တွေကို စိုးရိမ်တကြီးနဲ့ စောင့်ကြည့် နေ ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်တစား ရှိနေတာ နှစ်ပေါင်း များစွာ ကြာမြင့်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကပဲ ဒီဆီးနိတ် အထက်လွှတ်တော်မှာ မြန်မာနိုင်ငံက ရွေးကောက်ပွဲအပေါ် သတိထားပြီး ကြိုဆိုခဲ့ပြီး မြန်မာနိုင်ငံမှာ စစ်တပ်က ဒီမို ကရေစီတိုးတက် ဖြစ်ထွန်းမှုအပေါ်မှာ အဆိပ်အတောက်အနေနဲ့ ဩဇာသက်ရောက်မှု ရှိနေသေးတယ်လို့ ကျွန်တော် သတိပေးခဲ့ပါ သေးတယ်” လို့ အထက်လွှတ်တော် လူနည်းစု ခေါင်းဆောင် Mitch McConnellက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အရပ်သား နိုင်ငံရေး ခေါင်းဆောင်တွေကို ဒီ သီတင်းပတ်ကုန်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့သတင်းကို ကမ္ဘာကြီးက စက်ဆုပ် ထိတ်လန့်စဖွယ် ကြားလိုက်ရပါတယ်လို့လည်း သူက ပြောပါတယ်။

စစ်အုပ်စု အပေါ် ဖိအားပေးဖို့ မဟာမိတ်နဲ့ မိတ်ဆွေနိုင်ငံတွေကို အမေရိကန်နိုင်ငံက အကူအညီပေးဖို့ လိုအပ်ကြောင်း၊ ဒီ အချိန်က လွတ်လပ်မှုကို ချစ်မြတ်နိုးတဲ့ နိုင်ငံတွေအနေနဲ့ ဒီမိုကရေစီအတွက် မားမားမတ်မတ် ရပ်တည်ဖို့ အချိန်ဖြစ်ကြောင်းနဲ့ စစ်အုပ်စုအနေ နဲ့သူတို့ လုပ်ရပ်အတွက် ပေးဆပ်ရဖို့ စည်းကျပ်မှုတွေ လုပ်ဆောင်ရမှာ ဖြစ်ကြောင်းလည်း McConnellက ပြောပါတယ်။

ဝါရင့် ဆီးနိတ် အထက်လွှတ်တော် အမတ် Mitch McConnell က မြန်မာနိုင်ငံကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ သွားရောက်လည်ပတ် ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကလည်း အဲဒီနှစ် စက်တင်ဘာလထဲ အမေရိကန်နိုင်ငံကို လာရောက် တုန်းကလည်း Kentucky ပြည်နယ်ကို သွားရောက်ပြီး Mitch McConnell နဲ့ တွေ့ ဆုံခဲ့ပါတယ်။

XS
SM
MD
LG