သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေက်ာင္းသားသမဂၢေခါင္းေဆာင္ေဟာင္း ကုိမင္းေသြးသစ္ ဖမ္းဆီးခံရ


ကုိမင္းေသြးသစ္ကုိ စစ္တပ္က လာေရာက္ဖမ္းဆီး ေခၚေဆာင္ေနစဥ္။

[[Zawgyi/Unicode]]

ေက်ာင္းသားသမဂၢေခါင္းေဆာင္ေဟာင္းတဦးျဖစ္သူ ကုိမင္းေသြးသစ္ကုိ စစ္၀တ္စုံ ၀တ္ထားသူေတြက လာေရာက္ ဖမ္းဆီး ေခၚေဆာင္သြားခဲ့ေၾကာင္း ဇနီးျဖစ္သူ မရတနာစုပုိခုိင္က ေျပာပါတယ္။ ကုိေဇာ္၀င္းလႈိင္က ဆက္သြယ္ ေမးျမန္းထားပါတယ္။

မရတနာစုပုိခုိင္။ကုိမင္းေသြးသစ္တေယာက္ဘဲ အကုိ၊ ဒီမွာကေတာ့ေလ။ သန္လ်င္မွာေတာ့ သူတေယာက္ဘဲ လာေခၚသြားတယ္။

ေမး။အခု သူတုိ႔လာေခၚတဲ့ပုံစံက ဘယ္လုိ ပုံစံမ်ဳိးလဲ ညီမ၊ သိရသေလာက္ေျပာျပပါလား။ ဘယ္လုိေျပာၿပီး သူတုိ႔ လာေခၚတာလဲ။

မရတနာစုပုိခုိင္။ ကုိမင္းေသြးသစ္ ရွိလားေပါ့ေနာ္၊ သူတုိ႔က ေမးတယ္။ က်မက ညကတည္းက ျပန္မလာဘူးလုိ႔ ေျပာလုိက္တယ္။ ေျပာလုိက္ေတာ့ သူက ဘယ္လုိျပန္ေျပာလဲဆုိေတာ့၊ ဒါဆုိ က်ေနာ္တုိ႔ အထဲမွာ၀င္ရွာလုိ႔ရလားေပါ့ေနာ္။ အဲဒါနဲ႔ က်မက ရွာေဖြပုံစံပါလားလုိ႔ သူတုိ႔ကုိေမးေတာ့ သူတုိ႔မလုိဘူးလုိ႔ ေျပာတယ္။ အဲဒါနဲ႔ ခနေနဦး၊ က်မ ဖုန္းဆက္ေပးမယ္လုိ႔ သူတုိ႔ကုိေျပာလုိက္တယ္။ သူတုိ႔က အတင္း၀င္မယ္လုပ္ေနတာ။ က်မ ဖုန္းဆက္ေပးမယ္လုိ႔ ေျပာၿပီးေတာ့မွ ကုိမင္းေသြးသစ္ကက်ေတာ့ သူထြက္လုိက္မယ္တဲ့ ေျပာတယ္။ သူက သူတုိ႔ကုိ ထြက္ေတြ႔တယ္။ သူတုိ႔က ခနပါဘဲတဲ့။ ပစၥည္းေတာ့ ထဲ့ေပးလုိက္ပါတဲ့။ သူ႔ရဲ႕ အသုံးအေဆာင္ပစၥည္းေတြေတာ့ ထဲ့ေပးလုိက္ပါ၊ ဒါေပမယ့္ ခနပါဘဲတဲ့။ သူတုိ႔ ေမးစရာရွိတာ ေမးၿပီးရင္ ဟ၀ါ. . . ျဖစ္မွာပါလုိ႔ ေျပာတယ္။

ေမး။ သူတုိ႔ဆုိတာက ညီမေရ စစ္တပ္လား၊ ရဲလား၊ ဘယ္လုိလူေတြလဲ ညီမ ကြဲကြဲျပားျပားသိလုိက္လား။

မရတနာစုပုိခုိင္။ စစ္တပ္ကရွင့္။ အက်ၤ ီအျပာ၀တ္စုံနဲ႔ဆုိေတာ့ ေရတပ္ကျဖစ္မယ္ရွင့္။

ေမး။ ကုိမင္းေသြးသစ္ကအရင္ သူ ေက်ာင္းသားအေရးကိစၥေတြနဲ႔ပတ္သက္ၿပီး ပါ၀င္ခဲ့တာေတြမွာ ထုိက္တန္တဲ့ျပစ္မႈကုိလည္း သူက က်ခံထားၿပီးသား။ ဒီရက္ထဲမွာ သူက တျခားအဖမ္းခံရႏုိင္တဲ့အေၾကာင္းရွိတယ္လုိ႔ေရာ ညီမ သိသလား။

မရတနာစုပုိခုိင္။မရွိဘူးရွင့္၊ မရွိဘူး။ သူတုိ႔လဲေျပာတယ္ေပါ့ေနာ္။ သူတုိ႔က ခင္ဗ်ား ဘာမွလုပ္ထားတာမဟုတ္တဲ့အတြက္ သူတုိ႔ ခနဘဲေမးၿပီးေတာ့ ျပန္လြတ္မွာလုိ႔ ေျပာတယ္။ ေလာေလာဆယ္ သူ႔မွာ ျပစ္မႈ၊ ျပစ္ဒဏ္ မရွိဘူးေပါ့ေနာ္။ အခုခ်ိန္ထိေတာ့ေပါ့ေနာ္။ သူက သူ႔ရဲ႕ျပစ္ဒဏ္ေတြအကုန္လုံးက က်ၿပီးသားျဖစ္တယ္။ သူက ေလာေလာဆယ္မွာ ျပစ္မႈ၊ ျပစ္ဒဏ္ မရွိဘူး။

ေမး။ အဲဒီေလာက္ဘဲ ညီမလဲ သိလုိက္ရတယ္လား။

မရတနာစုပုိခုိင္။ဟုတ္ကဲ့ရွင့္။ သူတုိ႔ကိုလဲ ေမးလုိက္တယ္။ ဘယ္ကိုေခၚသြားမွာလဲေမးေတာ့၊ သူတုိ႔မွာ ေျပာပုိင္ခြင့္မရွိဘူးေပါ့ေနာ္၊ ေျပာလုိ႔မရဘူးလုိ႔လဲ ေျပာတယ္။

ေမး။ဘယ္ႏွစ္ေယာက္ေလာက္ လာၾကတာလဲ ညီမ။ သူတုိ႔က လက္နက္ေတြနဲ႔လား။

မရတနာစုပုိခုိင္။ကားေမာင္းအပါဆုိ ၄ ေယာက္ေပါ့ေနာ္။ လက္နက္က ၂ ေယာက္ပါတယ္။ ၃ ပြင့္နဲ႔တေယာက္က ဒီအတုိင္းဘဲ စာအုပ္နဲ႔လာတယ္။ က်န္တဲ့ ၂ ေယာက္ကေတာ့ လက္နက္ပါတယ္။

ေမး။ညီမ ေစာေစာက ေျပာပုံအရဆုိ သူတုိ႔က ဖုန္းႀကိဳဆက္ၿပီးေတာ့ လာေတြ႔ခ်င္တယ္ဆုိတဲ့ဟာကုိ ႀကိဳၿပီးေတာ့ အသိေပးၿပီးေတာ့ လာတာလား။

မရတနာစုပုိခုိင္။မဟုတ္ဘူးရွင့္။ အဲဒီလုိမဟုတ္ဘူး။ ဖုန္းႀကိဳမဆက္ဘူး။ က်မတုိ႔ကုိ တံခါးလာေခါက္တယ္။ က်မတုိ႔က ရုံးမွာေနတာဆုိေတာ့ ရုံးက ဒီ (ဓါတ္ေဘာ္ဒီေတြ) Covid Positive နဲ႔ေသတဲ့ DB သယ္ဖုိ႔ လာေခၚတယ္လုိ႔ပဲထင္တာ ဘာေတြ သယ္ရေအာင္ လာေခၚတာလားေပါ့ေနာ္၊ ထင္တာ။ ဒါေပမယ့္ ထြက္ၾကည့္လုိက္ေတာ့ မဟုတ္ဘူး သူတုိ႔ျဖစ္ေနတယ္ေပါ့ေနာ္။ ဆုိေတာ့ တံခါးကုိလာေခါက္ၿပီးေတာ့ ေခၚသြားတာပါ။

ေမး။ညီမနဲ႔အတူ တျခားလူေတြလည္း ရုံးမွာရွိေနတယ္။ ညီမတုိ႔ က်န္တဲ့လူေတြကုိေတာ့ ဘာမွ ေမးခြန္းလည္း မထုတ္ဘူး။ ဘာမွလည္း မေျပာဘူးေပါ့ေနာ္။ သူ႔တေယာက္ထဲကုိဘဲ ေရြးၿပီးေခၚသြားတာ။

မရတနာစုပုိခုိင္။ ဟုတ္ကဲ့ရွင့္။

တိုက္႐ိုက္ လင့္ခ္

[[Unicode]]

ကျောင်းသားသမဂ္ဂခေါင်းဆောင်ဟောင်းတဦးဖြစ်သူ ကိုမင်းသွေးသစ်ကို စစ်ဝတ်စုံ ဝတ်ထားသူတွေက လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ဇနီးဖြစ်သူ မရတနာစုပိုခိုင်က ပြောပါတယ်။ ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

မရတနာစုပိုခိုင်။ကိုမင်းသွေးသစ်တယောက်ဘဲ အကို၊ ဒီမှာကတော့လေ။ သန်လျင်မှာတော့ သူတယောက်ဘဲ လာခေါ်သွားတယ်။

မေး။အခု သူတို့လာခေါ်တဲ့ပုံစံက ဘယ်လို ပုံစံမျိုးလဲ ညီမ၊ သိရသလောက်ပြောပြပါလား။ ဘယ်လိုပြောပြီး သူတို့ လာခေါ်တာလဲ။

မရတနာစုပိုခိုင်။ ကိုမင်းသွေးသစ် ရှိလားပေါ့နော်၊ သူတို့က မေးတယ်။ ကျမက ညကတည်းက ပြန်မလာဘူးလို့ ပြောလိုက်တယ်။ ပြောလိုက်တော့ သူက ဘယ်လိုပြန်ပြောလဲဆိုတော့၊ ဒါဆို ကျနော်တို့ အထဲမှာဝင်ရှာလို့ရလားပေါ့နော်။ အဲဒါနဲ့ ကျမက ရှာဖွေပုံစံပါလားလို့ သူတို့ကိုမေးတော့ သူတို့မလိုဘူးလို့ ပြောတယ်။ အဲဒါနဲ့ ခနနေဦး၊ ကျမ ဖုန်းဆက်ပေးမယ်လို့ သူတို့ကိုပြောလိုက်တယ်။ သူတို့က အတင်းဝင်မယ်လုပ်နေတာ။ ကျမ ဖုန်းဆက်ပေးမယ်လို့ ပြောပြီးတော့မှ ကိုမင်းသွေးသစ်ကကျတော့ သူထွက်လိုက်မယ်တဲ့ ပြောတယ်။ သူက သူတို့ကို ထွက်တွေ့တယ်။ သူတို့က ခနပါဘဲတဲ့။ ပစ္စည်းတော့ ထဲ့ပေးလိုက်ပါတဲ့။ သူ့ရဲ့ အသုံးအဆောင်ပစ္စည်းတွေတော့ ထဲ့ပေးလိုက်ပါ၊ ဒါပေမယ့် ခနပါဘဲတဲ့။ သူတို့ မေးစရာရှိတာ မေးပြီးရင် ဟဝါ. . . ဖြစ်မှာပါလို့ ပြောတယ်။

မေး။ သူတို့ဆိုတာက ညီမရေ စစ်တပ်လား၊ ရဲလား၊ ဘယ်လိုလူတွေလဲ ညီမ ကွဲကွဲပြားပြားသိလိုက်လား။

မရတနာစုပိုခိုင်။ စစ်တပ်ကရှင့်။ အင်္ကျ ီအပြာဝတ်စုံနဲ့ဆိုတော့ ရေတပ်ကဖြစ်မယ်ရှင့်။

မေး။ ကိုမင်းသွေးသစ်ကအရင် သူ ကျောင်းသားအရေးကိစ္စတွေနဲ့ပတ်သက်ပြီး ပါဝင်ခဲ့တာတွေမှာ ထိုက်တန်တဲ့ပြစ်မှုကိုလည်း သူက ကျခံထားပြီးသား။ ဒီရက်ထဲမှာ သူက တခြားအဖမ်းခံရနိုင်တဲ့အကြောင်းရှိတယ်လို့ရော ညီမ သိသလား။

မရတနာစုပိုခိုင်။မရှိဘူးရှင့်၊ မရှိဘူး။ သူတို့လဲပြောတယ်ပေါ့နော်။ သူတို့က ခင်ဗျား ဘာမှလုပ်ထားတာမဟုတ်တဲ့အတွက် သူတို့ ခနဘဲမေးပြီးတော့ ပြန်လွတ်မှာလို့ ပြောတယ်။ လောလောဆယ် သူ့မှာ ပြစ်မှု၊ ပြစ်ဒဏ် မရှိဘူးပေါ့နော်။ အခုချိန်ထိတော့ပေါ့နော်။ သူက သူ့ရဲ့ပြစ်ဒဏ်တွေအကုန်လုံးက ကျပြီးသားဖြစ်တယ်။ သူက လောလောဆယ်မှာ ပြစ်မှု၊ ပြစ်ဒဏ် မရှိဘူး။

မေး။ အဲဒီလောက်ဘဲ ညီမလဲ သိလိုက်ရတယ်လား။

မရတနာစုပိုခိုင်။ဟုတ်ကဲ့ရှင့်။ သူတို့ကိုလဲ မေးလိုက်တယ်။ ဘယ်ကိုခေါ်သွားမှာလဲမေးတော့၊ သူတို့မှာ ပြောပိုင်ခွင့်မရှိဘူးပေါ့နော်၊ ပြောလို့မရဘူးလို့လဲ ပြောတယ်။

မေး။ဘယ်နှစ်ယောက်လောက် လာကြတာလဲ ညီမ။ သူတို့က လက်နက်တွေနဲ့လား။

မရတနာစုပိုခိုင်။ကားမောင်းအပါဆို ၄ ယောက်ပေါ့နော်။ လက်နက်က ၂ ယောက်ပါတယ်။ ၃ ပွင့်နဲ့တယောက်က ဒီအတိုင်းဘဲ စာအုပ်နဲ့လာတယ်။ ကျန်တဲ့ ၂ ယောက်ကတော့ လက်နက်ပါတယ်။

မေး။ညီမ စောစောက ပြောပုံအရဆို သူတို့က ဖုန်းကြိုဆက်ပြီးတော့ လာတွေ့ချင်တယ်ဆိုတဲ့ဟာကို ကြိုပြီးတော့ အသိပေးပြီးတော့ လာတာလား။

မရတနာစုပိုခိုင်။မဟုတ်ဘူးရှင့်။ အဲဒီလိုမဟုတ်ဘူး။ ဖုန်းကြိုမဆက်ဘူး။ ကျမတို့ကို တံခါးလာခေါက်တယ်။ ကျမတို့က ရုံးမှာနေတာဆိုတော့ ရုံးက ဒီ (ဓါတ်ဘော်ဒီတွေ) Covid Positive နဲ့သေတဲ့ DB သယ်ဖို့ လာခေါ်တယ်လို့ပဲထင်တာ ဘာတွေ သယ်ရအောင် လာခေါ်တာလားပေါ့နော်၊ ထင်တာ။ ဒါပေမယ့် ထွက်ကြည့်လိုက်တော့ မဟုတ်ဘူး သူတို့ဖြစ်နေတယ်ပေါ့နော်။ ဆိုတော့ တံခါးကိုလာခေါက်ပြီးတော့ ခေါ်သွားတာပါ။

မေး။ညီမနဲ့အတူ တခြားလူတွေလည်း ရုံးမှာရှိနေတယ်။ ညီမတို့ ကျန်တဲ့လူတွေကိုတော့ ဘာမှ မေးခွန်းလည်း မထုတ်ဘူး။ ဘာမှလည်း မပြောဘူးပေါ့နော်။ သူ့တယောက်ထဲကိုဘဲ ရွေးပြီးခေါ်သွားတာ။

မရတနာစုပိုခိုင်။ ဟုတ်ကဲ့ရှင့်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG