သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ေရြးေကာက္ပြဲရလဒ္ ေျပာင္းလဲဖို႔လုပ္ေဆာင္ခ်က္ ကန္႔ကြက္ေၾကာင္း ႏုိင္ငံတကာသံ႐ံုးမ်ား ထုတ္ျပန္


ႏိုဝင္ဘာလ ၈ ရက္ေန႔ က်င္းပတဲ့၊ ၂၀၂၀ ေရြးေကာက္ပဲြတုန္းက မဲမ်ားေရတြက္ေနတဲ့ မဲရံုတာဝန္ရွိသူမ်ားကို ရန္ကုန္ၿမိဳ႕ရွိ မဲရံုတခုမွာ ေတြ႔ရ။ (ႏိုဝင္ဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံရဲ႕ ေရြးေကာက္ပြဲရလဒ္ကို ေျပာင္းလဲဖို႔ ဒါမွမဟုတ္ ျမန္မာ့ ဒီမိုကေရစီ အသြင္ကူးေျပာင္းမႈကို ၾကန္႔ၾကာေစဖို႔ ဘယ္လို ႀကိဳးပမ္းအားထုတ္မႈမ်ဳိးကိုမဆို ဆန္႔က်င္ ကန္႔ကြက္တယ္လို႔ ျမန္မာႏိုင္ငံအေျခစိုက္ သံတမန္အဖြဲ႔အစည္းေတြရဲ႕ ဒီကေန႔ထုတ္ျပန္တဲ့ ပူးတြဲေၾကညာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

ေရြးေကာက္ပြဲ မဲစာရင္းေတြနဲ႔ပတ္သက္ၿပီး တပ္မေတာ္ဘက္က ေစာဒကတက္ ေျပာဆိုခဲ့ၿပီး တိုင္းျပည္အာဏာကို သိမ္းယူႏုိင္ေျခ အလားအလာမ်ဳိး ေျပာဆိုသံေတြ ထြက္လာၿပီးတဲ့ေနာက္ သံတမန္အဖြဲ႔အစည္းေတြက အခုလို ထုတ္ျပန္ ေျပာဆိုလိုက္တာပါ။

ျမန္မာႏုိင္ငံရဲ႕ ဒီမုိကေရစီ အသြင္ကူးေျပာင္းေရးနဲ႔ ႏုိ္င္ငံတြင္း ၿငိမ္းခ်မ္းေရးနဲ႔ ဖြံ႔ၿဖိဳးေရးျမွင့္တင္ႏိုင္ဖို႔ ႀကိဳးပမ္းအားထုတ္ေနတာကို အားေပးေထာက္ခံေၾကာင္း၊ လႊတ္ေတာ္သစ္ စတင္ေရးနဲ႔ သမၼတသစ္ ေရြးခ်ယ္တင္ေျမွာက္ေရးလုပ္ငန္းစဥ္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေဆာင္ရြက္ႏုိင္ဖို႔အတြက္ ေမ ွ်ာ္္လင့္တဲ့အေၾကာင္း၊ ေရြးေကာက္ပြဲမွာ သမိုင္းဝင္ ပါဝင္ခဲ့ၾကတဲ့ ျမန္မာႏုိင္ငံသားေတြကို ဂုဏ္ယူဝမ္းေျမာက္ေၾကာင္း သံတမန္ေတြက ေျပာထားပါတယ္။

တပ္မေတာ္အပါအဝင္ တျခား လူပုဂၢိဳလ္ အဖြဲ႔အစည္းအားလံုး ဒီမုိကေရစီစံႏႈန္းေတြကို လိုက္နာ ေစာင့္ထိန္းၾကပါလို႔လည္း တိုက္တြန္းထားပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ေရြးေကာက္ပြဲရလဒ္ကို ေျပာင္းလဲဖို႔ စစ္ဘက္က အင္အားသံုး ၿခိမ္းေျခာက္တာမွန္သမ ွ် လက္ခံမွာ မဟုတ္ဘူးလို႔ အေမရိကန္ႏုိင္ငံျခားေရးဌာနက ၾကာသပေတးေန႔မွာ ေျပာခဲ့ၿပီးတဲ့ေနာက္ ျမန္မာႏိုင္ငံအေျခစိုက္ သံတမန္အဖြဲ႔အစည္းေတြရဲ႕ ဒီကေန႔ထုတ္ျပန္ခ်က္ ထြက္လာတာပါ။

ပူးတြဲထုတ္ျပန္ခ်က္ထဲမွာ ၾသစေၾတးလ်၊ ကေနဒါ၊ ျမန္မာႏိုင္ငံဆိုင္ရာ ဥေရာပသမဂၢ (EU) သံ႐ံုးနဲ႔ EU အဖြဲ႔ဝင္ႏိုင္ငံေတြရဲ႕သံ႐ံုးေတြ၊ ဆြစ္ဇာလန္၊ ယူေက၊ အေမရိကန္၊ ေနာ္ေဝနဲ႔ နယူးဇီလန္ႏုိင္ငံဆုိင္ရာ သံ႐ံုးေတြ ပါဝင္ပါတယ္။

ျမန္မာ့ႏုိင္ငံေရးမွာ ပါဝင္ပတ္သက္ေနသူ အားလုံးအေနနဲ႔ ေသြးထိုးလႈံ႕ေဆာ္ ရန္စတဲ့ လုပ္ရပ္ေတြကို ေရွာင္ရွားဖို႔၊ ေခါင္းေဆာင္မႈကို ျပသဖို႔၊ ဒီမိုကေရစီ စံႏႈန္းေတြကို ေစာင့္ထိန္း လိုက္နာဖို႔နဲ႔ နိုဝင္ဘာလ ၈ ရက္ အေထြေထြေရြးေကာက္ပြဲရလဒ္ကို ေလးစားလက္ခံဖို႔ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ Antonio Guterres ကလည္း တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ့ရွေးကောက်ပွဲရလဒ် ပြောင်းလဲဖို့လုပ်ဆောင်ချက် ကန့်ကွက်ကြောင်း နိုင်ငံတကာသံရုံးများ ထုတ်ပြန်

မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့ ဒါမှမဟုတ် မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ကြန့်ကြာစေဖို့ ဘယ်လို ကြိုးပမ်းအားထုတ်မှုမျိုးကိုမဆို ဆန့်ကျင် ကန့်ကွက်တယ်လို့ မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်းတွေရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲ မဲစာရင်းတွေနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က စောဒကတက် ပြောဆိုခဲ့ပြီး တိုင်းပြည်အာဏာကို သိမ်းယူနိုင်ခြေ အလားအလာမျိုး ပြောဆိုသံတွေ ထွက်လာပြီးတဲ့နောက် သံတမန်အဖွဲ့အစည်းတွေက အခုလို ထုတ်ပြန် ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ နိုင်ငံတွင်း ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးမြှင့်တင်နိုင်ဖို့ ကြိုးပမ်းအားထုတ်နေတာကို အားပေးထောက်ခံကြောင်း၊ လွှတ်တော်သစ် စတင်ရေးနဲ့ သမ္မတသစ် ရွေးချယ်တင်မြှောက်ရေးလုပ်ငန်းစဉ် ငြိမ်းငြိမ်းချမ်းချမ်း ဆောင်ရွက်နိုင်ဖို့အတွက် မေ ျှာ်လင့်တဲ့အကြောင်း၊ ရွေးကောက်ပွဲမှာ သမိုင်းဝင် ပါဝင်ခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေကို ဂုဏ်ယူဝမ်းမြောက်ကြောင်း သံတမန်တွေက ပြောထားပါတယ်။

တပ်မတော်အပါအဝင် တခြား လူပုဂ္ဂိုလ် အဖွဲ့အစည်းအားလုံး ဒီမိုကရေစီစံနှုန်းတွေကို လိုက်နာ စောင့်ထိန်းကြပါလို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့ စစ်ဘက်က အင်အားသုံး ခြိမ်းခြောက်တာမှန်သမ ျှ လက်ခံမှာ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့မှာ ပြောခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်းတွေရဲ့ ဒီကနေ့ထုတ်ပြန်ချက် ထွက်လာတာပါ။

ပူးတွဲထုတ်ပြန်ချက်ထဲမှာ သြစတြေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU) သံရုံးနဲ့ EU အဖွဲ့ဝင်နိုင်ငံတွေရဲ့သံရုံးတွေ၊ ဆွစ်ဇာလန်၊ ယူကေ၊ အမေရိကန်၊ နော်ဝေနဲ့ နယူးဇီလန်နိုင်ငံဆိုင်ရာ သံရုံးတွေ ပါဝင်ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေသူ အားလုံးအနေနဲ့ သွေးထိုးလှုံ့ဆော် ရန်စတဲ့ လုပ်ရပ်တွေကို ရှောင်ရှားဖို့၊ ခေါင်းဆောင်မှုကို ပြသဖို့၊ ဒီမိုကရေစီ စံနှုန်းတွေကို စောင့်ထိန်း လိုက်နာဖို့နဲ့ နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲရလဒ်ကို လေးစားလက်ခံဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကလည်း တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG