သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚဇင္မာေအာင္နဲ႔ ဆက္သြယ္ေမးျမန္းခ်က္


NLD ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚဇင္မာေအာင္။ (ဓာတ္ပံု - ေဒၚဇင္မာေအာင္ (Facebook) - ေအာက္တိုဘာ ၂၅၊ ၂၀၂၀)

[Zawgyi/Unicode]

စစ္တပ္က ႏိုင္ငံေတာ္အာဏာကို ထိန္းသိမ္းလိုက္ၿပီးေနာက္ တနလၤာေန႔ နံနက္အေစာပိုင္းကတည္းက ေနျပည္ေတာ္ စည္ပင္ရိပ္သာမွာ ရွိေနတဲ့ လႊတ္ေတာ္အမတ္ေတြကို ရဲတပ္ဖဲြ႔နဲ႕စစ္တပ္ကေန ပိတ္ဆို႔ထားသလို၊ ဒီလုပ္ရပ္ဟာ သူတို႔ကို ျပန္ေပးဆဲြထားသလိုျဖစ္ေနေၾကာင္း NLD ျပည္သူ႔လႊတ္ေတာ္အမတ္ မဇင္မာေအာင္က ဗီြအိုေအကို ေျပာပါတယ္။

ေဖေဖၚ၀ါရီလ ၁ ရက္ တနလၤာေန႔ မွာ လႊတ္ေတာ္သစ္စတင္က်င္းပဖို႔ စီစဥ္ထားတဲ့အတြက္ ေနျပည္ေတာ္ကို ေရာက္ရွိေနတဲ့ လႊတ္ေတာ္အမတ္ေတြရဲ႕ ေနာက္ဆံုးအေျခအေနနဲ႔ ပတ္သက္လို႔ NLD လႊတ္ေတာ္အမတ္ မဇင္မာေအာင္ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

မအင္းၾကင္းႏိုင္။ ။ အခုေနာက္ဆံုး ေနျပည္ေတာ္မွာ လႊတ္ေတာ္အမတ္ေတြရဲ႕ ေနာက္ဆံုးအေျခအေနကို ေျပာျပပါဦးရွင့္။

NLD ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚဇင္မာေအာင္။ (ဓာတ္ပံု - ေဒၚဇင္မာေအာင္ (Facebook) - ေအာက္တိုဘာ ၂၅၊ ၂၀၂၀)
NLD ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚဇင္မာေအာင္။ (ဓာတ္ပံု - ေဒၚဇင္မာေအာင္ (Facebook) - ေအာက္တိုဘာ ၂၅၊ ၂၀၂၀)

ေဒၚဇင္မာေအာင္။ ။ အခုမွ က်မတို႔ အင္တာနက္လိုင္းရယ္၊ ဖုန္းလိုင္းရယ္ ျပန္ရတယ္။ မနက္ ၃ နာရီေလာက္ကတည္းက အင္တာနက္လိုင္းေတြေရာ၊ ဖုန္းလိုင္းေတြေရာ ပ်က္သြားတယ္။ ဆက္သြယ္လို႔မရေတာ့ဘူး။ ေနာက္ၿပီးေတာ့ လႊတ္ေတာ္ကိုလည္း သြားလို႔မရဘူး၊ ထြက္လို႔မရဘူး။ အျပင္လည္း ေပးမထြက္ေတာ့ဘူးေပါ့ေနာ္။ ဒီအိမ္က တခ်ိဳ႕ပါလာတဲ့ မိသားစုေတြ ျပန္ဖို႔လုပ္တာေတာင္မွ ေပးမျပန္ဘူးေလ။ ထြက္လို႔လည္း မရဘူး၊ ဝင္လို႔လည္းမရဘူး။ အခုေလာေလာဆယ္ေတာ့ စည္ပင္ဧည့္ရိပ္သာရဲ႕ အထဲမွာပဲ ေနေနရတယ္။

မအင္းၾကင္းႏိုင္။ ။ အဲ့ဒီေတာ့ အခုလႊတ္ေတာ္ေခၚမယ့္ အေျခအေနေရာ... ေနာက္ပိုင္းေပါ့ေနာ္... ဘာေတြျဖစ္မလဲဆိုတာကို သိရေသးသလဲရွင့္။ ဘာေတြ ဆက္ျဖစ္မလဲဆိုတာ။

ေဒၚဇင္မာေအာင္။ ။ အခုဟာက က်မတို႔ကို ဘာမွလည္းအေၾကာင္းမၾကားဘူး။ ဒီတိုင္းပဲ မထြက္ရဘူးဆိုတာပဲ သိတာေပါ့ေလ။ အခု ၁၂ နာရီ ဝန္းက်င္ေလာက္ဆိုေတာ့ က်မတို႔ အင္တာနက္ပ်က္တာ မနက္ ၃ နာရီေလာက္ကေန စတာေပါ့ေလ... အခုမွ ဖုန္းေတြ၊ ဘာေတြ ျပန္ရတာ။ ဘာ့ေၾကာင့္လဲ၊ ဘယ္လိုလဲ၊ ဘာမွ မေျပာဘဲနဲ႔ အျပင္ေပးမထြက္တာ။

မအင္းၾကင္းႏိုင္။ ။ အခု မထြက္ရဘူးဆိုတဲ့ဟာ လာၿပီး တားတာက သူတို႔ စစ္တပ္ဘက္ကလား။ ဘယ္သူေတြလာၿပီး တားတာလဲ။

ေဒၚဇင္မာေအာင္။ ။ စစ္တပ္... တပ္ကေပါ့။ အခန္းေတြကိုေတာ့ လာမေျပာဘူး။ ေနာက္ၿပီးေတာ့ တီဗီြလိုင္းေတြေရာ၊ ဘာေတြေရာ အကုန္လံုးပိတ္သြားတယ္။ က်မတို႔ ျမဝတီရုပ္သံၾကည့္ေတာ့မွသာ ဒီအာဏာလဲႊေျပာင္းၿပီးေတာ့ တစ္ႏွစ္ဆိုတဲ့ဟာကို က်မတို႔ သြားေတြ႔တယ္။ အဲဒါပဲ။ ၿပီးေတာ့ ဘာမွမေျပာဘူး။ အျပင္ကို ကိုယ့္ဘာသာ ခါတိုင္းလို ထြက္လို႔ရတယ္ထင္လို႔ ထြက္ဖို႔ သြားၾကည့္တဲ့သူေတြက်ေတာ့မွပဲ ပိတ္ထားတယ္။ ဟိုဘက္မွာ စစ္ကား ႏွစ္စီးရွိတယ္။ အျပင္ စည္ပင္ဝန္းရဲ႕ ပတ္ပတ္လည္မွာ ေျပာက္က်ားအဝတ္နဲ႔ တပ္ေတြ ခ်ထားတယ္။ အတြင္းစည္းမွာက်ေတာ့ ရဲလံုျခံဳေရးေပါ့။ အဲဒီေတာ့ ရဲကေတာ့ သူလည္း မသိဘူးတဲ့။ သူလည္း မသိဘူးေပါ့ေနာ္။

မအင္းၾကင္းႏိုင္။ ။ မဇင္မာေအာင္တို႔ေရာ အေျခအေနေတြကို စိုးရိမ္ေနလားရွင့္။ အခု အေျခအေနေတြက ဘယ္ေလာက္ထိ စိုးရိမ္ေနရလဲရွင့္။

ေဒၚဇင္မာေအာင္။ ။ အေျခအေနက စိုးရိမ္လားဆိုတာက ပံုမွန္အေျခအေနလည္း မဟုတ္ဘူးေလ။ လႊတ္ေတာ္ကိုယ္စားလွယ္ေတြျဖစ္တယ္။ လႊတ္ေတာ္သြားဖို႔ျဖစ္တယ္ဆိုေတာ့ အျပင္ကလည္း သတင္းေတြက ၾကားတယ္ဆိုေတာ့ က်မတို႔ က်န္းမာေရးကို ဂရုစိုက္ၿပီးေတာ့ပဲ အတတ္ႏိုင္ဆံုး စိတ္ကို relax ျဖစ္ေအာင္ေနတယ္။ က်န္းမာေရးဂရုစိုက္တယ္။ အဲဒီလိုပံုစံမ်ိဳးနဲ႔ပဲ ေနေနတယ္။ ဘာမွလည္း မသိဘူး။ ဘာျဖစ္ေနသလဲဆိုတာ။

မအင္းၾကင္းႏိုင္။ ။ ဟုတ္ကဲ့။ အဲဒီေတာ့ လက္ရွိျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာကို ထိန္းသိမ္းလိုက္တယ္ဆိုတဲ့အေပၚမွာေပါ့ေနာ္... အေမရိကန္အပါအဝင္ ကုလသမဂၢနဲ႔ အျခားႏိုင္ငံတကာ အစိုးရအဖဲြ႔ေတြကေနၿပီးေတာ့လည္း စိုးရိမ္တၾကီးနဲ႔ေပါ့ေနာ္... ကန္႔ကြက္ေျပာဆိုတာေတြ၊ ေနာက္ၿပီးေတာ့ ဒီလိုမ်ိဳး အာဏာမသိမ္းဖို႔ ညိွႏိႈင္းေဆာင္ရြက္ဖို႔ လက္ရွိ အာဏာရအရပ္သားအစိုးရနဲ႔ ညိွႏိႈင္းေဆာင္ရြက္ဖို႔ေပါ့ေနာ္... ဒါမ်ိဳးေတြ သူတို႔... ခ်က္ခ်င္းပဲေပါ့ေနာ္... သူတို႔ရဲ႕ သေဘာထားေတြကို ေၾကျငာခ်က္ထုတ္ျပန္ပါတယ္။ ဆိုေတာ့ ဒီအေပၚမွာ မဇင္မာေအာင္တို႔ လႊတ္ေတာ္အမတ္ေတြဘက္က ဘယ္လိုျမင္ပါသလဲရွင့္။

ေဒၚဇင္မာေအာင္။ ။ ဒါဟာ ဒီမိုကေရစီကူးေျပာင္းေရးအတြက္ ေကာင္းတဲ့ လကၡဏာမဟုတ္ဘူးေလ။ က်မတို႔ေတြက ေရွ႕ကိုပဲ သြားခ်င္တာကိုး။ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးအရေရာ၊ ဒီမိုကေရစီခိုင္မာအားေကာင္းေရးအတြက္ေရာ... ဒီလို ျဖစ္တဲ့အေနအထားမ်ိဳးက ဘယ္လိုမွ ေကာင္းတယ္လို႔ေျပာလို႔မရဘူး။ အင္မတန္စိတ္ပ်က္စရာေကာင္းတယ္ ေျပာရမယ္ဆိုလို႔ရွိရင္။ ဆိုေတာ့ ႏိုင္ငံတကာမွာလည္း က်မတို႔ တိုင္းျပည္က ဘာပဲေျပာေျပာ ကမၻာ့မိသားစုဝင္အျဖစ္နဲ႔ တကယ့္ကို တက္တက္ၾကြၾကြနဲ႔ ပါဝင္ေဆာင္ရြက္ဖို႔ အားထုတ္ေနတဲ့အခ်ိန္မွာ တိုင္းျပည္ကိုလည္း ျပန္လည္ထူေထာင္ေနတဲ့ကာလမွာ ဒါမ်ိဳးျဖစ္တာကေတာ့ တိုင္းျပည္အတြက္ေရာ၊ ကမၻာ့ဒီမိုကေရစီအသိုင္းအဝန္းအတြက္ေရာ ေကာင္းတဲ့လကၡဏာ မဟုတ္ပါဘူး။ အဲဒီေတာ့ ဒါကေတာ့ မ်က္ေျခမပ်က္ေပါ့ေလ... ၾကည့္ေနဖို႔ေတာ့ လိုပါတယ္။ ေခါင္းေဆာင္ပိုင္းေတြရဲ႕ ဦးစီးဦးေဆာင္ျပဳတဲ့သူေတြနဲ႔ ကမၻာ့ေခါင္းေဆာင္ေတြနဲ႔ ညိွႏိႈင္းမႈေတြကိုပဲ ေစာင့္ၾကည့္ေနပါတယ္။ က်မတို႔ကေတာ့ ခံစားရတာ ျပန္ေပးဆဲြခံထားရသလို ခံစားရတယ္။

မအင္းၾကင္းႏိုင္။ ။ ဒါကေတာ့ ေနျပည္ေတာ္စည္ပင္ရိပ္သာမွာ ပိတ္ဆို႔ခံထားရတဲ့ NLD ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ မဇင္မာေအာင္နဲ႔ ဆက္သြယ္ ေမးျမန္းခဲ့တာပါရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်နဲ့ ဆက်သွယ်မေးမြန်းချက်

စစ်တပ်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းလိုက်ပြီးနောက် တနင်္လာနေ့ နံနက်အစောပိုင်းကတည်းက နေပြည်တော် စည်ပင်ရိပ်သာမှာ ရှိနေတဲ့ လွှတ်တော်အမတ်တွေကို ရဲတပ်ဖွဲ့နဲ့စစ်တပ်ကနေ ပိတ်ဆို့ထားသလို၊ ဒီလုပ်ရပ်ဟာ သူတို့ကို ပြန်ပေးဆွဲထားသလိုဖြစ်နေကြောင်း NLD ပြည်သူ့လွှတ်တော်အမတ် မဇင်မာအောင်က ဗွီအိုအေကို ပြောပါတယ်။

ဖေဖေါ်ဝါရီလ ၁ ရက် တနင်္လာနေ့ မှာ လွှတ်တော်သစ်စတင်ကျင်းပဖို့ စီစဉ်ထားတဲ့အတွက် နေပြည်တော်ကို ရောက်ရှိနေတဲ့ လွှတ်တော်အမတ်တွေရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ NLD လွှတ်တော်အမတ် မဇင်မာအောင်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်းကြင်းနိုင်။ ။ အခုနောက်ဆုံး နေပြည်တော်မှာ လွှတ်တော်အမတ်တွေရဲ့ နောက်ဆုံးအခြေအနေကို ပြောပြပါဦးရှင့်။

ဒေါ်ဇင်မာအောင်။ ။ အခုမှ ကျမတို့ အင်တာနက်လိုင်းရယ်၊ ဖုန်းလိုင်းရယ် ပြန်ရတယ်။ မနက် ၃ နာရီလောက်ကတည်းက အင်တာနက်လိုင်းတွေရော၊ ဖုန်းလိုင်းတွေရော ပျက်သွားတယ်။ ဆက်သွယ်လို့မရတော့ဘူး။ နောက်ပြီးတော့ လွှတ်တော်ကိုလည်း သွားလို့မရဘူး၊ ထွက်လို့မရဘူး။ အပြင်လည်း ပေးမထွက်တော့ဘူးပေါ့နော်။ ဒီအိမ်က တချို့ပါလာတဲ့ မိသားစုတွေ ပြန်ဖို့လုပ်တာတောင်မှ ပေးမပြန်ဘူးလေ။ ထွက်လို့လည်း မရဘူး၊ ဝင်လို့လည်းမရဘူး။ အခုလောလောဆယ်တော့ စည်ပင်ဧည့်ရိပ်သာရဲ့ အထဲမှာပဲ နေနေရတယ်။

မအင်းကြင်းနိုင်။ ။ အဲ့ဒီတော့ အခုလွှတ်တော်ခေါ်မယ့် အခြေအနေရော... နောက်ပိုင်းပေါ့နော်... ဘာတွေဖြစ်မလဲဆိုတာကို သိရသေးသလဲရှင့်။ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ။

ဒေါ်ဇင်မာအောင်။ ။ အခုဟာက ကျမတို့ကို ဘာမှလည်းအကြောင်းမကြားဘူး။ ဒီတိုင်းပဲ မထွက်ရဘူးဆိုတာပဲ သိတာပေါ့လေ။ အခု ၁၂ နာရီ ဝန်းကျင်လောက်ဆိုတော့ ကျမတို့ အင်တာနက်ပျက်တာ မနက် ၃ နာရီလောက်ကနေ စတာပေါ့လေ... အခုမှ ဖုန်းတွေ၊ ဘာတွေ ပြန်ရတာ။ ဘာ့ကြောင့်လဲ၊ ဘယ်လိုလဲ၊ ဘာမှ မပြောဘဲနဲ့ အပြင်ပေးမထွက်တာ။

မအင်းကြင်းနိုင်။ ။ အခု မထွက်ရဘူးဆိုတဲ့ဟာ လာပြီး တားတာက သူတို့ စစ်တပ်ဘက်ကလား။ ဘယ်သူတွေလာပြီး တားတာလဲ။

ဒေါ်ဇင်မာအောင်။ ။ စစ်တပ်... တပ်ကပေါ့။ အခန်းတွေကိုတော့ လာမပြောဘူး။ နောက်ပြီးတော့ တီဗွီလိုင်းတွေရော၊ ဘာတွေရော အကုန်လုံးပိတ်သွားတယ်။ ကျမတို့ မြဝတီရုပ်သံကြည့်တော့မှသာ ဒီအာဏာလွဲှပြောင်းပြီးတော့ တစ်နှစ်ဆိုတဲ့ဟာကို ကျမတို့ သွားတွေ့တယ်။ အဲဒါပဲ။ ပြီးတော့ ဘာမှမပြောဘူး။ အပြင်ကို ကိုယ့်ဘာသာ ခါတိုင်းလို ထွက်လို့ရတယ်ထင်လို့ ထွက်ဖို့ သွားကြည့်တဲ့သူတွေကျတော့မှပဲ ပိတ်ထားတယ်။ ဟိုဘက်မှာ စစ်ကား နှစ်စီးရှိတယ်။ အပြင် စည်ပင်ဝန်းရဲ့ ပတ်ပတ်လည်မှာ ပြောက်ကျားအဝတ်နဲ့ တပ်တွေ ချထားတယ်။ အတွင်းစည်းမှာကျတော့ ရဲလုံခြုံရေးပေါ့။ အဲဒီတော့ ရဲကတော့ သူလည်း မသိဘူးတဲ့။ သူလည်း မသိဘူးပေါ့နော်။

မအင်းကြင်းနိုင်။ ။ မဇင်မာအောင်တို့ရော အခြေအနေတွေကို စိုးရိမ်နေလားရှင့်။ အခု အခြေအနေတွေက ဘယ်လောက်ထိ စိုးရိမ်နေရလဲရှင့်။

ဒေါ်ဇင်မာအောင်။ ။ အခြေအနေက စိုးရိမ်လားဆိုတာက ပုံမှန်အခြေအနေလည်း မဟုတ်ဘူးလေ။ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တယ်။ လွှတ်တော်သွားဖို့ဖြစ်တယ်ဆိုတော့ အပြင်ကလည်း သတင်းတွေက ကြားတယ်ဆိုတော့ ကျမတို့ ကျန်းမာရေးကို ဂရုစိုက်ပြီးတော့ပဲ အတတ်နိုင်ဆုံး စိတ်ကို relax ဖြစ်အောင်နေတယ်။ ကျန်းမာရေးဂရုစိုက်တယ်။ အဲဒီလိုပုံစံမျိုးနဲ့ပဲ နေနေတယ်။ ဘာမှလည်း မသိဘူး။ ဘာဖြစ်နေသလဲဆိုတာ။

မအင်းကြင်းနိုင်။ ။ ဟုတ်ကဲ့။ အဲဒီတော့ လက်ရှိမြန်မာနိုင်ငံမှာ စစ်တပ်က အာဏာကို ထိန်းသိမ်းလိုက်တယ်ဆိုတဲ့အပေါ်မှာပေါ့နော်... အမေရိကန်အပါအဝင် ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတကာ အစိုးရအဖွဲ့တွေကနေပြီးတော့လည်း စိုးရိမ်တကြီးနဲ့ပေါ့နော်... ကန့်ကွက်ပြောဆိုတာတွေ၊ နောက်ပြီးတော့ ဒီလိုမျိုး အာဏာမသိမ်းဖို့ ညှိနှိုင်းဆောင်ရွက်ဖို့ လက်ရှိ အာဏာရအရပ်သားအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ပေါ့နော်... ဒါမျိုးတွေ သူတို့... ချက်ချင်းပဲပေါ့နော်... သူတို့ရဲ့ သဘောထားတွေကို ကြေငြာချက်ထုတ်ပြန်ပါတယ်။ ဆိုတော့ ဒီအပေါ်မှာ မဇင်မာအောင်တို့ လွှတ်တော်အမတ်တွေဘက်က ဘယ်လိုမြင်ပါသလဲရှင့်။

ဒေါ်ဇင်မာအောင်။ ။ ဒါဟာ ဒီမိုကရေစီကူးပြောင်းရေးအတွက် ကောင်းတဲ့ လက္ခဏာမဟုတ်ဘူးလေ။ ကျမတို့တွေက ရှေ့ကိုပဲ သွားချင်တာကိုး။ အမျိုးသားပြန်လည်သင့်မြတ်ရေးအရရော၊ ဒီမိုကရေစီခိုင်မာအားကောင်းရေးအတွက်ရော... ဒီလို ဖြစ်တဲ့အနေအထားမျိုးက ဘယ်လိုမှ ကောင်းတယ်လို့ပြောလို့မရဘူး။ အင်မတန်စိတ်ပျက်စရာကောင်းတယ် ပြောရမယ်ဆိုလို့ရှိရင်။ ဆိုတော့ နိုင်ငံတကာမှာလည်း ကျမတို့ တိုင်းပြည်က ဘာပဲပြောပြော ကမ္ဘာ့မိသားစုဝင်အဖြစ်နဲ့ တကယ့်ကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်ဖို့ အားထုတ်နေတဲ့အချိန်မှာ တိုင်းပြည်ကိုလည်း ပြန်လည်ထူထောင်နေတဲ့ကာလမှာ ဒါမျိုးဖြစ်တာကတော့ တိုင်းပြည်အတွက်ရော၊ ကမ္ဘာ့ဒီမိုကရေစီအသိုင်းအဝန်းအတွက်ရော ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ အဲဒီတော့ ဒါကတော့ မျက်ခြေမပျက်ပေါ့လေ... ကြည့်နေဖို့တော့ လိုပါတယ်။ ခေါင်းဆောင်ပိုင်းတွေရဲ့ ဦးစီးဦးဆောင်ပြုတဲ့သူတွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းမှုတွေကိုပဲ စောင့်ကြည့်နေပါတယ်။ ကျမတို့ကတော့ ခံစားရတာ ပြန်ပေးဆွဲခံထားရသလို ခံစားရတယ်။

မအင်းကြင်းနိုင်။ ။ ဒါကတော့ နေပြည်တော်စည်ပင်ရိပ်သာမှာ ပိတ်ဆို့ခံထားရတဲ့ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မဇင်မာအောင်နဲ့ ဆက်သွယ် မေးမြန်းခဲ့တာပါရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG