သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပဲြအခ်က္အလက္ တပ္မေတာ္ေတာင္းဆိုမႈ ေရြး/ေကာ္ျငင္းဆန္


ရန္ကုန္ၿမိဳ႕ မဲ႐ံုတခုတြင္ ဆႏၵမဲမ်ားေရတြက္ေနသည့္ ေကာ္မရွင္အဖြဲ႔ဝင္မ်ား။ ႏိုဝင္ဘာ ၈၊ ၂၀၂၀။

[Zawgyi/Unicode]

တပ္မေတာ္သားေတြနဲ႔ မိသားစု၀င္ေတြ မဲေပးခဲ့တဲ့ေနရာေတြက ေရြးေကာက္ပဲြ လုပ္ငန္းစဥ္ေတြကုိ ျပန္လည္စိစစ္ဖုိ႔ တပ္မေတာ္က အခ်က္အလက္ေတြ ေတာင္းခံေနတာဟာ လုပ္ထုံးလုပ္နည္းနဲ႔ မညီေၾကာင္း ေရြးေကာက္ပဲြေကာ္မရွင္က တုံ႔ျပန္လုိက္တဲ့အေပၚ အကဲခတ္ေတြရဲ႕ အျမင္ေတြကုိ ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေမခက သတင္းေပးပို႔ထားပါတယ္။

လြတ္လပ္မွ်တတဲ့ ေ႐ြးေကာက္ပြဲအျဖစ္ အမ်ားျပည္သူက သံသယကင္းကင္းနဲ႔ လက္ခံႏိုင္ေအာင္ ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္ေတြကုိ ျပန္လည္စိစစ္ရာမွာ လုိအပ္တဲ့ အခ်က္အလက္ေတြကို ကူးယူခြင့္ျပဳဖုိ႔ တပ္မေတာ္ရဲ႕ ေတာင္းဆုိခ်က္ဟာ ေရြးေကာက္ပဲြ ဥပေဒနဲ႔ မညီေၾကာင္း ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္က တုံ႔ျပန္လုိက္တာပါ။ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြရဲ႕ ေရြးေကာက္ပြဲ ကုန္က်စရိတ္စာရင္း ပုံစံ (၂၀) ကလြဲလုိ႔ တျခားစာရြက္စာတမ္း အေထာက္အထားေတြကုိ မိတၱဴကူးယူခြင့္ မရွိေၾကာင္း ဒီေန႔ထုတ္ ႏုိင္ငံပုိင္ သတင္းစာေတြမွာ ေကာ္မရွင္က ထုတ္ျပန္ေၾကညာလိုက္တာပါ။

သက္ဆိုင္ရာၿမိဳ႕နယ္အသီးသီးက ေကာ္မရွင္အဖြဲ႕ခြဲေတြကိုလည္း အခ်က္အလက္ေတြကုိ ကူးယူခြင့္မျပဳဖုိ႔ ညႊန္ၾကားထားေၾကာင္း ရွမ္းျပည္ေျမာက္ပိုင္းခ႐ိုင္ ေ႐ြးေကာက္ပြဲေကာ္မရွင္က ဦးႏွစ္ဆန္းဦးက ဗြီအိုေအကို ေျပာပါတယ္။

"က်ေနာ္တို႔ဆီလာေတာင္းလဲ ေတာင္းတဲ့ဟာက က်ေနာ္တို႔ ကိုယ့္သေဘာနဲ႔ ကိုယ္ေပးလို႔မရဘူးဆိုတဲ့ အဓိပၸါယ္ျဖစ္သလို၊ အေပၚကလည္း အခုဆို တပ္မေတာ္ဘက္ကပဲ ျဖစ္ျဖစ္ေပ့ါ။ ဘာစာရင္းမွ မေပးရဘူးဆိုလည္း ညႊန္ၾကားခ်က္လည္း ဝင္လာေတာ့ က်ေနာ္တို႔ဘက္က သီးျခားထပ္ေပးလို႔ ေပးပိုင္ခြင့္ေတာ့မရွိေတာ့ဘူးဗ်... အဲဒီလို က်ေနာ္တို႔ နားလည္ထားတယ္။"

တပ္မေတာ္ဘက္ကေတာ့ တပ္မေတာ္သားေတြနဲ႔ မိသားစုဝင္ေတြ မဲေပးခဲ့ၾကတဲ့ ၿမိဳ႕နယ္ ၂၁၈ ၿမိဳ႕နယ္က ေရြးေကာက္ပဲြ လုပ္ငန္းစဥ္ေတြကုိ ျပန္လည္စိစစ္ သုံးသပ္ေနေၾကာင္း ေျပာဆုိထားၿပီး ျပန္လည္စိစစ္ရာမွာ လုိအပ္တဲ့ အခ်က္အလက္ေတြရဖုိ႔ ေတာင္းခံထားေၾကာင္း ေျပာဆုိထားပါတယ္။

ေရြးေကာက္ပဲြ ေကာ္မရွင္ရဲ႕ ဒီကေန႔ ထုတ္ျပန္ခ်က္မွာေတာ့ တပ္ရင္းတပ္ဖဲြ႔ မဲဆႏၵရွင္ေတြ ကန္႔ကြက္လႊာအတြက္ သက္ေသခံအျဖစ္ ဥပေဒပုဒ္မ ၇၄ နဲ႔ ၇၆ တုိ႔အရ အခ်က္အလက္ အေထာက္အထားေတြကုိ ကူးယူခြင့္ျပဳဖို႔ ေကာ္မရွင္အဖဲြ႔ခဲြေတြထံ ေတာင္းခံေနတာ ေတြ႔ရေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ အကဲခတ္အဖြဲ႔ တခုျဖစ္တဲ့ Peace & Justice Myanmar က ေဒၚေ႐ႊရည္ဝင္းကေတာ့ တပ္မေတာ္နဲ႔ ေကာ္မရွင္ၾကား အျပန္အလွန္ တုံ႔ျပန္ေျပာဆုိေနၾကတာဟာ ေရြးေကာက္ပဲြဆုိင္ရာ ဥပေဒေတြမွာ အားနည္းခ်က္ေတြရဲ႕ ရလဒ္အျဖစ္ သုံးသပ္ပါတယ္။

"ဒီေန႔ဆိုရင္ မဲစာရင္း မိတၱဴကူးယူတဲ့ ကိစၥေတြ၊ အဲ့ဒီကိစၥေတြဆိုရင္ ေရြးေကာက္ပဲြမတိုင္ခင္မွာ ထုတ္ျပန္ရမယ့္ ကိစၥေတြ။ ေ႐ြးေကာက္ပြဲ ဥပေဒ၊ နည္းဥပေဒမွာ ပါတာေတြက လိုသလို ဆြဲလို႔ရေနတယ္၊ ဟထားတာေပါ့ေနာ္။ အဓိကကေတာ့ က်မတို႔ ျမန္မာ့ႏိုင္ငံ ေ႐ြးေကာက္ပြဲ ဥပေဒေတြက ေရးဆြဲထားတာ ရွင္းလင္းျပတ္သားမႈ အားနည္းတယ္။ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာတဲ့ အဖဲြ႔ေတြမွာ အခက္အခဲေတြ ျဖစ္မလားဆိုေတာ့ က်မတို႔ လက္ရွိမွာ အခ်က္အလက္ေတြ၊ စာရြက္စာတမ္းမေျပာနဲ႔ ဖုန္းဆက္ေမးတာေတာင္မွ အခ်က္အလက္ရရွိဖို႔ မျဖစ္ႏိုင္ေအာင္ခက္ေနတယ္။ ေနာက္ဥပေဒမွာ တိတိက်က် မေရးထားေတာ့ လိုသလိုေရွာင္လႊဲေရးတယ္။ ေနာက္ တေက်ာင္း တရြာ၊ တဘာသာ တပုဒ္ဆန္းလို႔ ေျပာရမလားပဲ။ ျပည္ေထာင္စုက တမ်ိဳးေျပာတယ္။ တိုင္းေဒသႀကီး၊ ၿမိဳ႕နယ္ေတြက ၿမိဳ႕နယ္ေကာ္မရွင္ေတြက တမ်ိဳးျဖစ္တယ္။ တေနရာနဲ႔တေနရာ တေျပးညီမျဖစ္ဘူး ... လုပ္ထုံးလုပ္နည္းေတြက။"

ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္ရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ မဲစာရင္းေတြ အပါအဝင္ ေ႐ြးေကာက္ပြဲစာ႐ြက္ စာတမ္း ၁၁ မ်ိဳးကို မွတ္တမ္း ထားရွိလိုေၾကာင္း အေၾကာင္းျပခ်က္နဲ႔ တပ္မေတာ္က ေတာင္းခံထားၿပီး၊ ျပည္တြင္း၊ ျပည္ပ မဲဆႏၵနယ္ျပင္ပေရာက္ ႀကိဳတင္မဲေတြနဲ႔ ပတ္သက္တဲ့ စာ႐ြက္စာတမ္းေတြ၊ ပယ္မဲစာရင္း၊ ႀကိဳတင္ဆႏၵမဲလက္မွတ္ လက္ခံျဖတ္ပိုင္းေတြ၊ မဲဆႏၵရွင္စာရင္း၊ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြရတဲ့ ဆႏၵမဲစာရင္း၊ အသုံးမျပဳဘဲ က်န္ရွိတဲ့ ဆႏၵမဲလက္မွတ္စာရင္း၊ မဲ႐ုံမွာအသုံးျပဳတဲ့ မဲစာရင္း၊ အသုံးမျပဳဘဲ က်န္တဲ့ ဆႏၵမဲလက္မွတ္နဲ႔ လက္ခံျဖတ္ပိုင္းေတြ စတာေတြ ပါဝင္တယ္လို႔လည္း ေျပာပါတယ္။

ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ အကဲခတ္အဖြဲ႔တခုျဖစ္တဲ့ ပြင့္လင္းျမန္မာက ဦးေအးေက်ာ္ ကေတာ့ တပ္မေတာ္နဲ႔ ေရြးေကာက္ပဲြ ေကာ္မရွင္ၾကား အျပန္အလွန္ ဥပေဒအကုိးအကားေတြနဲ႔ အျငင္းပြားစရာ ျဖစ္ေနရတဲ့ ေရြးေကာက္ပဲြဆုိင္ရာ ဥပေဒေတြကုိ ျပန္လည္သုံးသပ္ဖုိ႔ လုိအပ္ေနၿပီလုိ႔ ေျပာပါတယ္။

"ဒီျပႆနာေတြ အားလံုးက က်ေနာ္တို႔ ႏိုင္ငံမွာ right to information ေပါ့ေနာ္။ သတင္းအခ်က္အလက္ ဥပေဒ မျပဌာန္းေသးလို႔၊ ေနာက္တခုကေတာ့ သတင္းအခ်က္အလက္ ရယူခြင့္နဲ႔ပတ္သက္လို႔ အားနည္းေနေသးလို႔ ေပၚေပါက္လာရတဲ့ ျပႆနာေတြေပါ့ေနာ္။ ဒီ ေရြးေကာက္ပဲြနဲ႔ ပတ္သက္ၿပီးေတာ့ ေလ့လာေစာင့္ၾကည့္သူေတြပဲျဖစ္ျဖစ္၊ တျခားသူေတြျဖစ္ျဖစ္ ျပန္ၿပီးေတာ့ သံုးသပ္ရမွာက ေရြးေကာက္ပဲြ ေကာ္မရွင္နဲ႔ ပတ္သတ္တဲ့ အေၾကာင္းအရာေတြေပါ့ေနာ္... အေျခခံဥပေဒပါ ျပဌာန္းခ်က္ေတြရွိတယ္ဗ်ာ၊ ဒီ ျပည္ေထာင္စုေရြးေကာက္ပဲြ ေကာ္မရွင္ ဥပေဒေတြရွိတယ္၊ ေ႐ြးေကာက္ပြဲဥပေဒေတြရွိမယ္ေပါ့ဗ်ာ။ ဒါေတြနဲ႔ ပတ္သက္ၿပီး ဥပေဒပိုင္းဆိုင္ရာ ျပန္ၿပီးေတာ့ သုံးသပ္တာေတြ ေနာင္လာမယ့္အခ်ိန္မွာ လိုအပ္လာၿပီလို႔ က်ေနာ္ေတာ့ထင္ပါတယ္။"

ကုိဗစ္ကပ္ေရာဂါကာလ က်င္းပတဲ့ ေရြးေကာက္ပဲြ မတုိင္ခင္မွာတုန္းကလည္း ေရြးေကာက္ပဲြ လုပ္ငန္းစဥ္ေတြ လြတ္လပ္မွ်တမႈ အေျခအေနအေပၚ စုိးရိမ္ေၾကာင္းနဲ႔ ေရြးေကာက္ပဲြ ေကာ္မရွင္ရဲ႕ ေဆာင္ရြက္ခ်က္ေတြမွာ အားနည္းခ်က္ေတြ ရွိခဲ့ေၾကာင္း ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ အပါအ၀င္ တပ္မေတာ္တာ၀န္ရွိသူေတြက ေျပာဆုိခဲ့တာေၾကာင့္ အေျခအတင္ ျဖစ္စရာေတြလည္း ႀကံဳခဲ့ရပါတယ္။

ျပည္တြင္းျပည္ပ ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေရး အဖြဲ႔ေတြကေတာ့ ႏိုဝင္ဘာလ ၈ ရက္ေန႔က က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲဟာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ လြတ္လပ္မွ်တမႈရွိေၾကာင္း သုံးသပ္ၾကပါတယ္။ ဒါေပမဲ့လည္း လြတ္လပ္မွ်တတဲ့ အေျခအေနေတြ မရွိဘူးဆိုၿပီး ျပည္နယ္နဲ႔ တိုင္း ၆ ခုက မဲဆႏၵနယ္ေျမတခ်ိဳ႕ကို ပယ္ဖ်က္ခဲ့တဲ့အတြက္ မဲဆႏၵရွင္ ၁,၀၀၀,၀၀၀ ေက်ာ္ မဲေပးခြင့္ဆုံးရႈံးခဲ့ရတဲ့ အေပၚမွာေတာ့ ႏိုင္ငံတကာ အသိုင္းအဝန္းက စိုးရိမ္တဲ့ သေဘာထား ေတြကိုလည္း ေျပာဆိုခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ပွဲအချက်အလက် တပ်မတော်တောင်းဆိုမှု ရွေး/ကော်ငြင်းဆန်

တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ မဲပေးခဲ့တဲ့နေရာတွေက ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို ပြန်လည်စိစစ်ဖို့ တပ်မတော်က အချက်အလက်တွေ တောင်းခံနေတာဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီကြောင်း ရွေးကောက်ပွဲကော်မရှင်က တုံ့ပြန်လိုက်တဲ့အပေါ် အကဲခတ်တွေရဲ့ အမြင်တွေကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအဖြစ် အများပြည်သူက သံသယကင်းကင်းနဲ့ လက်ခံနိုင်အောင် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ပြန်လည်စိစစ်ရာမှာ လိုအပ်တဲ့ အချက်အလက်တွေကို ကူးယူခွင့်ပြုဖို့ တပ်မတော်ရဲ့ တောင်းဆိုချက်ဟာ ရွေးကောက်ပွဲ ဥပဒေနဲ့ မညီကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တုံ့ပြန်လိုက်တာပါ။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်း ပုံစံ (၂၀) ကလွဲလို့ တခြားစာရွက်စာတမ်း အထောက်အထားတွေကို မိတ္တူကူးယူခွင့် မရှိကြောင်း ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ကော်မရှင်က ထုတ်ပြန်ကြေညာလိုက်တာပါ။

သက်ဆိုင်ရာမြို့နယ်အသီးသီးက ကော်မရှင်အဖွဲ့ခွဲတွေကိုလည်း အချက်အလက်တွေကို ကူးယူခွင့်မပြုဖို့ ညွှန်ကြားထားကြောင်း ရှမ်းပြည်မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်က ဦးနှစ်ဆန်းဦးက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့ဆီလာတောင်းလဲ တောင်းတဲ့ဟာက ကျနော်တို့ ကိုယ့်သဘောနဲ့ ကိုယ်ပေးလို့မရဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်သလို၊ အပေါ်ကလည်း အခုဆို တပ်မတော်ဘက်ကပဲ ဖြစ်ဖြစ်ပေ့ါ။ ဘာစာရင်းမှ မပေးရဘူးဆိုလည်း ညွှန်ကြားချက်လည်း ဝင်လာတော့ ကျနော်တို့ဘက်က သီးခြားထပ်ပေးလို့ ပေးပိုင်ခွင့်တော့မရှိတော့ဘူးဗျ... အဲဒီလို ကျနော်တို့ နားလည်ထားတယ်။"

တပ်မတော်ဘက်ကတော့ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ မဲပေးခဲ့ကြတဲ့ မြို့နယ် ၂၁၈ မြို့နယ်က ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို ပြန်လည်စိစစ် သုံးသပ်နေကြောင်း ပြောဆိုထားပြီး ပြန်လည်စိစစ်ရာမှာ လိုအပ်တဲ့ အချက်အလက်တွေရဖို့ တောင်းခံထားကြောင်း ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ တပ်ရင်းတပ်ဖွဲ့ မဲဆန္ဒရှင်တွေ ကန့်ကွက်လွှာအတွက် သက်သေခံအဖြစ် ဥပဒေပုဒ်မ ၇၄ နဲ့ ၇၆ တို့အရ အချက်အလက် အထောက်အထားတွေကို ကူးယူခွင့်ပြုဖို့ ကော်မရှင်အဖွဲ့ခွဲတွေထံ တောင်းခံနေတာ တွေ့ရကြောင်းလည်း ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲစောင့်ကြည့် အကဲခတ်အဖွဲ့ တခုဖြစ်တဲ့ Peace & Justice Myanmar က ဒေါ်ရွှေရည်ဝင်းကတော့ တပ်မတော်နဲ့ ကော်မရှင်ကြား အပြန်အလှန် တုံ့ပြန်ပြောဆိုနေကြတာဟာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေမှာ အားနည်းချက်တွေရဲ့ ရလဒ်အဖြစ် သုံးသပ်ပါတယ်။

"ဒီနေ့ဆိုရင် မဲစာရင်း မိတ္တူကူးယူတဲ့ ကိစ္စတွေ၊ အဲ့ဒီကိစ္စတွေဆိုရင် ရွေးကောက်ပွဲမတိုင်ခင်မှာ ထုတ်ပြန်ရမယ့် ကိစ္စတွေ။ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေမှာ ပါတာတွေက လိုသလို ဆွဲလို့ရနေတယ်၊ ဟထားတာပေါ့နော်။ အဓိကကတော့ ကျမတို့ မြန်မာ့နိုင်ငံ ရွေးကောက်ပွဲ ဥပဒေတွေက ရေးဆွဲထားတာ ရှင်းလင်းပြတ်သားမှု အားနည်းတယ်။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ အဖွဲ့တွေမှာ အခက်အခဲတွေ ဖြစ်မလားဆိုတော့ ကျမတို့ လက်ရှိမှာ အချက်အလက်တွေ၊ စာရွက်စာတမ်းမပြောနဲ့ ဖုန်းဆက်မေးတာတောင်မှ အချက်အလက်ရရှိဖို့ မဖြစ်နိုင်အောင်ခက်နေတယ်။ နောက်ဥပဒေမှာ တိတိကျကျ မရေးထားတော့ လိုသလိုရှောင်လွှဲရေးတယ်။ နောက် တကျောင်း တရွာ၊ တဘာသာ တပုဒ်ဆန်းလို့ ပြောရမလားပဲ။ ပြည်ထောင်စုက တမျိုးပြောတယ်။ တိုင်းဒေသကြီး၊ မြို့နယ်တွေက မြို့နယ်ကော်မရှင်တွေက တမျိုးဖြစ်တယ်။ တနေရာနဲ့တနေရာ တပြေးညီမဖြစ်ဘူး ... လုပ်ထုံးလုပ်နည်းတွေက။"

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာတော့ မဲစာရင်းတွေ အပါအဝင် ရွေးကောက်ပွဲစာရွက် စာတမ်း ၁၁ မျိုးကို မှတ်တမ်း ထားရှိလိုကြောင်း အကြောင်းပြချက်နဲ့ တပ်မတော်က တောင်းခံထားပြီး၊ ပြည်တွင်း၊ ပြည်ပ မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲတွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ၊ ပယ်မဲစာရင်း၊ ကြိုတင်ဆန္ဒမဲလက်မှတ် လက်ခံဖြတ်ပိုင်းတွေ၊ မဲဆန္ဒရှင်စာရင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရတဲ့ ဆန္ဒမဲစာရင်း၊ အသုံးမပြုဘဲ ကျန်ရှိတဲ့ ဆန္ဒမဲလက်မှတ်စာရင်း၊ မဲရုံမှာအသုံးပြုတဲ့ မဲစာရင်း၊ အသုံးမပြုဘဲ ကျန်တဲ့ ဆန္ဒမဲလက်မှတ်နဲ့ လက်ခံဖြတ်ပိုင်းတွေ စတာတွေ ပါဝင်တယ်လို့လည်း ပြောပါတယ်။

ရွေးကောက်ပွဲစောင့်ကြည့် အကဲခတ်အဖွဲ့တခုဖြစ်တဲ့ ပွင့်လင်းမြန်မာက ဦးအေးကျော် ကတော့ တပ်မတော်နဲ့ ရွေးကောက်ပွဲ ကော်မရှင်ကြား အပြန်အလှန် ဥပဒေအကိုးအကားတွေနဲ့ အငြင်းပွားစရာ ဖြစ်နေရတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပြီလို့ ပြောပါတယ်။

"ဒီပြဿနာတွေ အားလုံးက ကျနော်တို့ နိုင်ငံမှာ right to information ပေါ့နော်။ သတင်းအချက်အလက် ဥပဒေ မပြဌာန်းသေးလို့၊ နောက်တခုကတော့ သတင်းအချက်အလက် ရယူခွင့်နဲ့ပတ်သက်လို့ အားနည်းနေသေးလို့ ပေါ်ပေါက်လာရတဲ့ ပြဿနာတွေပေါ့နော်။ ဒီ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ လေ့လာစောင့်ကြည့်သူတွေပဲဖြစ်ဖြစ်၊ တခြားသူတွေဖြစ်ဖြစ် ပြန်ပြီးတော့ သုံးသပ်ရမှာက ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေပေါ့နော်... အခြေခံဥပဒေပါ ပြဌာန်းချက်တွေရှိတယ်ဗျာ၊ ဒီ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေတွေရှိတယ်၊ ရွေးကောက်ပွဲဥပဒေတွေရှိမယ်ပေါ့ဗျာ။ ဒါတွေနဲ့ ပတ်သက်ပြီး ဥပဒေပိုင်းဆိုင်ရာ ပြန်ပြီးတော့ သုံးသပ်တာတွေ နောင်လာမယ့်အချိန်မှာ လိုအပ်လာပြီလို့ ကျနော်တော့ထင်ပါတယ်။"

ကိုဗစ်ကပ်ရောဂါကာလ ကျင်းပတဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာတုန်းကလည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ လွတ်လပ်မျှတမှု အခြေအနေအပေါ် စိုးရိမ်ကြောင်းနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေမှာ အားနည်းချက်တွေ ရှိခဲ့ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော်တာဝန်ရှိသူတွေက ပြောဆိုခဲ့တာကြောင့် အခြေအတင် ဖြစ်စရာတွေလည်း ကြုံခဲ့ရပါတယ်။

ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့တွေကတော့ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လွတ်လပ်မျှတမှုရှိကြောင်း သုံးသပ်ကြပါတယ်။ ဒါပေမဲ့လည်း လွတ်လပ်မျှတတဲ့ အခြေအနေတွေ မရှိဘူးဆိုပြီး ပြည်နယ်နဲ့ တိုင်း ၆ ခုက မဲဆန္ဒနယ်မြေတချို့ကို ပယ်ဖျက်ခဲ့တဲ့အတွက် မဲဆန္ဒရှင် ၁,၀၀၀,၀၀၀ ကျော် မဲပေးခွင့်ဆုံးရှုံးခဲ့ရတဲ့ အပေါ်မှာတော့ နိုင်ငံတကာ အသိုင်းအဝန်းက စိုးရိမ်တဲ့ သဘောထား တွေကိုလည်း ပြောဆိုခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG