သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအေျခအေန ပံုမွန္ျပန္ျဖစ္ေစဖို႔ အာဆီယံ ပန္ၾကား


အာဆီယံအလံ

(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ ပံုမွန္ အေျခအေနမ်ိဳး ျပန္ျဖစ္ေအာင္ ေဆာင္ရြက္ၾကဖို႔ အေရွ႕ေတာင္ အာရွ ႏုိင္ငံမ်ား အသင္း အာဆီယံ အဖြဲ႔ႀကီးက ပန္ၾကားထားပါတယ္။

အာဆီယံ အသိုင္းအ၀ိုင္းတြင္း ေအးခ်မ္းတည္ၿငိမ္ေရးနဲ႔ ၾကြယ္၀ေရးတို႔ အတြက္ အာဆီယံ အဖြဲ႔၀င္ ႏုိင္ငံေတြအတြင္း နုိင္ငံေရး တည္ၿငိမ္မႈက ပဓာနက်တယ္ဆိုတာကို ထပ္ေလာင္း ေျပာၾကားေၾကာင္း အာဆီယံ အလွည့္က် ဥကၠဌ ဘရူႏုိင္း ႏုိင္ငံက ေၾကညာခ်က္ ထုတ္ပါတယ္။ ျမန္မာ ျပည္သူလူထုရဲ႕ ဆႏၵ၊ အက်ိဳးစီးပြားေတြနဲ႔ အညီ ေဆြးေႏြးညွိႏိႈင္းမႈေတြနဲ႔ ပံုမွန္ အေျခအေန ျပန္ေရာက္ေအာင္ ေဆာင္ရြက္ဖို႔ တုိက္တြန္းေၾကာင္း အာဆီယံ ေၾကညာခ်က္က ေဖာ္ျပပါတယ္။

ထိုင္း အစိုးရဘက္ကေတာ့ ျမန္မာ့ အေျခအေနကို အနီးကပ္ ေစာင့္ၾကည့္ေနေၾကာင္း ဒုတိယ ၀န္ႀကီးခ်ဳပ္ Wissanu Krea-Ngam က ေျပာဆိုတဲ႔ အေၾကာင္း ေဒသတြင္း သတင္းေတြက ေဖာ္ျပပါတယ္။ ကေမၻာဒီးယားကေတာ့ တျခားႏုိင္ငံေတြရဲ႕ ျပည္တြင္းေရး ၀င္ေရာက္ စြက္ဖက္မွာ မဟုတ္ေၾကာင္း ေျပာဆိုထားပါတယ္။

"ျမန္မာႏုိင္ငံမွာ သမၼတနဲ႔ ႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ဖမ္းဆီးခံထားရပါတယ္။ ကေမၻာဒီးယား အေနနဲ႔ေတာ့ အာဆီယံ အဖြဲ႔၀င္ ႏုိင္ငံေတြ၊ ဒါမွမဟုတ္လည္း အဖြဲ႔၀င္ မဟုတ္တဲ႔ ႏုိင္ငံေတြရဲ႕ ျပည္တြင္းေရးနဲ႔ ပတ္သက္ၿပီး မွတ္ခ်က္မေပးဘူးလို႔ အာဆီယံ အဖြဲ႔၀င္ ကေမၻာဒီးယား ႏုိင္ငံရဲ႕ ၀န္ႀကီးခ်ဳပ္ Hun Sen က ေျပာဆိုခဲ႔တာပါ။ ျမန္မာႏုိင္ငံရဲ႕ အုပ္ခ်ဳပ္သူ အသစ္ေတြနဲ႔ ကေမၻာဒီးယားက ဆက္လက္ ဆက္ဆံသြားမယ္" လို႔လည္း ကေမာၻဒီးယား အစိုးရ ေျပာခြင့္ရက ေျပာဆိုခဲ႔ပါတယ္။

အေျခအေနေတြ ပိုၿပီး ဆိုးရြားမသြားရေလေအာင္ သက္ဆိုင္သူ အားလံုး အေနနဲ႔ စိတ္ေအးေအးထားၿပီး ေတြ႔ဆံုေဆြးေႏြး အေျဖရွာၾကဖို႔ အင္ဒိုနီးရွားႏုိင္ငံက တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

မြန်မာအခြေအနေ ပုံမှန်ပြန်ဖြစ်စေဖို့ အာဆီယံ ပန်ကြား
(Unicode)

မြန်မာနိုင်ငံမှာ ပုံမှန် အခြေအနေမျိုး ပြန်ဖြစ်အောင် ဆောင်ရွက်ကြဖို့ အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံ အဖွဲ့ကြီးက ပန်ကြားထားပါတယ်။

အာဆီယံ အသိုင်းအဝိုင်းတွင်း အေးချမ်းတည်ငြိမ်ရေးနဲ့ ကြွယ်ဝရေးတို့ အတွက် အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေအတွင်း နိုင်ငံရေး တည်ငြိမ်မှုက ပဓာနကျတယ်ဆိုတာကို ထပ်လောင်း ပြောကြားကြောင်း အာဆီယံ အလှည့်ကျ ဥက္ကဌ ဘရူနိုင်း နိုင်ငံက ကြေညာချက် ထုတ်ပါတယ်။ မြန်မာ ပြည်သူလူထုရဲ့ ဆန္ဒ၊ အကျိုးစီးပွားတွေနဲ့ အညီ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ ပုံမှန် အခြေအနေ ပြန်ရောက်အောင် ဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း အာဆီယံ ကြေညာချက်က ဖော်ပြပါတယ်။

ထိုင်း အစိုးရဘက်ကတော့ မြန်မာ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း ဒုတိယ ဝန်ကြီးချုပ် Wissanu Krea-Ngam က ပြောဆိုတဲ့ အကြောင်း ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။ ကမ္ဘောဒီးယားကတော့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေး ဝင်ရောက် စွက်ဖက်မှာ မဟုတ်ကြောင်း ပြောဆိုထားပါတယ်။

"မြန်မာနိုင်ငံမှာ သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖမ်းဆီးခံထားရပါတယ်။ ကမ္ဘောဒီးယား အနေနဲ့တော့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ၊ ဒါမှမဟုတ်လည်း အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေရဲ့ ပြည်တွင်းရေးနဲ့ ပတ်သက်ပြီး မှတ်ချက်မပေးဘူးလို့ အာဆီယံ အဖွဲ့ဝင် ကမ္ဘောဒီးယား နိုင်ငံရဲ့ ဝန်ကြီးချုပ် Hun Sen က ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်သူ အသစ်တွေနဲ့ ကမ္ဘောဒီးယားက ဆက်လက် ဆက်ဆံသွားမယ်" လို့လည်း ကမ္ဘောဒီးယား အစိုးရ ပြောခွင့်ရက ပြောဆိုခဲ့ပါတယ်။

အခြေအနေတွေ ပိုပြီး ဆိုးရွားမသွားရလေအောင် သက်ဆိုင်သူ အားလုံး အနေနဲ့ စိတ်အေးအေးထားပြီး တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ အင်ဒိုနီးရှားနိုင်ငံက တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG