သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တပ္မိသားစုဝင္ မဲေပးကိစၥ Facebook မွာေရးသားသူ ေထာင္ဒဏ္ခ်မွတ္ခံရ


၂၀၂၀ ေရြးေကာက္ပဲြအတြက္ ဆႏၵမဲေပးေနသည့္ မဲဆႏၵရွင္တစ္ဦး။ (ႏုိဝင္ဘာ ၈၊ ၂၀၂၀)

[Zawgyi/Unicode]

တပ္မေတာ္သား မိသားစု၀င္ မဲဆႏၵရွင္ေတြ ေရြးေကာက္ပဲြမွာ မဲေပးရာမွာ ဖိအားေပးခံခဲ့ရတယ္လို႔ လူမႈကြန္ယက္မွာ ေရးသားခဲ့သူ အမ်ဳိးသမီးတဦးကုိ တပ္မေတာ္အေပၚ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မနဲ႔ ဒီေန႔ပဲ ေထာင္ဒဏ္ ၉ လ ခ်မွတ္လိုက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၱာထြန္းက သတင္းေပးပို႔ထားပါတယ္။

ႏုိ၀င္ဘာလ ၈ ရက္ေန႔ ေရြးေကာက္ပဲြမွာ အင္အားႀကီးပါတီတခုျဖစ္တဲ့ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီကို မဲေပးဖို႔ တပ္မေတာ္သား မိသားစု၀င္ေတြကုိ ဖိအားေပးခဲ့တဲ့အေၾကာင္း ပခုကၠဴၿမိဳ႕နယ္ အမွတ္ ၂၃၅ ေျခလ်င္တပ္ရင္းက ေဆးဘက္ဆိုင္ရာ လက္ေထာက္အရာခံဗိုလ္ရဲ႕ သမီးျဖစ္သူ အသက္ ၂၅ ႏွစ္အ႐ြယ္ မသၪၨာသန္းမင္း လူမႈကြန္ရက္မွာ ေရးသားခဲ့တဲ့အတြက္ တရားစဲြဆုိ အေရးယူခံခဲ့ရတာ ျဖစ္ပါတယ္။ စက္တင္ဘာ ၂၃ ရက္ေန႔က Facebook လူမႈကြန္ယက္မွာ ေရးသားခဲ့တဲ့အေပၚ တပ္မေတာ္ကုိ အၾကည္ညိဳပ်က္ေစမႈပုဒ္မ ၅၀၅(က) နဲ႔ တပ္မ ၁၀၁ က ဒုတိယဗိုလ္မွဴးႀကီး ေအာင္ခိုင္ဝင္းက တပ္မေတာ္ကိုယ္စား တရားစြဲဆိုခဲ့တာျဖစ္ပါတယ္။

တရားခြင္မွာ မသၪၨာသန္းမင္းက ေတာင္းပန္ခဲ့တာအျပင္ အမ်ိဳးသမီးတဦး ျဖစ္ေနတဲ့အတြက္လည္း သတ္မွတ္ျပစ္ဒဏ္ထက္ ေလွ်ာ့ေပါ့ၿပီး တရား႐ုံးက ျပစ္ဒဏ္ခ်မွတ္လိုက္တာလုိ႔လည္း မသၪၨာသန္းမင္းရဲ႕ အက်ဳိးေဆာင္ေရွ႕ေန ေဒၚခ်ိဳခ်ိဳမာက ဗြီအုိေအကုိ ေျပာပါတယ္။

“လူမႈကြန္ယက္မွာ ေရးတာအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီးေတာ့အတြက္ပဲစြဲတာပါ။ တျခားအေၾကာင္းအရာ မပါပါဘူး။ တရားခြင္မွာ သူကိုယ္တိုင္ သက္ေသအျဖစ္ အစစ္ခံစဥ္တုန္းက သူျပဳလုပ္မိတာက မွားတယ္ဆိုရင္ သူေတာင္းပန္ပါတယ္ေပါ့ေနာ္။ အဲ့ဒီလို ထြက္ခ်က္ေတြလည္း ရွိခဲ့တဲ့အတြက္ သူ႔ကို တရားသူႀကီးက အမ်ိဳးသမီးျဖစ္တာက တစ္ေၾကာင္း ဒီလိုေတာင္းပန္ေျပာဆိုတာမ်ိဳးလည္း ရွိတယ္ေပါ့ေနာ္။ အဲ့ဒါေၾကာင့္သူကို ထိေရာက္ဟန္႔တားၿပီးေတာ့ သက္ညႇာတဲ့ ျပစ္ဒဏ္တစ္ခုကို ခ်မွတ္ေပးတယ္လို႔ပဲ ႐ုံးကေတာ့ အမိန္႔ခ်ထားတယ္။ အယူခံတက္ဖို႔တို႔၊ အယူခံျပင္ဆင္ဖို႔တို႔က အစီအစဥ္ကေတာ့ က်မက ခုေလာေလာဆယ္တို႔ တရားခံရယ္၊ သူမိဘေတြရဲ႕ ဆႏၵေတြရယ္ကိုေတာ့ မေမးရေသးဘူးေပါ့ေနာ္။ အဲ့ဒါေၾကာင့္ က်မကေတာ့ တရားခံနဲ႔ သူမိဘေတြရဲ႕ ဆႏၵအရပဲ ဆက္ၿပီးလုပ္ေဆာင္ဖို႔ ရွိမယ္။”

ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅(က) မွာ တပ္မေတာ္ရဲ႕ အက်ိဳးကိုပ်က္ျပားေစတဲ့ ေဖာ္ျပခ်က္၊ ထုတ္ျပန္ေၾကညာခ်က္၊ ေကာလဟာလ သတင္းေတြကုိ ျဖန္႔ေ၀ေၾကာင္း ျပစ္မႈထင္ရွားရင္ ေထာင္ဒဏ္ ၂ ႏွစ္အထိျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစခ်မွတ္ရမယ္လို႔ ျပဌာန္းထားပါတယ္။ မသၪၨာသန္းမင္းဟာ အခုျပစ္ဒဏ္ခ်မွတ္လုိက္တဲ့ အမႈအျပင္ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဃ) နဲ႔လည္း အမႈရင္ဆုိင္ေနရပါတယ္။

ျမန္မာႏိုင္ငံလြတ္လပ္ေသာေရွ႕ေနမ်ားအသင္းရဲ႕ အေထြေထြအတြင္းေရးမွဴး ဦးသိန္းသန္းဦးက မသၪၨာသန္းမင္းရဲ႕အမႈဟာ တရားစြဲဆိုဖို႔သင့္တဲ့ အမႈမ်ိဳးမဟုတ္ဘူးလို႔ သုံးသပ္ပါတယ္။

“တကယ္ကေတာ့ သည္းျငီးခံရမယ့္ကိစၥ ဆရာတစ္ေယာက္တည္းအျမင္နဲ႔ ေျပာရလို႔ရွိရင္ေလ။ တပ္မေတာ္ဆိုတာ Institution အႀကီးႀကီးပဲ ႏွစ္ေပါင္းမ်ားစြာ တည္ရွိလာတာ၊ ဒီကေလးမေလးဆိုရင္ ငယ္ပါေသးတယ္။ ဒီလိုလူေတြအေပၚမွာ အၿငိဳးအာဃာတ ဆိုတာမျဖစ္သင့္ဘူး။ လူႀကီးပီပီေဆာင္႐ြက္သင့္တယ္။ ဒီကေလးမေလးကို ဒီလို ေထာင္ခ်လိုက္တာက စဥ္းစားစရာျဖစ္သြားတာေပါ့ေနာ္။ စဥ္းစားစရာျဖစ္သြားတာေပါ့ေနာ္။ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းေျပာတဲ့အတိုင္းဆိုရင္ေတာ့ သူကို ဒီတစ္ခ်က္ NLD မဲေပးမယ့္ေျပာလို႔ အျပစ္ေပးတာမဟုတ္ဘူးလို႔ ဆိုတယ္။ အျခားကိစၥေတြရွိတယ္ဆိုေတာ့ အျခားကိစၥကို မသိေတာ့ ခုဒီလို အျပစ္ေပးလိုက္တာက အမ်ားအျမင္မွာ ဒါ NLD မဲေပးမယ္ေျပာလို႔ တပ္ထဲက ကေလးမေလးကို ေထာင္ခ်တယ္လို႔ ယူဆသြားစရာရွိတယ္။ အဲ့ဒီလိုအေျခအေနမ်ိဳးမွာ တရားကို မစြဲသင့္ဘူး ထင္တာပဲ။”

တခ်ိန္တည္းမွာပဲ ႏုိ၀င္ဘာလ ၈ ရက္ေန႔က ေရြးေကာက္ပဲြမွာ မသမာမႈေတြ မမွန္မကန္ လုပ္ရပ္ေတြ ရွိခဲ့တယ္ဆုိၿပီး ႏုိင္ငံေရးပါတီတခ်ဳိ႕က တုိင္ၾကားတာေတြ တရားစဲြဆုိတာေတြလည္း ရွိေနပါတယ္။ ဒီအထဲမွာ ေရြးေကာက္ပဲြတုန္းက မဲ႐ုံေတြမွာ တာ၀န္ယူခဲ့ၾကတဲ့ ေက်ာင္းဆရာ၊ ဆရာမေတြကို တရားစြဲဆိုတာေတြလည္း ပါ၀င္ေနတယ္လုိ႔ ေ႐ြးေကာက္ပြဲေလ့လာေစာင့္ၾကည့္တဲ့ ဖန္တီးအိမ္အဖြဲ႕ရဲ႕ ဒါ႐ိုက္တာ ေဒၚခင္ေလးငယ္က ေျပာပါတယ္။

“ေ႐ြးေကာက္ပြဲနည္းဥပေဒထဲမွာက ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့ မေက်နပ္မႈေတြ ဆိုရင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကို တိုက္႐ိုက္တင္ဖို႔ေပါ့ေနာ္။ ေကာ္မရွင္က ဒါကိုေျဖရွင္း ေပးမယ္ေပါ့။ ဒါေပမဲ့ ခုၾကားတဲ့ဟာကေတာ့ က်မတို႔ ၾကားတယ္ေပါ့ေနာ္။ က်မတို႔ ဆရာမ်ားသမဂၢတို႔ ဘာတို႔က ထုတ္ျပန္တဲ့ ေၾကညာခ်က္ေတြအရ ၾကားရတာကေတာ့ မဲ႐ုံတာဝန္ထမ္းေဆာင္တဲ့သူေတြကို မွားယြင္းစီမံခန္႔ခြဲမႈ ရွိတယ္ဆိုတဲ့ဟာမ်ိဳးေတြ တိုင္တာပိုၾကားတယ္။”

၂၀၁၅ ေ႐ြးေကာက္ပြဲနဲ႔ ယွဥ္ရင္ ဒီ ၂၀၂၀ ေ႐ြးေကာက္ပြဲဟာ ေ႐ြးေကာက္ပြဲလြန္ကာလမွာ မေက်နပ္မႈေတြနဲ႔ တိုင္ၾကားမႈေတြက ၅ ဆေလာက္ျမင့္တက္လာတာေတြ႕ရတယ္လို႔လည္း ေဒၚခင္ေလးငယ္က ေျပာပါတယ္။

မဲ႐ုံမွာ တာဝန္ထမ္းေဆာင္ၾကတဲ့ ဆရာ၊ ဆရာမေတြကို တရားစြဲတဲ့ လုပ္ရပ္ေတြကုိ ရပ္ဆုိင္းဖုိ႔နဲ႔ အမႈရင္ဆုိင္ရသူေတြအတြက္ အက်ဳိးေဆာင္ေပးဖုိ႔လည္း ျမန္မာႏိုင္ငံေရွ႕ေနမ်ားကြန္ယက္ႏွင့္ ျမန္မာႏိုင္ငံလြတ္လပ္ေသာ ေရွ႕ေနမ်ားအသင္းက ကမ္းလွမ္းထားပါတယ္။

ျမန္မာႏိုင္ငံလြတ္လပ္ေသာ ေရွ႕ေနမ်ားအသင္း အေထြေထြအတြင္းေရးမွဴး ဦးသိန္းသန္းဦးကေတာ့ ေရြးေကာက္ပဲြမွာ တာ၀န္ယူခဲ့ၾကတဲ့ ဆရာ၊ ဆရာမေတြအေပၚ တရားစဲြဖုိ႔ ႀကိဳးပမ္းတဲ့လုပ္ရပ္ဟာ မလုပ္သင့္တဲ့လုပ္ရပ္လုိ႔ ျမင္ပါတယ္။

“ကိုဗစ္ကူးစက္ခံရလို႔ ႏွစ္ေယာက္ေတာင္ အသက္ဆုံးသြားၿပီ။ အဲ့ဒီလို အသက္စြန္႔လုပ္ေဆာင္ေပးတဲ့ ဆရာမေတြကို တရားစြဲတယ္ဆိုတာကေတာ့ သူ႔ရဲ႕ အခြင့္အေရးျဖစ္တယ္။ ေ႐ြးေကာက္ပြဲဥပေဒမွာ ျပဌာန္းထားတဲ့ ဥပေဒေတြအရ တရားစြဲတာဆိုရင္ေတာ့ မစြဲနဲ႔လို႔ေတာ့ ေျပာဖို႔ခက္တာေပါ့။ ဒါက ဥပေဒသေဘာကိုေျပာတာေနာ္။ ႏိုင္ငံေရးပါတီတစ္ရပ္အေနနဲ႔ ေျပာရရင္ေတာ့ သိကၡာက်တယ္။ သိကၡာက်တယ္။ ဒါက ႂကြက္မႏိုင္ က်ီမီးရႈိ႕လုပ္သလို မဲက ရႈံးတာကလည္း တစ္မဲ၊ ႏွစ္မဲ၊ ၁၀၀၊ ၂၀၀၊ ၁,၀၀၀၊ ၂,၀၀၀၊ ၁၀,၀၀၀၊ ၂၀,၀၀၀ ကို မဟုတ္ဘူး။ သိန္းနဲ႔ခ်ီၿပီး အရွက္တကြဲအက်ိဳးနည္း ခြက္ခြက္လန္ရႈံးထားတာ။ ဒါရႈံးမဲ မဲေနတာပါလို႔ အမ်ားက ထင္စရာရွိတယ္။ ႏိုင္ငံေရးပါတီႀကီးတစ္ရပ္အေနနဲ႔ဆိုရင္ ဒါမ်ိဳးက မလုပ္သင့္ဘူးလို႔ထင္တယ္။”

ေ႐ြးေကာက္ပြဲမွာ မဲ႐ုံတာဝန္ထမ္းေဆာင္ၾကတဲ့ ပညာေရးဝန္ထမ္းေတြကို ဒီလိုတိုင္ၾကားတာမ်ိဳးက ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းက ေနျပည္ေတာ္မွာ တစ္မႈ ရွိခဲ့ဖူးပါတယ္။ ဒီႏွစ္ေ႐ြးေကာက္ပြဲမွာေတာ့ ပညာေရးဝန္ထမ္း ၂ ဦးအေပၚ တရားစြဲဆိုထားတာ အပါအဝင္ ေ႐ြးေကာက္ပြဲနဲ႔ ဆက္ႏြယ္ၿပီး တရားစြဲထားတဲ့ အမႈေပါင္း ၁၀၀ ေက်ာ္ ရွိပါတယ္။ ႏုိ၀င္ဘာလ ၈ ရက္ေန႔က က်င္းပခဲ့တဲ့ ေရြးေကာက္ပဲြကုိေတာ့ ျပည္တြင္းျပည္ပက ေစာင့္ၾကည့္အကဲခတ္အဖြဲ႔ေတြကေတာ့ လြတ္လပ္ၿပီး မွ်တတဲ့ ေရြးေကာက္ပဲြ အျဖစ္နဲ႔လည္း အသိအမွတ္ျပဳ ေျပာဆုိထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တပ်မိသားစုဝင် မဲပေးကိစ္စ Facebook မှာရေးသားသူ ထောင်ဒဏ်ချမှတ်ခံရ

တပ်မတော်သား မိသားစုဝင် မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲမှာ မဲပေးရာမှာ ဖိအားပေးခံခဲ့ရတယ်လို့ လူမှုကွန်ယက်မှာ ရေးသားခဲ့သူ အမျိုးသမီးတဦးကို တပ်မတော်အပေါ် အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ ဒီနေ့ပဲ ထောင်ဒဏ် ၉ လ ချမှတ်လိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက သတင်းပေးပို့ထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အင်အားကြီးပါတီတခုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို မဲပေးဖို့ တပ်မတော်သား မိသားစုဝင်တွေကို ဖိအားပေးခဲ့တဲ့အကြောင်း ပခုက္ကူမြို့နယ် အမှတ် ၂၃၅ ခြေလျင်တပ်ရင်းက ဆေးဘက်ဆိုင်ရာ လက်ထောက်အရာခံဗိုလ်ရဲ့ သမီးဖြစ်သူ အသက် ၂၅ နှစ်အရွယ် မသဉ္ဇာသန်းမင်း လူမှုကွန်ရက်မှာ ရေးသားခဲ့တဲ့အတွက် တရားစွဲဆို အရေးယူခံခဲ့ရတာ ဖြစ်ပါတယ်။ စက်တင်ဘာ ၂၃ ရက်နေ့က Facebook လူမှုကွန်ယက်မှာ ရေးသားခဲ့တဲ့အပေါ် တပ်မတော်ကို အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က) နဲ့ တပ်မ ၁၀၁ က ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်ဝင်းက တပ်မတော်ကိုယ်စား တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

တရားခွင်မှာ မသဉ္ဇာသန်းမင်းက တောင်းပန်ခဲ့တာအပြင် အမျိုးသမီးတဦး ဖြစ်နေတဲ့အတွက်လည်း သတ်မှတ်ပြစ်ဒဏ်ထက် လျှော့ပေါ့ပြီး တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်တာလို့လည်း မသဉ္ဇာသန်းမင်းရဲ့ အကျိုးဆောင်ရှေ့နေ ဒေါ်ချိုချိုမာက ဗွီအိုအေကို ပြောပါတယ်။

“လူမှုကွန်ယက်မှာ ရေးတာအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့အတွက်ပဲစွဲတာပါ။ တခြားအကြောင်းအရာ မပါပါဘူး။ တရားခွင်မှာ သူကိုယ်တိုင် သက်သေအဖြစ် အစစ်ခံစဉ်တုန်းက သူပြုလုပ်မိတာက မှားတယ်ဆိုရင် သူတောင်းပန်ပါတယ်ပေါ့နော်။ အဲ့ဒီလို ထွက်ချက်တွေလည်း ရှိခဲ့တဲ့အတွက် သူ့ကို တရားသူကြီးက အမျိုးသမီးဖြစ်တာက တစ်ကြောင်း ဒီလိုတောင်းပန်ပြောဆိုတာမျိုးလည်း ရှိတယ်ပေါ့နော်။ အဲ့ဒါကြောင့်သူကို ထိရောက်ဟန့်တားပြီးတော့ သက်ညှာတဲ့ ပြစ်ဒဏ်တစ်ခုကို ချမှတ်ပေးတယ်လို့ပဲ ရုံးကတော့ အမိန့်ချထားတယ်။ အယူခံတက်ဖို့တို့၊ အယူခံပြင်ဆင်ဖို့တို့က အစီအစဉ်ကတော့ ကျမက ခုလောလောဆယ်တို့ တရားခံရယ်၊ သူမိဘတွေရဲ့ ဆန္ဒတွေရယ်ကိုတော့ မမေးရသေးဘူးပေါ့နော်။ အဲ့ဒါကြောင့် ကျမကတော့ တရားခံနဲ့ သူမိဘတွေရဲ့ ဆန္ဒအရပဲ ဆက်ပြီးလုပ်ဆောင်ဖို့ ရှိမယ်။”

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) မှာ တပ်မတော်ရဲ့ အကျိုးကိုပျက်ပြားစေတဲ့ ဖော်ပြချက်၊ ထုတ်ပြန်ကြေညာချက်၊ ကောလဟာလ သတင်းတွေကို ဖြန့်ဝေကြောင်း ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမယ်လို့ ပြဌာန်းထားပါတယ်။ မသဉ္ဇာသန်းမင်းဟာ အခုပြစ်ဒဏ်ချမှတ်လိုက်တဲ့ အမှုအပြင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့လည်း အမှုရင်ဆိုင်နေရပါတယ်။

မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဦးသိန်းသန်းဦးက မသဉ္ဇာသန်းမင်းရဲ့အမှုဟာ တရားစွဲဆိုဖို့သင့်တဲ့ အမှုမျိုးမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“တကယ်ကတော့ သည်းငြီးခံရမယ့်ကိစ္စ ဆရာတစ်ယောက်တည်းအမြင်နဲ့ ပြောရလို့ရှိရင်လေ။ တပ်မတော်ဆိုတာ Institution အကြီးကြီးပဲ နှစ်ပေါင်းများစွာ တည်ရှိလာတာ၊ ဒီကလေးမလေးဆိုရင် ငယ်ပါသေးတယ်။ ဒီလိုလူတွေအပေါ်မှာ အငြိုးအာဃာတ ဆိုတာမဖြစ်သင့်ဘူး။ လူကြီးပီပီဆောင်ရွက်သင့်တယ်။ ဒီကလေးမလေးကို ဒီလို ထောင်ချလိုက်တာက စဉ်းစားစရာဖြစ်သွားတာပေါ့နော်။ စဉ်းစားစရာဖြစ်သွားတာပေါ့နော်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြောတဲ့အတိုင်းဆိုရင်တော့ သူကို ဒီတစ်ချက် NLD မဲပေးမယ့်ပြောလို့ အပြစ်ပေးတာမဟုတ်ဘူးလို့ ဆိုတယ်။ အခြားကိစ္စတွေရှိတယ်ဆိုတော့ အခြားကိစ္စကို မသိတော့ ခုဒီလို အပြစ်ပေးလိုက်တာက အများအမြင်မှာ ဒါ NLD မဲပေးမယ်ပြောလို့ တပ်ထဲက ကလေးမလေးကို ထောင်ချတယ်လို့ ယူဆသွားစရာရှိတယ်။ အဲ့ဒီလိုအခြေအနေမျိုးမှာ တရားကို မစွဲသင့်ဘူး ထင်တာပဲ။”

တချိန်တည်းမှာပဲ နိုဝင်ဘာလ ၈ ရက်နေ့က ရွေးကောက်ပွဲမှာ မသမာမှုတွေ မမှန်မကန် လုပ်ရပ်တွေ ရှိခဲ့တယ်ဆိုပြီး နိုင်ငံရေးပါတီတချို့က တိုင်ကြားတာတွေ တရားစွဲဆိုတာတွေလည်း ရှိနေပါတယ်။ ဒီအထဲမှာ ရွေးကောက်ပွဲတုန်းက မဲရုံတွေမှာ တာဝန်ယူခဲ့ကြတဲ့ ကျောင်းဆရာ၊ ဆရာမတွေကို တရားစွဲဆိုတာတွေလည်း ပါဝင်နေတယ်လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့ ဖန်တီးအိမ်အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်ခင်လေးငယ်က ပြောပါတယ်။

“ရွေးကောက်ပွဲနည်းဥပဒေထဲမှာက ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မကျေနပ်မှုတွေ ဆိုရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုက်ရိုက်တင်ဖို့ပေါ့နော်။ ကော်မရှင်က ဒါကိုဖြေရှင်း ပေးမယ်ပေါ့။ ဒါပေမဲ့ ခုကြားတဲ့ဟာကတော့ ကျမတို့ ကြားတယ်ပေါ့နော်။ ကျမတို့ ဆရာများသမဂ္ဂတို့ ဘာတို့က ထုတ်ပြန်တဲ့ ကြေညာချက်တွေအရ ကြားရတာကတော့ မဲရုံတာဝန်ထမ်းဆောင်တဲ့သူတွေကို မှားယွင်းစီမံခန့်ခွဲမှု ရှိတယ်ဆိုတဲ့ဟာမျိုးတွေ တိုင်တာပိုကြားတယ်။”

၂၀၁၅ ရွေးကောက်ပွဲနဲ့ ယှဉ်ရင် ဒီ ၂၀၂၀ ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲလွန်ကာလမှာ မကျေနပ်မှုတွေနဲ့ တိုင်ကြားမှုတွေက ၅ ဆလောက်မြင့်တက်လာတာတွေ့ရတယ်လို့လည်း ဒေါ်ခင်လေးငယ်က ပြောပါတယ်။

မဲရုံမှာ တာဝန်ထမ်းဆောင်ကြတဲ့ ဆရာ၊ ဆရာမတွေကို တရားစွဲတဲ့ လုပ်ရပ်တွေကို ရပ်ဆိုင်းဖို့နဲ့ အမှုရင်ဆိုင်ရသူတွေအတွက် အကျိုးဆောင်ပေးဖို့လည်း မြန်မာနိုင်ငံရှေ့နေများကွန်ယက်နှင့် မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်းက ကမ်းလှမ်းထားပါတယ်။

မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း အထွေထွေအတွင်းရေးမှူး ဦးသိန်းသန်းဦးကတော့ ရွေးကောက်ပွဲမှာ တာဝန်ယူခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေအပေါ် တရားစွဲဖို့ ကြိုးပမ်းတဲ့လုပ်ရပ်ဟာ မလုပ်သင့်တဲ့လုပ်ရပ်လို့ မြင်ပါတယ်။

“ကိုဗစ်ကူးစက်ခံရလို့ နှစ်ယောက်တောင် အသက်ဆုံးသွားပြီ။ အဲ့ဒီလို အသက်စွန့်လုပ်ဆောင်ပေးတဲ့ ဆရာမတွေကို တရားစွဲတယ်ဆိုတာကတော့ သူ့ရဲ့ အခွင့်အရေးဖြစ်တယ်။ ရွေးကောက်ပွဲဥပဒေမှာ ပြဌာန်းထားတဲ့ ဥပဒေတွေအရ တရားစွဲတာဆိုရင်တော့ မစွဲနဲ့လို့တော့ ပြောဖို့ခက်တာပေါ့။ ဒါက ဥပဒေသဘောကိုပြောတာနော်။ နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ ပြောရရင်တော့ သိက္ခာကျတယ်။ သိက္ခာကျတယ်။ ဒါက ကြွက်မနိုင် ကျီမီးရှို့လုပ်သလို မဲက ရှုံးတာကလည်း တစ်မဲ၊ နှစ်မဲ၊ ၁၀၀၊ ၂၀၀၊ ၁,၀၀၀၊ ၂,၀၀၀၊ ၁၀,၀၀၀၊ ၂၀,၀၀၀ ကို မဟုတ်ဘူး။ သိန်းနဲ့ချီပြီး အရှက်တကွဲအကျိုးနည်း ခွက်ခွက်လန်ရှုံးထားတာ။ ဒါရှုံးမဲ မဲနေတာပါလို့ အများက ထင်စရာရှိတယ်။ နိုင်ငံရေးပါတီကြီးတစ်ရပ်အနေနဲ့ဆိုရင် ဒါမျိုးက မလုပ်သင့်ဘူးလို့ထင်တယ်။”

ရွေးကောက်ပွဲမှာ မဲရုံတာဝန်ထမ်းဆောင်ကြတဲ့ ပညာရေးဝန်ထမ်းတွေကို ဒီလိုတိုင်ကြားတာမျိုးက ၂၀၁၅ ရွေးကောက်ပွဲတုန်းက နေပြည်တော်မှာ တစ်မှု ရှိခဲ့ဖူးပါတယ်။ ဒီနှစ်ရွေးကောက်ပွဲမှာတော့ ပညာရေးဝန်ထမ်း ၂ ဦးအပေါ် တရားစွဲဆိုထားတာ အပါအဝင် ရွေးကောက်ပွဲနဲ့ ဆက်နွယ်ပြီး တရားစွဲထားတဲ့ အမှုပေါင်း ၁၀၀ ကျော် ရှိပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကိုတော့ ပြည်တွင်းပြည်ပက စောင့်ကြည့်အကဲခတ်အဖွဲ့တွေကတော့ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ အဖြစ်နဲ့လည်း အသိအမှတ်ပြု ပြောဆိုထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG