(Zawgyi/Unicode)
အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ေျပာခြင့္ရ ေဒါက္တာမ်ဳိးညြန္႔ကို ဗီြအိုေအက တယ္လီဖုန္းနဲ႔ ဆက္သြယ္ေမးျမန္းခ်ိန္ တနလၤာေန႔ နံနက္ (၇)နာရီေက်ာ္ေလာက္မွာ စစ္တပ္ က သူ႔အိမ္ကို လာေရာက္ၿပီး ဖမ္းဆီးေခၚေဆာင္သြားပါတယ္။ ေနာက္ဆံုး ဗီြအိုေအကို ေျပာေနတဲ့ အခ်ိန္မွာ အိမ္ေရွ႕ကို စစ္ကားေရာက္လာၿပီလို႔ ေဒါက္တာမ်ဳိးညြန္႔က အခုလိုေျပာပါတယ္။
” စစ္ကားေရာက္လာၿပီလို႔ ေျပာတယ္။ အဖဲြ႔ခ်ဳပ္အေနနဲ႔ ျပည္သူနဲ႔ တသားတည္းေနၾကပါလို႔ ေျပာခ်င္ပါတယ္။”
စစ္တပ္က သူ႔ကိုလည္း လာၿပီးဖမ္းမယ္ဆိုတာသိေနတဲ့အတြက္ ေစာင့္ေနတယ္လို႔လည္း ေဒါက္တာမ်ဳိးညြန္႔က ဆိုပါတယ္။ အခုလို စစ္တပ္က အာဏာသိမ္းတာဟာ အာဏာလိုခ်င္လို႔ပဲျဖစ္တယ္လို႔လည္း သူကေျပာပါတယ္။ NLD အေနနဲ႔ ျပည္သူလူထုရဲ႕ ဆႏၵကို မ်က္ကြယ္ျပဳတဲ့ လိုက္ေလ်ာမႈမ်ဳိးကို လုပ္မွာမဟုတ္ေၾကာင္းလည္း ေဒါက္တာမ်ဳိးညြန္႔က အေလးအနက္ေျပာၾကားခဲ့ပါတယ္။ ညွဳိႏိႈင္းလို႔ ရတဲ့အေနအထားဆိုရင္ေတာ့ ေဆာင္ရြက္ဖို႔ အဆင္သင့္ရွိတယ္လို႔ ဆိုပါတယ္။ အမ်ဳိးသားျပန္လည္ရင္ၾကားေစ့ေရးကို ခိုင္ခိုင္မာမာက်င့္သံုးေဆာင္ရြက္မွာျဖစ္တယ္လို႔လည္း ေဒါက္တာမ်ဳိးညြန္႔က ေျပာပါတယ္။
ျပည္သူေတြအေနနဲ႔ အေျခအေနေတြကို ထိမ္းထိမ္းသိမ္းသိမ္း တုန္႔ျပန္ၾကဖို႔လည္း သူ႔ကို စစ္တပ္က ဖမ္းဆီးခ်ိန္မတိုင္ခင္ မိနစ္ပိုင္းအတြင္း ဗီြအိုေအကို ေဒါက္တာမ်ဳိးညြန္႔က ေျပာၾကားခဲ့ပါတယ္။
(Unicode)
NLD ပြောခွင့်ရကို စစ်တပ်ဖမ်းဆီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းချိန် တနင်္လာနေ့ နံနက် (၇)နာရီကျော်လောက်မှာ စစ်တပ် က သူ့အိမ်ကို လာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ နောက်ဆုံး ဗွီအိုအေကို ပြောနေတဲ့ အချိန်မှာ အိမ်ရှေ့ကို စစ်ကားရောက်လာပြီလို့ ဒေါက်တာမျိုးညွန့်က အခုလိုပြောပါတယ်။
” စစ်ကားရောက်လာပြီလို့ ပြောတယ်။ အဖွဲ့ချုပ်အနေနဲ့ ပြည်သူနဲ့ တသားတည်းနေကြပါလို့ ပြောချင်ပါတယ်။”
စစ်တပ်က သူ့ကိုလည်း လာပြီးဖမ်းမယ်ဆိုတာသိနေတဲ့အတွက် စောင့်နေတယ်လို့လည်း ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။ အခုလို စစ်တပ်က အာဏာသိမ်းတာဟာ အာဏာလိုချင်လို့ပဲဖြစ်တယ်လို့လည်း သူကပြောပါတယ်။ NLD အနေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒကို မျက်ကွယ်ပြုတဲ့ လိုက်လျောမှုမျိုးကို လုပ်မှာမဟုတ်ကြောင်းလည်း ဒေါက်တာမျိုးညွန့်က အလေးအနက်ပြောကြားခဲ့ပါတယ်။ ညှိုနှိုင်းလို့ ရတဲ့အနေအထားဆိုရင်တော့ ဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်လို့ ဆိုပါတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ခိုင်ခိုင်မာမာကျင့်သုံးဆောင်ရွက်မှာဖြစ်တယ်လို့လည်း ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
ပြည်သူတွေအနေနဲ့ အခြေအနေတွေကို ထိမ်းထိမ်းသိမ်းသိမ်း တုန့်ပြန်ကြဖို့လည်း သူ့ကို စစ်တပ်က ဖမ်းဆီးချိန်မတိုင်ခင် မိနစ်ပိုင်းအတွင်း ဗွီအိုအေကို ဒေါက်တာမျိုးညွန့်က ပြောကြားခဲ့ပါတယ်။