[Zawgyi/Unicode]
ျမန္မာစစ္တပ္က အရပ္သားအစိုးရကို ဖယ္ရွားၿပီး ဒါဇင္နဲ႔ ခ်ီတဲ့ႏုိ္င္ငံေရးေခါင္းေဆာင္ေတြ၊ လူ႔အခြင့္အေရးလႈပ္ရွားသူေတြ၊ သတင္းေထာက္ေတြ၊ လႈပ္ရွားတက္ၾကြသူေတြနဲ႔ အျခားလူပုဂၢိဳလ္ေတြကို စစ္တပ္က ဖမ္းဆီးထိန္းသိမ္းထားတဲ့အေပၚ အလြန္စိုးရိမ္ေၾကာင္း လူ႔အခြင့္အေရးဆုိင္ရာ ကုလသမဂၢမဟာမင္းႀကီး Michelle Bachelet က ေျပာလိုက္ပါတယ္။
ေရြးေကာက္ခံလႊတ္ေတာ္ အမတ္ေတြအပါအဝင္ လူ ၄၅ ဦးထက္မနည္း ထိန္းသိမ္းခံထားရတဲ့အေပၚ အလြန္အမင္းစိုးရိမ္သလို ဖမ္းဆီးထားသူေတြကို ခ်က္ျခင္းျပန္လႊတ္ေပးဖို႔ကိုလည္း ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ရက္စဲြနဲ႔ ထုတ္ျပန္တဲ့ သူ႕ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
သတင္းေထာက္ေတြကို ေနွာင့္ယွက္တာ၊ ကိုယ္ထိလက္ေရာက္တုိက္ခို္က္တာအျပင္ အင္တာနက္နဲ႔ လူမႈကြန္ယက္ေတြကို ကန္႔သတ္ထားတယ္ဆိုတဲ့ စိတ္မေကာင္းစရာသတင္းေတြလည္း ၾကားသိေနရတယ္လို႔ ဆိုထားပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ စိိုးရိမ္စရာေကာင္းလွတဲ့ခုလိုကာလမ်ိဳးမွာ ျမန္မာႏုိင္ငံတြင္း သတင္းရပိုင္ခြင့္နဲ႔ လြတ္လပ္စြာထုတ္ေဖာ္ခြင့္ေတြ ကန္႔သတ္ခံလိုက္ရတာမ်ိဳးျဖစ္လာလိမ့္မယ္လို႔လည္း မဟာမင္းႀကီး Bachelet က သတိေပးထားပါတယ္။
ျမန္မာႏိုင္ငံအေျခအေနအေပၚ ကုလသမဂၢလံုျခံဳေရးေကာင္စီမွာလည္း အဂၤါေန႔ ေဆြးေႏြးဖို႔ရွိေနၿပီး ျမန္မာႏိ္ုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener က ရွင္းလင္းတင္ျပဖို႔ရွိေနပါတယ္။ ျမန္မာႏိုင္ငံတြင္း စစ္တပ္က အာဏာသိမ္းယူမႈနဲ႔ ပတ္သက္လို႔ အေမရိကန္ျပည္ေထာင္စုအပါအ၀င္ ႏိုင္ငံအေတာ္မ်ားမ်ားကလည္း ျပင္းျပင္းထန္ထန္ေ၀ဖန္မႈ ရွိေနပါတယ္။
[Unicode Version]
ဖမ်းထားသူတွေလွှတ်ပေးဖို့ ကုလ လူ့အခွင့်အရေးမဟာမင်းကြီး တိုက်တွန်း
မြန်မာစစ်တပ်က အရပ်သားအစိုးရကို ဖယ်ရှားပြီး ဒါဇင်နဲ့ ချီတဲ့နိုင်ငံရေးခေါင်းဆောင်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ သတင်းထောက်တွေ၊ လှုပ်ရှားတက်ကြွသူတွေနဲ့ အခြားလူပုဂ္ဂိုလ်တွေကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့အပေါ် အလွန်စိုးရိမ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet က ပြောလိုက်ပါတယ်။
ရွေးကောက်ခံလွှတ်တော် အမတ်တွေအပါအဝင် လူ ၄၅ ဦးထက်မနည်း ထိန်းသိမ်းခံထားရတဲ့အပေါ် အလွန်အမင်းစိုးရိမ်သလို ဖမ်းဆီးထားသူတွေကို ချက်ခြင်းပြန်လွှတ်ပေးဖို့ကိုလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ သူ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
သတင်းထောက်တွေကို နှောင့်ယှက်တာ၊ ကိုယ်ထိလက်ရောက်တိုက်ခိုက်တာအပြင် အင်တာနက်နဲ့ လူမှုကွန်ယက်တွေကို ကန့်သတ်ထားတယ်ဆိုတဲ့ စိတ်မကောင်းစရာသတင်းတွေလည်း ကြားသိနေရတယ်လို့ ဆိုထားပါတယ်။ ဒီဖြစ်ရပ်ကြောင့် စိုးရိမ်စရာကောင်းလှတဲ့ခုလိုကာလမျိုးမှာ မြန်မာနိုင်ငံတွင်း သတင်းရပိုင်ခွင့်နဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်တွေ ကန့်သတ်ခံလိုက်ရတာမျိုးဖြစ်လာလိမ့်မယ်လို့လည်း မဟာမင်းကြီး Bachelet က သတိပေးထားပါတယ်။
မြန်မာနိုင်ငံအခြေအနေအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာလည်း အင်္ဂါနေ့ ဆွေးနွေးဖို့ရှိနေပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က ရှင်းလင်းတင်ပြဖို့ရှိနေပါတယ်။ မြန်မာနိုင်ငံတွင်း စစ်တပ်က အာဏာသိမ်းယူမှုနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအတော်များများကလည်း ပြင်းပြင်းထန်ထန်ဝေဖန်မှု ရှိနေပါတယ်။