သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုင္းရင္းသားပါတီမ်ားညႇိႏိႈင္းမည့္အေျခအေန - NLD အတြင္းေရးမႉး (၃) ေဒါက္တာေအာင္မိုးညိဳနဲ႔ ေမးျမန္းခ်က္


မေကြးတိုင္းဝန္ၾကီးခ်ဳပ္၊ NLD ပါတီ အတြင္းေရးမွဴး ၃ ေဒါက္တာ ေအာင္မိုးညိဳ။ (ဓာတ္ပံု - Dr. Aung Moe Nyo's Official Facebook)

ေရြးေကာက္ပဲြအႏိုင္ရ လက္ရွိအစိုးရပါတီ အမ်ိဳးသား ဒီမိုကေရစီအဖဲြ႔ခ်ဳပ္အေနနဲ႔ မၾကာခင္ကပဲ ဗဟိုအလုပ္မႈေဆာင္အစည္းအေဝး က်င္းပၿပီး အစိုးရအဖဲြ႔အစည္းေတြမွာ တိုင္းရင္းသားပါတီေတြနဲ႔ ညိွႏိႈင္းဖို႔ ျပင္ဆင္ေနတာကို ဒီတာဝန္ေပးခံရသူေတြထဲက တဦးျဖစ္တဲ့ မေကြးတိုင္းဝန္ၾကီးခ်ဳပ္နဲ႔ ဒီ NLD ပါတီ အတြင္းေရးမွဴး ၃ ေဒါက္တာ ေအာင္မိုးညိဳကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုဝင္းမင္းက ေမးရာမွာ အခုလို စရွင္းျပပါတယ္။

ေဒါက္တာေအာင္မိုးညိဳ ။ ။ က်ေနာ္တို႔ ၿပီးခဲ့တဲ့ ၁၂ ရက္ေန႔ စေနေန႔က ဗဟိုအလုပ္အမႈေဆာင္အဖဲြ႔ အစည္းအေဝးမွာ က်ေနာ္တို႔က ေၾကညာခ်က္ထုတ္​အေပၚမွာ တိုင္းရင္းသားေတြကလည္းပဲ စိတ္ဝင္စားမႈျပတယ္။ အဲဒီလို ျပတဲ့အတြက္ေၾကာင့္မို႔ တိုင္းရင္းသားေတြနဲ႔ စကားေျပာဖို႔ဆိုၿပီးေတာ့ က်ေနာ္ရယ္(ေဒါက္တာ ေအာင္မိုးညိဳရယ္) ေနာက္တခါ အမၾကီး ေဒၚနန္းခင္ေထြးျမင့္ ကရင္ဝန္ၾကီးခ်ဳပ္ရယ္၊ ေနာက္တခါ ကခ်င္ျပည္နယ္က ဦးအင္ထုံးခန္းေနာ္ဆန္ သံုးေယာက္ကို တာဝန္ေပးတာေပါ့။ တာဝန္ေပးၿပီးေတာ့ တိုင္းရင္းသားေတြနဲ႔ စကားေျပာဖို႔၊ က်ေနာ္တို႔က ဘယ္ရက္သြားမလဲဆိုတာေတြကို က်ေနာ္တို႔ တိုင္ပင္ညိွႏိႈင္းေနပါတယ္။ တိုင္းရင္သားပါတီမ်ားမွာ အေၾကာင္းျပန္တဲ့ စာရင္းလည္း က်ေနာ္တို႔မွာ ရွိထားပါတယ္၊ အဲဒီမွာ တိုင္းရင္းသားပါတီ ၁၂ ပါတီက က်ေနာ္တို႔ဆီကို အေၾကာင္းျပန္ထားတာရွိတယ္။ ျမန္မာႏိုင္ငံ အထူး ေဒသ (၂) ဝျပည္နယ္အစိုးရ.... ပါတီအမည္ေတြကေတာ့၊ ေနာက္တခါ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP၊ ရွမ္းျပည္နယ္ အေရွ႕ပိုင္းအထူးေဒသ ၄ က အေၾကာင္းျပန္တယ္၊ ေနာက္ ျပည္ေထာင္စုႏိုင္ငံေရး ေဆြးေႏြးညိွႏိႈင္းေရးေကာ္မတီက အေၾကာင္းျပန္တယ္၊ ေနာက္တခါ လီဆူး အမ်ိဳးသားဖံြ႔ၿဖိဳးတိုးတက္ေရးပါတီ၊ ကယန္းျပည္သစ္ပါတီ ျငိမ္းခ်မ္းေရးအဖဲြ႔၊ ဓနုအမ်ိဳးသားမ်ား အဖဲြ႔ခ်ဳပ္ပါတီ စသည္ျဖင့္ေပါ့ေလ.... အဲဒါေတြကို က်ေနာ္တို႔ဆီကို အေၾကာင္းျပန္ထားတာရွိတယ္။ အဲဒီေတာ့ ဒီအဖဲြ႔ေတြနဲ႔ က်ေနာ္တို႔က စကားေျပာမယ္၊ ေတြ႔ဆံု ေဆြးေႏြးခြင့္ရဖို႔ စကားေျပာမယ္။ ေနာက္တခါ အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ဗဟိုက ဘာေတြ၊ ဘာေတြကို ေဆြးေႏြးခ်င္တုန္း၊ ဘာေတြ၊ ဘာေတြကို ညႊန္ၾကားမလဲဆိုတာေတြကို မူတည္ၿပီးေတာ့ က်ေနာ္တို႔က ရွမ္းသြားမလား၊ ဘယ္သြားမလဲဆိုတာ စီစဥ္ေနပါတယ္။

ကိုဝင္မင္း။ ဟုတ္ကဲ့ပါဆရာေရ၊ ဒီေနရာမွာ တျခား ပါတီၾကီးေတြ ျဖစ္တဲ့ ေရြးေကာက္ပဲြမွာလည္း ႏိုင္ထားတဲ့ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖဲြ႔ခ်ဳပ္နဲ႔ ရခိုင္အမ်ိဳးသားပါတီတို႔ မြန္တို႔နဲ႔ေရာ ဆရာတို႔ အခ်ိတ္အဆက္ရထားၿပီးၿပီလား ဆရာ။

ေဒါက္တာေအာင္မိုးညိဳ ။ ။ ဟုတ္ကဲ့။ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖဲြ႔ခ်ဳပ္ကေတာ့ ဒီမွာ က်ေနာ္ရထားတဲ့ အေၾကာင္းျပန္ၾကားခ်က္ ပါတီအဖဲြ႔အစည္း ၁၂ ခုထဲမွာေတာ့ သူမပါေသးဘူး ဗ်။ မြန္ညီညြတ္ေရးပါတီကေတာ့ ျပည္နယ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ ၆ ေနရာႏိုင္တယ္။ က်ေနာ္တို႔ဆီကို တံု႔ျပန္ၿပီး အေၾကာင္းျပန္တဲ့အထဲမွာေတာ့ ေဖာ္ျပခဲ့တဲ့ စာထဲမွာေတာ့ မြန္မပါေသးဘူး၊ ရခိုင္လည္း မပါေသးဘူးဗ်။ သူတို႔ဆီက အေၾကာင္းျပန္တဲ့ဟာပဲ ရွိေသးတယ္။ ဘာမွ က်ေနာ္တို႔က ဒီရက္၊ ဒီရက္ကို လာမယ္... ဥပမာအားျဖင့္ ဒီဇင္ဘာလကုန္လာမယ္၊ ဇန္နဝါရီလထဲလာမယ္... အဲဒါေတြဘာမွာ မစိစစ္ရေသးဘူး။ တရားဝင္ကို စာတင္ဖို႔ က်ေနာ္တို႔ အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ကို စာတင္ဖို႔က က်ေနာ္တို႔ ေဆာင္ရြက္ေနတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔ ေျပာၾကားခ်က္၊ ကမ္းလွမ္းခ်က္၊ ေၾကျငာခ်က္ကို တံု႔ျပန္တဲ့အဖဲြ႔ေတြရွိသလိုမ်ိဳး၊ တံု႔ျပန္တာက တစ္ဖဲြ႔၊ ေနာက္ ပါတီအျဖစ္ထူေထာင္ထားတာေတြကလည္း အမ်ားၾကီးပဲ ရွိတယ္ေလ။ ဥပမာ ႏိုင္တာေတြကလည္းပဲ၊ အားလံုးေပါင္း တသီးပုဂၢလေရာ၊ ဘာေရာ ႏိုင္တာဆိုလို႔ရွိရင္ ႏိုင္ငံေရးပါတီက ၂၀ ရွိတယ္ေလ။ အဲဒီ ႏိုင္ငံေရးပါတီ ၂၀ အားလံုးနဲ႔လည္း က်ေနာ္ ေတြ႔ႏိုင္မွာ မဟုတ္ဘူးေလ၊ ေတြ႔မွာ မဟုတ္ဘူးေလ ေနာ္။ အဲဒီေတာ့ ဘယ္အဖဲြ႔နဲ႔ ေတြ႔ေနတုန္း၊ ဘယ္အဖဲြ႔နဲ႔ ေတြ႔ရမွာတို႔၊ စိတ္ဝင္စားမႈ ျပတဲ့ ႏိုင္ငံေရးပါတီေတြ၊ ေနာက္တခါ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတဲ့ အဖဲြ႔ေတြ၊ အဲဒါေတြရွိသလို ေရြးေကာက္ပဲြမွာ ႏိုင္ထားတဲ့ ပါတီေတြလည္းရွိေတာ့ အားလံုးနဲ႔ေတာ့ ေတြ႔ဖို႔ ေတြ႔ခြင့္ရမွာ မဟုတ္ဘူး။ အဲဒီေတာ့ ဘယ္အဖဲြ႔နဲ႔ ဘယ္အဖဲြ႔နဲ႔ေတြ႔၊ ဘယ္အဖဲြ႔နဲ႔ေတာ့ ညိွႏိႈင္း၊ ဘာေတြ လိုက္ေရာမယ္၊ ဘာေတြကေတာ့ မလိုက္ေရာႏိုင္ဘူး စသည္ျဖင့္ အဲဒါကို က်ေနာ္တို႔က လူၾကီးေတြရဲ႕ တရားဝင္လမ္းညႊန္မႈကို ခံယူဖို႔ ေဆာင္ရြက္ေနပါတယ္။

မေကြးတိုင္းဝန္ၾကီးခ်ဳပ္၊ NLD ပါတီ အတြင္းေရးမွဴး ၃ ေဒါက္တာ ေအာင္မိုးညိဳ။ (ဓာတ္ပံု - Dr. Aung Moe Nyo's Official Facebook)
မေကြးတိုင္းဝန္ၾကီးခ်ဳပ္၊ NLD ပါတီ အတြင္းေရးမွဴး ၃ ေဒါက္တာ ေအာင္မိုးညိဳ။ (ဓာတ္ပံု - Dr. Aung Moe Nyo's Official Facebook)

ကိုဝင္မင္း ။ ။ အဲဒီေတာ့ ဘယ္အဖဲြ႔နဲ႔ ပထမဆံုးေဆြးေႏြးဖို႔ေရာ ဦးစားေပးသတ္မွတ္ထားတာရွိလား။

ေဒါက္တာေအာင္မိုးညိဳ ။ ။ အဲဒါသည္ ဘယ္အဖဲြ႔နဲ႔ ေတြ႔မယ္... ဦးစားေပးသတ္မွတ္တာေတာ့ ေလာေလာဆယ္ကေတာ့ ညႊန္ၾကားခ်က္မရွိေသးပါဘူး။ ဥပမာ က်ေနာ္တို႔ သိရသေလာက္ ထင္သေလာက္ေတာ့၊ စဥ္းစားၾကည့္မိတာေတာ့၊ လမ္းေၾကာင္းသင့္တာတို႔ ဘာတို႔ကေတာ့ ကယားသြားမလား၊ ကယားၿပီးရင္ ရွမ္းသြားမလား၊ မြန္လည္း ဝင္အုန္းမလား၊ ဒါမ်ိဳးေလးေတြ ေလာေလာဆယ္ကေတာ့ စဥ္းစားေနတာရွိပါတယ္။ အဲဒီအတိအက် ညႊန္ၾကားခ်က္ကေတာ့ ဒီ အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ကရမွာပါ။ ဒုတိယဥကၠ႒ ဆရာေဇာ္ျမင့္ေမာင္ဆီက ရမွာပါ။ ဘာျဖစ္လုိ႔လဲဆိုေတာ့ အားလံုးသိၿပီးသားျဖစ္တဲ့အတိုင္းပဲ ဥကၠ႒ရယ္၊ ဒုဥကၠ႒ ၁ ရယ္က က်ေနာ္တို႔ ႏိုင္ငံေရးပါတီေတြမွာ ေရြးေကာက္ပဲြၿပီးကတည္းက ပါဝင္ပတ္သတ္ျခင္းမရွိေတာ့ ဒီကိစၥေတြ ေဆာင္ရြက္လို႔ရွိရင္ ဒုတိယ ဥကၠ႒ ၂ ျဖစ္တဲ့ ဆရာေဇာ္ျမင့္ေမာင္ဆီကို စာတင္မယ္၊ စာတင္ၿပီးေတာ့ သူ႔ဆီက ညႊန္ၾကားခ်က္အတိုင္း က်ေနာ္တို႔က ကယားသြားဆိုသြားမယ္၊ မြန္သြားဆိုသြားမယ္၊ ရွမ္းသြားဆိုသြားမယ္။ က်ေနာ္တို႔ အထက္က ညႊန္ၾကားခ်က္အတိုင္း ေဆာင္ရြက္မွာပါ။ က်ေနာ္ထင္တာေတာ့ ရခိုင္အမ်ိဳးသားပါတီ ၇ ေနရာ ႏိုင္ထားေသာ္လည္းပဲ ရခိုင္ကိုေတာ့ လံုျခံဳေရးအရသြားလို႔ ရမယ္လို႔ေတာ့ မထင္ဘူးဗ်။ ျပည္နယ္လႊတ္ေတာ္မွာ ၂၇ ေနရာႏိုင္ထားတဲ့ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖဲြ႔ခ်ဳပ္ပါတီ မေတြ႔နဲ႔ဆိုတာမ်ိဳး၊ မေတြ႔ဘူးဆိုတာမ်ိဳးကေတာ့ မရွိပါဘူး။ သူက အမ်ားၾကီးႏိုင္ထားတာဆိုေတာ့ သူနဲ႔ဲ႔ ေတြ႔ဖို႔ အလားအလာ အင္မတန္မ်ားပါတယ္။ ဒါကေတာ့ ညႊန္ၾကားခ်က္ကို ေစာင့္မွာေပါ့။ က်ေနာ္တို႔က သြားမယ္၊ ေတြ႔မယ္၊ ခိုင္းတဲ့အတိုင္း က်ေနာ္ တာဝန္ယူမယ္၊ ေဆာင္ရြက္မယ္၊ အတတ္ႏိုင္ဆံုး တိုင္းရင္းသား ညီအကိုေတြနဲ႔ အဆင္ေျပေအာင္၊ နားလည္မႈရွိေအာင္၊ သူတို႔က ဘာေတြလိုလားတာတို႔၊ သူတို႔ ဘာေတြ ျဖစ္ေစခ်င္တာတို႔၊ လႊတ္ေတာ္မွာ ဘာျဖစ္ေစခ်င္တာတို႔၊ အစိုးရမွာ ဘာျဖစ္ေစခ်င္တာတို႔၊ ဒါေတြကို က်ေနာ္တို႔ ေမးမယ္။ အဲဒီလို႔ ေမးခြင့္ တရားဝင္သြားခြင့္ရဖို႔အတြက္ကို ဒီအမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ကို အလုပ္အမႈအေဆာင္အဖဲြ႔ ဒုဥကၠ႒ ၂ ျဖစ္တဲ့ ဆရာေဒါက္တာ ေဇာ္ျမင့္ေမာင္ဆီကို က်ေနာ္တို႔ တင္ျပဖို႔ က်ေနာ္တို႔ စာၾကမ္း ျပဳစုေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တိုင်းရင်းသားပါတီများညှိနှိုင်းမည့်အခြေအနေ - NLD အတွင်းရေးမှူး (၃) ဒေါက်တာအောင်မိုးညိုနဲ့ မေးမြန်းချက်

ရွေးကောက်ပွဲအနိုင်ရ လက်ရှိအစိုးရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မကြာခင်ကပဲ ဗဟိုအလုပ်မှုဆောင်အစည်းအဝေး ကျင်းပပြီး အစိုးရအဖွဲ့အစည်းတွေမှာ တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းဖို့ ပြင်ဆင်နေတာကို ဒီတာဝန်ပေးခံရသူတွေထဲက တဦးဖြစ်တဲ့ မကွေးတိုင်းဝန်ကြီးချုပ်နဲ့ ဒီ NLD ပါတီ အတွင်းရေးမှူး ၃ ဒေါက်တာ အောင်မိုးညိုကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဝင်းမင်းက မေးရာမှာ အခုလို စရှင်းပြပါတယ်။

ဒေါက်တာအောင်မိုးညို ။ ။ ကျနော်တို့ ပြီးခဲ့တဲ့ ၁၂ ရက်နေ့ စနေနေ့က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ ကျနော်တို့က ကြေညာချက်ထုတ်အပေါ်မှာ တိုင်းရင်းသားတွေကလည်းပဲ စိတ်ဝင်စားမှုပြတယ်။ အဲဒီလို ပြတဲ့အတွက်ကြောင့်မို့ တိုင်းရင်းသားတွေနဲ့ စကားပြောဖို့ဆိုပြီးတော့ ကျနော်ရယ်(ဒေါက်တာ အောင်မိုးညိုရယ်) နောက်တခါ အမကြီး ဒေါ်နန်းခင်ထွေးမြင့် ကရင်ဝန်ကြီးချုပ်ရယ်၊ နောက်တခါ ကချင်ပြည်နယ်က ဦးအင်ထုံးခန်းနော်ဆန် သုံးယောက်ကို တာဝန်ပေးတာပေါ့။ တာဝန်ပေးပြီးတော့ တိုင်းရင်းသားတွေနဲ့ စကားပြောဖို့၊ ကျနော်တို့က ဘယ်ရက်သွားမလဲဆိုတာတွေကို ကျနော်တို့ တိုင်ပင်ညှိနှိုင်းနေပါတယ်။ တိုင်းရင်သားပါတီများမှာ အကြောင်းပြန်တဲ့ စာရင်းလည်း ကျနော်တို့မှာ ရှိထားပါတယ်၊ အဲဒီမှာ တိုင်းရင်းသားပါတီ ၁၂ ပါတီက ကျနော်တို့ဆီကို အကြောင်းပြန်ထားတာရှိတယ်။ မြန်မာနိုင်ငံ အထူး ဒေသ (၂) ဝပြည်နယ်အစိုးရ.... ပါတီအမည်တွေကတော့၊ နောက်တခါ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP၊ ရှမ်းပြည်နယ် အရှေ့ပိုင်းအထူးဒေသ ၄ က အကြောင်းပြန်တယ်၊ နောက် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီက အကြောင်းပြန်တယ်၊ နောက်တခါ လီဆူး အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကယန်းပြည်သစ်ပါတီ ငြိမ်းချမ်းရေးအဖွဲ့၊ ဓနုအမျိုးသားများ အဖွဲ့ချုပ်ပါတီ စသည်ဖြင့်ပေါ့လေ.... အဲဒါတွေကို ကျနော်တို့ဆီကို အကြောင်းပြန်ထားတာရှိတယ်။ အဲဒီတော့ ဒီအဖွဲ့တွေနဲ့ ကျနော်တို့က စကားပြောမယ်၊ တွေ့ဆုံ ဆွေးနွေးခွင့်ရဖို့ စကားပြောမယ်။ နောက်တခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုက ဘာတွေ၊ ဘာတွေကို ဆွေးနွေးချင်တုန်း၊ ဘာတွေ၊ ဘာတွေကို ညွှန်ကြားမလဲဆိုတာတွေကို မူတည်ပြီးတော့ ကျနော်တို့က ရှမ်းသွားမလား၊ ဘယ်သွားမလဲဆိုတာ စီစဉ်နေပါတယ်။

ကိုဝင်မင်း။ ဟုတ်ကဲ့ပါဆရာရေ၊ ဒီနေရာမှာ တခြား ပါတီကြီးတွေ ဖြစ်တဲ့ ရွေးကောက်ပွဲမှာလည်း နိုင်ထားတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင်အမျိုးသားပါတီတို့ မွန်တို့နဲ့ရော ဆရာတို့ အချိတ်အဆက်ရထားပြီးပြီလား ဆရာ။

ဒေါက်တာအောင်မိုးညို ။ ။ ဟုတ်ကဲ့။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒီမှာ ကျနော်ရထားတဲ့ အကြောင်းပြန်ကြားချက် ပါတီအဖွဲ့အစည်း ၁၂ ခုထဲမှာတော့ သူမပါသေးဘူး ဗျ။ မွန်ညီညွတ်ရေးပါတီကတော့ ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ် ၆ နေရာနိုင်တယ်။ ကျနော်တို့ဆီကို တုံ့ပြန်ပြီး အကြောင်းပြန်တဲ့အထဲမှာတော့ ဖော်ပြခဲ့တဲ့ စာထဲမှာတော့ မွန်မပါသေးဘူး၊ ရခိုင်လည်း မပါသေးဘူးဗျ။ သူတို့ဆီက အကြောင်းပြန်တဲ့ဟာပဲ ရှိသေးတယ်။ ဘာမှ ကျနော်တို့က ဒီရက်၊ ဒီရက်ကို လာမယ်... ဥပမာအားဖြင့် ဒီဇင်ဘာလကုန်လာမယ်၊ ဇန်နဝါရီလထဲလာမယ်... အဲဒါတွေဘာမှာ မစိစစ်ရသေးဘူး။ တရားဝင်ကို စာတင်ဖို့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စာတင်ဖို့က ကျနော်တို့ ဆောင်ရွက်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပြောကြားချက်၊ ကမ်းလှမ်းချက်၊ ကြေငြာချက်ကို တုံ့ပြန်တဲ့အဖွဲ့တွေရှိသလိုမျိုး၊ တုံ့ပြန်တာက တစ်ဖွဲ့၊ နောက် ပါတီအဖြစ်ထူထောင်ထားတာတွေကလည်း အများကြီးပဲ ရှိတယ်လေ။ ဥပမာ နိုင်တာတွေကလည်းပဲ၊ အားလုံးပေါင်း တသီးပုဂ္ဂလရော၊ ဘာရော နိုင်တာဆိုလို့ရှိရင် နိုင်ငံရေးပါတီက ၂၀ ရှိတယ်လေ။ အဲဒီ နိုင်ငံရေးပါတီ ၂၀ အားလုံးနဲ့လည်း ကျနော် တွေ့နိုင်မှာ မဟုတ်ဘူးလေ၊ တွေ့မှာ မဟုတ်ဘူးလေ နော်။ အဲဒီတော့ ဘယ်အဖွဲ့နဲ့ တွေ့နေတုန်း၊ ဘယ်အဖွဲ့နဲ့ တွေ့ရမှာတို့၊ စိတ်ဝင်စားမှု ပြတဲ့ နိုင်ငံရေးပါတီတွေ၊ နောက်တခါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ အဖွဲ့တွေ၊ အဲဒါတွေရှိသလို ရွေးကောက်ပွဲမှာ နိုင်ထားတဲ့ ပါတီတွေလည်းရှိတော့ အားလုံးနဲ့တော့ တွေ့ဖို့ တွေ့ခွင့်ရမှာ မဟုတ်ဘူး။ အဲဒီတော့ ဘယ်အဖွဲ့နဲ့ ဘယ်အဖွဲ့နဲ့တွေ့၊ ဘယ်အဖွဲ့နဲ့တော့ ညှိနှိုင်း၊ ဘာတွေ လိုက်ရောမယ်၊ ဘာတွေကတော့ မလိုက်ရောနိုင်ဘူး စသည်ဖြင့် အဲဒါကို ကျနော်တို့က လူကြီးတွေရဲ့ တရားဝင်လမ်းညွှန်မှုကို ခံယူဖို့ ဆောင်ရွက်နေပါတယ်။

ကိုဝင်မင်း ။ ။ အဲဒီတော့ ဘယ်အဖွဲ့နဲ့ ပထမဆုံးဆွေးနွေးဖို့ရော ဦးစားပေးသတ်မှတ်ထားတာရှိလား။

ဒေါက်တာအောင်မိုးညို ။ ။ အဲဒါသည် ဘယ်အဖွဲ့နဲ့ တွေ့မယ်... ဦးစားပေးသတ်မှတ်တာတော့ လောလောဆယ်ကတော့ ညွှန်ကြားချက်မရှိသေးပါဘူး။ ဥပမာ ကျနော်တို့ သိရသလောက် ထင်သလောက်တော့၊ စဉ်းစားကြည့်မိတာတော့၊ လမ်းကြောင်းသင့်တာတို့ ဘာတို့ကတော့ ကယားသွားမလား၊ ကယားပြီးရင် ရှမ်းသွားမလား၊ မွန်လည်း ဝင်အုန်းမလား၊ ဒါမျိုးလေးတွေ လောလောဆယ်ကတော့ စဉ်းစားနေတာရှိပါတယ်။ အဲဒီအတိအကျ ညွှန်ကြားချက်ကတော့ ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရမှာပါ။ ဒုတိယဥက္ကဋ္ဌ ဆရာဇော်မြင့်မောင်ဆီက ရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်းပဲ ဥက္ကဋ္ဌရယ်၊ ဒုဥက္ကဋ္ဌ ၁ ရယ်က ကျနော်တို့ နိုင်ငံရေးပါတီတွေမှာ ရွေးကောက်ပွဲပြီးကတည်းက ပါဝင်ပတ်သတ်ခြင်းမရှိတော့ ဒီကိစ္စတွေ ဆောင်ရွက်လို့ရှိရင် ဒုတိယ ဥက္ကဋ္ဌ ၂ ဖြစ်တဲ့ ဆရာဇော်မြင့်မောင်ဆီကို စာတင်မယ်၊ စာတင်ပြီးတော့ သူ့ဆီက ညွှန်ကြားချက်အတိုင်း ကျနော်တို့က ကယားသွားဆိုသွားမယ်၊ မွန်သွားဆိုသွားမယ်၊ ရှမ်းသွားဆိုသွားမယ်။ ကျနော်တို့ အထက်က ညွှန်ကြားချက်အတိုင်း ဆောင်ရွက်မှာပါ။ ကျနော်ထင်တာတော့ ရခိုင်အမျိုးသားပါတီ ၇ နေရာ နိုင်ထားသော်လည်းပဲ ရခိုင်ကိုတော့ လုံခြုံရေးအရသွားလို့ ရမယ်လို့တော့ မထင်ဘူးဗျ။ ပြည်နယ်လွှတ်တော်မှာ ၂၇ နေရာနိုင်ထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မတွေ့နဲ့ဆိုတာမျိုး၊ မတွေ့ဘူးဆိုတာမျိုးကတော့ မရှိပါဘူး။ သူက အများကြီးနိုင်ထားတာဆိုတော့ သူနဲ့ဲ့ တွေ့ဖို့ အလားအလာ အင်မတန်များပါတယ်။ ဒါကတော့ ညွှန်ကြားချက်ကို စောင့်မှာပေါ့။ ကျနော်တို့က သွားမယ်၊ တွေ့မယ်၊ ခိုင်းတဲ့အတိုင်း ကျနော် တာဝန်ယူမယ်၊ ဆောင်ရွက်မယ်၊ အတတ်နိုင်ဆုံး တိုင်းရင်းသား ညီအကိုတွေနဲ့ အဆင်ပြေအောင်၊ နားလည်မှုရှိအောင်၊ သူတို့က ဘာတွေလိုလားတာတို့၊ သူတို့ ဘာတွေ ဖြစ်စေချင်တာတို့၊ လွှတ်တော်မှာ ဘာဖြစ်စေချင်တာတို့၊ အစိုးရမှာ ဘာဖြစ်စေချင်တာတို့၊ ဒါတွေကို ကျနော်တို့ မေးမယ်။ အဲဒီလို့ မေးခွင့် တရားဝင်သွားခွင့်ရဖို့အတွက်ကို ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အလုပ်အမှုအဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ၂ ဖြစ်တဲ့ ဆရာဒေါက်တာ ဇော်မြင့်မောင်ဆီကို ကျနော်တို့ တင်ပြဖို့ ကျနော်တို့ စာကြမ်း ပြုစုနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG