သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD က ပါတီဝင္ လႊတ္ေတာ္အမတ္သစ္ေတြကုိ သင္တန္းေပးဖုိ႔ျပင္ဆင္ေန


NLD လႊတ္ေတာ္ကိုယ္စားလွယ္မ်ား

{{Zawgyi/Unicode}}

ေရြးေကာက္ပြဲအၿပီး လႊတ္ေတာ္အသစ္မွာ မပါေတာ့မဲ့၊ ျပည္ေထာင္စုလႊတ္ေတာ္အမတ္ေတြကို ေနျပည္ေတာ္ကေန အိပ္ယာလိပ္၊ အခန္းျပန္အပ္ၾကဖို႔ ညႊန္ၾကားလိုက္ခ်ိန္မွာ၊ အႏိုင္ရအစိုးရပါတီ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က လႊတ္ေတာ္အမတ္သစ္ေတြကို၊ လတ္တေလာအေရးတႀကီးလိုအပ္မဲ့ လက္ေတြ႔က်တဲ့ကိစၥေတြ သင္တန္းေပးဖို႔ ျပင္ေနပါတယ္။

ဗုဒၶဟူးေန႔က ထုတ္ျပန္ခဲ့တဲ့ အဖြဲ႔ဝင္ ၆ ဦးပါ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေလ့က်င့္ေရးအဖြဲ႔ (ဗဟို) ကို ဦးေဆာင္သူ၊ NLD ဗဟိုအလုပ္အမူေဆာင္အဖြဲ႔၊ အတြင္းေရးမူးအဖြဲ႔ဝင္ ဦးဟံသာျမင့္ကို ကိုဝင္းမင္းက ေမးရာမွာ၊ ဘာေၾကာင့္ ခုလိုသင္တန္းေရးရတာကို စရွင္းျပပါတယ္။

ဦးဟံသာျမင့္ ။ ။ ကၽြန္ေတာ္တို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြေရြးတံုးက၊ အေဟာင္းေတြကို တတ္ႏိုင္ရင္ အမ်ားဆံုးပါေအာင္ေရြးမယ္ဆို ေရြးခဲ့တာပါပဲ။ သို႔ေသာ္လည္း အခုတကယ္အေရြးခံရတဲ့ လူေတြစာရင္း အကုန္လံုးၾကည့္လိုက္တဲ့အခါက်ေတာ့၊ အသစ္ကလည္း ေတာ္ေတာ္မ်ားမ်ားပါတယ္ေပါ့ေနာ္။ အနည္းဆံုးေတာ့ဗ်ာ၊ လႊတ္ေတာ္မွာ အဆိုဘယ္လိုတင္ရမလဲ၊ ေမးခြန္းဘယ္လိုေမးရမလဲ၊ ဆိုတဲ့ဟာမ်ိဳးေပါ့ဗ်ာ၊ လက္ေတြ႔က်တာမ်ိဳးေလးေတြသင္ေပးဖို႔ ရည္ရြယ္ၿပီးေတာ့ ကၽြန္ေတာ္တို႔ အဖြဲ႔ကို ဖြဲ႔ပါတယ္။ ကၽြန္ေတာ္တို႔အဖြဲ႔ကေတာ့ ျပည္ေထာင္စုလႊတ္ေတာ္ကို အဓိကထားၿပီး လုပ္ေပးေနတာေပါ့။ တိုင္းနဲ႔ျပည္နယ္လႊတ္ေတာ္ေတြအတြက္ကေတာ့ သပ္သပ္၊ ကိုယ့္တိုင္းနဲ႔ ကိုယ့္ျပည္နယ္ေတြမွာ ကိုယ့္ဟာကိုယ္ ထပ္ၿပီးေတာ့ ဖြဲ႔ဖို႔ဆိုၿပီးေတာ့၊ ကၽြန္ေတာ္တို႔ ညႊန္ၾကားခ်က္ထုတ္ထားပါတယ္။

ဝင္းမင္း ။ ဘယ္ႏွစ္ရာခိုင္ႏႈန္းေလာက္က လႊတ္ေတာ္ကိုယ္စားလွယ္အသစ္ျဖစ္မလဲ။

ဦးဟံသာျမင့္ ။ ။ အတိအက်ေတာ့မမွတ္မိဘူး။ ကၽြန္ေတာ္တို႔က အခု ျပည္ေထာင္စုလႊတ္ေတာ္မွာ ၃၉၅ ေယာက္ေပါ့ဗ်ာ၊ ၃၉၆ မွာ တစ္ေယာက္က ဆံုးသြားလို႔။ အဲ့ဒိ ၃၉၅ ေယာက္ထဲမွာ ၁၀၀ ေက်ာ္ေပါ့၊ အဲ ၁၂၀၊ ကၽြန္ေတာ္လည္း အဲ့လို ေခါင္းထဲမွာမရွိေတာ့လို႔။ အဲ့ဒါ အသစ္ပါလာတဲ့အခါက်ေတာ့ သိပ္ေတာ့ မနည္းဘူးေပါ့၊ ရာခိုင္ႏႈန္း (Percentage) အေနနဲ႔ တြက္လို႔႔ရွိရင္။

ဝင္းမင္း ။ ။ ၃၀% ေလာက္ရွိတာေပါ့ေနာ္။ အဲ့ဒီေတာ့၊ သင္တန္းကို ဘယ္လိုပံုစံမ်ိဳးေပးဖို႔။

ဦးဟံသာျမင့္ ။ ။ သင္တန္းကေတာ့ အခုဟာက လူကစုလို႔မရတဲ့အခါက်ေတာ့၊ Online (အင္တာနက္က) ပဲ ေပးဖို႔ စဥ္းစားထားပါတယ္။ Zoom နဲ႔ပဲ ေပးရမဲ့ သေဘာရွိပါတယ္။ အနည္းဆံုး ၁၀၀-၁၅၀ အဲဒါ သူတိုက အဲ့ဒီက နားေထာင္ၾကေပါ့ဗ်ာ။ ဒါေတြက အတိအက်ေတာ့ ကၽြန္ေတာ္တို႔ မဆံုးျဖတ္ရေသးပါဘူးေပါ့ေနာ္၊ လုပ္ေနတံုးပဲရွိပါေသးတယ္။ ဘာေတြသင္မယ္ Curriculum (သင္ရိုး) က စၿပီးေတာ့၊ Time-table (အခ်ိန္ဇယား) အဲ့ဒါေတြကေတာ့၊ ကၽြန္ေတာ္တို႔ အခုေရးေနပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ စဥ္းစားထားတာကေတာ့၊ သူက ေဖေဖာ္ဝါရီလ ပထမပတ္မွာ လႊတ္ေတာ္က ေခၚမယ္ဆိုတာနဲ႔၊ အဲ့ဒိ မတိုင္ခင္ကို၊ မတိုင္ခင္ဆိုတာက အခုျဖစ္ေနတဲ့ အေျခအေနအရ၊ ေနျပည္ေတာ္ကို သြားမယ္ဆိုရင္၊ Quarantine (အသြားအလာကန္႔သတ္စခန္း) ဝင္ရမွာန႔ဲ၊ ေနာက္ ႀကိဳၿပီးေတာ့ လုပ္ရမဲ့ကိစၥေတြနဲ႔ဆိုေတာ့၊ ကၽြန္ေတာ္တို႔ကေတာ့၊ ေဖေဖာ္ဝါရီလ ဒုတိယပတ္ေလာက္မွာအၿပီးေပါ့၊ အဲ့လိုဟာမ်ိဳးလုပ္ဖို႔ စဥ္းစားထားပါတယ္။

ဝင္းမင္း ။ ။ အဓိက ဘယ္သူေတြက သင္တန္းေပးဖို႔။

ဦးဟံသာျမင့္ ။ ။ ဒီပါလာတဲ့ ပုဂၢိဳလ္ေတြပါပဲ။ အဲ့ဒိထဲမွာ စာရင္းထဲမွာပါတဲ့ ပုဂၢိဳလ္ေတြက၊ တာဝန္ယူၿပီးလုပ္ရမွာေပါ့၊ အဲ့ဒိကေနၿပီးေတာ့ သင္မွာ။ ၾကည့္လိုက္လို႔ရွိရင္ေတာ့ ဒီအထဲမွာ လႊတ္ေတာ္က လြန္ခဲ့တဲ့ ၅ ႏွစ္လံုးလံုး၊ လႊတ္ေတာ္ေကာ္မတီအသီးသီးမွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ပုဂၢိဳလ္ေတြပါ။ သူတို႔ရဲ့အေတြ႔အႀကံဳေတြလည္းရွိေနၿပီဆိုေတာ့၊ သူတို႔ကပဲ ေပးဖို႔ ရည္ရြယ္ထားပါတယ္။

ဝင္းမင္း ။ ။ အဓိကေတာ့ အခုထုတ္ျပန္တဲ့ေလ့က်င့္ေရးအဖြဲ႔စာရင္းထဲမွာပါတဲ့၊ က်န္တဲ့ ဦးေက်ာ္ဟိုးတို႔၊ ဦးေက်ာ္ေထြးတို႔၊ ေဒါက္တာျမဥာဏစိုး၊ ဦးေအာင္မင္း၊ ဦးေနမ်ိဳးထြန္းတို႔ေပါ့ေနာ္။

ဦးဟံသာျမင့္ ။ ။ ဟုတ္ပါတယ္။

ဝင္းမင္း ။ ။ ဒီတစ္ေခါက္သင္တန္းက၊ အရင္တစ္ေခါက္တံုးကလည္း ၂၀၁၅ ေရြးေကာက္ပြဲအၿပီးမွာလည္း အလားတူသင္တန္ေပးခဲ့ေတာ့၊ အခုက ဘယ္လိုကြာသြားဖို႔ အလားအလာရွိလဲ။

ဦးဟံသာျမင့္ ။ ။ အဲ့ဒိသင္တန္းေတြနဲ႔ ကြာမယ္။ ဟိုတံုးကေတာ့ အရင္က သင္တန္းဆရာေတြက၊ အျပင္က သင္တန္းဆရာေတြေပါ့။ သေဘာတရားေတြသင္တာမ်ားမွာေပါ့။ အခုဟာကေတာ့ အဲ့ဒိလိုမဟုတ္ေတာ့ဘူးခင္ဗ်၊ လႊတ္ေတာ္မွာ တကယ္ေတြ႔ႀကံဳလာရမဲ့ ကိစၥေတြေပါ့ေနာ္၊ တကယ္ျဖစ္ေနတဲ့ ကိစၥေတြ၊ ေနာက္ တကယ္လိုအပ္မဲ့အခ်က္ေတြ၊ ဒါေတြကို သင္မွာပါ။ သေဘာတရားေတြဘာေတြညာေတြကေတာ့ သိပ္ၿပီးေတာ့၊ ဟို ေျပာလို႔ွရွိရင္ေတာ့ဗ်ာ၊ ဒါေတြအတြက္ကလည္း သင္ေပးဖို႔ လာၿပီး ကမ္းလွမ္းေနတာေတြကလည္း အမ်ားႀကီးရွိတယ္လို႔ ကၽြန္ေတာ္တို႔ နားလည္ပါတယ္။ ဒါေတြအတြက္လည္း ေက်းဇူးေတာ့ တင္တာေပါ့ဗ်ာ။ ဒါေပမဲ့ အဲ့ဒါေတြထက္ကို၊ ကၽြန္ေတာ္တို႔က လတ္တေလာ အေရးႀကီးတဲ့ ကိစၥေတြသင္ေပးဖို႔ပါ။ လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ေယာက္က လိုက္နာရမဲ့ Ethics (ကိုယ္က်င့္တရား) တို႔၊ အဲ့ဒါမ်ိဳးေတြကို လုပ္ေပးဖို႔ပါ။

ဝင္းမင္း ။ ။ ရလဒ္ကိုေရာ ဘယ္လိုမ်ိဳး မွန္းထားလဲ။

ဦးဟံသာျမင့္ ။ ။ ရလဒ္ဆိုတာကေတာ့ ဟို Guide Line (လမ္းညႊန္ခ်က္) တစ္ခုေရးလိုက္တယ္၊ ေရးလိုက္ၿပီးေတာ့ လူေတြကို ေဝလိုက္တယ္။ ေဝလိုက္လို႔ရွိရင္၊ အဲ့ဒိလူေတြက ဖတ္ၿပီးေတာ့ ဘာျဖစ္မယ္ဆိုတာကိုလည္း ကၽြန္ေတာ္တို႔လည္းမသိဘူး။ ကၽြန္ေတာ္တို႔ကေတာ့၊ ဒါ သူတို႔ကို လိုအပ္မဲ့ အခ်က္ကေလးေတြကို ေပးလိုက္ရံုပါပဲေနာ္။ အကုန္လံုး သူတို႔အေနနဲ႔ကေတာ့၊ ဒီလႊတ္ေတာ္ စတယ္ဆိုတဲ့အခ်ိန္မွာ၊ လူသစ္ေတြေရာ၊ လူေဟာင္းေတြေရာ၊ အကုန္လံုးက လုပ္ရမဲ့ ကိစၥေတြေပါ့ဗ်ာ၊ ဒါေလးေတြကို အကုန္လံုးေခါင္းထဲမွာ ႀကိဳတင္ၿပီးေတာ့ သိေနတဲ့ အေျခအေနမ်ိဳး လိုခ်င္တာေပါ့။

ဝင္းမင္း ။ ။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။

........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ရွေးကောက်ပွဲအပြီး လွှတ်တော်အသစ်မှာ မပါတော့မဲ့၊ ပြည်ထောင်စုလွှတ်တော်အမတ်တွေကို နေပြည်တော်ကနေ အိပ်ယာလိပ်၊ အခန်းပြန်အပ်ကြဖို့ ညွှန်ကြားလိုက်ချိန်မှာ၊ အနိုင်ရအစိုးရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ်သစ်တွေကို၊ လတ်တလောအရေးတကြီးလိုအပ်မဲ့ လက်တွေ့ကျတဲ့ကိစ္စတွေ သင်တန်းပေးဖို့ ပြင်နေပါတယ်။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ အဖွဲ့ဝင် ၆ ဦးပါ၊ လွှတ်တော်ကိုယ်စားလှယ်လေ့ကျင့်ရေးအဖွဲ့ (ဗဟို) ကို ဦးဆောင်သူ၊ NLD ဗဟိုအလုပ်အမူဆောင်အဖွဲ့၊ အတွင်းရေးမူးအဖွဲ့ဝင် ဦးဟံသာမြင့်ကို ကိုဝင်းမင်းက မေးရာမှာ၊ ဘာကြောင့် ခုလိုသင်တန်းရေးရတာကို စရှင်းပြပါတယ်။

ဦးဟံသာမြင့် ။ ။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရွေးတုံးက၊ အဟောင်းတွေကို တတ်နိုင်ရင် အများဆုံးပါအောင်ရွေးမယ်ဆို ရွေးခဲ့တာပါပဲ။ သို့သော်လည်း အခုတကယ်အရွေးခံရတဲ့ လူတွေစာရင်း အကုန်လုံးကြည့်လိုက်တဲ့အခါကျတော့၊ အသစ်ကလည်း တော်တော်များများပါတယ်ပေါ့နော်။ အနည်းဆုံးတော့ဗျာ၊ လွှတ်တော်မှာ အဆိုဘယ်လိုတင်ရမလဲ၊ မေးခွန်းဘယ်လိုမေးရမလဲ၊ ဆိုတဲ့ဟာမျိုးပေါ့ဗျာ၊ လက်တွေ့ကျတာမျိုးလေးတွေသင်ပေးဖို့ ရည်ရွယ်ပြီးတော့ ကျွန်တော်တို့ အဖွဲ့ကို ဖွဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့ကတော့ ပြည်ထောင်စုလွှတ်တော်ကို အဓိကထားပြီး လုပ်ပေးနေတာပေါ့။ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေအတွက်ကတော့ သပ်သပ်၊ ကိုယ့်တိုင်းနဲ့ ကိုယ့်ပြည်နယ်တွေမှာ ကိုယ့်ဟာကိုယ် ထပ်ပြီးတော့ ဖွဲ့ဖို့ဆိုပြီးတော့၊ ကျွန်တော်တို့ ညွှန်ကြားချက်ထုတ်ထားပါတယ်။

ဝင်းမင်း ။ ဘယ်နှစ်ရာခိုင်နှုန်းလောက်က လွှတ်တော်ကိုယ်စားလှယ်အသစ်ဖြစ်မလဲ။

ဦးဟံသာမြင့် ။ ။ အတိအကျတော့မမှတ်မိဘူး။ ကျွန်တော်တို့က အခု ပြည်ထောင်စုလွှတ်တော်မှာ ၃၉၅ ယောက်ပေါ့ဗျာ၊ ၃၉၆ မှာ တစ်ယောက်က ဆုံးသွားလို့။ အဲ့ဒိ ၃၉၅ ယောက်ထဲမှာ ၁၀၀ ကျော်ပေါ့၊ အဲ ၁၂၀၊ ကျွန်တော်လည်း အဲ့လို ခေါင်းထဲမှာမရှိတော့လို့။ အဲ့ဒါ အသစ်ပါလာတဲ့အခါကျတော့ သိပ်တော့ မနည်းဘူးပေါ့၊ ရာခိုင်နှုန်း (Percentage) အနေနဲ့ တွက်လို့ရှိရင်။

ဝင်းမင်း ။ ။ ၃၀% လောက်ရှိတာပေါ့နော်။ အဲ့ဒီတော့၊ သင်တန်းကို ဘယ်လိုပုံစံမျိုးပေးဖို့။

ဦးဟံသာမြင့် ။ ။ သင်တန်းကတော့ အခုဟာက လူကစုလို့မရတဲ့အခါကျတော့၊ Online (အင်တာနက်က) ပဲ ပေးဖို့ စဉ်းစားထားပါတယ်။ Zoom နဲ့ပဲ ပေးရမဲ့ သဘောရှိပါတယ်။ အနည်းဆုံး ၁၀၀-၁၅၀ အဲဒါ သူတိုက အဲ့ဒီက နားထောင်ကြပေါ့ဗျာ။ ဒါတွေက အတိအကျတော့ ကျွန်တော်တို့ မဆုံးဖြတ်ရသေးပါဘူးပေါ့နော်၊ လုပ်နေတုံးပဲရှိပါသေးတယ်။ ဘာတွေသင်မယ် Curriculum (သင်ရိုး) က စပြီးတော့၊ Time-table (အချိန်ဇယား) အဲ့ဒါတွေကတော့၊ ကျွန်တော်တို့ အခုရေးနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စဉ်းစားထားတာကတော့၊ သူက ဖေဖော်ဝါရီလ ပထမပတ်မှာ လွှတ်တော်က ခေါ်မယ်ဆိုတာနဲ့၊ အဲ့ဒိ မတိုင်ခင်ကို၊ မတိုင်ခင်ဆိုတာက အခုဖြစ်နေတဲ့ အခြေအနေအရ၊ နေပြည်တော်ကို သွားမယ်ဆိုရင်၊ Quarantine (အသွားအလာကန့်သတ်စခန်း) ဝင်ရမှာနဲ့၊ နောက် ကြိုပြီးတော့ လုပ်ရမဲ့ကိစ္စတွေနဲ့ဆိုတော့၊ ကျွန်တော်တို့ကတော့၊ ဖေဖော်ဝါရီလ ဒုတိယပတ်လောက်မှာအပြီးပေါ့၊ အဲ့လိုဟာမျိုးလုပ်ဖို့ စဉ်းစားထားပါတယ်။

ဝင်းမင်း ။ ။ အဓိက ဘယ်သူတွေက သင်တန်းပေးဖို့။

ဦးဟံသာမြင့် ။ ။ ဒီပါလာတဲ့ ပုဂ္ဂိုလ်တွေပါပဲ။ အဲ့ဒိထဲမှာ စာရင်းထဲမှာပါတဲ့ ပုဂ္ဂိုလ်တွေက၊ တာဝန်ယူပြီးလုပ်ရမှာပေါ့၊ အဲ့ဒိကနေပြီးတော့ သင်မှာ။ ကြည့်လိုက်လို့ရှိရင်တော့ ဒီအထဲမှာ လွှတ်တော်က လွန်ခဲ့တဲ့ ၅ နှစ်လုံးလုံး၊ လွှတ်တော်ကော်မတီအသီးသီးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေပါ။ သူတို့ရဲ့အတွေ့အကြုံတွေလည်းရှိနေပြီဆိုတော့၊ သူတို့ကပဲ ပေးဖို့ ရည်ရွယ်ထားပါတယ်။

ဝင်းမင်း ။ ။ အဓိကတော့ အခုထုတ်ပြန်တဲ့လေ့ကျင့်ရေးအဖွဲ့စာရင်းထဲမှာပါတဲ့၊ ကျန်တဲ့ ဦးကျော်ဟိုးတို့၊ ဦးကျော်ထွေးတို့၊ ဒေါက်တာမြဉာဏစိုး၊ ဦးအောင်မင်း၊ ဦးနေမျိုးထွန်းတို့ပေါ့နော်။

ဦးဟံသာမြင့် ။ ။ ဟုတ်ပါတယ်။

ဝင်းမင်း ။ ။ ဒီတစ်ခေါက်သင်တန်းက၊ အရင်တစ်ခေါက်တုံးကလည်း ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာလည်း အလားတူသင်တန်ပေးခဲ့တော့၊ အခုက ဘယ်လိုကွာသွားဖို့ အလားအလာရှိလဲ။

ဦးဟံသာမြင့် ။ ။ အဲ့ဒိသင်တန်းတွေနဲ့ ကွာမယ်။ ဟိုတုံးကတော့ အရင်က သင်တန်းဆရာတွေက၊ အပြင်က သင်တန်းဆရာတွေပေါ့။ သဘောတရားတွေသင်တာများမှာပေါ့။ အခုဟာကတော့ အဲ့ဒိလိုမဟုတ်တော့ဘူးခင်ဗျ၊ လွှတ်တော်မှာ တကယ်တွေ့ကြုံလာရမဲ့ ကိစ္စတွေပေါ့နော်၊ တကယ်ဖြစ်နေတဲ့ ကိစ္စတွေ၊ နောက် တကယ်လိုအပ်မဲ့အချက်တွေ၊ ဒါတွေကို သင်မှာပါ။ သဘောတရားတွေဘာတွေညာတွေကတော့ သိပ်ပြီးတော့၊ ဟို ပြောလို့ှရှိရင်တော့ဗျာ၊ ဒါတွေအတွက်ကလည်း သင်ပေးဖို့ လာပြီး ကမ်းလှမ်းနေတာတွေကလည်း အများကြီးရှိတယ်လို့ ကျွန်တော်တို့ နားလည်ပါတယ်။ ဒါတွေအတွက်လည်း ကျေးဇူးတော့ တင်တာပေါ့ဗျာ။ ဒါပေမဲ့ အဲ့ဒါတွေထက်ကို၊ ကျွန်တော်တို့က လတ်တလော အရေးကြီးတဲ့ ကိစ္စတွေသင်ပေးဖို့ပါ။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်က လိုက်နာရမဲ့ Ethics (ကိုယ်ကျင့်တရား) တို့၊ အဲ့ဒါမျိုးတွေကို လုပ်ပေးဖို့ပါ။

ဝင်းမင်း ။ ။ ရလဒ်ကိုရော ဘယ်လိုမျိုး မှန်းထားလဲ။

ဦးဟံသာမြင့် ။ ။ ရလဒ်ဆိုတာကတော့ ဟို Guide Line (လမ်းညွှန်ချက်) တစ်ခုရေးလိုက်တယ်၊ ရေးလိုက်ပြီးတော့ လူတွေကို ဝေလိုက်တယ်။ ဝေလိုက်လို့ရှိရင်၊ အဲ့ဒိလူတွေက ဖတ်ပြီးတော့ ဘာဖြစ်မယ်ဆိုတာကိုလည်း ကျွန်တော်တို့လည်းမသိဘူး။ ကျွန်တော်တို့ကတော့၊ ဒါ သူတို့ကို လိုအပ်မဲ့ အချက်ကလေးတွေကို ပေးလိုက်ရုံပါပဲနော်။ အကုန်လုံး သူတို့အနေနဲ့ကတော့၊ ဒီလွှတ်တော် စတယ်ဆိုတဲ့အချိန်မှာ၊ လူသစ်တွေရော၊ လူဟောင်းတွေရော၊ အကုန်လုံးက လုပ်ရမဲ့ ကိစ္စတွေပေါ့ဗျာ၊ ဒါလေးတွေကို အကုန်လုံးခေါင်းထဲမှာ ကြိုတင်ပြီးတော့ သိနေတဲ့ အခြေအနေမျိုး လိုချင်တာပေါ့။

ဝင်းမင်း ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG