သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တပ္မေတာ္အေနနဲ႔ ၂၀၀၈ ဖဲြ႔စည္းပံု ကာကြယ္ေစာင့္ေရွာက္မည္ဟု ထုတ္ျပန္


၇၃ ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ အခမ္းအနားမွာ ေတြ႔ရတဲ့ ျမန္မာ့တပ္မေတာ္သားမ်ား။ (ေဖေဖာ္ဝါရီ ၁၂၊ ၂၀၂၀)

(Zawgyi / Unicode)

တပ္မေတာ္အေနနဲ႔ တည္ဆဲ ဖြဲ႔စည္းပံုအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္) ကို ကာကြယ္ေစာင့္ေရွာက္ၿပီး ျပ႒ာန္းထားတဲ့ ဥပေဒေဘာင္အတြင္းကသာ ဥပေဒနဲ႔အညီ ေဆာင္ရြက္သြားမယ္လုိ႔ ဒီကေန႔ရက္စြဲနဲ႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးကေန သေဘာထားတရပ္ ထုတ္ျပန္ပါတယ္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ၂၀၀၈ ခုႏွစ္ အေျခခံဥပေဒကို ဖ်က္သိမ္းမယ့္သေဘာ သက္ေရာက္ေစတဲ့ စကားမ်ဳိး ဇန္နဝါရီလ ၂၇ ရက္ေန႔က ေျပာဆိုခဲ့ၿပီးတဲ့ေနာက္ စစ္တပ္က အာဏာသိမ္းဖို႔ လုပ္ေနၿပီလားဆိုတဲ့ စိုးရိမ္ခ်က္ေတြ ျပည္တြင္းျပည္ပမွာ က်ယ္က်ယ္ျပန္႔ျပန္႔ ထြက္ေပၚခဲ့တာပါ။

တပ္မေတာ္ရဲ႕ ဒီကေန႔ ထုတ္ျပန္ခ်က္ထဲမွာေတာ့ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ရဲ႕ ေျပာဆိုခ်က္ကို တခ်ဳိ႕အဖြဲ႔အစည္းေတြနဲ႔ မီဒီယာေတြက လိုရာဆြဲ ေျပာဆိုေရးသားတာေတြ ေတြ႔ရတယ္လို႔ ျပန္ၿပီး စြပ္စြဲထားပါတယ္။

မိန္႔ခြန္းအျပည့္အစံုကုိ ေလးစားမႈမရွိဘဲ လိုရာဆြဲ အဓိပၸါယ္ဖြင့္ဆိုၿပီး ထုတ္ျပန္ခ်က္ေတြ၊ သတင္းသံုးသပ္ခ်က္ေတြ လုပ္ေနၾကတယ္လုိ႔လည္း တုံ႔ျပန္ထားပါတယ္။

ကာကြယ္ေရးဦးစီးခ်ဳပ္အေနနဲ႔ ႏုိင္ငံေတာ္ကာကြယ္ေရး တကၠသိုလ္က သင္တန္းသား အရာရွိႀကီးေတြ အေျခခံဥပေဒရဲ႕ သေဘာသဘာဝကို နားလည္သေဘာေပါက္ေစဖို႔ ေဆြးေႏြးခဲ့တာ ျဖစ္တယ္လုိ႔လည္း ဆိုပါတယ္။

တပ္မေတာ္ရဲ႕ အခုထုတ္ျပန္ခ်က္ဟာ ဥပေဒစိုးမိုးမႈအတြက္ ပံုစံေကာင္းတဲ့ ေဆာင္ရြက္ခ်က္ ျဖစ္တယ္လို႔ အာဏာရ အမ်ိဳးသားဒီမ္ိုကေရစီအဖြဲ႔ခ်ဳပ္ ေျပာခြင့္ရသူ ေဒါက္တာမ်ိဳးၫြန္႔က ဗြီအိုေအကို ေျပာပါတယ္။

စစ္ဘက္ဟာ ေရြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး ျပည္သူ႔ဆႏၵကို လက္ခံတဲ့ အဖြဲ႔အစည္းတခုအျဖစ္ NLD ပါတီက ျဖစ္ေစခ်င္တယ္လို႔လည္း ေဒါက္တာမ်ဳိးၫြန္႔က ႐ိုက္တာသတင္းဌာနကို ေျပာထားပါတယ္။

ဒီကေန႔ တပ္မေတာ္ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ အေျခခံဥပေဒကို ကာကြယ္ေစာင့္ေရွာက္ၿပီး ဥပေဒနဲ႔အညီ ေဆာင္ရြက္သြားမယ္လုိ႔သာ ဆိုထားၿပီး အေျခခံဥပေဒကို မဖ်က္သိမ္းဘူး၊ အာဏာမသိမ္းဘူး ဆိုတာမ်ဳိး အတိအက် ေျပထားတာေတာ့ မပါပါဘူး။

၂၀၀၈ ဖဲြ႔စည္းပံုကို ဖ်က္သိမ္းေကာင္း ဖ်က္သိမ္းႏိုင္တဲ့သေဘာ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ရဲ႕ ေျပာဆိုခ်က္ ထြက္လာၿပီးတဲ့ေနာက္ ကုလသမဂၢနဲ႔ အေမရိကန္ျပည္ေထာင္စု အပါအဝင္ ျမန္မာႏုိင္ငံအေျခစိုက္ ႏုိုင္ငံတကာ သံ႐ံုးေတြက ေၾကညာခ်က္ေတြ ထုတ္ျပန္ၿပီး ေရြးေကာက္ပြဲရလဒ္ကို ေလးစားလိုက္နာဖို႔နဲ႔ ဒီမိုကေရစီနည္းက် လုပ္ေဆာင္ဖို႔ တိုက္တြန္းခဲ့ပါတယ္။

လူမ်ဳိးစု လက္နက္ကိုင္အဖြဲ႔ေတြနဲ႔ ျပည္တြင္းအေျခစိုက္ အဖြဲ႔အစည္းေတြကလည္း အာဏာသိမ္းတဲ့နည္းလမ္းနဲ႔ မဟုတ္ဘဲ ေတြ႔ဆံုေဆြးေႏြးၿပီးေတာ့ ေျဖရွင္းဖို႔ တိုက္တြန္းခဲ့ၾကပါတယ္။

အခုလုိ ႏုိင္ငံေရးတင္းမာတဲ့ အေျခအေနမ်ဳိးေတြမွာ ဝင္ေရာက္ေျပာဆိုေလ့မရွိဘဲ ကင္းေအာင္ေနေလ့ရွိတဲ့ ႏိုင္ငံေတာ္ သံဃမဟာနာယကအဖြဲ႔ ဆရာေတာ္ႀကီးေတြကေတာင္မွ ဇန္နဝါရီလ ၂၉ ရက္ေန႔မွာ ေမတၱာရပ္ခံခ်က္ဆိုၿပီး ထုတ္ျပန္ခဲ့ပါေသးတယ္။

အဲဒီထဲမွာေတာ့ အစိုးရ၊ တပ္မေတာ္၊ ႏုိင္ငံေရးပါတီေတြနဲ႔ အမ်ားျပည္သူအေနနဲ႔ လက္ရွိျဖစ္ေနတဲ့ ကိစၥအရပ္ရပ္အေပၚ ျငင္းခုံတာမ်ဳိိးမလုပ္ဘဲ တည္ဆဲဥပေဒေတြနဲ႔အညီ ၿငိမ္းခ်မ္းစြာ ညႇိႏိႈင္းအေျဖရွာ ေဆာင္ရြက္ၾကပါလို႔ ေမတၱာရပ္ခံထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

တပ်မတော်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ကာကွယ်စောင့်ရှောက်မည်ဟု ထုတ်ပြန်

တပ်မတော်အနေနဲ့ တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ကာကွယ်စောင့်ရှောက်ပြီး ပြဋ္ဌာန်းထားတဲ့ ဥပဒေဘောင်အတွင်းကသာ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ဒီကနေ့ရက်စွဲနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ သဘောထားတရပ် ထုတ်ပြန်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ဖျက်သိမ်းမယ့်သဘော သက်ရောက်စေတဲ့ စကားမျိုး ဇန်နဝါရီလ ၂၇ ရက်နေ့က ပြောဆိုခဲ့ပြီးတဲ့နောက် စစ်တပ်က အာဏာသိမ်းဖို့ လုပ်နေပြီလားဆိုတဲ့ စိုးရိမ်ချက်တွေ ပြည်တွင်းပြည်ပမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တာပါ။

တပ်မတော်ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောဆိုချက်ကို တချို့အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေက လိုရာဆွဲ ပြောဆိုရေးသားတာတွေ တွေ့ရတယ်လို့ ပြန်ပြီး စွပ်စွဲထားပါတယ်။

မိန့်ခွန်းအပြည့်အစုံကို လေးစားမှုမရှိဘဲ လိုရာဆွဲ အဓိပ္ပါယ်ဖွင့်ဆိုပြီး ထုတ်ပြန်ချက်တွေ၊ သတင်းသုံးသပ်ချက်တွေ လုပ်နေကြတယ်လို့လည်း တုံ့ပြန်ထားပါတယ်။

ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်က သင်တန်းသား အရာရှိကြီးတွေ အခြေခံဥပဒေရဲ့ သဘောသဘာဝကို နားလည်သဘောပေါက်စေဖို့ ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တပ်မတော်ရဲ့ အခုထုတ်ပြန်ချက်ဟာ ဥပဒေစိုးမိုးမှုအတွက် ပုံစံကောင်းတဲ့ ဆောင်ရွက်ချက် ဖြစ်တယ်လို့ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်က ဗွီအိုအေကို ပြောပါတယ်။

စစ်ဘက်ဟာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်သူ့ဆန္ဒကို လက်ခံတဲ့ အဖွဲ့အစည်းတခုအဖြစ် NLD ပါတီက ဖြစ်စေချင်တယ်လို့လည်း ဒေါက်တာမျိုးညွန့်က ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။

ဒီကနေ့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့သာ ဆိုထားပြီး အခြေခံဥပဒေကို မဖျက်သိမ်းဘူး၊ အာဏာမသိမ်းဘူး ဆိုတာမျိုး အတိအကျ ပြေထားတာတော့ မပါပါဘူး။

၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းကောင်း ဖျက်သိမ်းနိုင်တဲ့သဘော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောဆိုချက် ထွက်လာပြီးတဲ့နောက် ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာ သံရုံးတွေက ကြေညာချက်တွေ ထုတ်ပြန်ပြီး ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာဖို့နဲ့ ဒီမိုကရေစီနည်းကျ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်တွင်းအခြေစိုက် အဖွဲ့အစည်းတွေကလည်း အာဏာသိမ်းတဲ့နည်းလမ်းနဲ့ မဟုတ်ဘဲ တွေ့ဆုံဆွေးနွေးပြီးတော့ ဖြေရှင်းဖို့ တိုက်တွန်းခဲ့ကြပါတယ်။

အခုလို နိုင်ငံရေးတင်းမာတဲ့ အခြေအနေမျိုးတွေမှာ ဝင်ရောက်ပြောဆိုလေ့မရှိဘဲ ကင်းအောင်နေလေ့ရှိတဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးတွေကတောင်မှ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ မေတ္တာရပ်ခံချက်ဆိုပြီး ထုတ်ပြန်ခဲ့ပါသေးတယ်။

အဲဒီထဲမှာတော့ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီတွေနဲ့ အများပြည်သူအနေနဲ့ လက်ရှိဖြစ်နေတဲ့ ကိစ္စအရပ်ရပ်အပေါ် ငြင်းခုံတာမျိုးမလုပ်ဘဲ တည်ဆဲဥပဒေတွေနဲ့အညီ ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာ ဆောင်ရွက်ကြပါလို့ မေတ္တာရပ်ခံထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG