သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လက္ရွိႏုိင္ငံေရးတင္းမာေနမႈအေပၚ အဖြဲ႔အစည္းအသီးသီးရဲ႕ သေဘာထားေၾကညာခ်က္မ်ား


ကန႔္ကြက္ဆႏၵျပသူေတြကို ရဲမ်ားက ပို႔ဆို႔ေနပံု ေတြ႔ရစဥ္။ (ဇန္နဝါရီ ၂၉၊ ၂၀၂၁)

(Zawgyi/Unicode)

ျမန္မာနိုင္ငံအတြင္းက ျပည္တြင္း နိုင္ငံေရး၊ ဘာသာေရးနဲ႔ လူမႈအဖြဲ႕အစည္းေပါင္းစုံက လက္ရွိ ေတြ႕ၾကဳံေနရတဲ့ ျမန္မာ့ နိုင္ငံေရး အေျခအေန အေပၚသေဘာထားအျမင္ေတြ ထုတ္ျပန္ေၾကညာေနသလို ေရြးေကာက္ပြဲအျငင္းပြားမႈကို ၿငိမ္းခ်မ္းစြာ ေျဖရွင္းဖို႔ ကိုလည္း ေတာင္း ဆိုေနၾကပါတယ္။

ေကအဲန္ယူ-ကရင္ အမ်ိဳးသား အစည္းအ႐ုံးရဲ့ ေၾကညာခ်က္မွာေတာ့ လက္ရွိ အက်ပ္အတည္းကိုေက်ာ္လႊားဖို႔နဲ႔အမ်ိဳးသားျပန္လည္ သင့္ျမတ္မႈ ေပၚထြန္းလာေရး သက္ဆိုင္ရာ အစုအဖြဲ႕ေတြ အားလုံး ပါဝင္တဲ့ မ်က္ႏွာစုံညီညႇိႏွိုင္းအစည္းအေဝးတစ္ခုအေရးေပၚက်င္းပ ေပးဖို႔ ေတာင္းဆိုထားပါတယ္။ ျပည္ေထာင္စုနဲ႔ ျပည္သူလူထုရဲ့ အက်ိဳးစီးပြားကို ေရွ႕ရႈၿပီး ၿငိမ္းခ်မ္းစြာ ညႇိႏွိုင္း အေျဖရွာဖို႔ လိုအပ္ တယ္လို႔လည္း တစ္နိုင္ငံလုံး အပစ္အခတ္ ရပ္စဲေရး NCA ကို လက္မွတ္ေရးထိုးထားတဲ့ ေကအဲန္ယူ အဖြဲ႕ရဲ့ ဇန္နဝါရီလ ၂၉ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါရွိပါတယ္။

ျမန္မာ့နိုင္ငံေရးသမိုင္းမွာ အေရးပါတဲ့ ဗမာနိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႕ခ်ဳပ္- ဗကသကေတာ့ အာဏာရွင္စနစ္နဲ႔ စစ္ အာဏာသိမ္းတဲ့ ဘယ္လို လုပ္ရပ္မ်ိဳးကို မဆို ျပတ္ျပတ္သားသား ဆန္႔က်င္တယ္လို႔ ေၾကညာလိုက္ပါတယ္။ ဒီမိုကေရစီ အေျခခံ မူ ေတြကို အေလ်ာ့ေပးေစ့စပ္တာကို ရႈတ္ခ်သလို အေလ်ာ့ေပး ေစ့စပ္ေရး အေတြးအေခၚမၽွေဝေနသူေတြကိုလည္းကန္႔ကြက္ေၾကာင္း ဇန္နဝါရီလ ၂၉ ရက္ေန႔ကပဲ ထုတ္ေဝတဲ့ သေဘာထား ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

နိုင္ငံေရး အဖြဲ႕အစည္းေတြ နည္းတူ နိုင္ငံေတာ္ သံဃမဟာနာယကအဖြဲ႕ကလည္း ေမတၱာရပ္ခံခ်က္တစ္ေစာင္ကို ဥကၠဌ ဆရာေတာ္နဲ႔ အက်ိဳးေတာ္ေဆာင္ ဆရာေတာ္ႏွစ္ပါး ကိုယ္တိုင္ လက္မွတ္ေရးထိုး ထုတ္ျပန္လိုက္ပါတယ္။

ကမၻာ့ ကပ္ေရာဂါေၾကာင့္ ျမန္မာနိုင္ငံ တစ္ဝွမ္း အခက္အခဲမ်ားစြာ ခံစားေနတဲ့အခ်ိန္မွာ ေရြးေကာက္ပြဲကို အေၾကာင္းျပဳၿပီး ျဖစ္ေပၚ ေနတဲ့ လက္ရွိ အေျခအေနေၾကာင့္ ရဟန္းရွင္လူ ျပည္သူေတြ စိုးရိမ္ေၾကာင့္ၾက ေနၾကရတယ္လို႔ ဆရာေတာ္ႀကီးေတြရဲ့ ဇန္နဝါရီလ ၂၉ ရက္ေန႔ထုတ္ ေမတၱာရပ္ခံခ်က္မွာ ပါရွိပါတယ္။ ဒါေၾကာင့္ ေစ့စပ္ညႇိႏွိုင္း အေျဖရွာျခင္းကို ခ်မ္းသာရာေၾကာင္းတရားအျဖစ္ မွတ္ယူၿပီး အစိုးရ၊ တပ္မေတာ္နဲ႔ နိုင္ငံေရး ပါတီေတြအၾကားေစ့စပ္ေဆြးေႏြးၾကဖို႔ကို တိုက္တြန္းထားပါတယ္။

အလားတူပဲ ဒါဇင္နဲ႔ခ်ီရွိတဲ့ ျပည္တြင္းေရြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာေရး အဖြဲ႕ေတြကလည္း ပူးတြဲ ေၾကညာခ်က္ တစ္ေစာင္ ထုတ္ျပန္ထားပါတယ္။

အဲဒီ အဖြဲ႕ေတြရဲ့ ထုတ္ျပန္ခ်က္မွာ တပ္မေတာ္ အပါအဝင္ သက္ဆိုင္ရာ နိုင္ငံေရး ပါတီေတြ အေနနဲ႔ ေရြးေကာက္ပြဲ ရလဒ္ေတြကို လက္ခံၿပီး ေရြးေကာက္ပြဲ အလြန္ နိုင္ငံေရး တည္ၿငိမ္မႈနဲ႔ အာဏာ လႊဲေျပာင္းေရး ေခ်ာ့ေမြ႕ေရး ဝိုင္းဝန္း ေဆာင္ရြက္ဖို႔ တိုက္တြန္း ထားပါတယ္။ ၂၀၂၀ ျပည့္ႏွစ္ ေရြးေကာက္ပြဲကို အနီးကပ္ ေစာင့္ၾကည့္ခဲ့တဲ့ အဲဒီ အဖြဲ႕အစည္းေတြ အေနနဲ႔ ေရြးေကာက္ပြဲ လုပ္ငန္းစဥ္ ေတြမွာ အားနည္းခ်က္ေတြကို ေတြ႕ရွိခဲ့ရေပမဲ့ ေရြးေကာက္ပြဲ ရလဒ္ေတြကေတာ့ မဲဆႏၵရွင္ အမ်ားစုရဲ့ သေဘာထားနဲ႔ အညီ ရရွိ လာ တဲ့ ရလဒ္ေတြ ျဖစ္တာကို ေတြ႕ရွိရတယ္ ေၾကညာထားပါတယ္။

............

လက်ရှိနိုင်ငံရေးတင်းမာနေမှုအပေါ် အဖွဲ့အစည်းအသီးသီးရဲ့ သဘောထားကြေညာချက်များ

(Unicode)

မြန်မာနိုင်ငံအတွင်းက ပြည်တွင်း နိုင်ငံရေး၊ ဘာသာရေးနဲ့ လူမှုအဖွဲ့အစည်းပေါင်းစုံက လက်ရှိ တွေ့ကြုံနေရတဲ့ မြန်မာ့ နိုင်ငံရေး အခြေအနေ အပေါ်သဘောထားအမြင်တွေ ထုတ်ပြန်ကြေညာနေသလို ရွေးကောက်ပွဲအငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ကိုလည်း တောင်း ဆိုနေကြပါတယ်။

ကေအဲန်ယူ-ကရင် အမျိုးသား အစည်းအရုံးရဲ့ ကြေညာချက်မှာတော့ လက်ရှိ အကျပ်အတည်းကိုကျော်လွှားဖို့နဲ့အမျိုးသားပြန်လည် သင့်မြတ်မှု ပေါ်ထွန်းလာရေး သက်ဆိုင်ရာ အစုအဖွဲ့တွေ အားလုံး ပါဝင်တဲ့ မျက်နှာစုံညီညှိနှိုင်းအစည်းအဝေးတစ်ခုအရေးပေါ်ကျင်းပ ပေးဖို့ တောင်းဆိုထားပါတယ်။ ပြည်ထောင်စုနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ရှေ့ရှုပြီး ငြိမ်းချမ်းစွာ ညှိနှိုင်း အဖြေရှာဖို့ လိုအပ် တယ်လို့လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCA ကို လက်မှတ်ရေးထိုးထားတဲ့ ကေအဲန်ယူ အဖွဲ့ရဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

မြန်မာ့နိုင်ငံရေးသမိုင်းမှာ အရေးပါတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်- ဗကသကတော့ အာဏာရှင်စနစ်နဲ့ စစ် အာဏာသိမ်းတဲ့ ဘယ်လို လုပ်ရပ်မျိုးကို မဆို ပြတ်ပြတ်သားသား ဆန့်ကျင်တယ်လို့ ကြေညာလိုက်ပါတယ်။ ဒီမိုကရေစီ အခြေခံ မူ တွေကို အလျော့ပေးစေ့စပ်တာကို ရှုတ်ချသလို အလျော့ပေး စေ့စပ်ရေး အတွေးအခေါ်မျှဝေနေသူတွေကိုလည်းကန့်ကွက်ကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့ကပဲ ထုတ်ဝေတဲ့ သဘောထား ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံရေး အဖွဲ့အစည်းတွေ နည်းတူ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကလည်း မေတ္တာရပ်ခံချက်တစ်စောင်ကို ဥက္ကဌ ဆရာတော်နဲ့ အကျိုးတော်ဆောင် ဆရာတော်နှစ်ပါး ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

ကမ္ဘာ့ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ တစ်ဝှမ်း အခက်အခဲများစွာ ခံစားနေတဲ့အချိန်မှာ ရွေးကောက်ပွဲကို အကြောင်းပြုပြီး ဖြစ်ပေါ် နေတဲ့ လက်ရှိ အခြေအနေကြောင့် ရဟန်းရှင်လူ ပြည်သူတွေ စိုးရိမ်ကြောင့်ကြ နေကြရတယ်လို့ ဆရာတော်ကြီးတွေရဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ထုတ် မေတ္တာရပ်ခံချက်မှာ ပါရှိပါတယ်။ ဒါကြောင့် စေ့စပ်ညှိနှိုင်း အဖြေရှာခြင်းကို ချမ်းသာရာကြောင်းတရားအဖြစ် မှတ်ယူပြီး အစိုးရ၊ တပ်မတော်နဲ့ နိုင်ငံရေး ပါတီတွေအကြားစေ့စပ်ဆွေးနွေးကြဖို့ကို တိုက်တွန်းထားပါတယ်။

အလားတူပဲ ဒါဇင်နဲ့ချီရှိတဲ့ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေကလည်း ပူးတွဲ ကြေညာချက် တစ်စောင် ထုတ်ပြန်ထားပါတယ်။

အဲဒီ အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ တပ်မတော် အပါအဝင် သက်ဆိုင်ရာ နိုင်ငံရေး ပါတီတွေ အနေနဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို လက်ခံပြီး ရွေးကောက်ပွဲ အလွန် နိုင်ငံရေး တည်ငြိမ်မှုနဲ့ အာဏာ လွှဲပြောင်းရေး ချော့မွေ့ရေး ဝိုင်းဝန်း ဆောင်ရွက်ဖို့ တိုက်တွန်း ထားပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို အနီးကပ် စောင့်ကြည့်ခဲ့တဲ့ အဲဒီ အဖွဲ့အစည်းတွေ အနေနဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ် တွေမှာ အားနည်းချက်တွေကို တွေ့ရှိခဲ့ရပေမဲ့ ရွေးကောက်ပွဲ ရလဒ်တွေကတော့ မဲဆန္ဒရှင် အများစုရဲ့ သဘောထားနဲ့ အညီ ရရှိ လာ တဲ့ ရလဒ်တွေ ဖြစ်တာကို တွေ့ရှိရတယ် ကြေညာထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG