ဒါက္တာမ်ိဳးညြန္႔။ ။ “အခု က်ေနာ္တို႔သိသေလာက္ကေတာ့ အေရးပါတဲ့ ပုဂၢိဳလ္ေတြ အားလံုးကို တပ္မေတာ္က လာၿပီးေတာ့ ေခၚသြားတယ္။ အဲဒီေတာ့ ဒါဟာ အာဏာသိမ္းမႈလို႔ပဲ က်ေနာ္တုိ႔ ယူဆရပါလိမ့္မယ္ ခင္ဗ်။ ေနျပည္ေတာ္မွာေတာ့ က်ေနာ္တုိ႔ ႏိုင္ငံေတာ္ အတို္င္ပင္ခံ ပုဂၢိဳလ္နဲ႔ သမၼတႀကီးကို ေခၚသြားၿပီ ၾကားပါတယ္။ ဒါေပမယ့္ က်ေနာ္တုိ႔ စည္ပင္ဝင္းထဲ ရွိတဲ့ ကိုယ္စားလွယ္ ေတြ ကေတာ့ တိတိက်က် မေျပာႏိုင္ဘူး။ ဒါေပမယ့္ သူတုိ႔လည္း ထိမ္းသိမ္းထားၿပီးလို႔ ယူဆပါတယ္။
အဲ က်ေနာ္တုိ႔ကေတာ့ ျပည္သူလူထုကို တည္တည္ၿငိမ္ၿငိမ္နဲ႔ ဥပေဒနဲ႔ အညီပဲ တုန္႔ျပန္ဖို႔ပဲ ေျပာခ်င္ပါတယ္။ ေနာက္ၿပီးေတာ့ က်ေနာ္တို႔ ျမန္မာႏိုင္ငံရဲ့ မိတ္ေဆြမ်ား ျဖစ္တဲ့ အိမ္နီးခ်င္း တရုတ္ႏိုင္ငံ၊ အိႏၵိယ၊ ေနာက္ၿပီးေတာ့ ေနာက္ႏိုင္ငံေတြ၊ ေနာက္အာရွ ႏိုင္ငံေတြ၊ အားလံုးကလည္း ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီ ျပန္လည္ထြန္းကားေရး အတြက္ ေထာက္ခံအားေပးဖို႔ က်ေနာ္ကေတာ့ တိုက္တြန္းခ်င္ပါတယ္။”
(Unicode)
စဈတပျက အာဏာသိမျးပွီလို့ ယူဆ - NLD ပွောခှင့ျရသူ
ဒါက်တာမျိုးညွန့်။ ။ “အခု ကျနော်တို့သိသလောက်ကတော့ အရေးပါတဲ့ ပုဂ္ဂိုလ်တွေ အားလုံးကို တပ်မတော်က လာပြီးတော့ ခေါ်သွားတယ်။ အဲဒီတော့ ဒါဟာ အာဏာသိမ်းမှုလို့ပဲ ကျနော်တို့ ယူဆရပါလိမ့်မယ် ခင်ဗျ။ နေပြည်တော်မှာတော့ ကျနော်တို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ သမ္မတကြီးကို ခေါ်သွားပြီ ကြားပါတယ်။ ဒါပေမယ့် ကျနော်တို့ စည်ပင်ဝင်းထဲ ရှိတဲ့ ကိုယ်စားလှယ် တွေ ကတော့ တိတိကျကျ မပြောနိုင်ဘူး။ ဒါပေမယ့် သူတို့လည်း ထိမ်းသိမ်းထားပြီးလို့ ယူဆပါတယ်။
အဲ ကျနော်တို့ကတော့ ပြည်သူလူထုကို တည်တည်ငြိမ်ငြိမ်နဲ့ ဥပဒေနဲ့ အညီပဲ တုန့်ပြန်ဖို့ပဲ ပြောချင်ပါတယ်။ နောက်ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ မိတ်ဆွေများ ဖြစ်တဲ့ အိမ်နီးချင်း တရုတ်နိုင်ငံ၊ အိန္ဒိယ၊ နောက်ပြီးတော့ နောက်နိုင်ငံတွေ၊ နောက်အာရှ နိုင်ငံတွေ၊ အားလုံးကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး အတွက် ထောက်ခံအားပေးဖို့ ကျနော်ကတော့ တိုက်တွန်းချင်ပါတယ်။”