သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

"ျပည္တြင္းႏုိင္ငံေရးကိစၥ က်ေနာ္တို႔ပဲ ေျဖရွင္းရမွာျဖစ္ပါတယ္" - ေဒါက္တာမ်ဳိးၫြန္႔


ႏိုဝင္ဘာ ၈ ရက္ ၂၀၂၀ ေရြးေကာက္ပဲြတုန္းက ရန္ကုန္ၿမိဳ႕ရွိ မဲရံုတခုမွာ မဲမ်ားေရတြက္ေနတဲ့ မဲရံုတာဝန္ရွိသူမ်ား။ (ႏိုဝင္ဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ႏုိဝင္ဘာလထဲ က်င္းပခဲ့တဲ့ ေရြးေကာက္ပဲြနဲ႔ ပတ္သက္လုိ႔ တပ္မေတာ္နဲ႔ အစုိးရၾကား ႏုိင္ငံေရးတင္းမာမႈေတြ ေပၚေပါက္ေနတာေၾကာင့္ ႏုိင္ငံတကာအသုိင္းအဝန္းက စုိးရိမ္တဲ့သေဘာထားေတြ ေျပာဆုိခဲ့ၾကတဲ့အေပၚ ျမန္မာ့ႏုိင္ငံေရးအသုိင္းအ၀န္းနဲ႔ အကဲခတ္ေတြရဲ႕ အျမင္ကုိ ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

ျမန္မာ့ဒီမိုကေရစီ အကူးအေျပာင္းကာလ ၿငိမ္းခ်မ္းေရး၊ လူ႔အခြင့္အေရးနဲ႔ ႏိုင္ငံတိုးတက္ဖို႔ လုပ္ေဆာင္ေနတာေတြကို ခိုင္ခိုင္မာမာ ေထာက္ခံေၾကာင္း အေမရိကန္၊ ယူေကနဲ႔ ဥေရာပသမဂၢ အပါအဝင္ သံတမန္အဖြဲ႕အစည္း ၁၅ ခုေက်ာ္က ဒီေန႔ ဇန္နဝါရီ ၂၉ ရက္မွာပဲ ပူးတြဲေၾကညာခ်က္တေစာင္ ထုတ္ျပန္ေျပာဆုိလုိက္ၾကပါတယ္။ အာဏာရ NLD အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ အႏုိင္ရခဲ့တဲ့ ႏုိ၀င္ဘာလ ၈ ရက္ ေရြးေကာက္ပဲြမွာ မဲမသမာမႈေတြရွိႏုိင္တယ္ဆုိတဲ့ စြပ္စဲြခ်က္ေတြနဲ႔ တပ္မေတာ္က သတိေပးေျပာဆုိတာေတြ ဆက္တုိက္ဆုိသလုိ လုပ္လာရာက ႏုိင္ငံတကာ အသုိင္းအ၀န္းၾကား စုိးရိမ္တဲ့ သေဘာထားေတြ ထြက္ေပၚလာခဲ့တာပါ။

အေမရိကန္ႏုိင္ငံျခားေရး ဝန္ႀကီးဌာနကေတာ့ ေရြးေကာက္ပဲြရလဒ္ကုိ အင္အားသုံးၿခိမ္းေျခာက္တဲ့ လုပ္ရပ္မ်ဳိးကုိ လက္ခံမွာ မဟုတ္ေၾကာင္း ဗြီအုိေအကုိ ေျပာဆုိခဲ့သလုိ၊ ေရြးေကာက္ပဲြ ရလဒ္ကုိေလးစားဖုိ႔ ေသြးထုိးလႈံ႔ေဆာ္ၿပီး တည္ၿငိမ္မႈပ်က္ျပားေအာင္ မလုပ္ဖုိ႔လည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က မေန႔တုန္းကပဲ သတိေပးထားပါတယ္။

NLD ပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫႊန႔္ကေတာ့ ႏုိင္ငံတကာ အသုိင္းအ၀န္းရဲ႕ သေဘာထားေတြကုိ ႀကိဳဆုိလုိက္ေပမဲ့ ျမန္မာႏုိင္ငံရဲ႕ ႏုိင္ငံေရးျပႆနာကုိေတာ့ ကုိယ္တုိင္ေျဖရွင္းရမွာျဖစ္ေၾကာင္း ေျပာပါတယ္။

“ဒါကေတာ့ ဒီမိုကေရစီက်င့္သုံးတဲ့ ႏိုင္ငံေတြက ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးကို ေထာက္ခံေၾကာင္း သူတို႔ရဲ႕ သေဘာထား ေၾကညာခ်က္ ထုတ္ျပန္တာပါပဲ။ က်ေနာ္တို႔ကေတာ့ ဒါကို ေလးစားပါတယ္။ သို႔ေသာ္ က်ေနာ္တို႔ႏိုင္ငံရဲ႕ ျပည္တြင္းႏိုင္ငံေရးကိစၥကိုေတာ့ က်ေနာ္တို႔ပဲ ေျဖရွင္းရမွာ ျဖစ္ပါတယ္။"

ႏုိ၀င္ဘာလ ၈ ရက္ေန႔က က်င္းပခဲ့တဲ့ ေရြးေကာက္ပဲြ မတုိင္ခင္ကတည္းက ေရြးေကာက္ပဲြ လုပ္ငန္းစဥ္နဲ႔ ပတ္သက္လုိ႔ ေရြးေကာက္ပဲြ ေကာ္မရွင္နဲ႔ အစုိးရရဲ႕ ေဆာင္ရြက္ခ်က္ေတြအေပၚ တပ္မေတာ္က ေ၀ဖန္တာေတြ ရွိခဲ့ရာက ႏုိင္ငံေရးတင္းမာမႈေတြ ႀကီးထြားလာခဲ့တာပါ။ NLD ပါတီေျပာခြင့္ရ ေဒါက္တာမ်ဳိးညြန္႔ကေတာ့ ၂၀၀၈ ခုႏွစ္ ဖဲြ႔စည္းပုံအေျခခံကုိ ျပင္ဆင္ေရး အပါအ၀င္ ႏုိင္ငံေရး ျပဳျပင္ေျပာင္းလဲမႈေတြလုပ္ဖုိ႔ ႀကိဳးပမ္းရာမွာ ႀကံဳရေလ့ရွိတတ္တဲ့ အဟန္႔အတားတခုလုိ႔ ေျပာပါတယ္။

“က်ေနာ္တို႔ ဖြဲ႕စည္းပုံကို အမွန္တကယ္ျပင္ဖို႔ ႀကိဳးစားတဲ့အခါမွာ က်ေနာ္တို႔ ဒီျပႆနာ ေတြ႕မွာပါပဲ။ အဲဒီေတာ့ က်ေနာ္တို႔ကေတာ့ တိုင္းျပည္အက်ိဳးအတြက္ ျပဳျပင္ေျပာင္းလဲခ်င္တဲ့သူရယ္ ၿပီးေတာ့ ဒီလိုေျပာင္းလဲတဲ့အတြက္ အက်ိဳးစီးပြားထိခိုက္တဲ့သူေတြက ဒီလိုပဲ ပဋိပကၡ ျဖစ္ၾကမွာပါပဲ။ လက္ရွိဥပေဒ၊ နည္းဥပေဒနဲ႔ အၾကမ္းမဖက္တဲ့ နည္းလမ္းအားျဖင့္ ေျဖရွင္းႏိုင္မယ္လို႔ ယုံၾကည္ပါတယ္။”

ေရြးေကာက္ပဲြ လုပ္ငန္းစဥ္နဲ႔ ပတ္သက္လုိ႔ တပ္မေတာ္က ေဝဖန္မႈေတြ ျပင္းထန္လာေနရာက ၿပီးခဲ့တဲ့ ရက္ေတြမွာေတာ့ တပ္မေတာ္က တုိင္းျပည္အာဏာသိမ္းႏုိင္တဲ့အထိ စုိးရိမ္မႈေတြလည္း ထြက္ေပၚလာခဲ့တာပါ။ ကုလသမဂၢနဲ႔ ႏုိင္ငံတကာ အသုိင္းအ၀န္းကပါ စုိးရိမ္တဲ့ သေဘာထားေတြပါ ထြက္ေပၚလာေနတာေၾကာင့္ ျမန္မာ့ႏုိင္ငံေရးမွာ ဦးေဆာင္သူေတြ အေနနဲ႔ အေလးထားဖုိ႔ လုိတယ္လုိ႔လည္း ႏိုင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းက သုံးသပ္ပါတယ္။

“တပ္မေတာ္အေနနဲ႔လည္း ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေရးကို ပူးေပါင္းေဆာင္႐ြက္ႏိုင္ဖို႔ အေရးႀကီးတယ္လို႔ ျမင္တယ္။ ဒီသေဘာထား ေၾကညာခ်က္မ်ိဳးဟာ ျမန္မာျပည္သူလူထု အမ်ားစုႀကီးရဲ႕ သေဘာထားနဲ႔လည္းပဲ တထပ္တည္းက်တဲ့ ေနာက္ၿပီး အစိုးရ၊ လႊတ္ေတာ္နဲ႔ တပ္မေတာ္ ေခါင္းေဆာင္ေတြအေနနဲ႔ အေလးအနက္ထားၿပီးေတာ့ ရႈျမင္သုံးသပ္သင့္တဲ့ ေၾကညာခ်က္တခုလို႔ က်ေနာ့္အေနနဲ႔ ျမင္ပါတယ္။”

တပ္မေတာ္ကေတာ့ ေရြးေကာက္ပဲြမွာ မဲမသမာမႈျဖစ္ႏုိင္ေျခရွိတဲ့ မဲစာရင္း ၁၀ သန္းေလာက္ ရွိေနတယ္လုိ႔လည္း ဒီတပတ္ထဲမွာပဲ သတင္းထုတ္ျပန္ထားပါတယ္။ ျပည္တြင္း၊ ျပည္ပေရြးေကာက္ပဲြ ေစာင့္ၾကည့္အကဲခတ္သူေတြကေတာ့ ေရြးေကာက္ပဲြဟာ လြတ္လပ္ၿပီး မွ်တမႈရွိေၾကာင္း ေျပာဆုိထားၾကတာပါ။ ဒီေန႔မွာပဲ ျမန္မာႏုိင္ငံအေျခစုိက္ ေရြးေကာက္ပဲြ ေစာင့္ၾကည့္ေလ့လာေရးအဖဲြ႔ေတြ ပူးတဲြထုတ္ျပန္တဲ့ ေၾကညာခ်က္မွာလည္း တပ္မေတာ္အပါအဝင္ ႏုိင္ငံေရးပါတီေတြ ေရြးေကာက္ပဲြရလဒ္ကုိ လက္ခံၿပီး၊ ၿငိမ္းခ်မ္းတဲ့ ႏုိင္ငံေရးလုပ္ငန္းစဥ္မွာ ပူးေပါင္းပါ၀င္ၾကဖုိ႔ တုိက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

"ပြည်တွင်းနိုင်ငံရေးကိစ္စ ကျနော်တို့ပဲ ဖြေရှင်းရမှာဖြစ်ပါတယ်" - ဒေါက်တာမျိုးညွန့်

မြန်မာနိုင်ငံမှာ နိုဝင်ဘာလထဲ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တပ်မတော်နဲ့ အစိုးရကြား နိုင်ငံရေးတင်းမာမှုတွေ ပေါ်ပေါက်နေတာကြောင့် နိုင်ငံတကာအသိုင်းအဝန်းက စိုးရိမ်တဲ့သဘောထားတွေ ပြောဆိုခဲ့ကြတဲ့အပေါ် မြန်မာ့နိုင်ငံရေးအသိုင်းအဝန်းနဲ့ အကဲခတ်တွေရဲ့ အမြင်ကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းကာလ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ နိုင်ငံတိုးတက်ဖို့ လုပ်ဆောင်နေတာတွေကို ခိုင်ခိုင်မာမာ ထောက်ခံကြောင်း အမေရိကန်၊ ယူကေနဲ့ ဥရောပသမဂ္ဂ အပါအဝင် သံတမန်အဖွဲ့အစည်း ၁၅ ခုကျော်က ဒီနေ့ ဇန်နဝါရီ ၂၉ ရက်မှာပဲ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ပြောဆိုလိုက်ကြပါတယ်။ အာဏာရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရခဲ့တဲ့ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တပ်မတော်က သတိပေးပြောဆိုတာတွေ ဆက်တိုက်ဆိုသလို လုပ်လာရာက နိုင်ငံတကာ အသိုင်းအဝန်းကြား စိုးရိမ်တဲ့ သဘောထားတွေ ထွက်ပေါ်လာခဲ့တာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ရွေးကောက်ပွဲရလဒ်ကို အင်အားသုံးခြိမ်းခြောက်တဲ့ လုပ်ရပ်မျိုးကို လက်ခံမှာ မဟုတ်ကြောင်း ဗွီအိုအေကို ပြောဆိုခဲ့သလို၊ ရွေးကောက်ပွဲ ရလဒ်ကိုလေးစားဖို့ သွေးထိုးလှုံ့ဆော်ပြီး တည်ငြိမ်မှုပျက်ပြားအောင် မလုပ်ဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က မနေ့တုန်းကပဲ သတိပေးထားပါတယ်။

NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကတော့ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ သဘောထားတွေကို ကြိုဆိုလိုက်ပေမဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကိုတော့ ကိုယ်တိုင်ဖြေရှင်းရမှာဖြစ်ကြောင်း ပြောပါတယ်။

“ဒါကတော့ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထောက်ခံကြောင်း သူတို့ရဲ့ သဘောထား ကြေညာချက် ထုတ်ပြန်တာပါပဲ။ ကျနော်တို့ကတော့ ဒါကို လေးစားပါတယ်။ သို့သော် ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေးကိစ္စကိုတော့ ကျနော်တို့ပဲ ဖြေရှင်းရမှာ ဖြစ်ပါတယ်။"

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေအပေါ် တပ်မတော်က ဝေဖန်တာတွေ ရှိခဲ့ရာက နိုင်ငံရေးတင်းမာမှုတွေ ကြီးထွားလာခဲ့တာပါ။ NLD ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံကို ပြင်ဆင်ရေး အပါအဝင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ကြိုးပမ်းရာမှာ ကြုံရလေ့ရှိတတ်တဲ့ အဟန့်အတားတခုလို့ ပြောပါတယ်။

“ကျနော်တို့ ဖွဲ့စည်းပုံကို အမှန်တကယ်ပြင်ဖို့ ကြိုးစားတဲ့အခါမှာ ကျနော်တို့ ဒီပြဿနာ တွေ့မှာပါပဲ။ အဲဒီတော့ ကျနော်တို့ကတော့ တိုင်းပြည်အကျိုးအတွက် ပြုပြင်ပြောင်းလဲချင်တဲ့သူရယ် ပြီးတော့ ဒီလိုပြောင်းလဲတဲ့အတွက် အကျိုးစီးပွားထိခိုက်တဲ့သူတွေက ဒီလိုပဲ ပဋိပက္ခ ဖြစ်ကြမှာပါပဲ။ လက်ရှိဥပဒေ၊ နည်းဥပဒေနဲ့ အကြမ်းမဖက်တဲ့ နည်းလမ်းအားဖြင့် ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။”

ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ တပ်မတော်က ဝေဖန်မှုတွေ ပြင်းထန်လာနေရာက ပြီးခဲ့တဲ့ ရက်တွေမှာတော့ တပ်မတော်က တိုင်းပြည်အာဏာသိမ်းနိုင်တဲ့အထိ စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာခဲ့တာပါ။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကပါ စိုးရိမ်တဲ့ သဘောထားတွေပါ ထွက်ပေါ်လာနေတာကြောင့် မြန်မာ့နိုင်ငံရေးမှာ ဦးဆောင်သူတွေ အနေနဲ့ အလေးထားဖို့ လိုတယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

“တပ်မတော်အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အရေးကြီးတယ်လို့ မြင်တယ်။ ဒီသဘောထား ကြေညာချက်မျိုးဟာ မြန်မာပြည်သူလူထု အများစုကြီးရဲ့ သဘောထားနဲ့လည်းပဲ တထပ်တည်းကျတဲ့ နောက်ပြီး အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် ခေါင်းဆောင်တွေအနေနဲ့ အလေးအနက်ထားပြီးတော့ ရှုမြင်သုံးသပ်သင့်တဲ့ ကြေညာချက်တခုလို့ ကျနော့်အနေနဲ့ မြင်ပါတယ်။”

တပ်မတော်ကတော့ ရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်နိုင်ခြေရှိတဲ့ မဲစာရင်း ၁၀ သန်းလောက် ရှိနေတယ်လို့လည်း ဒီတပတ်ထဲမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။ ပြည်တွင်း၊ ပြည်ပရွေးကောက်ပွဲ စောင့်ကြည့်အကဲခတ်သူတွေကတော့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတမှုရှိကြောင်း ပြောဆိုထားကြတာပါ။ ဒီနေ့မှာပဲ မြန်မာနိုင်ငံအခြေစိုက် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း တပ်မတော်အပါအဝင် နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲရလဒ်ကို လက်ခံပြီး၊ ငြိမ်းချမ်းတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG