[[Zawgyi/Unicode]]
ျမန္မာႏုိ္င္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့ ႏုိင္ငံေရးအေျခအေနေတြအရ တုိင္းျပည္ အေရးေပၚအေျခအေန ေၾကညာလုိက္ေၾကာင္း ျမ၀တီရုပ္သံ သတင္ဌာနက တနလၤာေန႔မနက္မွာ ေၾကညာခ်က္ ထုတ္ျပန္လုိက္ပါတယ္။ ဒီေၾကညာခ်က္ကုိေတာ့ ျပည္ေထာင္စုသမၼတ (ယာယီ) ဦးျမင့္ေဆြက လက္မွတ္ေရးထုိး ထုတ္ျပန္လုိက္တာျဖစ္ေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
ႏုိ၀င္ဘာ ၈ ရက္ေန႔က က်င္းပခဲ့တဲ့ ၂၀၂၀ ပါတီစုံ အေထြေထြေရြးေကာက္ပြဲမွာ ဆုိးရြားတဲ့ မဲစာရင္းေတြ ဆုိးရြားစြာ လြဲမွားေနေပမယ့္လည္း အေရးယူေဆာင္ရြက္ျခင္းမရွိတာ၊ လႊတ္ေတာ္ေခၚယူေရး ရက္ေရြ႕ဆုိင္းေပးဖုိ႔ ေတာင္းဆုိတာကုိလည္း ေရြ႕ဆုိင္းေပးျခင္း မရွိတဲ့အျပင္ မူလ အစီအစဥ္အတုိင္းဆက္လက္လုပ္ေဆာင္ျခင္းတုိ႔ဟာ ၂၀၀၈ ဖြဲ႔စည္းပုံ ပုုဒ္မ ၄၁၇ ပါ ႏုိင္ငံေတာ္ရဲ႕ အခ်ဳပ္အျခာအာဏာကုိ အဓမၼနည္းနဲ႔ ရယူေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း၊ ဒါေၾကာင့္ ၿမိဳ႕ေဒသအသီးသီးမွာ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကုိ အယုံအၾကည္မရွိေၾကာင္း ဆႏၵျပပြဲေတြ ျဖစ္ေပၚခဲ့သလုိ တျခားႏုိင္ငံေရးပါတီေတြကလည္း ေထာက္ခံပြဲနဲ႔ ေထာက္ခံ လႈံ႔ေဆာ္မႈေတြေတြ အမ်ဳိးမ်ဳိး လုပ္ေနၾကတာေတြဟာ ႏုိင္ငံေတာ္ တည္ၿငိမ္မႈကုိ ထိခုိက္ေစေၾကာင္း၊ ဒီျပႆနာကုိ မွန္ကန္စြာေျဖရွင္းျခင္းမျပဳပါက ဒီမုိကေရစီ ေလွ်ာက္လွမ္းမႈကုိ အခက္အခဲမ်ား ျဖစ္ေပၚလာမည္ျဖစ္၍ ဥပေဒနဲ႔အညီ ေျဖရွင္းရန္လုိအပ္တာေၾကာင့္ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒ ပုဒ္မ ၄၁၇ အရ ႏုိင္ငံေတာ္ကုိ အေရးေပၚ အေျခအေန ေၾကညာလုိက္ေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပ ပါရွိပါတယ္။
ဒါ့အျပင္ - မဲစာရင္းေတြ စစ္ေဆး အတည္ျပဳျခင္းအပါအ၀င္ လုိအပ္တဲ့ အေရးယူေဆာင္ရြက္မႈေတြ ျပဳလုပ္ႏုိင္ရန္အတြက္ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒ ပုဒ္မ ၄၁၈ ၊ ပုဒ္မခြဲ (ဃ) အရ ႏုိင္ငံေတာ္ရဲ႕ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရးႏွင့္ တရားစီရင္ေရးအာဏာတုိ႔အား တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ထံသုိ႔ လြဲအပ္ တာ၀န္ေပးလုိက္ေၾကာင္း ယခင္ ဒုသမၼတ (၁) ၊ လက္ရွိ ယာယီသမၼတ ဦးျမင့္ေဆြရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
အေရးအေပၚအေျခအေန အက်ဳိးသက္ေရာက္သည့္နယ္ေျမဟာ တႏုိင္လုံးအတုိင္းအတာျဖစ္ၿပီး ဒီအေရးေပၚ အေျခအေနကုိ ဖြဲ႔စည္းပုံအေျခခံဥပေဒ ပုဒ္မ ၄၁၇ အရ တရား၀င္ထုတ္ျပန္သည့္ေန႔ကစၿပီး တႏွစ္ သတ္မွတ္လုိက္ေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
[[Unicode]]
မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေ တနှစ်ကြေညာ
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေအရ တိုင်းပြည် အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း မြဝတီရုပ်သံ သတင်ဌာနက တနင်္လာနေ့မနက်မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဒီကြေညာချက်ကိုတော့ ပြည်ထောင်စုသမ္မတ (ယာယီ) ဦးမြင့်ဆွေက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ ဆိုးရွားတဲ့ မဲစာရင်းတွေ ဆိုးရွားစွာ လွဲမှားနေပေမယ့်လည်း အရေးယူဆောင်ရွက်ခြင်းမရှိတာ၊ လွှတ်တော်ခေါ်ယူရေး ရက်ရွေ့ဆိုင်းပေးဖို့ တောင်းဆိုတာကိုလည်း ရွေ့ဆိုင်းပေးခြင်း မရှိတဲ့အပြင် မူလ အစီအစဉ်အတိုင်းဆက်လက်လုပ်ဆောင်ခြင်းတို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၁၇ ပါ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို အဓမ္မနည်းနဲ့ ရယူဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဒါကြောင့် မြို့ဒေသအသီးသီးမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိကြောင်း ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့သလို တခြားနိုင်ငံရေးပါတီတွေကလည်း ထောက်ခံပွဲနဲ့ ထောက်ခံ လှုံ့ဆော်မှုတွေတွေ အမျိုးမျိုး လုပ်နေကြတာတွေဟာ နိုင်ငံတော် တည်ငြိမ်မှုကို ထိခိုက်စေကြောင်း၊ ဒီပြဿနာကို မှန်ကန်စွာဖြေရှင်းခြင်းမပြုပါက ဒီမိုကရေစီ လျှောက်လှမ်းမှုကို အခက်အခဲများ ဖြစ်ပေါ်လာမည်ဖြစ်၍ ဥပဒေနဲ့အညီ ဖြေရှင်းရန်လိုအပ်တာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာလိုက်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြ ပါရှိပါတယ်။
ဒါ့အပြင် - မဲစာရင်းတွေ စစ်ဆေး အတည်ပြုခြင်းအပါအဝင် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၈ ၊ ပုဒ်မခွဲ (ဃ) အရ နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့အား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွဲအပ် တာဝန်ပေးလိုက်ကြောင်း ယခင် ဒုသမ္မတ (၁) ၊ လက်ရှိ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အရေးအပေါ်အခြေအနေ အကျိုးသက်ရောက်သည့်နယ်မြေဟာ တနိုင်လုံးအတိုင်းအတာဖြစ်ပြီး ဒီအရေးပေါ် အခြေအနေကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ တရားဝင်ထုတ်ပြန်သည့်နေ့ကစပြီး တနှစ် သတ်မှတ်လိုက်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။