သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ အပါအ၀င္ ေခါင္းေဆာင္ေတြ ဖမ္းခံရၿပီးေနာက္ ရန္ကုန္ မနက္ခင္းျမင္ကြင္း


[ ZAWGYI ]

ေနျပည္ေတာ္ ရန္ကုန္နဲ႔ နယ္ၿမဳိ႕ေတြမွာ စစ္တပ္က အာဏာသိမ္းဖို႔ အာရုံတက္ခ်ိန္ လိုက္လံဖမ္းဆီးေနတယ္ဆိုတဲ့ သတင္းေတြ က်ယ္က်ယ့္ျပန္႔ျပန္႔ ထြက္ေပၚလာအၿပီး ရန္ကုန္ၿမဳိ႕ရဲ႕ အေျခအေနကို သိရေအာင္ VOA ရန္ကုန္႐ုံး သတင္းေထာက္ ကိုစည္သူကို ဝါရွင္တန္ဒီစီ႐ုံးခ်ဳပ္ကေန ကိုဉာဏ္ဝင္းေအာင္က ေဖေဖၚဝါရီ(၁)ရက္ မနက္ခင္းပုိင္း ဆက္သ ြယ္ေမးျမန္းခဲ့ရာမွာ သူက ခုလို စေျပာပါတယ္။

ကုိစည္သူ ။ ။ " က်ေနာ္တို႔ ရန္ကုန္မွာေတာ့ မနက္အေစာႀကီး မိုးမလင္းခင္ကတည္းက သိတဲ့လူေတြကလည္း သိတယ္၊ တခ်ဳိ႕က်ေတာ့ မိုးလင္းက်မွ ဘာျဖစ္မွန္းမသိျဖစ္ေနတာေပါ့ေနာ္။ တီဗီ လိုင္းေတြကလည္း ဖြင့္ၾကည့္လို႔ မရေတာ့ဘူး ၊ တယ္လီဖုန္း လိုင္းေတြကလည္း ေျပာလို႔ မရေတာ့ဘူးဆိုေတာ့ ဘာျဖစ္မွန္းမသိဘူး လိုင္းခဏျပတ္တယ္ဆိုတဲ့ အယူအဆနဲ႔ လမ္းေပၚမွာ ပုံမွန္အတိုင္း သြားလာေနသူေတြလည္း ေတြ႔ရတယ္ခင္ဗ်။ အဲဒါအျပင္ ဒီျဖစ္သြားတဲ့ ဂယက္အေပၚမွာ လမ္းထိပ္မွာ စုရုံးစုရုံးနဲ႔ စကားေျပာေနၾကတာမ်ဳိး ၊ မေၾကမခ်မ္း ေျပာေနၾကတဲ့အသံေတြလည္း က်ေနာ္တို႔ လိုက္ေလ့လာၾကည့္သေလာက္ ေတြ႔ရပါတယ္။

အဲဒီေတာ့ တျခားလို စုစုရုံးရုံးနဲ႔ တခုခုလုပ္မယ္ဆိုတဲ့ အေျခအေနမ်ဳိးေတာ့ ေလာေလာဆယ္ထိ မေတြ႔ရေသးဘူးခင္ဗ်။ ဒါေပမဲ့ တယ္လီဖုန္း ဆက္သြယ္ေရးရုံးေတြ ၊ တခ်ဳိ႕ေနရာေတြမွာေတာ့ ဒီ စစ္တပ္က ဝင္ၿပီးေတာ့ အင္အားနဲ႔ဝင္ၿပီး ေနရာ ယူထားတာမ်ဳိးေတာ့ က်ေနာ္တို႔ ေတြ႔ရတယ္။

က်ေနာ္တုိ႔ ညဖက္အိပ္ေနတုန္း အခ်င္းခ်င္း တယ္လီဖုန္း ရလို္က္တဲ့အခ်ိန္မ်ဳိးမွာ အေျခအေနေတြက ေခါင္းေဆာင္တခ်ဳိ႕ကို ဖမ္းဆီးသြားၿပီဆိုတဲ့ အေျခအေမ်ဳိးကို သိလုိက္ရေတာ့ က်ေနာ္တို႔ နိုးလာတယ္။ အဲဒီအခ်ိန္မွာ အင္တာနက္ၾကည့္လို႔ ရေနေသးတယ္။ အခ်င္းခ်င္း ဆက္သြယ္လို႔ ရေနေသးတယ္။ မိတ္ေဆြေတြ ေဆြမ်ဳိးေတြနဲ႔ တယ္လီဖုန္း ဆက္လုိ႔ ရေနေသးတယ္ခင္ဗ် ။"

ဉာဏ္ဝင္းေအာင္ ။ ။ အဲဒါက ည ဘယ္အခ်ိန္ေလာက္လဲ ။

ကုိစည္သူ ။ ။ အဲဒါက မနက္ခင္း ၄ နာရီေက်ာ္ ၅ နာရီဝန္းက်င္ေလာက္ထိ အဆက္သြယ္ေတြ ရေနပါေသးတယ္။ တျဖည္းျဖည္းခ်င္း က်ေနာ္တို႔ ဆက္လို႔ရေနတဲ့ တယ္လီဖုန္းလိုင္းေတြ တခုၿပီးတခု ျပဳတ္က်သြားတယ္ခင္ဗ်။ ျပဳတ္က်သြားၿပီးေတာ့ က်ေနာ္အခု ေျပာေနတဲ့အခ်ိန္မွာေတာ့ ဘယ္တယ္လီဖုန္းလိုင္းမွ ဆက္သြယ္လုိ႔ မရေတာ့ဘူး အားလုံး ျပတ္ေတာက္သြားၿပီခင္ဗ် ။ တီဗီေတြလည္း အကုန္လုံး ၾကည့္လို့ မရေတာ့ပါဘူး။ တီဗီ လိုင္းေတြလည္း မရွိေတာ့ပါဘူးခင္ဗ်။

ဉာဏ္ဝင္းေအာင္ ။ ။ ဒါေပမဲ့ စစ္တပ္ပိုင္ ျမဝတီ ႐ုပ္သံလိုင္းကေရာ ။

ကုိစည္သူ ။ ။ စစ္တပ္ပိုင္ ျမဝတီ ႐ုပ္သံလိုင္းကေတာ့ ၾကည့္လို႔ ရေနေသးတယ္ခင္ဗ်။

ဉာဏ္ဝင္းေအာင္ ။ ။ အဲဒီေတာ့ အင္တာနက္လိုင္း အေျခအေန ဘယ္လိုရွိပါသလဲ ။

ကုိစည္သူ ။ ။ အင္တာနက္ လိုင္းအေျခအေနကေတာ့ ျမန္မာျပည္မွာ လုပ္ပိုင္ခြင့္ရထားတဲ့ ဒီတယ္လီကြန္း ကုမၸဏီႀကီးေတြကေန ျဖန္႔ခ်ိတဲ့ အင္တာနက္ေတြကေတာ့ ဘာမွ မရွိေတာ့ဘူး။ MPT / Telenor / Ooredo တို႔လိုမ်ဳိး အင္တာနက္ ဝန္ေဆာင္မႈ ေပးတဲ့ ကုမၸဏီေတြက အကုန္လုံးရပ္တန္႔ သြားၿပီးေတာ့ ျဖတ္ေတာက္ခံလုိက္ရၿပီ။ ဒါေပမဲ့ တခ်ဳိ႕ က်ေနာ္တို႔ ရပ္ကြက္ေတြထဲမွာ ဆားဗစ္ ေပးေနတဲ့ တခ်ဳိ႕အင္တာနက္လုိင္းေတြ ဆက္ရေနေသးတယ္။ ဒါကလည္း တခုၿပီးတခု ရပ္သြားေနတယ္ဆိုတဲ့ အေျခအေနမ်ဳိး က်ေနာ္တို႔ အခ်င္းခ်င္းၾကားမွာ ၾကားေနရတယ္။ ဘယ္ေနရာမွာ ဘယ္အင္တာနက္ကေတာ့ ရပ္သြားၿပီ ဘယ္ဟာက ရေနေသးတယ္ ဆိုတာမ်ဳိး တျဖည္းျဖည္းခ်င္း ၾကားေနရတယ္ဆိုေတာ့ က်ေနာ့္စိတ္အထင္ က်ေနာ္ကအခု ရေနေသးတယ္လို႔ ေျပာတဲ့ အင္တာနက္လိုင္းေတြလည္း မၾကာခင္မွာ ျပတ္ေတာက္သြားမယ္လို႔ က်ေနာ္ထင္ပါတယ္။

ဉာဏ္ဝင္းေအာင္ ။ ။ ဗုိလ္ခ်ဳပ္မႉးႀကီးရဲ႕သား ပိုင္ဆိုင္တယ္ဆိုတဲ့ Mytel မိုင္တဲလ္ကုမၸဏီရဲ႕ အင္တာနက္လိုင္းေရာ ဘယ္လိုရွိသလဲ ။

ကုိစည္သူ ။ ။ မိုင္တဲလ္က တယ္လီဖုန္းလုိင္းေတြ မရေတာ့သလို အင္တာနက္ကလည္း တခ်ဳိ႕ေနရာေတြမွာ မရေတာ့ဘူး။ တခ်ဳိ႕ေနရာေတြမွာေတာ့ မိုင္တဲလ္က ဆက္သြယ္လို႔ ရေနေသးတယ္လို႔ က်ေနာ္တုိ႔ သတင္းၾကားတယ္။ အဲဒီေတာ့ အားလုံးျပတ္ေတာက္သြားတဲ့ အေျခအေနမ်ဳိးလုိ႔ေတာ့ ေျပာလို႔ မရေသးဘူးေပါ့ေနာ္ မိုင္တဲလ္ အေနနဲ႔ကေတာ့။

ဉာဏ္ဝင္းေအာင္ ။ ။ အဲဒီေတာ့ ရန္ကုန္ၿမဳိ႕သူၿမဳိ႕သားေတြ အေနနဲ႔က အခုမနက္ခင္းမွာ ေနာက္ထပ္ဘာေတြ ျဖစ္လာမယ္ဆိုတာမ်ဳိးကို ေမွ်ာ္လင့္ေနၾကလဲခင္ဗ်။

ကုိစည္သူ ။ ။အခုကေတာ့ မိဘေဆြမ်ဳိးေတြ အေပါင္းအသင္းေတြဆီလည္း ဆက္သြယ္လို႔ မရေတာ့ တခ်ဳိ႕လည္း ပုံမွန္လုပ္ေနက် အလုပ္ေတြကိုပဲ ဆက္လုပ္ၾကမယ္ဆိုတဲ့ သေဘာမ်ဳိးနဲ႔ သြားလာေနတာမ်ဳိးေတြ လမ္းမွာ ေတြ႕ရတယ္။ ေနာက္ မခ်ိတင္ကဲနဲ႔ ကိုယ့္မိတ္ေဆြသဂၤဟ ေတြနဲ႔ အျပင္မွာေတြ႕ၾကၿပီးေတာ့ မေၾကမနပ္ ေျပာေနသံမ်ဳိးေတြ ၾကားရတယ္။ က်ေနာ္ အေစာပိုင္းမွာ ေျပာခဲ့သလိုမ်ဳိးပဲ စု႐ုံးၿပီး တခုခုလုပ္ၾကမယ္ဆိုတဲ့ အေျခအေနမ်ဳိး ခုခ်ိန္ထိ မေတြ႔ရေသးဘူးဆိုေတာ့ ျပည္သူေတြအေနနဲ႔ အေျခအေနကို ေစာင့္ၾကည့္ေနတယ္ဆိုတဲ့ ပုံစံမ်ဳိးေတာ့ ရွိတယ္ခင္ဗ်။

ဉာဏ္ဝင္းေအာင္ ။ ။ ရန္ကုန္မွာ လုံၿခဳံေရး အေနအထားေရာ၊ စစ္ကားေတြ လွည့္တာမ်ဳိးဘာမ်ဳိး ။

ကုိစည္သူ ။ ။ ထူးျခားတာကေတာ့ ဒီလို အေျခအေနမ်ဳိးသာ ျဖစ္သြားတယ္ ၊ ရန္ကုန္ၿမဳိ႕လယ္ ရန္ကုန္ၿမဳိ႕ထဲ ေနရာေတြမွာ စစ္တပ္က အမ်ားႀကီး ေနရာယူထားတာမ်ဳိး ၊ လမ္းေပၚမွာ ထင္ထင္ရွားရွား ျမင္ေနရတာမ်ဳိး က်ေနာ္တို႔ မေတြ႔ရပဲနဲ႔ ဆက္သြယ္ေရးရုံးေတြလို ေနရာမ်ဳိးေတြနဲ႔ အေရးႀကီးတဲ့ ရုံးလို ေနရာမ်ဳိးေတြေပါ့ေနာ္ ... ဥပမာ စစ္႐ုံးလို ေနရာမ်ဳိးမွာ အထဲမွာ အေတာ္မ်ားမ်ားကုိ အင္းအားျဖည့္ထားတာ က်ေနာ္တို႔ အျပင္ကေန လွမ္းေတြ႕ရတယ္။ MPT ဆက္သြယ္ေရး႐ုံးေတြ / Telenor ဆက္သြယ္ေရးရုံးလို ေနရာမ်ဳိးေတြမွာ စစ္ကားေတြ ရပ္ထားတာေတြ႔တယ္ အတြင္းထဲမွာ စစ္သားေတြကို လွမ္းျမင္ရတာမ်ဳိးက လဲြရင္ ၊ တျခား လူေတြ ထိန္႔လန္႔စရာျဖစ္ႏိုင္တဲ့ လမ္းဆုံလမ္းခြလို ေနရာမ်ဳိးေတြ ၊ စည္ကားတဲ့ ေနရာမ်ဳိးေတြမွာ စစ္ဖက္က ေနရာယူထားတာမ်ဳိး စစ္ကားေတြျမင္ေနရတာမ်ဳိးေတာ့ ထူးဆန္းစြာပဲ ခုခ်ိန္ထိ မေတြ႔ရ ေသးဘူးခင္ဗ်။

တိုက္႐ိုက္ လင့္ခ္

[ UNICODE ]

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခေါင်းဆောင်တွေ ဖမ်းခံရပြီးနောက် ရန်ကုန် မနက်ခင်းမြင်ကွင်း

နေပြည်တော် ရန်ကုန်နဲ့ နယ်မြို့တွေမှာစစ်တပ်က အာဏာသိမ်းဖို့ အာရုံတက်ချိန် လိုက်လံဖမ်းဆီးနေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ့်ပြန့်ပြန့် ထွက်ပေါ်လာအပြီး ရန်ကုန်မြို့ရဲ့ အခြေအနေကို သိရအောင် VOA ရန်ကုန်ရုံး သတင်းထောက် ကိုစည်သူကို ဝါရှင်တန်ဒီစီရုံးချုပ်ကနေ ကိုဉာဏ်ဝင်းအောင်က ဖေဖေါ်ဝါရီ(၁)ရက် မနက်ခင်းပိုင်း ဆက်သ ွယ်မေးမြန်းခဲ့ရာမှာ သူက ခုလို စပြောပါတယ်။

ကိုစည်သူ ။ ။ " ကျနော်တို့ ရန်ကုန်မှာတော့ မနက်အစောကြီး မိုးမလင်းခင်ကတည်းက သိတဲ့လူတွေကလည်း သိတယ်၊ တချို့ကျတော့ မိုးလင်းကျမှ ဘာဖြစ်မှန်းမသိဖြစ်နေတာပေါ့နော်။ တီဗီ လိုင်းတွေကလည်း ဖွင့်ကြည့်လို့ မရတော့ဘူး ၊ တယ်လီဖုန်း လိုင်းတွေကလည်း ပြောလို့ မရတော့ဘူးဆိုတော့ ဘာဖြစ်မှန်းမသိဘူး လိုင်းခဏပြတ်တယ်ဆိုတဲ့ အယူအဆနဲ့ လမ်းပေါ်မှာ ပုံမှန်အတိုင်း သွားလာနေသူတွေလည်း တွေ့ရတယ်ခင်ဗျ။ အဲဒါအပြင် ဒီဖြစ်သွားတဲ့ ဂယက်အပေါ်မှာ လမ်းထိပ်မှာ စုရုံးစုရုံးနဲ့ စကားပြောနေကြတာမျိုး ၊ မကြေမချမ်း ပြောနေကြတဲ့အသံတွေလည်း ကျနော်တို့ လိုက်လေ့လာကြည့်သလောက် တွေ့ရပါတယ်။

အဲဒီတော့ တခြားလို စုစုရုံးရုံးနဲ့ တခုခုလုပ်မယ်ဆိုတဲ့ အခြေအနေမျိုးတော့ လောလောဆယ်ထိ မတွေ့ရသေးဘူးခင်ဗျ။ ဒါပေမဲ့ တယ်လီဖုန်း ဆက်သွယ်ရေးရုံးတွေ ၊ တချို့နေရာတွေမှာတော့ ဒီ စစ်တပ်က ဝင်ပြီးတော့ အင်အားနဲ့ဝင်ပြီး နေရာ ယူထားတာမျိုးတော့ ကျနော်တို့ တွေ့ရတယ်။

ကျနော်တို့ ညဖက်အိပ်နေတုန်း အချင်းချင်း တယ်လီဖုန်း ရလိုက်တဲ့အချိန်မျိုးမှာ အခြေအနေတွေက ခေါင်းဆောင်တချို့ကို ဖမ်းဆီးသွားပြီဆိုတဲ့ အခြေအမျေိုးကို သိလိုက်ရတော့ ကျနော်တို့ နိုးလာတယ်။ အဲဒီအချိန်မှာ အင်တာနက်ကြည့်လို့ ရနေသေးတယ်။ အချင်းချင်း ဆက်သွယ်လို့ ရနေသေးတယ်။ မိတ်ဆွေတွေ ဆွေမျိုးတွေနဲ့ တယ်လီဖုန်း ဆက်လို့ ရနေသေးတယ်ခင်ဗျ ။"

ဉာဏ်ဝင်းအောင် ။ ။အဲဒါက ည ဘယ်အချိန်လောက်လဲ ။

ကိုစည်သူ ။ ။အဲဒါက မနက်ခင်း ၄ နာရီကျော်၅ နာရီဝန်းကျင်လောက်ထိ အဆက်သွယ်တွေ ရနေပါသေးတယ်။ တဖြည်းဖြည်းချင်း ကျနော်တို့ ဆက်လို့ရနေတဲ့ တယ်လီဖုန်းလိုင်းတွေ တခုပြီးတခု ပြုတ်ကျသွားတယ်ခင်ဗျ။ပြုတ်ကျသွားပြီးတော့ ကျနော်အခု ပြောနေတဲ့အချိန်မှာတော့ ဘယ်တယ်လီဖုန်းလိုင်းမှ ဆက်သွယ်လို့ မရတော့ဘူး အားလုံး ပြတ်တောက်သွားပြီခင်ဗျ ။တီဗီတွေလည်း အကုန်လုံး ကြည့်လို့ မရတော့ပါဘူး။ တီဗီ လိုင်းတွေလည်း မရှိတော့ပါဘူးခင်ဗျ။

ဉာဏ်ဝင်းအောင် ။ ။ဒါပေမဲ့ စစ်တပ်ပိုင် မြဝတီ ရုပ်သံလိုင်းကရော ။

ကိုစည်သူ ။ ။စစ်တပ်ပိုင် မြဝတီ ရုပ်သံလိုင်းကတော့ ကြည့်လို့ ရနေသေးတယ်ခင်ဗျ။

ဉာဏ်ဝင်းအောင် ။ ။အဲဒီတော့ အင်တာနက်လိုင်း အခြေအနေ ဘယ်လိုရှိပါသလဲ ။

ကိုစည်သူ ။ ။အင်တာနက် လိုင်းအခြေအနေကတော့ မြန်မာပြည်မှာ လုပ်ပိုင်ခွင့်ရထားတဲ့ ဒီတယ်လီကွန်း ကုမ္ပဏီကြီးတွေကနေ ဖြန့်ချိတဲ့ အင်တာနက်တွေကတော့ ဘာမှ မရှိတော့ဘူး။ MPT / Telenor / Ooredo တို့လိုမျိုး အင်တာနက် ဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီတွေက အကုန်လုံးရပ်တန့် သွားပြီးတော့ ဖြတ်တောက်ခံလိုက်ရပြီ။ ဒါပေမဲ့ တချို့ ကျနော်တို့ ရပ်ကွက်တွေထဲမှာ ဆားဗစ် ပေးနေတဲ့ တချို့အင်တာနက်လိုင်းတွေ ဆက်ရနေသေးတယ်။ ဒါကလည်း တခုပြီးတခု ရပ်သွားနေတယ်ဆိုတဲ့ အခြေအနေမျိုး ကျနော်တို့ အချင်းချင်းကြားမှာ ကြားနေရတယ်။ ဘယ်နေရာမှာ ဘယ်အင်တာနက်ကတော့ ရပ်သွားပြီ ဘယ်ဟာက ရနေသေးတယ် ဆိုတာမျိုး တဖြည်းဖြည်းချင်း ကြားနေရတယ်ဆိုတော့ ကျနော့်စိတ်အထင် ကျနော်ကအခု ရနေသေးတယ်လို့ ပြောတဲ့ အင်တာနက်လိုင်းတွေလည်း မကြာခင်မှာ ပြတ်တောက်သွားမယ်လို့ ကျနော်ထင်ပါတယ်။

ဉာဏ်ဝင်းအောင် ။ ။ ဗိုလ်ချုပ်မှူးကြီးရဲ့သား ပိုင်ဆိုင်တယ်ဆိုတဲ့ Mytel မိုင်တဲလ်ကုမ္ပဏီရဲ့ အင်တာနက်လိုင်းရော ဘယ်လိုရှိသလဲ ။

ကိုစည်သူ ။ ။မိုင်တဲလ်က တယ်လီဖုန်းလိုင်းတွေ မရတော့သလို အင်တာနက်ကလည်း တချို့နေရာတွေမှာ မရတော့ဘူး။ တချို့နေရာတွေမှာတော့ မိုင်တဲလ်က ဆက်သွယ်လို့ ရနေသေးတယ်လို့ ကျနော်တို့ သတင်းကြားတယ်။ အဲဒီတော့ အားလုံးပြတ်တောက်သွားတဲ့ အခြေအနေမျိုးလို့တော့ ပြောလို့ မရသေးဘူးပေါ့နော် မိုင်တဲလ် အနေနဲ့ကတော့။

ဉာဏ်ဝင်းအောင် ။ ။ အဲဒီတော့ ရန်ကုန်မြို့သူမြို့သားတွေ အနေနဲ့က အခုမနက်ခင်းမှာ နောက်ထပ်ဘာတွေ ဖြစ်လာမယ်ဆိုတာမျိုးကို မျှော်လင့်နေကြလဲခင်ဗျ။

ကိုစည်သူ ။ ။ အခုကတော့ မိဘဆွေမျိုးတွေ အပေါင်းအသင်းတွေဆီလည်း ဆက်သွယ်လို့ မရတော့ တချို့လည်း ပုံမှန်လုပ်နေကျ အလုပ်တွေကိုပဲ ဆက်လုပ်ကြမယ်ဆိုတဲ့ သဘောမျိုးနဲ့ သွားလာနေတာမျိုးတွေ လမ်းမှာ တွေ့ရတယ်။ နောက် မချိတင်ကဲနဲ့ ကိုယ့်မိတ်ဆွေသင်္ဂဟ တွေနဲ့ အပြင်မှာတွေ့ကြပြီးတော့ မကြေမနပ် ပြောနေသံမျိုးတွေ ကြားရတယ်။ကျနော် အစောပိုင်းမှာ ပြောခဲ့သလိုမျိုးပဲ စုရုံးပြီး တခုခုလုပ်ကြမယ်ဆိုတဲ့ အခြေအနေမျိုး ခုချိန်ထိ မတွေ့ရသေးဘူးဆိုတော့ ပြည်သူတွေအနေနဲ့အခြေအနေကို စောင့်ကြည့်နေတယ်ဆိုတဲ့ ပုံစံမျိုးတော့ ရှိတယ်ခင်ဗျ။

ဉာဏ်ဝင်းအောင် ။ ။ ရန်ကုန်မှာ လုံခြုံရေး အနေအထားရော၊ စစ်ကားတွေ လှည့်တာမျိုးဘာမျိုး ။

ကိုစည်သူ ။ ။ထူးခြားတာကတော့ ဒီလို အခြေအနေမျိုးသာ ဖြစ်သွားတယ် ၊ ရန်ကုန်မြို့လယ် ရန်ကုန်မြို့ထဲ နေရာတွေမှာ စစ်တပ်က အများကြီး နေရာယူထားတာမျိုး ၊ လမ်းပေါ်မှာ ထင်ထင်ရှားရှား မြင်နေရတာမျိုး ကျနော်တို့ မတွေ့ရပဲနဲ့ ဆက်သွယ်ရေးရုံးတွေလို နေရာမျိုးတွေနဲ့ အရေးကြီးတဲ့ ရုံးလို နေရာမျိုးတွေပေါ့နော် ... ဥပမာ စစ်ရုံးလို နေရာမျိုးမှာ အထဲမှာ အတော်များများကို အင်းအားဖြည့်ထားတာ ကျနော်တို့ အပြင်ကနေ လှမ်းတွေ့ရတယ်။MPT ဆက်သွယ်ရေးရုံးတွေ / Telenor ဆက်သွယ်ရေးရုံးလို နေရာမျိုးတွေမှာ စစ်ကားတွေ ရပ်ထားတာတွေ့တယ် အတွင်းထဲမှာ စစ်သားတွေကို လှမ်းမြင်ရတာမျိုးက လွဲရင် ၊ တခြား လူတွေ ထိန့်လန့်စရာဖြစ်နိုင်တဲ့ လမ်းဆုံလမ်းခွလို နေရာမျိုးတွေ ၊ စည်ကားတဲ့ နေရာမျိုးတွေမှာ စစ်ဖက်က နေရာယူထားတာမျိုးစစ်ကားတွေမြင်နေရတာမျိုးတော့ ထူးဆန်းစွာပဲ ခုချိန်ထိ မတွေ့ရ သေးဘူးခင်ဗျ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG