သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD ရဲ႕ တိုင္းရင္းသားပါတီေတြနဲ႔ ေတြ႔ဆံုမႈ ခရီးစဥ္ စတင္မည္


NLD ပါတီ ဒုဥကၠ႒ ေဒါက္တာေဇာ္ျမင့္ေမာင္။ (ဒီဇင္ဘာ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

အာဏာရပါတီ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္အေနနဲ႔ တိုင္းရင္းသားေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးဖို႔အေရး တုိင္းရင္းသားနယ္ေျမေတြျဖစ္တဲ့ ကခ်င္ျပည္နယ္နဲ႔ မြန္ျပည္နယ္ေတြဆီကို ပထမဆံုး သြားေရာက္ၾကဖို႔ ဒီကေန႔ ေနျပည္ေတာ္မွာက်င္းပတဲ့ ဗဟိုအလုပ္အမႈေဆာင္အစည္းအေဝးက ဆံုးျဖတ္ခ်က္ခ်လိုက္ပါတယ္။ မနက္ျဖန္မွာ စတင္မယ့္ ကခ်င္ျပည္နယ္ခရီးစဥ္မွာ ဘယ္လိုအဖြဲ႔အစည္းေတြနဲ႔ေတြ႔ဆံုဖို႔ NLD စီစဥ္ညႊန္ၾကားထားပါသလဲ။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မဆုမြန္က စုစည္းတင္ျပေပးပါမယ္။

အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီအေနနဲ႔ ဖက္ဒရယ္ျပည္ေထာင္စုေဖာ္ေဆာင္ႏုိင္ေရး ဘံုသေဘာတူညီခ်က္ေတြရႏိုင္ဖို႔ တိုင္းရင္းသား ႏုိင္ငံေရးပါတီေတြ သေဘာထားဆႏၵေတြသိရွိႏိုင္ဖို႔ ဦးေဆာင္ေဆြးေႏြးမယ့္ ေခါင္းေဆာင္ ၃ ဦးကို ဒီဇင္ဘာလဆန္းက ေရြးခ်ယ္တာဝန္ေပးခဲ့တာျဖစ္ပါတယ္။

ဒီတုိင္းရင္းသားေတြနဲ႔ေတြ႔ဆံုမႈကို ဦးေဆာင္မယ့္ ေဒါက္တာေအာင္မိုးညိဳ၊ ေဒၚနန္းခင္ေထြးျမင့္နဲ႔ ဦးအင္ထုံးခန္းေနာ္ဆန္တို႔ သံုးဦး တင္ျပလာတဲ့ တုိင္းရင္းသားနယ္ေျမေတြဆီ ကြင္းဆင္းသြားေရာက္မယ့္အေရး ကို ေနျပည္ေတာ္က NLD ဗဟိုအလုပ္အမႈေဆာင္အစည္းအေဝးမွာ အဓိက ေဆြးေႏြးခဲ့ၾကတယ္လို႔ NLD ကေျပာပါတယ္။

အရင္ဆံုး ကခ်င္ျပည္နယ္နဲ႔ မြန္ျပည္နယ္ေတြကို သြားေရာက္ဖို႔ ဆံုးျဖတ္ခ်က္ခဲ့ၾကတဲ့အေၾကာင္း NLD ဗဟိုအလုပ္အမႈေဆာင္အဖြဲ႔ အစည္းအေဝးအၿပီးမွာေတာ့ NLD ပါတီ ဒုဥကၠ႒ ေဒါက္တာေဇာ္ျမင့္ေမာင္က သတင္းေထာက္ေတြကို အခုလိုေျပာပါတယ္။

"အဓိကကေတာ့ ကိုေအာင္မိုးညိဳတို႔ ေဒၚနန္းခင္ေထြးျမင့္တို႔၊ ဦးအင္ထုံးခန္းေနာ္ဆန္ တို႔အဖြဲ႔ ျပည္နယ္ေတြ ဆင္းခ်င္တယ္ဆိုၿပီး တင္ထားတာရွိတယ္။ အဲ့တာကို CEC က ဆံုးျဖတ္ခ်က္ေပးတာေပါ့ေနာ္ ပထမဆံုး ကခ်င္ကိုသြားပါ။ ၿပီးရင္ မြန္ကိုသြားပါ။ သြားရင္ ပထမဆံုး ဘယ္သူေတြနဲ႔ ေတြ႔ရပါမလဲဆုိတာကို က်ေနာ္တို႔ဘက္က ဆံုးျဖတ္ေပးတာက ျပည္နယ္အလုပ္အမႈေဆာင္အဖြဲ႔နဲ႔ အရင္ေတြ႔ပါ။ အဲဒီမွာ ေအာင္ႏိုင္ေရးအဖဲြ႔ပါမယ္ေပါ့ေနာ္ သူတို႔ရဲ႕ အသံေတြကို နားေထာင္ေပးပါ။ ေနာက္တခါ ျပည္နယ္မွာ အႏုိင္ရတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္အားလံုးနဲ႔ေတြ႔ပါ။ ေတြ႔ၿပီးေတာ့မွ သူတို႔ရဲ႕ အျမင္သေဘာထားေတြကို ေတာင္းပါ။ အဲ့ဒါေတြ ၿပီးေတာ့မွ ေဒသခံတုိင္းရင္းသားအဖြဲ႔ေတြနဲ႔ စကားေျပာပါဆိုၿပီးေတာ့ ေျပာထားတာေပါ့။ အဓိကကေတာ့ က်ေနာ္တို႔ ျပည္နယ္မွာ ရွိေနတဲ့ ဒီ က်ေနာ္တို႔ NLD အဖဲြ႔ဝင္ေတြက တိုင္းရင္းသား ေဒသခံေတြရဲ႕အေပၚမွာ သေဘာထား ဘယ္လို အေၾကာင္းအရာေတြ ေျပာၾကမလဲဆိုတာ သူတို႔နဲ႔ အရင္ ေဆြးေႏြးျပီးေတာ့မွပဲ က်န္တဲ့ဟာကို ဆက္လုပ္ပါဆိုၿပီးေတာ့ ေျပာတယ္။ အဲ့ဒီေတာ့ ကခ်င္ျပည္နယ္ကို သူတို႔ မနက္ျဖန္ သြားပါမယ္။ မနက္ျဖန္သြားၿပီးလို႔ရွိရင္ အျပန္မွာ သူတို႔ မြန္ျပည္နယ္ကိုသြားပါမယ္။ အဲဒီ ႏွစ္ခုၿပီးမွပဲ သူတို႔ report ျပန္တင္ပါမယ္။ အဲဒါၿပီးေတာ့မွ က်န္တဲ့ဟာေတြကို ဆက္သြားဖို႔ က်ေနာ္တို႔ ဒီကေန CEC ကေန ဘယ္သြားပါ ဆိုၿပီး ျပန္ၿပီး ညႊန္ၾကားမွာေပါ့ေနာ္။"

၂၀၂၀ ျပည့္ႏွစ္ ေရြးေကာက္ပြဲအတြင္းမွာ အႏုိင္ရပါတီ NLD ကို ေရြးေကာက္ပြဲ ကန္႔ကြက္လႊာေတြေပးပို႔လာတဲ့ ကိစၥေတြ ေနာက္ NLD ဘက္က ကန္႔ကြက္လႊာေတြ တင္သြင္းတဲ့ကိစၥေတြနဲ႔ပတ္သက္ၿပီး ဗဟိုဥပေဒ အေထာက္ျပဳ အဖြဲ႔ဘက္ကေန ဥပေဒေရးရာပိုင္းေတြကို ကူညီေဆာင္ရြက္ေပးမယ့္အေၾကာင္း အဓိကထားေဆြးေႏြးျဖစ္ပါတယ္လို႔ NLD ပါတီ ဒုဥကၠ႒ ေဒါက္တာေဇာ္ျမင့္ေမာင္က ရွင္းျပပါတယ္။

"ကန္႔ကြက္လႊာေတြ တင္ၾကတာေပါ့ေနာ္။ ကေန႔ဆိုရင္ ကန္႔ကြက္လႊာေတြတင္တာ ေနာက္ဆံုးျဖစ္ပါတယ္။ အဲဒီေတာ့ က်ေနာ္တို႔ဘက္က တင္ထားတဲ့အေၾကာင္းအရာေတြကိုလည္း က်ေနာ္တို႔ ေျပာၾကားတာေပါ့ေနာ္။ က်ေနာ္တို႔ရဲ႕ ဗဟိုဥပေဒအေထာက္အကူျပဳ ဦးေအာင္ၾကည္ညႊန္႔က ေဆြးေႏြးပါတယ္။ က်ေနာ္တို႔ NLD ဘက္က ကန္႔ကြက္တာ ဘယ္နွစ္ခုရွိတယ္၊ က်ေနာ္တို႔က ေမးတာေပါ့ေနာ္. တျခားဘက္ကေရာ က်ေနာ္တို႔ကို ကန္႔ကြက္တာ ဘယ္ေလာက္ရွိလဲဆိုေတာ့။ အဲဒါက UEC ကို ဒါရိုက္ကန္႔ကြက္တဲ့အတြက္ က်ေနာ္တို႔က စရင္းအတိအက် မသိႏိုင္ပါဘူးတဲ့။ သြားတင္တဲ့လူေတြရဲ႕ ေတြ႔တဲ့ဟာေတြေပၚမူတည္ၿပီးေတာ့မွ ဘယ္ေလာက္ ကန္႔ကြက္ေနသလဲ ဆိုတာကို က်ေနာ္တို႔က သိမွာေပါ့ေနာ္။ အဲဒီအေၾကာင္းအရာမွာ က်ေနာ္တို႔က ဗဟိုဥပေဒအေထာက္အကူျပဳက ဘယ္လို အကူအညီေပးႏိုင္သလဲ ဆိုတာကို စဥ္းစားထားၿပီး အဆင္သင့္ျပင္ထားဖို႔ဆိုၿပီးေတာ့ ေျပာတာေပါ့ေနာ္။ ဘာလို႔လဲဆိုေတာ့ က်ေနာ္တို႔အရင္အေတြ႔အၾကံဳအရဆိုလို႔ရွိရင္ ေရြးေကာက္ပဲြ ကန္႔ကြက္တာေတြက ေနျပည္ေတာ္မွာ လာၾကရတာကိုး။ ေရွ႕ေနေတြပါလာမယ္၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြပါလာမယ္ဆိုရင္ က်ေနာ္တို႔ဘက္က ဗဟိုက ဘာစီစဥ္ေပးရမလဲဆိုတာေတြ အေၾကာင္းအရာေတြကို အၾကမ္းဖ်င္းေဆြးေႏြးထားတာေပါ့။"

အစိုးရ ေနာက္ထပ္ သက္တမ္းထပ္တိုးမယ့္ မတ္လ ၃၁ရက္ေန႔ မတိုင္ခင္ စပ္ၾကား အစိုးရဖြဲ႔ေရး ဝန္ၾကီးခ်ဳပ္အသစ္ေတြေရြးခ်ယ္ေရးကိစၥ လႊတ္ေတာ္ေခၚယူေရးကိစၥေတြကိုလည္း အဓိက ထားေဆြးေႏြးျဖစ္ခဲ့ၾကတယ္လို႔ NLD ပါတီ ဒုဥကၠ႒ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာပါတယ္။

"အခုဟာက က်ေနာ္တို႔ NLD အစိုးရဆီကေန ေနာက္လာမယ့္ NLD က ျပန္ၿပီး လက္လႊဲယူရမွာပါ ဆိုေတာ့ က်ေနာ္တို႔မွာ အခ်ိန္ရွိပါတယ္။ ေျပာခ်င္တာက က်ေနာ္တို႔ ေအးေအးေဆးေဆးနဲ႔ လုပ္လို႔ရတယ္။ ငါးႏွစ္ အေတြ႔အၾကံဳ ရွိပါတယ္။ အတုိင္ပင္ခံပုဂၢိဳလ္ဆိုရင္လည္း ဘယ္ဝန္ၾကီးေတြက ဘယ္လိုဆိုတာ သူအကုန္သိ ထားၿပီးသားပါ။ လႊတ္ေတာ္ကိုယ္စားလွယ္ပတ္သက္ၿပီးေတာ့လည္း သူသိၿပီးသား။ ဦးဝင္းျမင့္ လႊတ္ေတာ္ဥကၠ႒ လုပ္ခဲ့တယ္၊ သမၼတလုပ္ခဲ့တယ္၊ အားလံုးအေၾကာင္းအရာေတြမွာ အကုန္သိၿပီးသား၊ သူအကုန္သိေနတာ။ အဲဒီေတာ့ က်ေနာ္ေျပာခ်င္တာ အခ်ိန္ရွိတယ္။ သူတို႔ဆီ က်ေနာ္တို႔က သူတို႔ ေဆြးေႏြးၾကမွာေပါ့ေနာ္။ ဆိုေတာ့ ဒီဟာက အစိုးရအဖဲြ႔အစည္းျဖစ္တာကိုး လႊတ္ေတာ္မွာလည္း လႊတ္ေတာ္ အေတြ႔အၾကံဳေတြကလည္း က်ေနာ္တို႔မွာ ေတာ္ေတာ္မ်ားမ်ားရတယ္။ အဲဒါေတြေပၚမွာ မူတည္ၿပီးေတာ့ စဥ္းစားဆံုးျဖတ္မွာေပါ့ေနာ္။"

ဒါကေတာ့ ဒီကေန႔ ေနျပည္ေတာ္မွာ က်င္းပတဲ့ အာဏာရပါတီ ဗဟိုအလုပ္အမႈေဆာင္အစည္းအေဝးမွာ ေရွ႕ဆက္ေဆာင္ရြက္ၾကမယ့္ ႏိုင္ငံေရးလုပ္ငန္းစဥ္ေတြနဲ႔ ပတ္သက္လို႔ အဓိကထားေဆြးေႏြးခဲ့တဲ့အေၾကာင္း သတင္းမီဒီယာေတြကို ရွင္းလင္းေျပာဆိုခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

NLD ရဲ့ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံမှု ခရီးစဉ် စတင်မည်

အာဏာရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အရေး တိုင်းရင်းသားနယ်မြေတွေဖြစ်တဲ့ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေဆီကို ပထမဆုံး သွားရောက်ကြဖို့ ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးက ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ မနက်ဖြန်မှာ စတင်မယ့် ကချင်ပြည်နယ်ခရီးစဉ်မှာ ဘယ်လိုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံဖို့ NLD စီစဉ်ညွှန်ကြားထားပါသလဲ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးပါမယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်နိုင်ရေး ဘုံသဘောတူညီချက်တွေရနိုင်ဖို့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ သဘောထားဆန္ဒတွေသိရှိနိုင်ဖို့ ဦးဆောင်ဆွေးနွေးမယ့် ခေါင်းဆောင် ၃ ဦးကို ဒီဇင်ဘာလဆန်းက ရွေးချယ်တာဝန်ပေးခဲ့တာဖြစ်ပါတယ်။

ဒီတိုင်းရင်းသားတွေနဲ့တွေ့ဆုံမှုကို ဦးဆောင်မယ့် ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နဲ့ ဦးအင်ထုံးခန်းနော်ဆန်တို့ သုံးဦး တင်ပြလာတဲ့ တိုင်းရင်းသားနယ်မြေတွေဆီ ကွင်းဆင်းသွားရောက်မယ့်အရေး ကို နေပြည်တော်က NLD ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ အဓိက ဆွေးနွေးခဲ့ကြတယ်လို့ NLD ကပြောပါတယ်။

အရင်ဆုံး ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေကို သွားရောက်ဖို့ ဆုံးဖြတ်ချက်ခဲ့ကြတဲ့အကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီးမှာတော့ NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က သတင်းထောက်တွေကို အခုလိုပြောပါတယ်။

"အဓိကကတော့ ကိုအောင်မိုးညိုတို့ ဒေါ်နန်းခင်ထွေးမြင့်တို့၊ ဦးအင်ထုံးခန်းနော်ဆန် တို့အဖွဲ့ ပြည်နယ်တွေ ဆင်းချင်တယ်ဆိုပြီး တင်ထားတာရှိတယ်။ အဲ့တာကို CEC က ဆုံးဖြတ်ချက်ပေးတာပေါ့နော် ပထမဆုံး ကချင်ကိုသွားပါ။ ပြီးရင် မွန်ကိုသွားပါ။ သွားရင် ပထမဆုံး ဘယ်သူတွေနဲ့ တွေ့ရပါမလဲဆိုတာကို ကျနော်တို့ဘက်က ဆုံးဖြတ်ပေးတာက ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့နဲ့ အရင်တွေ့ပါ။ အဲဒီမှာ အောင်နိုင်ရေးအဖွဲ့ပါမယ်ပေါ့နော် သူတို့ရဲ့ အသံတွေကို နားထောင်ပေးပါ။ နောက်တခါ ပြည်နယ်မှာ အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံးနဲ့တွေ့ပါ။ တွေ့ပြီးတော့မှ သူတို့ရဲ့ အမြင်သဘောထားတွေကို တောင်းပါ။ အဲ့ဒါတွေ ပြီးတော့မှ ဒေသခံတိုင်းရင်းသားအဖွဲ့တွေနဲ့ စကားပြောပါဆိုပြီးတော့ ပြောထားတာပေါ့။ အဓိကကတော့ ကျနော်တို့ ပြည်နယ်မှာ ရှိနေတဲ့ ဒီ ကျနော်တို့ NLD အဖွဲ့ဝင်တွေက တိုင်းရင်းသား ဒေသခံတွေရဲ့အပေါ်မှာ သဘောထား ဘယ်လို အကြောင်းအရာတွေ ပြောကြမလဲဆိုတာ သူတို့နဲ့ အရင် ဆွေးနွေးပြီးတော့မှပဲ ကျန်တဲ့ဟာကို ဆက်လုပ်ပါဆိုပြီးတော့ ပြောတယ်။ အဲ့ဒီတော့ ကချင်ပြည်နယ်ကို သူတို့ မနက်ဖြန် သွားပါမယ်။ မနက်ဖြန်သွားပြီးလို့ရှိရင် အပြန်မှာ သူတို့ မွန်ပြည်နယ်ကိုသွားပါမယ်။ အဲဒီ နှစ်ခုပြီးမှပဲ သူတို့ report ပြန်တင်ပါမယ်။ အဲဒါပြီးတော့မှ ကျန်တဲ့ဟာတွေကို ဆက်သွားဖို့ ကျနော်တို့ ဒီကနေ CEC ကနေ ဘယ်သွားပါ ဆိုပြီး ပြန်ပြီး ညွှန်ကြားမှာပေါ့နော်။"

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွင်းမှာ အနိုင်ရပါတီ NLD ကို ရွေးကောက်ပွဲ ကန့်ကွက်လွှာတွေပေးပို့လာတဲ့ ကိစ္စတွေ နောက် NLD ဘက်က ကန့်ကွက်လွှာတွေ တင်သွင်းတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ဗဟိုဥပဒေ အထောက်ပြု အဖွဲ့ဘက်ကနေ ဥပဒေရေးရာပိုင်းတွေကို ကူညီဆောင်ရွက်ပေးမယ့်အကြောင်း အဓိကထားဆွေးနွေးဖြစ်ပါတယ်လို့ NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ရှင်းပြပါတယ်။

"ကန့်ကွက်လွှာတွေ တင်ကြတာပေါ့နော်။ ကနေ့ဆိုရင် ကန့်ကွက်လွှာတွေတင်တာ နောက်ဆုံးဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ဘက်က တင်ထားတဲ့အကြောင်းအရာတွေကိုလည်း ကျနော်တို့ ပြောကြားတာပေါ့နော်။ ကျနော်တို့ရဲ့ ဗဟိုဥပဒေအထောက်အကူပြု ဦးအောင်ကြည်ညွှန့်က ဆွေးနွေးပါတယ်။ ကျနော်တို့ NLD ဘက်က ကန့်ကွက်တာ ဘယ်နှစ်ခုရှိတယ်၊ ကျနော်တို့က မေးတာပေါ့နော်. တခြားဘက်ကရော ကျနော်တို့ကို ကန့်ကွက်တာ ဘယ်လောက်ရှိလဲဆိုတော့။ အဲဒါက UEC ကို ဒါရိုက်ကန့်ကွက်တဲ့အတွက် ကျနော်တို့က စရင်းအတိအကျ မသိနိုင်ပါဘူးတဲ့။ သွားတင်တဲ့လူတွေရဲ့ တွေ့တဲ့ဟာတွေပေါ်မူတည်ပြီးတော့မှ ဘယ်လောက် ကန့်ကွက်နေသလဲ ဆိုတာကို ကျနော်တို့က သိမှာပေါ့နော်။ အဲဒီအကြောင်းအရာမှာ ကျနော်တို့က ဗဟိုဥပဒေအထောက်အကူပြုက ဘယ်လို အကူအညီပေးနိုင်သလဲ ဆိုတာကို စဉ်းစားထားပြီး အဆင်သင့်ပြင်ထားဖို့ဆိုပြီးတော့ ပြောတာပေါ့နော်။ ဘာလို့လဲဆိုတော့ ကျနော်တို့အရင်အတွေ့အကြုံအရဆိုလို့ရှိရင် ရွေးကောက်ပွဲ ကန့်ကွက်တာတွေက နေပြည်တော်မှာ လာကြရတာကိုး။ ရှေ့နေတွေပါလာမယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေပါလာမယ်ဆိုရင် ကျနော်တို့ဘက်က ဗဟိုက ဘာစီစဉ်ပေးရမလဲဆိုတာတွေ အကြောင်းအရာတွေကို အကြမ်းဖျင်းဆွေးနွေးထားတာပေါ့။"

အစိုးရ နောက်ထပ် သက်တမ်းထပ်တိုးမယ့် မတ်လ ၃၁ရက်နေ့ မတိုင်ခင် စပ်ကြား အစိုးရဖွဲ့ရေး ဝန်ကြီးချုပ်အသစ်တွေရွေးချယ်ရေးကိစ္စ လွှတ်တော်ခေါ်ယူရေးကိစ္စတွေကိုလည်း အဓိက ထားဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

"အခုဟာက ကျနော်တို့ NLD အစိုးရဆီကနေ နောက်လာမယ့် NLD က ပြန်ပြီး လက်လွှဲယူရမှာပါ ဆိုတော့ ကျနော်တို့မှာ အချိန်ရှိပါတယ်။ ပြောချင်တာက ကျနော်တို့ အေးအေးဆေးဆေးနဲ့ လုပ်လို့ရတယ်။ ငါးနှစ် အတွေ့အကြုံ ရှိပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုရင်လည်း ဘယ်ဝန်ကြီးတွေက ဘယ်လိုဆိုတာ သူအကုန်သိ ထားပြီးသားပါ။ လွှတ်တော်ကိုယ်စားလှယ်ပတ်သက်ပြီးတော့လည်း သူသိပြီးသား။ ဦးဝင်းမြင့် လွှတ်တော်ဥက္ကဋ္ဌ လုပ်ခဲ့တယ်၊ သမ္မတလုပ်ခဲ့တယ်၊ အားလုံးအကြောင်းအရာတွေမှာ အကုန်သိပြီးသား၊ သူအကုန်သိနေတာ။ အဲဒီတော့ ကျနော်ပြောချင်တာ အချိန်ရှိတယ်။ သူတို့ဆီ ကျနော်တို့က သူတို့ ဆွေးနွေးကြမှာပေါ့နော်။ ဆိုတော့ ဒီဟာက အစိုးရအဖွဲ့အစည်းဖြစ်တာကိုး လွှတ်တော်မှာလည်း လွှတ်တော် အတွေ့အကြုံတွေကလည်း ကျနော်တို့မှာ တော်တော်များများရတယ်။ အဲဒါတွေပေါ်မှာ မူတည်ပြီးတော့ စဉ်းစားဆုံးဖြတ်မှာပေါ့နော်။"

ဒါကတော့ ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ အာဏာရပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ ရှေ့ဆက်ဆောင်ရွက်ကြမယ့် နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ အဓိကထားဆွေးနွေးခဲ့တဲ့အကြောင်း သတင်းမီဒီယာတွေကို ရှင်းလင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG