သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းၿပီး ျမန္မာႏုိင္ငံမွာ တည္ၿငိမ္မႈရဖုိ႔ တ႐ုတ္ႏုိင္ငံတုိက္တြန္း


ျမန္မာ့အိမ္နီးခ်င္းလည္းျဖစ္ ျမန္မာအစိုးရနဲ႔ စစ္တပ္အေပၚ ၾသဇာလႊမ္းမိုးမႈလည္းရွိတဲ့ တ႐ုတ္ႏိုင္ငံကေတာ့ ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ ကြဲလြဲမႈေတြကို ဖြဲ႕စည္းပံုအေျခခံဥပေဒေအာက္ကေန ေလွ်ာ္ညီစြာကိုင္တြယ္သြားႏိုင္ၿပီး ႏိုင္ငံေရးနဲ႔ လူမႈေရးတည္ၿငိမ္မႈကို ထိမ္းသိမ္းၾကဖုိ႔ ဒီကေန႔ပဲ တုိက္တြန္းလုိက္ပါတယ္။

ျမန္မာႏုိင္ငံက ျဖစ္ပ်က္ေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္လုိ႔ ပုိမုိၿပီး နားလည္သေဘာေပါက္ေအာင္ ႀကိဳးပမ္းေနေၾကာင္းလည္း တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီးဌာန ေျပာခြင့္ရ Wang Wenbin က ေဘဂ်င္းၿမိဳ႕ေတာ္ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆုိလုိက္တာပါ။ တ႐ုတ္ႏုိင္ငံဟာ ျမန္မာႏုိင္ငံရဲ႕ ရင္းႏွီးတဲ့မိတ္ေဆြႏုိင္ငံျဖစ္ေၾကာင္းနဲ႔ ျမန္မာႏုိင္ငံက ကဲြလဲြမႈေတြကုိ ဖဲြ႔စည္းပုံ အေျခခံဥပေဒနဲ႔အညီ ေျဖရွင္းဖုိ႔၊ ဥပေဒနဲ႔အညီ ေဆာင္ရြက္ဖုိ႔နဲ႔ ႏုိင္ငံေရး၊ လူမႈေရးအရ တည္ၿငိမ္ေအာင္ ထိန္းသိမ္းႏုိင္ဖုိ႔ ေမွ်ာ္လင့္ေၾကာင္းလည္း ေျပာဆုိထားပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi ဟာ ျမန္မာႏိုင္ငံကို အရင္လကပဲ လာေရာက္သြားေသးခဲ့ၿပီး ျမန္မာႏိုင္ငံစစ္တပ္အႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွႈိင္နဲ႔ ေတြ႔ဆံုသြားေသးတာပါ။ သူေတြ႔ဆံုစဥ္ ဒီအာဏာသိမ္းကိစၥနဲ႔ ပတ္သတ္ၿပီး အရိပ္အကဲ ေျပာသြားေသးလားဆိုတဲ့ ေမးခြန္းနဲ႔ ဒီလို အာဏာသိမ္းမႈကို တ႐ုတ္အေနနဲ႔ ႐ႈတ္ခ်မွာလားလို႔ ေမးျမန္းတာကိုေတာ့ Mr. Wang က မေျဖပဲ သူေျပာၾကားၿပီးသားကိုပဲ ထပ္ၿပီး ေျပာၾကားသြားခဲ့ပါတယ္။

[Unicode]

မြန်မာ့အိမ်နီးချင်းလည်းဖြစ် မြန်မာအစိုးရနဲ့ စစ်တပ်အပေါ် သြဇာလွှမ်းမိုးမှုလည်းရှိတဲ့ တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ကွဲလွဲမှုတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေ လျှော်ညီစွာကိုင်တွယ်သွားနိုင်ပြီး နိုင်ငံရေးနဲ့ လူမှုရေးတည်ငြိမ်မှုကို ထိမ်းသိမ်းကြဖို့ ဒီကနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံက ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ပိုမိုပြီး နားလည်သဘောပေါက်အောင် ကြိုးပမ်းနေကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbin က ဘေဂျင်းမြို့တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ရင်းနှီးတဲ့မိတ်ဆွေနိုင်ငံဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံက ကွဲလွဲမှုတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ဖြေရှင်းဖို့၊ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့နဲ့ နိုင်ငံရေး၊ လူမှုရေးအရ တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ပြောဆိုထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ မြန်မာနိုင်ငံကို အရင်လကပဲ လာရောက်သွားသေးခဲ့ပြီး မြန်မာနိုင်ငံစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှှိုင်နဲ့ တွေ့ဆုံသွားသေးတာပါ။ သူတွေ့ဆုံစဉ် ဒီအာဏာသိမ်းကိစ္စနဲ့ ပတ်သတ်ပြီး အရိပ်အကဲ ပြောသွားသေးလားဆိုတဲ့ မေးခွန်းနဲ့ ဒီလို အာဏာသိမ်းမှုကို တရုတ်အနေနဲ့ ရှုတ်ချမှာလားလို့ မေးမြန်းတာကိုတော့ Mr. Wang က မဖြေပဲ သူပြောကြားပြီးသားကိုပဲ ထပ်ပြီး ပြောကြားသွားခဲ့ပါတယ်။

XS
SM
MD
LG