သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

အစိုးရ နဲ႔ စစ္တပ္ ထိပ္တိုက္ေတြ႔ႏိုင္ေျခ ဘယ္လိုေ႐ွာင္လႊဲသင့္သလဲ


ဓါတ္ပံု-တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕

(Zawgyi/Unicode)

ဖြဲ႕စည္းပုံဥပေဒေတြကို လိုက္နာမႈမရွိတဲ့အခါ ဖ်က္သိမ္းခဲ့ရတယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ ေျပာၾကားခ်က္ဟာ ဘာရည္႐ြယ္ခ်က္ပါလဲ၊ အဆိုးဆုံး အေျခအေန ျဖစ္မလာေအာင္ ဘာေတြလုပ္သင့္ပါလဲဆိုတာကို၊ MIPS ျမန္မာ့ၿငိမ္းခ်မ္းေရးနဲ႔လုံၿခဳံေရးအင္စတီက်ဴ႕ အမႈေဆာင္ဒါ႐ိုက္တာ ေဒါကၱာမင္းေဇာ္ဦးကို က်ေနာ္ဝင္းမင္းက ဆက္သြယ္ေမးျမန္းေတာ့ လက္ရွိအေျခအေနကို ဥပေဒခ်ိဳးေဖါက္ေနတဲ့သေဘာ တပ္ဘက္ကျမင္ပုံရတယ္လို႔ ဆိုပါတယ္။

ေဒါက္တာမင္းေဇာ္ဦး။ ။ တပ္မေတာ္ဘက္က ျမင္တဲ့အျမင္ကေပါ့ေနာ္ လက္ရွိ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီးေတာ့ အျငင္းပြားဖြယ္ျဖစ္ေနတဲ့ ကိစၥေတြကို သူတို႔ဘက္က ေျပာတဲ့ဟာမ်ိဳးေပါ့ေနာ္ UEC ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (ေ႐ြးေကာ္) နဲ႔ အစိုးရဘက္က တုံ႔ျပန္မႈမရွိဘူး၊ အေရးယူမႈမရွိဘူးဆိုတဲ့ အေပၚမွာ ဒါဥပေဒကို ေလးစားလိုက္နာမႈ မရွိဘူးဆိုတာကိုေျပာတာ တပိုင္းရွိတယ္။ ေနာက္တပိုင္းကေတာ့ အကယ္၍ အဲလိုမ်ိဳး ေလးစားလိုက္နာမႈ မရွိဘူးဆိုရင္ ဒါက ေနာက္ဆုံးအဆင့္က တပ္မေတာ္အေနနဲ႔ အာဏာသိမ္းလို႔ရႏိုင္တယ္ဆိုတဲ့အထိ ေျပာတယ္ဆိုတဲ့ သေဘာလည္း ပါပါတယ္။

ကိုဝင္းမင္း။ ။ အဲဒီေတာ့ ဒီမတိုင္ခင္ကပဲ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကလည္းေပါ့ေနာ္ ၊ တပ္မေတာ္အာဏာမသိမ္းဘူးလို႔ မမွတ္ႏိုင္ေၾကာင္း သူေျပာတဲ့ေနရာမွာ တည္ဆဲဥပေဒကို အဓိကထားၿပီးေျပာသြားတာမို႔ ဒါက ဘယ္လိုဆိုလိုၿပီးေတာ့ အခု ကာကြယ္ေရးဦးစီးခ်ဳပ္ ဥပေဒေၾကာင္းအရ ေျပာတာနဲ႔ေရာ ဘယ္လို ဆက္စပ္တာကို ေတြ႕ေနရသလဲ။

ေဒါက္တာမင္းေဇာ္ဦး။ ။အေျခခံဥပေဒမွာလည္း အေရးေပၚအေျခအေနဆိုတာမ်ိဳးကို ေၾကညာၿပီးေတာ့ တပ္မေတာ္ကေန အာဏာယူႏိုင္တယ္ဆိုတဲ့ဟာနဲ႔ သြားၿပီးေတာ့ ခ်ိတ္ဆက္ထားတာလည္း ရွိတာကို ။ ေနာက္တေၾကာင္းက တပ္မေတာ္ဘက္က ေျပာေနတဲ့ Direction (လမ္းေၾကင္း) က အစိုးရဘက္က ဘာမွ မတုံ႔ျပန္ဘူး ၊ UEC (ေ႐ြးေကာ္) ဘာမွ မတုံ႔ျပန္ဘူးဆိုရင္ ဒါက သူတို႔ တဆင့္ၿပီးတဆင့္ တက္မယ္ဆိုတဲ့ သေဘာထားေတြမ်ိဳးလည္း ေျပာထားတယ္ဆိုေတာ့ ဒါက တစုံတရာ ၊ အရပ္ဘက္ စစ္ဘက္ ဆက္ဆံေရးမွာ တင္းမာမႈက တစုံတရာေရာက္လာၿပီဆိုတာက ပိုၿပီး သိသာလာပါတယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ ဒီေနရာမွာက အေရးေပၚအေျခအေန ေၾကညာ အာဏာယူဖို႔ဆိုတာမွာ ကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီ ေခၚတာေပါ့ေနာ္ ၊ ဒါက ကာကြယ္ေရးဦးစီးခ်ဳပ္က တိုက္႐ိုက္လုပ္လို႔မရပဲနဲ႔ သမၼတကပဲ ေခၚလို႔ရတာမ်ိဳး ဆိုေတာ့ အခု ကာကြယ္ေရးဦးစီးခ်ဳပ္ေျပာတဲ့ေနရာမွာ ဖြဲ႕စည္းပုံ ဖ်က္ႏိုင္တယ္ ဆိုတဲ့ေနရာမွာ ၁၉၆၂ နဲ႔ ၁၉၈၈ (အာဏာသိမ္းစဥ္) တုန္းကလည္း အလားတူ ဖြဲ႕စည္းပုံေတြကို ဖ်က္ခဲ့တယ္လို႔ ကာခ်ဳပ္က ေျပာခဲ့တာက ဘယ္ေလာက္အထိ စိုးရိမ္စရာရွိသလဲ။

ေဒါက္တာမင္းေဇာ္ဦး။ ။အဲေလာက္ႀကီး ေျပာတဲ့အဆင့္အထိ ေရာက္သြားၿပီဆိုတာကေတာ့ ဒါက တင္းမာမႈရဲ႕ အထြတ္အထိပ္ေရာက္ခါနီးေနၿပီေပါ့ေနာ္ ။ က်ေနာ္တို႔ Early warning ေပါ့ေနာ္ ႀကိဳတင္အသိေပးစနစ္ေတြမွာ ႏိုင္ငံေတာ္ရဲ႕ အႀကီးအကဲေတြ၊ တပ္မေတာ္ အႀကီးအကဲေတြက ဒီလိုစကားမ်ိဳးကို ေျပာလာၿပီဆိုရင္ ဒီအေပၚမွာ Seriously (အေလးအနက္) ေပါ့ေနာ္ ။ တကယ္ကို ဒါကို အေရးတယူနဲ႔ စဥ္းစားသင့္တဲ့ ႀကိဳတင္အခ်က္ေပးစနစ္ေတြျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေတာ္ေတာ္မ်ားမ်ား ႏိုင္ငံေတြမွာ အခု ဒီလိုမ်ိဳး အာဏာသိမ္းမႈေတြ မျဖစ္လာခင္မွာ ႀကိဳတင္အသိေပး စနစ္ေတြ အခ်က္ေတြရွိတယ္။ အဲဒီထဲမွာ အဲဒါမ်ိဳးေတြပါတယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ အခုလို ျပင္းထန္တဲ့အဆင့္မ်ိဳးမွာ အစိုးရဘက္ကေရာ ဘယ္လို ေျဖရွင္းေပးသင့္သလဲ။

ေဒါက္တာမင္းေဇာ္ဦး။ ။တပ္မေတာ္က ေ႐ြးေကာက္ပြဲ ရလဒ္ကို Challenge (စိန္ေခၚတာ) လုပ္တာထက္၊ ေ႐ြးေကာက္ပြဲမွာ ျဖစ္ခဲ့တဲ့ ပုံမမွန္မႈေတြေပါ့ေနာ္ ၊ က်ေနာ္တို႔ မဲ Irregularity ဆိုတာ ပုံမမွန္တဲ့ မဲေတြေပါ့ေနာ္ ။ အဲဒီေတာ့ UEC (ေ႐ြးေကာ္) အေနနဲ႔ ဒီ Data (အခ်က္အလက္) ေတြအကုန္လုံး ထုတ္ေပးလိုက္ ၊ ႀကိဳက္တဲ့သူ ၾကည့္ၾက။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ ဘာေၾကာင့္မို႔လို႔ အခုလို မျဖစ္ခဲ့ရတာလဲ။

ေဒါကၱာမင္းေဇာ္ဦး။ ။အစိုးရဘက္က ျမင္တဲ့အျမင္ကလည္း ဒါက တပ္မေတာ္နဲ႔ နီးစပ္တဲ့ USDP (ျပည္ေထာင္စုႀကံခိုင္ဖြံၿဖိဳးေရး) ပါတီ ရႈံးတဲ့အတြက္ တပ္မေတာ္က ဒီကိစၥကို ဝင္ၿပီးေတာ့ မဲခိုးတယ္၊ မဲလိမ္တယ္ဆိုတဲ့ ပုံစံမ်ိဳး နဲ႔ စြပ္စြဲတယ္ဆိုတဲ့ အျမင္မ်ိဳးရွိတယ္။ တဖက္ကေန ျပန္ၾကည့္ရင္ေတာ့ ဒီလိုမ်ိဳးျဖစ္စဥ္ေတြက အရင္ေ႐ြးေကာက္ပြဲ ၊ ၂၀၁၀-၂၀၁၅ တုန္းက မရွိခဲ့ဘူးလားဆိုေတာ့ ရွိခဲ့တာပဲ ဒါမ်ိဳးေတြကေလ။ အဲဒီေတာ့ ဒါကိုအားလုံးက ဟုတ္တယ္၊ ဒါရွိမယ္။ ရွိတဲ့ဟာေတြက တကယ္ေရာ ရလဒ္ကို ထိခိုက္ႏိုင္သလား ၊ မထိခိုက္ႏိုင္ဘူးလား ဆိုၿပီးေတာ့ျပန္ေဆြးေႏြးလိုက္တယ္ဆိုရင္ ဒီျပႆနာေတြက ေစာေစာစီးစီးနဲ႔ ၿပီးသြားမယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ ဒီေနရာမွာ ျပႆနာကို ၂ ဖက္လုံးက ကြက္ကြက္ကြင္းကြင္းျမင္လာေအာင္ ဘယ္လို ရွင္းျပခ်င္သလဲ။

ေဒါက္တာမင္းေဇာ္ဦး။ ။အဓိကေတာ့ တပ္မေတာ္ဘက္ကလည္း ရွင္းရွင္းလင္းလင္းနဲ႔ေပါ့ေနာ္ ၊ အခု ရလဒ္ကို အသိအမွတ္ျပဳတယ္၊ မျပဳဘူး ဆိုတာ challenge လုပ္ေနတာမဟုတ္ဘူး။ မဲ ဒီ ျပႆနာေတြ ရွိတယ္ဆိုတာကို အသိအမွတ္ျပဳေပးဖို႔၊ သင့္ေတာ္တဲ့ စုံစမ္းစစ္ေဆးမႈေတြ လုပ္ေပးဖို႔ ေတာင္းဆိုတာျဖစ္တယ္ဆိုတာကို ရွင္းရွင္းလင္းလင္းေျပာျပလိုက္ေပါ့ ။ ဟုတ္ၿပီ UEC (ေ႐ြးေကာ္) နဲ႔ အစိုးရဘက္ကလည္း တပ္မေတာ္ဘက္က ေျပာတာကို လုံးဝ မသိက်ိဳးကြၽန္ျပဳၿပီးေတာ့ ဒါကို တုံ႔ျပန္စရာမလိုဘူးဆိုတဲ့ အေနအထားမ်ိဳးထက္၊ အခ်က္အလက္ေတြေပး ၊ သူကိုယ္တိုင္လည္း ျပည္သူလူထုေရာ ၊ ဒီေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး ေစာင့္ၾကည့္ေလ့လာတဲ့ေနတဲ့ အဖြဲ႕ေတြကို အခ်က္အလက္ေတြအားလုံး ထုတ္ျပန္ေပးလိုက္၊ တျခားႏိုင္ငံလို လုပ္ေပးလိုက္။ တျခားသူေတြၾကည့္လာတဲ့အခါမွာလည္း ဝင္ၿပီးေထာက္ျပလို႔ ရတဲ့သူေတြလည္း အမ်ားႀကီးရွိလာမယ္ဆိုရင္ ဒီ Third party involvement (ၾကားကတတိယအင္အားစုပါဝင္မူက) က ေကာင္းလာမယ္ဆိုရင္ ဒီ Tension (တင္းမာမူ) ကလည္း ေျဖေလ်ာ့သြားႏိုင္တယ္။ (အာဏာသိမ္းတာ) ျဖစ္လာခဲ့ၿပီဆိုရင္ေတာ့ ႏိုင္ငံတကာကလည္း ဖိအားေပးတဲ့ ကိစၥေတြရွိလာႏိုင္တယ္၊ ျပည္တြင္းမွာလည္း မတည္မၿငိမ္မႈေတြ ျဖစ္လာႏိုင္တယ္၊ စီးပြားေရး အခုလို COVID ေၾကာင့္ေပါ့ေနာ္ ယဲ့ယဲ့ေလးက်န္တဲ့ စီးပြားေရးကလည္း အမ်ားႀကီးထိုးက်သြားႏိုင္တယ္။ အဲဒီေတာ့ ၂ ဖက္လုံးအေနနဲ႔ ဒီျပႆနာကို ဒီထက္ပိုၿပီးေတာ့ မႀကီးထြားပဲနဲ႔ ထိပ္တိုက္ရင္ဆိုင္တဲ့အဆင့္အထိ မေရာက္ေအာင္ေတာ့ ႀကိဳးစားေပးဖို႔ က်ေနာ္တို႔အေနနဲ႔ ေမတၱာရပ္ခံခ်င္ပါတယ္။

MIPS ျမန္မာ့ၿငိမ္းခ်မ္းေရးနဲ႔လုံၿခဳံေရးအင္စတီက်ဴ႕ အမူေဆာင္ဒါ႐ိုက္တာ ေဒါက္တာမင္းေဇာ္ဦးကို ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္းထားတာပါ။

တိုက္႐ိုက္ လင့္ခ္


...........

အစိုးရ နဲ့ စစ်တပ် ထိပ်တိုက်တွေ့နိုင်ခြေ ဘယ်လိုရှောင်လွှဲသင့်သလဲ

(Unicode)

ဖွဲ့စည်းပုံဥပဒေတွေကို လိုက်နာမှုမရှိတဲ့အခါ ဖျက်သိမ်းခဲ့ရတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောကြားချက်ဟာ ဘာရည်ရွယ်ချက်ပါလဲ၊ အဆိုးဆုံး အခြေအနေ ဖြစ်မလာအောင် ဘာတွေလုပ်သင့်ပါလဲဆိုတာကို၊ MIPS မြန်မာ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးအင်စတီကျူ့ အမှုဆောင်ဒါရိုက်တာ ဒေါက္တာမင်းဇော်ဦးကို ကျနော်ဝင်းမင်းက ဆက်သွယ်မေးမြန်းတော့ လက်ရှိအခြေအနေကို ဥပဒေချိုးဖေါက်နေတဲ့သဘော တပ်ဘက်ကမြင်ပုံရတယ်လို့ ဆိုပါတယ်။

ဒေါက်တာမင်းဇော်ဦး။ ။ တပ်မတော်ဘက်က မြင်တဲ့အမြင်ကပေါ့နော် လက်ရှိ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အငြင်းပွားဖွယ်ဖြစ်နေတဲ့ ကိစ္စတွေကို သူတို့ဘက်က ပြောတဲ့ဟာမျိုးပေါ့နော် UEC ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (ရွေးကော်) နဲ့ အစိုးရဘက်က တုံ့ပြန်မှုမရှိဘူး၊ အရေးယူမှုမရှိဘူးဆိုတဲ့ အပေါ်မှာ ဒါဥပဒေကို လေးစားလိုက်နာမှု မရှိဘူးဆိုတာကိုပြောတာ တပိုင်းရှိတယ်။ နောက်တပိုင်းကတော့ အကယ်၍ အဲလိုမျိုး လေးစားလိုက်နာမှု မရှိဘူးဆိုရင် ဒါက နောက်ဆုံးအဆင့်က တပ်မတော်အနေနဲ့ အာဏာသိမ်းလို့ရနိုင်တယ်ဆိုတဲ့အထိ ပြောတယ်ဆိုတဲ့ သဘောလည်း ပါပါတယ်။

ကိုဝင်းမင်း။ ။ အဲဒီတော့ ဒီမတိုင်ခင်ကပဲ တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်းပေါ့နော် ၊ တပ်မတော်အာဏာမသိမ်းဘူးလို့ မမှတ်နိုင်ကြောင်း သူပြောတဲ့နေရာမှာ တည်ဆဲဥပဒေကို အဓိကထားပြီးပြောသွားတာမို့ ဒါက ဘယ်လိုဆိုလိုပြီးတော့ အခု ကာကွယ်ရေးဦးစီးချုပ် ဥပဒေကြောင်းအရ ပြောတာနဲ့ရော ဘယ်လို ဆက်စပ်တာကို တွေ့နေရသလဲ။

ဒေါက်တာမင်းဇော်ဦး။ ။အခြေခံဥပဒေမှာလည်း အရေးပေါ်အခြေအနေဆိုတာမျိုးကို ကြေညာပြီးတော့ တပ်မတော်ကနေ အာဏာယူနိုင်တယ်ဆိုတဲ့ဟာနဲ့ သွားပြီးတော့ ချိတ်ဆက်ထားတာလည်း ရှိတာကို ။ နောက်တကြောင်းက တပ်မတော်ဘက်က ပြောနေတဲ့ Direction (လမ်းကြေင်း) က အစိုးရဘက်က ဘာမှ မတုံ့ပြန်ဘူး ၊ UEC (ရွေးကော်) ဘာမှ မတုံ့ပြန်ဘူးဆိုရင် ဒါက သူတို့ တဆင့်ပြီးတဆင့် တက်မယ်ဆိုတဲ့ သဘောထားတွေမျိုးလည်း ပြောထားတယ်ဆိုတော့ ဒါက တစုံတရာ ၊ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးမှာ တင်းမာမှုက တစုံတရာရောက်လာပြီဆိုတာက ပိုပြီး သိသာလာပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဒီနေရာမှာက အရေးပေါ်အခြေအနေ ကြေညာ အာဏာယူဖို့ဆိုတာမှာ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ခေါ်တာပေါ့နော် ၊ ဒါက ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်လုပ်လို့မရပဲနဲ့ သမ္မတကပဲ ခေါ်လို့ရတာမျိုး ဆိုတော့ အခု ကာကွယ်ရေးဦးစီးချုပ်ပြောတဲ့နေရာမှာ ဖွဲ့စည်းပုံ ဖျက်နိုင်တယ် ဆိုတဲ့နေရာမှာ ၁၉၆၂ နဲ့ ၁၉၈၈ (အာဏာသိမ်းစဉ်) တုန်းကလည်း အလားတူ ဖွဲ့စည်းပုံတွေကို ဖျက်ခဲ့တယ်လို့ ကာချုပ်က ပြောခဲ့တာက ဘယ်လောက်အထိ စိုးရိမ်စရာရှိသလဲ။

ဒေါက်တာမင်းဇော်ဦး။ ။အဲလောက်ကြီး ပြောတဲ့အဆင့်အထိ ရောက်သွားပြီဆိုတာကတော့ ဒါက တင်းမာမှုရဲ့ အထွတ်အထိပ်ရောက်ခါနီးနေပြီပေါ့နော် ။ ကျနော်တို့ Early warning ပေါ့နော် ကြိုတင်အသိပေးစနစ်တွေမှာ နိုင်ငံတော်ရဲ့ အကြီးအကဲတွေ၊ တပ်မတော် အကြီးအကဲတွေက ဒီလိုစကားမျိုးကို ပြောလာပြီဆိုရင် ဒီအပေါ်မှာ Seriously (အလေးအနက်) ပေါ့နော် ။ တကယ်ကို ဒါကို အရေးတယူနဲ့ စဉ်းစားသင့်တဲ့ ကြိုတင်အချက်ပေးစနစ်တွေဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တော်တော်များများ နိုင်ငံတွေမှာ အခု ဒီလိုမျိုး အာဏာသိမ်းမှုတွေ မဖြစ်လာခင်မှာ ကြိုတင်အသိပေး စနစ်တွေ အချက်တွေရှိတယ်။ အဲဒီထဲမှာ အဲဒါမျိုးတွေပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အခုလို ပြင်းထန်တဲ့အဆင့်မျိုးမှာ အစိုးရဘက်ကရော ဘယ်လို ဖြေရှင်းပေးသင့်သလဲ။

ဒေါက်တာမင်းဇော်ဦး။ ။တပ်မတော်က ရွေးကောက်ပွဲ ရလဒ်ကို Challenge (စိန်ခေါ်တာ) လုပ်တာထက်၊ ရွေးကောက်ပွဲမှာ ဖြစ်ခဲ့တဲ့ ပုံမမှန်မှုတွေပေါ့နော် ၊ ကျနော်တို့ မဲ Irregularity ဆိုတာ ပုံမမှန်တဲ့ မဲတွေပေါ့နော် ။ အဲဒီတော့ UEC (ရွေးကော်) အနေနဲ့ ဒီ Data (အချက်အလက်) တွေအကုန်လုံး ထုတ်ပေးလိုက် ၊ ကြိုက်တဲ့သူ ကြည့်ကြ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဘာကြောင့်မို့လို့ အခုလို မဖြစ်ခဲ့ရတာလဲ။

ဒေါက္တာမင်းဇော်ဦး။ ။အစိုးရဘက်က မြင်တဲ့အမြင်ကလည်း ဒါက တပ်မတော်နဲ့ နီးစပ်တဲ့ USDP (ပြည်ထောင်စုကြံခိုင်ဖွံဖြိုးရေး) ပါတီ ရှုံးတဲ့အတွက် တပ်မတော်က ဒီကိစ္စကို ဝင်ပြီးတော့ မဲခိုးတယ်၊ မဲလိမ်တယ်ဆိုတဲ့ ပုံစံမျိုး နဲ့ စွပ်စွဲတယ်ဆိုတဲ့ အမြင်မျိုးရှိတယ်။ တဖက်ကနေ ပြန်ကြည့်ရင်တော့ ဒီလိုမျိုးဖြစ်စဉ်တွေက အရင်ရွေးကောက်ပွဲ ၊ ၂၀၁၀-၂၀၁၅ တုန်းက မရှိခဲ့ဘူးလားဆိုတော့ ရှိခဲ့တာပဲ ဒါမျိုးတွေကလေ။ အဲဒီတော့ ဒါကိုအားလုံးက ဟုတ်တယ်၊ ဒါရှိမယ်။ ရှိတဲ့ဟာတွေက တကယ်ရော ရလဒ်ကို ထိခိုက်နိုင်သလား ၊ မထိခိုက်နိုင်ဘူးလား ဆိုပြီးတော့ပြန်ဆွေးနွေးလိုက်တယ်ဆိုရင် ဒီပြဿနာတွေက စောစောစီးစီးနဲ့ ပြီးသွားမယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဒီနေရာမှာ ပြဿနာကို ၂ ဖက်လုံးက ကွက်ကွက်ကွင်းကွင်းမြင်လာအောင် ဘယ်လို ရှင်းပြချင်သလဲ။

ဒေါက်တာမင်းဇော်ဦး။ ။အဓိကတော့ တပ်မတော်ဘက်ကလည်း ရှင်းရှင်းလင်းလင်းနဲ့ပေါ့နော် ၊ အခု ရလဒ်ကို အသိအမှတ်ပြုတယ်၊ မပြုဘူး ဆိုတာ challenge လုပ်နေတာမဟုတ်ဘူး။ မဲ ဒီ ပြဿနာတွေ ရှိတယ်ဆိုတာကို အသိအမှတ်ပြုပေးဖို့၊ သင့်တော်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးဖို့ တောင်းဆိုတာဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြောပြလိုက်ပေါ့ ။ ဟုတ်ပြီ UEC (ရွေးကော်) နဲ့ အစိုးရဘက်ကလည်း တပ်မတော်ဘက်က ပြောတာကို လုံးဝ မသိကျိုးကျွန်ပြုပြီးတော့ ဒါကို တုံ့ပြန်စရာမလိုဘူးဆိုတဲ့ အနေအထားမျိုးထက်၊ အချက်အလက်တွေပေး ၊ သူကိုယ်တိုင်လည်း ပြည်သူလူထုရော ၊ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စောင့်ကြည့်လေ့လာတဲ့နေတဲ့ အဖွဲ့တွေကို အချက်အလက်တွေအားလုံး ထုတ်ပြန်ပေးလိုက်၊ တခြားနိုင်ငံလို လုပ်ပေးလိုက်။ တခြားသူတွေကြည့်လာတဲ့အခါမှာလည်း ဝင်ပြီးထောက်ပြလို့ ရတဲ့သူတွေလည်း အများကြီးရှိလာမယ်ဆိုရင် ဒီ Third party involvement (ကြားကတတိယအင်အားစုပါဝင်မူက) က ကောင်းလာမယ်ဆိုရင် ဒီ Tension (တင်းမာမူ) ကလည်း ဖြေလျော့သွားနိုင်တယ်။ (အာဏာသိမ်းတာ) ဖြစ်လာခဲ့ပြီဆိုရင်တော့ နိုင်ငံတကာကလည်း ဖိအားပေးတဲ့ ကိစ္စတွေရှိလာနိုင်တယ်၊ ပြည်တွင်းမှာလည်း မတည်မငြိမ်မှုတွေ ဖြစ်လာနိုင်တယ်၊ စီးပွားရေး အခုလို COVID ကြောင့်ပေါ့နော် ယဲ့ယဲ့လေးကျန်တဲ့ စီးပွားရေးကလည်း အများကြီးထိုးကျသွားနိုင်တယ်။ အဲဒီတော့ ၂ ဖက်လုံးအနေနဲ့ ဒီပြဿနာကို ဒီထက်ပိုပြီးတော့ မကြီးထွားပဲနဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့အဆင့်အထိ မရောက်အောင်တော့ ကြိုးစားပေးဖို့ ကျနော်တို့အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။

MIPS မြန်မာ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးအင်စတီကျူ့ အမူဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG