သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏုိင္ငံေရးတင္းမာမႈေတြ ညႇိႏႈိင္းအေျဖရွာၾကဖုိ႔ သံဃမဟာနာယကအဖြဲ႔ ေမတၱာရပ္ခံ


မွတ္တမ္းဓါတ္ပံု- ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ဆရာေတာ္ႀကီးမ်ားက အႏၲရာယ္ကင္း ပရိတ္တရားေတာ္မ်ား ႐ြတ္ပြားခ်ီးျမႇင့္စဥ္ (၃၁-၁၀-၂၀၂၀) {ဓါတ္ပံု-ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕}

(Zawgyi/Unicode)

ျမန္မာႏိုင္ငံအျမင့္ဆံုးသံဃာ့အဖြဲ႔အစည္းႀကီးက၊ ေရြးေကာက္ပြဲ႔အၿပီးျဖစ္ေနတဲ့ အေျခအေနေတြအေပၚ၊ ရဟန္းရွင္လူျပည္သူအေပါင္း စိုးရမ္ေၾကာင့္ၾက၊ ႏွလံုးစိတ္ဝမ္းမေအးျဖစ္ေနရတယ္လို႔၊ မေန႔က ထူးထူးျခားျခား ေမတၱာရပ္ခံခ်က္ထုတ္လိုက္ပါတယ္။ ႏိုင္ငံေတာ္ သံဃမဟာနာယကအဖြဲ႔ ဥကၠဌ အပါအဝင္ ႏိုင္ငံတဝွမ္းက ဆရာေတာ္ႀကီးေတြက၊ အစိုးရ၊ တပ္မေတာ္နဲ႔ ပါတီေတြအားလံုး ေရြးေကာက္ပြဲအၿပီး ျငင္းခံုမေနဘဲ၊ ေစ့စပ္ေျဖရွင္းဖို႔ ေမတၱာရပ္ခံလိုက္တာက၊ လက္ရွိႏိုင္ငံေရးတင္းမာမူအေပၚ အေထာက္အကူျပဳႏိုင္တယ္လို႔၊ အာဏာရ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ေျပာခြင့္ရကဆိုပါတယ္။ ကိုဝင္းမင္းက ေမးထားပါတယ္။

ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ေၾကညာခ်က္
ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ေၾကညာခ်က္

ဒီဆရာေတာ္ႀကီးေတြရဲ႕ ေမတၱာရပ္ခံခ်က္ ထြက္ေပၚလာပံုကို သာသနာေရးနဲ႔ယဥ္ေက်းမူဝန္ႀကီးရံုး ညႊန္ၾကားေရးမွဴး ဦးေအာင္ဆန္း၀င္းက -

“ဆရာေတာ္ႀကီးေတြက ေန႔ခင္း ၂ နာရီမွာ အြန္လိုင္းနဲ႔ အစည္းအေ၀းလုပ္ၿပီးေတာ့ ဆရာေတာ္ႀကီးေတြက သေဘာတူၿပီးေတာ့ ေမတၱာရပ္ခံခ်က္ေလး ထုတ္လိုက္တာပါ။ ဆရာေတာ္ႀကီးေတြရဲ႕ မွာၾကားခ်က္ေတြကို အျပည့္အစံုေဖာ္ျပထားပါတယ္ခင္ဗ်။ က်ေနာ္တို႔ သတင္းထုတ္ျပန္ထားၿပီးျဖစ္ပါတယ္ခင္ဗ်။ ဒီေန႔သတင္းစာမွာလည္း ပါပါမယ္ခင္ဗ်။ ည ၈ နာရီ သတင္းမွာလည္း ပါသြားပါၿပီခင္ဗ်။”

ဒီထုတ္ျပန္ခ်က္ကို NLD ေျပာခြင့္ရ ေဒါက္တာ မ်ိဳးညႊန္႔ကလည္း -

“ဒါေကာင္းတဲ့လကၡဏာပါပဲ က်ေနာ္တို႔ကေတာ့ ညိွႏိႈင္းေဆြးေႏြးျခင္းက အေကာင္းဆံုးပဲ ။ တည္ဆဲဥပေဒ၊ နည္းဥပေဒေတြကို ဒီအတိုင္းသြားမယ္လို႔ေျပာတယ္။ တဖက္ကေတာ့ ဥပေဒကို မလိုက္လာႏိုင္ရင္ ဖ်က္ပစ္မယ္လို႔ေျပာတယ္ဆိုေတာ့ ဆရာေတာ္ႀကီးေတြရဲ႕ အဆံုးအမဟာ အင္မတန္ကို ထိေရာက္တယ္လို႔ ေျပာခ်င္ပါတယ္။”

အဲဒီေတာ့ လက္ရွိတပ္မေတာ္နဲ႔ အစိုးရ ၂ ဖက္ တင္းမာေနခ်ိန္မွာ ဒီအစိုးရက ခန္႔ထားတဲ့ အျမင့္ဆံုး သံဃာ့အဖြဲ႔အစည္းရဲ႕ ေမတၱာရပ္ခံခ်က္က ၂ ဖက္လံုးကို သက္ေရာက္မႈ ရွိႏိုင္ပါသလားလို႔ ေမးရာမွာ ေဒါက္တာ မ်ိဳးညႊန္႔က -

“ဒါက သက္ေရာက္မႈရွိပါတယ္။ အထူးသျဖင့္ က်ေနာ္တို႔ သံဃာေတာ္ႀကီးေတြက ျဖစ္ႏိုင္ရင္ ႏိုင္ငံေရးမွာ မပါပဲ ေရွာင္တတ္တဲ့ သေဘာရွိတယ္ေလ။ ေလာကီေရးေတြျဖစ္တယ္ဆိုၿပီးေတာ့ အခုက ဆရာေတာ္ႀကီးေတြ အင္မတန္ကို စိတ္ပူလို႔ အခုလို စာထုတ္တယ္လို႔ ထင္ပါတယ္။ ၂ ဖက္ေခါင္းေဆာင္ေတြ ေစ့စပ္ညိွႏိႈင္းၿပီး အေျဖရွာဖို႔အတြက္ စဥ္းစားလာၾကမယ္လို႔ လုပ္ေဆာင္လာၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္။”

ဒီေနရာမွာ ဆရာေတာ္ႀကီးေတြရဲ႕ ေမတၱာရပ္ခံခ်က္ထဲမွာပဲ ထိပ္ဆံုးကေန ကိုဗစ္ဒဏ္ ျပည္သူေတြ ခါးစည္းခံေနရတာကို အေလးေပး ေျပာခဲ့တဲ့အေပၚ ေဒါက္တာ မ်ိဳးညႊန္႔ကဆက္ၿပီး -

“ျပည္သူေတြက ကိုဗစ္-၁၉ ကို ႏွစ္လံုးေပါက္ေအာင္ ခါးစည္းခံခဲ့ရတာပါ။ အဲဒီေတာ့ ႏိုင္ငံေရးအရလည္း ေမွ်ာ္လင့္ခ်က္အသစ္ေတြရမယ္ ကိုဗစ္အလြန္ကာလမွာလည္း စီးပြားေရးမွာ ျပန္လည္နလံထူလာႏိုင္မယ္ဆိုတာလည္း ေမွ်ာ္လင့္ခ်က္မွာ အခုလို ႏိုင္ငံေရးအရ တင္းမာမႈေတြေပၚလာတဲ့အခါမွာ ျပည္သူေတြအတြက္ အင္မတန္ကို စိတ္ေသာက ေရာက္ရတယ္ဆိုတာလည္း အင္မတန္ပဲ မွန္ပါတယ္ခင္ဗ် ။

”အဲဒီေတာ့ ၂ ဖက္ေတြ႔ဆံု ညိွႏိႈင္းလာခဲ့ရင္ ဘယ္လိုေမွ်ာ္လင့္ခ်က္ေတြ စိုးရိမ္မႈေတြရွိပါသလဲလို႔ ေမးရာမွာ ေဒါက္တာ မ်ိဳးညႊန္႔က -

“တဖက္မွာေတာ့ ရွိတာေပါ့ ေတာင္းဆိုခ်က္ေတြ ဥပေဒထက္ လြန္ဆန္တဲ့ ေတာင္းဆိုခ်က္မ်ိဳးျဖစ္မွာေတာ့ က်ေနာ္စိုးရိမ္တယ္ ။ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ထုတ္ထားတယ္ေလ။ ဒီမဲဆႏၵရွင္မ်ားရဲ႕ သေဘာဆႏၵကို အေပးအယူ ေစ့စပ္ညိွႏိႈင္းလို႔မရဘူး။ အေပးအယူလုပ္လို႔ရတဲ့ ေနရာတိုင္းမွာေတာ့ ညိွႏိႈင္းေဆြးေႏြးဖို႔ အဆင္သင့္ရွိပါတယ္။”

ဒီေနရာမွာ အခု အဓိက တပ္မေတာ္ဘက္က ေတာင္းဆိုထားတဲ့ မဲစာရင္းမွားယြင္းေနမႈအေပၚ UEC ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္စာရင္းနဲ႔ တုိက္ဆိုင္စစ္ေဆးဖို႔အတြက္ေရာ ျဖစ္ႏိုင္ပါသလားလို႔ေမးရာမွာ ေဒါက္တာ မ်ိဳးညႊန္႔က -

“ဒါကေတာ့ ေျပလည္ႏိုင္ပါတယ္။ ဘာလို႔ဆိုေတာ့ တပ္မေတာ္ရဲ႕ စြပ္စြဲခ်က္ေတြကိုကလည္း ခိုင္လံုတဲ့ တိတိက်က် အခ်က္အလက္ေတြမပါဘူးလို႔ က်ေနာ္တို႔ျမင္တယ္ခင္ဗ်။ ေခါင္းစဥ္ကိုက မဲမသမာမူျပႏိုင္ေသာ ဆိုတာက ဒီ Possibility (ျဖစ္ႏိုင္ေျခ) နဲ႔ စြပ္စြဲထားတာ ။ တကယ္ျဖစ္ခဲ့လားလို႔ သတင္းေထာက္ေတြက ေမးတယ္။ ေျမျပင္မွာေရာ ဒီအတိုင္းပဲလားဆိုရင္ သူတုိ႕ အာမမခံႏိုင္ဘူးေလ။”

ဒီအေပၚ အေသးစိတ္ျဖစ္သင့္ပံုကို ဆက္ေမးရာမွာ ေဒါက္တာမ်ိဳးညႊန္႔ကဆက္ၿပီး -

“ဥပမာဆိုရင္ေတာ့ UEC က ေနာက္ဆံုးထုတ္ျပန္ခ်က္မွာ တပ္မေတာ္က အသံုးျပဳတဲ့ မဲစာရင္းေတြက ေနာက္ဆံုးစာရင္းမဟုတ္ဘူးဆိုေတာ့ ၊ တပ္မေတာ္က ေနာက္ဆံုးစာရင္း မဲဆႏၵနယ္ ၄၀ ဆိုၿပီးေတာ ့ေနာက္ဆံုးစာရင္းထုတ္လိုက္တယ္။ အဲဒီေတာ့ အနည္းဆံုး အဲဒီေနာက္ဆံုးစာရင္း မဲဆႏၵနယ္ ၄၀ ကိုေတာ့ သူ (UEC) ျပန္ရွင္းသင့္တယ္လို႔ ထင္တယ္ေလ။ သို႔ေသာ္ ရွင္းသင့္တယ္လို႔ တိုက္ရိုက္ေျပာလိုက္ရင္ က်ေနာ္တို႔က ပါတီရဲ႕ Voice (အသံ) ျဖစ္သြားမယ္။ က်ေနာ္တို႔က ဒါမ်ိဳးက CEC meeting (အစည္းအေ၀း) ၿပီးမွ ထုတ္လို႔တာ ။ အဲဒီေတာ့ Spokesperson (ေျပာခြင့္ရ) တဦးတည္းအေနနဲ႔ က်ေတာ့ ဒီလိုဆိုရင္လည္း ျဖစ္ႏိုင္ပါတယ္။ လက္ခံႏိုင္ပါတယ္ေလာက္ပဲ Hint (အႀကံျပဳသေဘာ) ပဲေပးထားတယ္။”

တကယ္ေတာ့ အခုတပ္မေတာ္ဘက္က မဲစာရင္းမွားယြင္းမႈ ေျဖရွင္းေရးျပႆနာက လာမယ့္ တနလၤာ လႊတ္ေတာ္သစ္ေခၚခါနီးမွာ ပိုျပင္းထန္လာၿပီး အာဏာမသိမ္းဘူးလို႔ တပ္မေတာ္ဘက္က မေျပာႏိုင္ေၾကာင္းနဲ႔ ဖြဲ႔စည္းပံုပါ ဖ်က္ႏိုင္ေၾကာင္း ေျပာလာတဲ့အခ်ိန္မွာ၊ ျပည္တြင္းေရြးေကာက္ပြဲ ေလ့လာေရးအဖြဲ႔ေတြနဲ႔ တုိင္းရင္းသားလက္နက္ကိုင္ေတြအပါအ၀င္ ႏိုင္ငံတကာဘက္ကလည္း စိုးရိမ္တၾကီး ေၾကညာခ်က္ေတြထုတ္ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

နိုင်ငံရေးတင်းမာမှုတွေ ညှိနှိုင်းအဖြေရှာကြဖို့ သံဃမဟာနာယကအဖွဲ့ မေတ္တာရပ်ခံ

(Unicode)

မြန်မာနိုင်ငံအမြင့်ဆုံးသံဃာ့အဖွဲ့အစည်းကြီးက၊ ရွေးကောက်ပွဲ့အပြီးဖြစ်နေတဲ့ အခြေအနေတွေအပေါ်၊ ရဟန်းရှင်လူပြည်သူအပေါင်း စိုးရမ်ကြောင့်ကြ၊ နှလုံးစိတ်ဝမ်းမအေးဖြစ်နေရတယ်လို့၊ မနေ့က ထူးထူးခြားခြား မေတ္တာရပ်ခံချက်ထုတ်လိုက်ပါတယ်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ အပါအဝင် နိုင်ငံတဝှမ်းက ဆရာတော်ကြီးတွေက၊ အစိုးရ၊ တပ်မတော်နဲ့ ပါတီတွေအားလုံး ရွေးကောက်ပွဲအပြီး ငြင်းခုံမနေဘဲ၊ စေ့စပ်ဖြေရှင်းဖို့ မေတ္တာရပ်ခံလိုက်တာက၊ လက်ရှိနိုင်ငံရေးတင်းမာမူအပေါ် အထောက်အကူပြုနိုင်တယ်လို့၊ အာဏာရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရကဆိုပါတယ်။ ကိုဝင်းမင်းက မေးထားပါတယ်။

ဒီဆရာတော်ကြီးတွေရဲ့ မေတ္တာရပ်ခံချက် ထွက်ပေါ်လာပုံကို သာသနာရေးနဲ့ယဉ်ကျေးမူဝန်ကြီးရုံး ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက -

“ဆရာတော်ကြီးတွေက နေ့ခင်း ၂ နာရီမှာ အွန်လိုင်းနဲ့ အစည်းအဝေးလုပ်ပြီးတော့ ဆရာတော်ကြီးတွေက သဘောတူပြီးတော့ မေတ္တာရပ်ခံချက်လေး ထုတ်လိုက်တာပါ။ ဆရာတော်ကြီးတွေရဲ့ မှာကြားချက်တွေကို အပြည့်အစုံဖော်ပြထားပါတယ်ခင်ဗျ။ ကျနော်တို့ သတင်းထုတ်ပြန်ထားပြီးဖြစ်ပါတယ်ခင်ဗျ။ ဒီနေ့သတင်းစာမှာလည်း ပါပါမယ်ခင်ဗျ။ ည ၈ နာရီ သတင်းမှာလည်း ပါသွားပါပြီခင်ဗျ။”

ဒီထုတ်ပြန်ချက်ကို NLD ပြောခွင့်ရ ဒေါက်တာ မျိုးညွှန့်ကလည်း -

“ဒါကောင်းတဲ့လက္ခဏာပါပဲ ကျနော်တို့ကတော့ ညှိနှိုင်းဆွေးနွေးခြင်းက အကောင်းဆုံးပဲ ။ တည်ဆဲဥပဒေ၊ နည်းဥပဒေတွေကို ဒီအတိုင်းသွားမယ်လို့ပြောတယ်။ တဖက်ကတော့ ဥပဒေကို မလိုက်လာနိုင်ရင် ဖျက်ပစ်မယ်လို့ပြောတယ်ဆိုတော့ ဆရာတော်ကြီးတွေရဲ့ အဆုံးအမဟာ အင်မတန်ကို ထိရောက်တယ်လို့ ပြောချင်ပါတယ်။”

အဲဒီတော့ လက်ရှိတပ်မတော်နဲ့ အစိုးရ ၂ ဖက် တင်းမာနေချိန်မှာ ဒီအစိုးရက ခန့်ထားတဲ့ အမြင့်ဆုံး သံဃာ့အဖွဲ့အစည်းရဲ့ မေတ္တာရပ်ခံချက်က ၂ ဖက်လုံးကို သက်ရောက်မှု ရှိနိုင်ပါသလားလို့ မေးရာမှာ ဒေါက်တာ မျိုးညွှန့်က -

“ဒါက သက်ရောက်မှုရှိပါတယ်။ အထူးသဖြင့် ကျနော်တို့ သံဃာတော်ကြီးတွေက ဖြစ်နိုင်ရင် နိုင်ငံရေးမှာ မပါပဲ ရှောင်တတ်တဲ့ သဘောရှိတယ်လေ။ လောကီရေးတွေဖြစ်တယ်ဆိုပြီးတော့ အခုက ဆရာတော်ကြီးတွေ အင်မတန်ကို စိတ်ပူလို့ အခုလို စာထုတ်တယ်လို့ ထင်ပါတယ်။ ၂ ဖက်ခေါင်းဆောင်တွေ စေ့စပ်ညှိနှိုင်းပြီး အဖြေရှာဖို့အတွက် စဉ်းစားလာကြမယ်လို့ လုပ်ဆောင်လာကြမယ်လို့ မျှော်လင့်ပါတယ်။”

ဒီနေရာမှာ ဆရာတော်ကြီးတွေရဲ့ မေတ္တာရပ်ခံချက်ထဲမှာပဲ ထိပ်ဆုံးကနေ ကိုဗစ်ဒဏ် ပြည်သူတွေ ခါးစည်းခံနေရတာကို အလေးပေး ပြောခဲ့တဲ့အပေါ် ဒေါက်တာ မျိုးညွှန့်ကဆက်ပြီး -

“ပြည်သူတွေက ကိုဗစ်-၁၉ ကို နှစ်လုံးပေါက်အောင် ခါးစည်းခံခဲ့ရတာပါ။ အဲဒီတော့ နိုင်ငံရေးအရလည်း မျှော်လင့်ချက်အသစ်တွေရမယ် ကိုဗစ်အလွန်ကာလမှာလည်း စီးပွားရေးမှာ ပြန်လည်နလံထူလာနိုင်မယ်ဆိုတာလည်း မျှော်လင့်ချက်မှာ အခုလို နိုင်ငံရေးအရ တင်းမာမှုတွေပေါ်လာတဲ့အခါမှာ ပြည်သူတွေအတွက် အင်မတန်ကို စိတ်သောက ရောက်ရတယ်ဆိုတာလည်း အင်မတန်ပဲ မှန်ပါတယ်ခင်ဗျ ။

”အဲဒီတော့ ၂ ဖက်တွေ့ဆုံ ညှိနှိုင်းလာခဲ့ရင် ဘယ်လိုမျှော်လင့်ချက်တွေ စိုးရိမ်မှုတွေရှိပါသလဲလို့ မေးရာမှာ ဒေါက်တာ မျိုးညွှန့်က -

“တဖက်မှာတော့ ရှိတာပေါ့ တောင်းဆိုချက်တွေ ဥပဒေထက် လွန်ဆန်တဲ့ တောင်းဆိုချက်မျိုးဖြစ်မှာတော့ ကျနော်စိုးရိမ်တယ် ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ထားတယ်လေ။ ဒီမဲဆန္ဒရှင်များရဲ့ သဘောဆန္ဒကို အပေးအယူ စေ့စပ်ညှိနှိုင်းလို့မရဘူး။ အပေးအယူလုပ်လို့ရတဲ့ နေရာတိုင်းမှာတော့ ညှိနှိုင်းဆွေးနွေးဖို့ အဆင်သင့်ရှိပါတယ်။”

ဒီနေရာမှာ အခု အဓိက တပ်မတော်ဘက်က တောင်းဆိုထားတဲ့ မဲစာရင်းမှားယွင်းနေမှုအပေါ် UEC ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်စာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးဖို့အတွက်ရော ဖြစ်နိုင်ပါသလားလို့မေးရာမှာ ဒေါက်တာ မျိုးညွှန့်က -

“ဒါကတော့ ပြေလည်နိုင်ပါတယ်။ ဘာလို့ဆိုတော့ တပ်မတော်ရဲ့ စွပ်စွဲချက်တွေကိုကလည်း ခိုင်လုံတဲ့ တိတိကျကျ အချက်အလက်တွေမပါဘူးလို့ ကျနော်တို့မြင်တယ်ခင်ဗျ။ ခေါင်းစဉ်ကိုက မဲမသမာမူပြနိုင်သော ဆိုတာက ဒီ Possibility (ဖြစ်နိုင်ခြေ) နဲ့ စွပ်စွဲထားတာ ။ တကယ်ဖြစ်ခဲ့လားလို့ သတင်းထောက်တွေက မေးတယ်။ မြေပြင်မှာရော ဒီအတိုင်းပဲလားဆိုရင် သူတို့ အာမမခံနိုင်ဘူးလေ။”

ဒီအပေါ် အသေးစိတ်ဖြစ်သင့်ပုံကို ဆက်မေးရာမှာ ဒေါက်တာမျိုးညွှန့်ကဆက်ပြီး -

“ဥပမာဆိုရင်တော့ UEC က နောက်ဆုံးထုတ်ပြန်ချက်မှာ တပ်မတော်က အသုံးပြုတဲ့ မဲစာရင်းတွေက နောက်ဆုံးစာရင်းမဟုတ်ဘူးဆိုတော့ ၊ တပ်မတော်က နောက်ဆုံးစာရင်း မဲဆန္ဒနယ် ၄၀ ဆိုပြီးတော့နောက်ဆုံးစာရင်းထုတ်လိုက်တယ်။ အဲဒီတော့ အနည်းဆုံး အဲဒီနောက်ဆုံးစာရင်း မဲဆန္ဒနယ် ၄၀ ကိုတော့ သူ (UEC) ပြန်ရှင်းသင့်တယ်လို့ ထင်တယ်လေ။ သို့သော် ရှင်းသင့်တယ်လို့ တိုက်ရိုက်ပြောလိုက်ရင် ကျနော်တို့က ပါတီရဲ့ Voice (အသံ) ဖြစ်သွားမယ်။ ကျနော်တို့က ဒါမျိုးက CEC meeting (အစည်းအဝေး) ပြီးမှ ထုတ်လို့တာ ။ အဲဒီတော့ Spokesperson (ပြောခွင့်ရ) တဦးတည်းအနေနဲ့ ကျတော့ ဒီလိုဆိုရင်လည်း ဖြစ်နိုင်ပါတယ်။ လက်ခံနိုင်ပါတယ်လောက်ပဲ Hint (အကြံပြုသဘော) ပဲပေးထားတယ်။”

တကယ်တော့ အခုတပ်မတော်ဘက်က မဲစာရင်းမှားယွင်းမှု ဖြေရှင်းရေးပြဿနာက လာမယ့် တနင်္လာ လွှတ်တော်သစ်ခေါ်ခါနီးမှာ ပိုပြင်းထန်လာပြီး အာဏာမသိမ်းဘူးလို့ တပ်မတော်ဘက်က မပြောနိုင်ကြောင်းနဲ့ ဖွဲ့စည်းပုံပါ ဖျက်နိုင်ကြောင်း ပြောလာတဲ့အချိန်မှာ၊ ပြည်တွင်းရွေးကောက်ပွဲ လေ့လာရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအပါအဝင် နိုင်ငံတကာဘက်ကလည်း စိုးရိမ်တကြီး ကြေညာချက်တွေထုတ်ပြန်ခဲ့ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG