သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတြ႕ဆံုညွိႏိႈင္းဖို႔ ျပင္ဆင္လာတဲ့ NLD နဲ႔ တိုင္းရင္းသားပါတီေတြ သေဘာထား


Supporters of the National League for Democracy (NLD) party wave flags in front of the party's headquarters in Yangon on November 9, 2020, as NLD officials said they were confident of a landslide victory in the weekend's election. (Photo by Ye Aung Thu /
တိုက္႐ိုက္ လင့္ခ္

{{Zawgyi}}

ေရြးေကာက္ပြဲထပ္ႏိုင္ခဲ့တဲ့ NLD အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္အေနနဲ႔ လာမဲ့အစိုးရဖြဲ႔ေရးတိုင္းရင္းသားပါတီေတြနဲ႔ ေတြ႔ဆုံညိွႏိႈင္းဖို႔ရွိတယ္လို႔ တာဝန္ေပးခံရသူတဦးျဖစ္တဲ့ NLD ထိပ္ပိုင္းေခါင္းေဆာင္တဦးက ေျပာလိုက္ပါတယ္။
NLD ပါတီ ဗဟိုအလုပ္အမွဴေဆာင္ အတြင္းေရးမွဴး(၃)နဲ႔ မေကြးတိုင္းဝန္ႀကီးခ်ဳပ္လည္းျဖစ္သူ ေဒါက္တာေအာင္မိုးညိဳ က ဒီအစိုးရနဲ႔ လႊတ္ေတာ္ဖြဲ႔စည္းေရးမွာ တိုင္းရင္းသားပါတီေတြျဖစ္ေစခ်င္တာကို အရင္နားေထာင္ၿပီး ဘာေတြလုိက္ေလ်ာႏိုင္တာကိုခြင့္ျပဳခ်က္ရဖို႔ျပင္ေနတဲ့အေပၚ ႀကိဳဆိုအႀကံျပဳလိုက္တဲ့ တိုင္းရင္းသားပါတီ ေျပာခြင့္ရေခါင္းေဆာင္ေတြကို ေမးထားပါတယ္။
ရွမ္းျပည္နယ္မွာ မဲအေတာ္မ်ားမ်ားရထားတဲ့ SNLD ရွမ္းတုိင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ေျပာခြင့္ရနဲ႔ အေထြေထြအတြင္းေရးမွဴး ဦးစိုင္းလိတ္ က ...."NLD ရဲ႕အခုဆုံးျဖတ္ခ်က္ေတြၾကည့္မယ္ဆိုလိုရွိရင္ေတာ့ အရင္ေရြးေကာက္ပြဲမတိုင္ခင္က ေျပာထားတာနဲ႔စာရင္ေတာ့ အျပဳသေဘာဖက္ကိုေဆာင္လာတယ္။ တုိင္းရင္းသားေတြနဲ႔ ပိုနီးစပ္လာတာကိုေတြ႔ရတာေပါ့ေနာ္။ အဲဒါေၾကာင့္မိုလိုက်ေနာ္တို႔ဖက္ကေတာ့ တရားဝင္ဆက္သြယ္လာျခင္းမရွိေသးေပမဲ့ ႀကိဳဆိုပါတယ္။"

ရခိုင္ျပည္နယ္မွာ မဲအမ်ားစုရထားတဲ့ ANP ရခိုင္အမ်ဳိးသားပါတီေျပာခြင့္ရ ေဒၚေအးႏုစိန္ ကလည္း ...." ပါတီေတြကို စာထုတ္ပို႔ေပးကတည္းကကို ႀကိဳဆိုတယ္ဆိုတာကို အင္တာဗ်ဴးေတြမွာလည္းေျပာတယ္။ ပါတီအေနနဲ႔ ျပန္ၾကားခဲ့ၿပီးျဖစ္ပါတယ္။ စာမေရာက္ေသးတာပဲျဖစ္ပါတယ္။"

ဒါေပမဲ့ က်ားေခါင္းပါတီလို႔လည္းသိထားၾကတဲ့ SNLD ေျပာခြင့္ရ ဦးစိုင္းလိတ္ ကေတာ့ စာအားျဖင့္္အေၾကာင္းျပန္ျခင္းမရွိေသးတဲ့အေပၚအခုလိုရွင္းျပပါတယ္။

"သူတို႔ေရးတဲ့စာက သေဘားထားေတာင္းခံတဲ့စာလည္းမဟုတ္ဘူး။ ရပ္တည္ခ်က္ကိုေဖာ္ျပတဲ့စာမ်ဳိးျဖစ္တဲ့အတြက္ေၾကာင့္မို႔ အေၾကာင္းျပန္ဖို႔မယူဆတဲ့အတြက္ တုံျပန္ျခင္းမျပဳတာပါ။ တကယ္လို႔ ခင္ဗ်ားတို႔ဘယ္လိုသေဘာရလဲ။ ပူးေပါင္းမယ္ မပူးေပါင္းဘူးလားေမးလာရင္တုံျပန္ဖို႔လိုအပ္တာေပါ့ဗ်ာ။ က်ေနာ္တုိ႔ကလည္း တရားဝင္စာေတြလက္ခံရျခင္းမရွိတဲ့အတြက္ေၾကာင့္မို႔ အြန္လိုင္းေပၚမွာပဲေျဖၾကားရတာပါ။ အဲဒီအေပၚမွာေတာ့ နားလည္မႈလြဲလို႔မျဖစ္ပါဘူး။"

ဒီေနရာမွာ မြန္ျပည္နယ္မွာ အရင္မြန္ပါတီေတြပူးေပါင္းထူေထာင္ထားၿပီး မဲတစုံတရာႏိုင္ထားတဲ့ MUP မြန္ညီညြတ္ေရးပါတီေျပာခြင့္ရနဲ႔ တြဲဘက္အေထြေထြအတြင္းေရးမွဴး ႏိုင္လယိတမ ကလည္း ... "က်ေနာ္တို႔ကႀကိဳဆိုပါတယ္။ NLD ေပးတဲ့စာက ဖိတ္ေခၚတဲ့စာ ကမ္းလွမ္းတဲ့စာမဟုတ္တဲ့အတြက္ က်ေနာ္တို႔က အေၾကာင္းျပန္ဖို႔မလိုအပ္ဘူး။ က်ေနာ္တို႔လက္ခံအသိမွတ္ျပဳႀကိဳဆိုတယ္ဆိုတာကိုေတာ့ မီဒီယာေတြမွာ ေျပာထားၿပီးျဖစ္ပါတယ္။"

NLD အေနနဲ႔ အေသးစိတ္ကိုပါထုတ္ျပန္သင့္တယ္လို႔ ဦးစိုင္းလိတ္ က အႀကံျပဳပါတယ္။

"လက္ေတြ႔မွာ တိုင္းရင္းသားပါတီေတြနဲ႔ ဘယ္ေန႔ ဘယ္ေနရာေတြမွာ ဘယ္လိုအခန္းကဏၭကို ဘယ္လိုေဆြးေႏြးမယ္ဆိုတာကို ေသေသခ်ာခ်ာေဖာ္ျပၿပီးေတာ့ သူတို႔ဖက္က ရွင္းရွင္းလင္းလင္းသိရေအာင္ ေဖာ္ထုတ္ဖို႔လိုအပ္တယ္။ အဲလိုပြင့္ပြင့္လင္းလင္း ေဖာ္ျပထားျခင္းမရွိပဲနဲ႔ မီဒီယာေပၚမွာ ပဲ သူတို႔ဖက္က ႀကိဳတင္ျပင္ဆင္ထားတယ္၊ ဘာလုပ္တယ္ဆိုတာေလာက္နဲ႔ေတာ့ အလုပ္မျဖစ္ေလာက္ဖူးေပါ့ဗ်ာ။ ရိုးသားပြင့္လင္းတဲ့အခင္းအက်င္းကို ခ်ျပဖို႔လိုအပ္တယ္။

ဒါကို ေဒၚေအးႏုစိန္ ကလည္း သေဘာတူလိုက္ၿပီး NLD အေနနဲ႔ တိုင္းရင္းသားေတြအေပၚအရင္ျဖစ္ေစခ်င္တာကိုေမးလာမယ့္အေပၚမွာေတာ့အခုလိုျပန္ရွင္းျပပါတယ္။

"ဒီအေပၚမွာေတာ့ က်မတို႔ပါတီမွာ ေဆြးေႏြးညိွႏိႈင္းရအုန္းမွာျဖစ္ပါတယ္။"

ဒါေပမဲ့ ႏိုင္လယိတမ ကေတာ့ ေဆြးေႏြးလာမယ္အေပၚအသင့္ျပင္ထားတယ္လို႔ဆိုပါတယ္။

" ေတြ႔ဆုံဖို႔ဖိတ္ေခၚလာမယ္ဆိုရင္ က်ေနာ္တို႔က အသင့္ျပင္ထားပါတယ္။ဒီေနရာမွာ အခု NLD အေနနဲ႔ ရခိုင္ျပည္နယ္ကုိလာဖို႔ လုံၿခဳံေရးအရစိုးရိမ္ေၾကာင္းေျပာလာတဲ့အေပၚမွာေတာ့ ေဒၚေအးႏုစိန္ က ရခိုင္ျပည္နယ္စစ္ေတြၿမိဳ႕မွာ အႏိုင္ရပါတီ အစိုးရနဲ႔ ရခိုင္ျပည္နယ္အစိုးရအဖြဲ႔ဟာ တရားဝင္တည္ရွိေနတုံးပဲမဟုတ္လား။ နယ္လုံဝန္ႀကီးကအစ ဒီအတိုင္းတည္ရွိေနတယ္မဟုတ္လား။ ဘာျဖစ္လို႔မ်ား လုံၿခံဳေရးအရလာလို႔မျဖစ္ဘူးဆိုတာ နားလည္လို႔ကိုမရဘူး။"

ဒီေနရာမွာ SNLD ေျပာခြင္ရ ဦးစိုင္းလိတ္ကေတာ့ နဲ႔ NLD နဲ႔နီးစပ္ခဲ့တာေၾကာင့္ အခုအစုိးရကာလေလးမွာ ေခတၱျပန္ကင္းကြာခဲ့ေပမဲ့ တုိင္းျပည္ကအခုလိုအပ္ခ်ိန္မွာ အားလုံးညိွႏႈိင္းတုိင္ပင္ပူးေပါင္းဖို႔လိုအပ္ေနေၾကာင္းေျပာပါတယ္။

.............................

{{Unicode}}

ရွေးကောက်ပွဲထပ်နိုင်ခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လာမဲ့အစိုးရဖွဲ့ရေးတိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ရှိတယ်လို့ တာဝန်ပေးခံရသူတဦးဖြစ်တဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်တဦးက ပြောလိုက်ပါတယ်။
NLD ပါတီ ဗဟိုအလုပ်အမှူဆောင် အတွင်းရေးမှူး(၃)နဲ့ မကွေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်သူ ဒေါက်တာအောင်မိုးညို က ဒီအစိုးရနဲ့ လွှတ်တော်ဖွဲ့စည်းရေးမှာ တိုင်းရင်းသားပါတီတွေဖြစ်စေချင်တာကို အရင်နားထောင်ပြီး ဘာတွေလိုက်လျောနိုင်တာကိုခွင့်ပြုချက်ရဖို့ပြင်နေတဲ့အပေါ် ကြိုဆိုအကြံပြုလိုက်တဲ့ တိုင်းရင်းသားပါတီ ပြောခွင့်ရခေါင်းဆောင်တွေကို မေးထားပါတယ်။
ရှမ်းပြည်နယ်မှာ မဲအတော်များများရထားတဲ့ SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရနဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ် က ...."NLD ရဲ့အခုဆုံးဖြတ်ချက်တွေကြည့်မယ်ဆိုလိုရှိရင်တော့ အရင်ရွေးကောက်ပွဲမတိုင်ခင်က ပြောထားတာနဲ့စာရင်တော့ အပြုသဘောဖက်ကိုဆောင်လာတယ်။ တိုင်းရင်းသားတွေနဲ့ ပိုနီးစပ်လာတာကိုတွေ့ရတာပေါ့နော်။ အဲဒါကြောင့်မိုလိုကျနော်တို့ဖက်ကတော့ တရားဝင်ဆက်သွယ်လာခြင်းမရှိသေးပေမဲ့ ကြိုဆိုပါတယ်။"

ရခိုင်ပြည်နယ်မှာ မဲအများစုရထားတဲ့ ANP ရခိုင်အမျိုးသားပါတီပြောခွင့်ရ ဒေါ်အေးနုစိန် ကလည်း ...." ပါတီတွေကို စာထုတ်ပို့ပေးကတည်းကကို ကြိုဆိုတယ်ဆိုတာကို အင်တာဗျူးတွေမှာလည်းပြောတယ်။ ပါတီအနေနဲ့ ပြန်ကြားခဲ့ပြီးဖြစ်ပါတယ်။ စာမရောက်သေးတာပဲဖြစ်ပါတယ်။"

ဒါပေမဲ့ ကျားခေါင်းပါတီလို့လည်းသိထားကြတဲ့ SNLD ပြောခွင့်ရ ဦးစိုင်းလိတ် ကတော့ စာအားဖြင့်အကြောင်းပြန်ခြင်းမရှိသေးတဲ့အပေါ်အခုလိုရှင်းပြပါတယ်။

"သူတို့ရေးတဲ့စာက သဘေားထားတောင်းခံတဲ့စာလည်းမဟုတ်ဘူး။ ရပ်တည်ချက်ကိုဖော်ပြတဲ့စာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့ အကြောင်းပြန်ဖို့မယူဆတဲ့အတွက် တုံပြန်ခြင်းမပြုတာပါ။ တကယ်လို့ ခင်ဗျားတို့ဘယ်လိုသဘောရလဲ။ ပူးပေါင်းမယ် မပူးပေါင်းဘူးလားမေးလာရင်တုံပြန်ဖို့လိုအပ်တာပေါ့ဗျာ။ ကျနော်တို့ကလည်း တရားဝင်စာတွေလက်ခံရခြင်းမရှိတဲ့အတွက်ကြောင့်မို့ အွန်လိုင်းပေါ်မှာပဲဖြေကြားရတာပါ။ အဲဒီအပေါ်မှာတော့ နားလည်မှုလွဲလို့မဖြစ်ပါဘူး။"

ဒီနေရာမှာ မွန်ပြည်နယ်မှာ အရင်မွန်ပါတီတွေပူးပေါင်းထူထောင်ထားပြီး မဲတစုံတရာနိုင်ထားတဲ့ MUP မွန်ညီညွတ်ရေးပါတီပြောခွင့်ရနဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး နိုင်လယိတမ ကလည်း ... "ကျနော်တို့ကကြိုဆိုပါတယ်။ NLD ပေးတဲ့စာက ဖိတ်ခေါ်တဲ့စာ ကမ်းလှမ်းတဲ့စာမဟုတ်တဲ့အတွက် ကျနော်တို့က အကြောင်းပြန်ဖို့မလိုအပ်ဘူး။ ကျနော်တို့လက်ခံအသိမှတ်ပြုကြိုဆိုတယ်ဆိုတာကိုတော့ မီဒီယာတွေမှာ ပြောထားပြီးဖြစ်ပါတယ်။"

NLD အနေနဲ့ အသေးစိတ်ကိုပါထုတ်ပြန်သင့်တယ်လို့ ဦးစိုင်းလိတ် က အကြံပြုပါတယ်။

"လက်တွေ့မှာ တိုင်းရင်းသားပါတီတွေနဲ့ ဘယ်နေ့ ဘယ်နေရာတွေမှာ ဘယ်လိုအခန်းကဏ္ဌကို ဘယ်လိုဆွေးနွေးမယ်ဆိုတာကို သေသေချာချာဖော်ပြပြီးတော့ သူတို့ဖက်က ရှင်းရှင်းလင်းလင်းသိရအောင် ဖော်ထုတ်ဖို့လိုအပ်တယ်။ အဲလိုပွင့်ပွင့်လင်းလင်း ဖော်ပြထားခြင်းမရှိပဲနဲ့ မီဒီယာပေါ်မှာ ပဲ သူတို့ဖက်က ကြိုတင်ပြင်ဆင်ထားတယ်၊ ဘာလုပ်တယ်ဆိုတာလောက်နဲ့တော့ အလုပ်မဖြစ်လောက်ဖူးပေါ့ဗျာ။ ရိုးသားပွင့်လင်းတဲ့အခင်းအကျင်းကို ချပြဖို့လိုအပ်တယ်။

ဒါကို ဒေါ်အေးနုစိန် ကလည်း သဘောတူလိုက်ပြီး NLD အနေနဲ့ တိုင်းရင်းသားတွေအပေါ်အရင်ဖြစ်စေချင်တာကိုမေးလာမယ့်အပေါ်မှာတော့အခုလိုပြန်ရှင်းပြပါတယ်။

"ဒီအပေါ်မှာတော့ ကျမတို့ပါတီမှာ ဆွေးနွေးညှိနှိုင်းရအုန်းမှာဖြစ်ပါတယ်။"

ဒါပေမဲ့ နိုင်လယိတမ ကတော့ ဆွေးနွေးလာမယ်အပေါ်အသင့်ပြင်ထားတယ်လို့ဆိုပါတယ်။

" တွေ့ဆုံဖို့ဖိတ်ခေါ်လာမယ်ဆိုရင် ကျနော်တို့က အသင့်ပြင်ထားပါတယ်။ဒီနေရာမှာ အခု NLD အနေနဲ့ ရခိုင်ပြည်နယ်ကိုလာဖို့ လုံခြုံရေးအရစိုးရိမ်ကြောင်းပြောလာတဲ့အပေါ်မှာတော့ ဒေါ်အေးနုစိန် က ရခိုင်ပြည်နယ်စစ်တွေမြို့မှာ အနိုင်ရပါတီ အစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဟာ တရားဝင်တည်ရှိနေတုံးပဲမဟုတ်လား။ နယ်လုံဝန်ကြီးကအစ ဒီအတိုင်းတည်ရှိနေတယ်မဟုတ်လား။ ဘာဖြစ်လို့များ လုံခြုံရေးအရလာလို့မဖြစ်ဘူးဆိုတာ နားလည်လို့ကိုမရဘူး။"

ဒီနေရာမှာ SNLD ပြောခွင်ရ ဦးစိုင်းလိတ်ကတော့ နဲ့ NLD နဲ့နီးစပ်ခဲ့တာကြောင့် အခုအစိုးရကာလလေးမှာ ခေတ္တပြန်ကင်းကွာခဲ့ပေမဲ့ တိုင်းပြည်ကအခုလိုအပ်ချိန်မှာ အားလုံးညှိနှိုင်းတိုင်ပင်ပူးပေါင်းဖို့လိုအပ်နေကြောင်းပြောပါတယ်။

......................................

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG