သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္ေထာင္စု ဝန္ႀကီးသစ္ေတြ စစ္အစိုးရ ခန္႔အပ္


တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္(ေဖေဖာ္ဝါရီ ၀၃၊ ၂၀၁၈)

[Zawgyi/Unicode]

စစ္တပ္က အာဏာသိမ္းလိုက္တဲ့ တနလၤာေန႔မွာပဲ ျပည္ေထာင္စု အစိုးရဝန္ႀကီးသစ္ေတြကို ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ ခန္႔အပ္ တာ၀န္ေပးလိုက္ပါတယ္။ ႏိုင္ငံျခားေရး၀န္ႀကီးဌာန ဝန္ႀကီးအျဖစ္ ဦး၀ဏၰေမာင္လြင္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ကိုေတာ့ ျပည္ထဲေရး၀န္ႀကီးဌာနနဲ႔ ျပည္ေထာင္စုအစိုးရအဖြဲ႔ရံုး ဝန္ႀကီးဌာန၀န္ႀကီး၊ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးကို ကာကြယ္ေရး ဝန္ႀကီးဌာန၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္ကို နယ္စပ္ေရးရာ ၀န္ႀကီးဌာန၀န္ႀကီး၊ ဦး၀င္းရွိန္ကို စီမံကိန္း၊ ဘ႑ာေရးနဲ႔ စက္မႈ၀န္ႀကီးဌာန၊ ဦးေအာင္ႏိုင္ဦး ရင္းႏွီးျမွဳပ္ႏွံမႈနဲ႔ ႏိုင္ငံျခားစီးပြား ဆက္သြယ္ေရး၀န္ႀကီးဌာန၀န္ႀကီး၊ ဦးကိုကိုလိႈင္ကို အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ၀န္ႀကီးဌာန၊ ဦးခ်စ္ႏိ္ုင္ ျပန္ၾကားေရး ၀န္ႀကီးဌာန၊ ဦးကိုကို သာသနာေရးနဲ႔ ယဥ္ေက်းမႈ ၀န္ႀကီးဌာန၊ ဦးျမင့္ႀကိဳင္ အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အား ၀န္ႀကီးဌာန၊ ေဒါက္တာ သက္ခိုင္ဝင္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီး ဌာန၀န္ႀကီးေတြအျဖစ္နဲ႔ အသီးသီး ခန္႔အပ္လိုက္တဲ့အေၾကာင္း ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က မၾကာခင္အခ်ိန္ပိုင္းကပဲ ထုတ္ျပန္လိုက္တာပါ။

ဖြဲ႔စည္းပံုအေျခခံဥပေဒ ပုဒ္မ (၄၁၉) အရ ခုလို ျပည္ေထာင္စုဝန္ႀကီးေတြကို ခန္႔အပ္ တာ၀န္ေပးအပ္လိုက္တာျဖစ္တယ္လို႔ ေဖာ္ျပပါတယ္။ တခ်ိန္တည္းမွာပဲ ျပည္ေထာင္စု ရာထူး၀န္အဖြဲ႔ ဥကၠ႒ေနရာကိုေတာ့ ဦးသန္းေဆြကို ခန္႔အပ္တာ၀န္ေပးတဲ့အေၾကာင္း သီးျခား ထုတ္ျပန္ထားၿပီး တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္ေတြနဲ႔ တရားသူႀကီးေတြကိုေတာ့ လက္ရွိ ထမ္းေဆာင္ေနတဲ့သူေတြကိုပဲ ဆက္လက္ တာ၀န္ထမ္းေဆာင္ဖို႔ တာ၀န္ေပးအပ္တဲ့အေၾကာင္း ထုတ္ျပန္ထားပါတယ္။

[Unicode Version]

ပြည်ထောင်စု ဝန်ကြီးသစ်တွေ စစ်အစိုးရ ခန့်အပ်

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ တနင်္လာနေ့မှာပဲ ပြည်ထောင်စု အစိုးရဝန်ကြီးသစ်တွေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခန့်အပ် တာဝန်ပေးလိုက်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကိုတော့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနဝန်ကြီး၊ ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို နယ်စပ်ရေးရာ ဝန်ကြီးဌာနဝန်ကြီး၊ ဦးဝင်းရှိန်ကို စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန၊ ဦးအောင်နိုင်ဦး ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ ဦးကိုကိုလှိုင်ကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ဦးချစ်နိုင် ပြန်ကြားရေး ဝန်ကြီးဌာန၊ ဦးကိုကို သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဦးမြင့်ကြိုင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဒေါက်တာ သက်ခိုင်ဝင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနဝန်ကြီးတွေအဖြစ်နဲ့ အသီးသီး ခန့်အပ်လိုက်တဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မကြာခင်အချိန်ပိုင်းကပဲ ထုတ်ပြန်လိုက်တာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၁၉) အရ ခုလို ပြည်ထောင်စုဝန်ကြီးတွေကို ခန့်အပ် တာဝန်ပေးအပ်လိုက်တာဖြစ်တယ်လို့ ဖော်ပြပါတယ်။ တချိန်တည်းမှာပဲ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနေရာကိုတော့ ဦးသန်းဆွေကို ခန့်အပ်တာဝန်ပေးတဲ့အကြောင်း သီးခြား ထုတ်ပြန်ထားပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်တွေနဲ့ တရားသူကြီးတွေကိုတော့ လက်ရှိ ထမ်းဆောင်နေတဲ့သူတွေကိုပဲ ဆက်လက် တာဝန်ထမ်းဆောင်ဖို့ တာဝန်ပေးအပ်တဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG