သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္အေရး ဂ်ပန္ၾကားဝင္ကူညီမႈအေပၚ ရခိုင္ကိုယ္စားလွယ္တခ်ဳိ႕ ႀကိဳဆို


စစ္ေတြၿမိဳ႕ကုိ ေရာက္ရွိလာတဲ့ ဂ်ပန္အစိုးရ အထူးကိုယ္စားလွယ္ Mr. Yohei Sasakawa နဲ႔အဖြဲ႔။ (ႏုိဝင္ဘာ ၂၈၊ ၂၀၂၀။ ဓာတ္ပုံ - တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔)

(Zawgyi / Unicode)

ရခိုင္ျပည္နယ္မွာ စစ္ပြဲေတြ အဆံုးသတ္ၿပီး ေရြးေကာက္ပြဲ ျပန္လည္က်င္းပႏုိင္ေရး ဂ်ပန္ႏိုင္ငံက ၾကားဝင္ႀကိဳးစားေပးေနတဲ့အေပၚ ေရြးေကာက္ခံ ရခိုင္တိုင္းရင္းသားေရးရာဝန္ႀကီးက ႀကိဳဆိုလိုက္ပါတယ္။ ျမန္မာႏိုင္ငံ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးဆိုင္ရာ ဂ်ပန္အစိုးရ ကိုယ္စားလွယ္ရဲ႕ ရခိုင္ခရီးစဥ္ကေန ဂ်ပန္ရဲ႕ ၾကားဝင္ကူညီေျဖရွင္းေပးႏိုင္မႈ ရခိုင္ျပည္သူေတြဘက္က ဘယ္လိုတံု႔ျပန္သလဲဆိုတာကို မဆုမြန္ စုစည္းတင္ျပေပးထားပါတယ္။

စစ္ေရးတင္းမာမႈေတြရွိေနတဲ့ ရခိုင္ျပည္နယ္ထဲက ဘူးသီးေတာင္ၿမိဳ႕နယ္နဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ေတြဆီ ျမန္မာႏုိင္ငံ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးဆိုင္ရာ ဂ်ပန္အစိုးရ အထူးကိုယ္စားလွယ္ ဂ်ပန္နိပြန္ေဖာင္ေဒးရွင္း ဥကၠ႒ Mr. Yohei Sasakawa ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႔ဟာ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တုိင္မွဴးနဲ႔အတူ တပ္မေတာ္ရဟတ္ယာဥ္ေတြနဲ႔ မေန႔ စေနေန႔တုန္းက သြားေရာက္ခဲ့တာပါ။

ရခုိင္ေဒသခံေတြနဲ႔ ေတြ႔ဆုံေနတဲ့ ဂ်ပန္အစိုးရ အထူးကိုယ္စားလွယ္ Mr. Yohei Sasakawa. (ႏုိဝင္ဘာ ၂၈၊ ၂၀၂၀။ ဓာတ္ပုံ - တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔)
ရခုိင္ေဒသခံေတြနဲ႔ ေတြ႔ဆုံေနတဲ့ ဂ်ပန္အစိုးရ အထူးကိုယ္စားလွယ္ Mr. Yohei Sasakawa. (ႏုိဝင္ဘာ ၂၈၊ ၂၀၂၀။ ဓာတ္ပုံ - တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔)


ျမန္မာႏိုင္ငံ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးဆိုင္ရာ ဂ်ပန္အစိုးရ အထူးကိုယ္စားလွယ္ဘက္က ရခိုင္ေဒသခံ ျပည္သူေတြ ရင္ဆိုင္ေနရတဲ့ စီးပြားေရး၊ ပညာေရး၊ က်န္းမာေရးဆိုင္ရာကိစၥေတြ၊ ေဒသတြင္း ရခိုင္တိုင္းရင္းသား လက္နက္ကိုင္တပ္နဲ႔ အစိုးရတပ္တို႔ၾကား လက္နက္ကိုင္ပဋိပကၡေတြ ျဖစ္ပြားေနတဲ့ အေျခအေနနဲ႔ ၂၀၂၀ ေရြးေကာက္ပြဲ မက်င္းပျဖစ္ခဲ့တဲ့အတြက္ ေဒသခံေတြရဲ႕ သေဘာထားေတြကို ကိုယ္တိုင္ေတြ႔ဆုံ ေမးျမန္းခဲ့သလို ရခိုင္တိုက္ပြဲေရွာင္ျပည္သူေတြ လိုအပ္တဲ့ လူသားခ်င္းစာနာမႈဆိုင္ရာ ေထာက္ပံ့ေရး ပစၥည္းေတြကိုလည္း လွဴဒါန္းခဲ့ပါတယ္။

ျမန္မာႏုိင္ငံ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးဆိုင္ရာ ဂ်ပန္အစိုးရ အထူးကိုယ္စားလွယ္ရဲ႕ ရခိုင္ခရီးစဥ္အေပၚ လက္ရွိ ရခိုင္အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ၂၀၂၀ ျပည့္ႏွစ္ ေရြးေကာက္ခံ ရန္ကုန္တိုင္းရဲ႕ ရခိုင္တိုင္းရင္းသားေရးရာဝန္ႀကီး မထုေမက အခုလို သုံးသပ္ပါတယ္။

"အခုလိုမ်ိဳး ဂ်ပန္ႏိုင္ငံရဲ႕ ၾကားဝင္ဖ်န္ေျဖမႈသာရွိခဲ့မယ္၊ ၿပီးရင္ ေရြးေကာက္ပြဲေတြ ျပန္က်င္းပႏိုင္မယ္၊ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ထဲမွာ ေစ့စပ္ညႇိႏႈိင္းေပးမယ့္ ႏိုင္ငံအေနနဲ႔ ပါဝင္လာမယ္ဆိုရင္ က်မတို႔အေနနဲ႔ ႀကိဳဆိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ၾကားဝင္ဖ်န္ေျဖေပးတဲ့ႏိုင္ငံဟာ သမာသမတ္က်မယ္၊ တကယ္တမ္း ျပည္သူ႔အက်ိဳးစီးပြားကို ယူေဆာင္လာႏိုင္တဲ့ အေျခအေနမ်ိဳးမွာ ျဖစ္မယ္ဆိုရင္ေတာ့ က်မတို႔အတြက္ အေကာင္းဆုံးျဖစ္ပါတယ္။ ရခိုင္ျပည္နယ္ရဲ႕ အခင္းအက်င္းထဲမွာ ဂ်ပန္အေနနဲ႔ ပါဝင္မႈကို က်မတို႔ ႀကိဳဆိုသလိုပဲ ဒါကို ဆက္လက္ျဖစ္ထြန္းဖို႔ရာကိုလည္း က်မတို႔ အားေပးခ်င္တယ္။ ဒီလိုေဆာင္ရြက္တဲ့ အခါမွာလည္း အစိုးရေရာ တပ္မေတာ္ေရာ ေနာက္ AA ေပါ့ေနာ္ ဒီအဖြဲ႔ေတြကေနၿပီးေတာ့ ခိုင္ခိုင္မာမာနဲ႔ စတင္ဖို႔လိုပါတယ္။ ဒါမွသာ ျပည္သူေတြလိုလားတဲ့ ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။

“ဒီအေျခအေနဟာ ရခိုင္အတြက္ ေကာင္းမြန္တဲ့အေျခအေန ျဖစ္သလိုပဲ တကယ္လို႔သာ ဂ်ပန္ႏိုင္ငံနဲ႔ မဟာမိတ္ႏိုင္ငံ တခ်ိဳ႕ေတြပါ ပါဝင္လာမယ္ဆိုရင္ ပိုၿပီးသင့္ေတာ္တယ္။ ဒါေပမယ့္ ၾကားဝင္ဖ်န္ေျဖမႈ ေဆာင္ရြက္တဲ့အခါမွာလည္း ျမန္မာႏုိင္ငံရဲ႕ ဖက္ဒရယ္ေဖာင္ေဒးရွင္းအေပၚမွာ အေျခခံတဲ့ ၾကားဝင္ဖ်န္ေျဖေပးမႈ ေရရွည္မွာ အလားအလာေကာင္းတဲ့ ေရရွည္အက်ိဳးစီးပြားအတြက္ ေဆာင္ရြက္ႏိုင္မယ္ ဆုိလို႔ရွိရင္ေတာ့ ျမန္မာႏိုင္ငံအတြက္ ဒီမိုကေရစီ အေရြ႕မွာေရာ ျမန္မာ့ၿငိမ္းခ်မ္းေရးမွာေရာ စိတ္ခ်ရတဲ့ အေျခအေနကို ေရာက္သြားမယ္ ဆုိလို႔ရွိရင္ေတာ့ ဒါဟာ ေကာင္းမြန္တဲ့ အေျခအေနတရပ္လို႔ က်မတို႔ သုံးသပ္လို႔ ရပါမယ္ရွင့္။"

စစ္ေရးပဋိပကၡသာမက ကပ္ေရာဂါ ကိုဗစ္အႏၲရာယ္ေတြနဲ႔ပါ ရင္ဆိုင္ေနရတဲ့ ရခိုင္စစ္ေရွာင္ျပည္သူေတြအေရး ကူညီေပးတဲ့ အတြက္ေရာ ရခိုင္ၿငိမ္းခ်မ္းေရးအတြက္ပါ အေလးအနက္ထားၿပီး ဂ်ပန္အစိုးရ ကိုယ္စားလွယ္ဘက္က ရခိုင္ေဒသခံေတြနဲ႔ ကြင္းဆင္းေတြ႔ဆုံေဆြးေႏြးမႈကို ကမန္အမ်ိဳးသား တိုးတက္ေရးပါတီရဲ႕ ဒုဥကၠ႒ ဦးတင္ေငြက ႀကိဳဆိုပါတယ္။

"ဒီ ဂ်ပန္သံအမတ္ႀကီးကိုယ္တိုင္ ၾကားဝင္ေစ့စပ္ ညိႇႏႈိင္းေပးတာနဲ႔ ပတ္သက္လို႔ေတာ့ က်ေနာ္တို႔က ႀကိဳဆိုပါတယ္။ ရခိုင္ျပည္နယ္ရဲ႕ ၿငိမ္းခ်မ္းေရးနဲ႔ စစ္ေရးအလားအလာေတြကို ေလွ်ာ့ခ်ႏိုင္တဲ့ အေနအထားမ်ိဳး ျဖစ္လာႏိုင္စရာ အေၾကာင္းရွိတယ္လို႔ က်ေနာ္ကျမင္ပါတယ္။ က်ေနာ္တို႔ ရခိုင္မွာက အခက္အခဲေတြ အမ်ားႀကီးရွိပါတယ္ဗ်။ စစ္ေရးပဋိပကၡေတြရွိတယ္၊ ေနာက္ စစ္ေဘးေရွာင္ေတြရွိတယ္။ ၾကားထဲ ကိုဗစ္ျပႆနာနဲ႔ဆိုေတာ့ ေတာ္ေတာ္ေလးကို ေဒသခံျပည္သူေတြက အခက္အခဲေပါင္း ေျမာက္ျမားစြာနဲ႔ ရင္ဆိုင္ႀကဳံေတြ႔ေနရတဲ့ အေနအထားေပါ့။ ဒီ ဂ်ပန္အစိုးရက ကူညီတာကေတာ့ ရခိုင္ျပည္နယ္အတြက္လည္း အက်ိဳးရွိသလို ျပည္ေထာင္စုအစိုးရအတြက္လည္း ဒီအေပၚမွာ ၿငိမ္းခ်မ္းေရးလမ္းစတခု ျဖစ္သြားလိမ့္မယ္လို႔ အဲ့လို က်ေနာ္ကေတာ့ ျမင္ပါတယ္။”

ရခုိင္ေဒသခံေတြနဲ႔ ေတြ႔ဆုံေနတဲ့ ဂ်ပန္အစိုးရ အထူးကိုယ္စားလွယ္ Mr. Yohei Sasakawa. (ႏုိဝင္ဘာ ၂၈၊ ၂၀၂၀။ ဓာတ္ပုံ - တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔)
ရခုိင္ေဒသခံေတြနဲ႔ ေတြ႔ဆုံေနတဲ့ ဂ်ပန္အစိုးရ အထူးကိုယ္စားလွယ္ Mr. Yohei Sasakawa. (ႏုိဝင္ဘာ ၂၈၊ ၂၀၂၀။ ဓာတ္ပုံ - တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔)


လတ္တေလာ အပစ္ရပ္ၿပီး တိုက္ပြဲေတြ ၿငိမ္သက္စျပဳေနတဲ့ ရခိုင္ျပည္နယ္ရဲ႕ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ တိုးတက္လာႏိုင္ေရး ဂ်ပန္အပါအဝင္ လူပုဂၢိဳလ္၊ အဖြဲ႔အစည္းေတြရဲ႕ ၾကားဝင္ေစ့စပ္ ညိႇႏႈိင္းမႈေတြရဲ႕ အလားအလာအေပၚ ႏိုင္ငံေရးအကဲခတ္ ဦးေမာင္ေမာင္စိုးက အခုလိုသုံးသပ္ပါတယ္။

"ေလာေလာဆယ္မွာေတာ့ တပ္နဲ႔ AA ၾကား ႏွစ္ဖက္အပစ္ရပ္မွာကို သူညႇိႏႈိင္းေပးတာ သိရတယ္ဗ်။ ဒါကေတာ့ လက္ေတြ႔က်တဲ့ျဖစ္ရပ္ပဲ။ ဒါေပမယ့္ တကယ္တမ္း Bilateral ထိုးဖို႔တို႔ တပ္ေနရာခ်ထားေရးတို႔ကေတာ့ ဆက္ေဆြးေႏြးရမယ့္ကိစၥေတြ ျဖစ္တာေပါ့။ အဲ့ဒါေတြလည္း ဆက္ေဆြးေႏြးဖို႔ ႀကိဳးစားေနၾကတယ္ဆိုတဲ့ သတင္းေတြ ၾကားေနရတဲ့ အတြက္ေၾကာင့္မို႔ ဒါေတြကေတာ့ က်ေနာ္တို႔ ႀကိဳဆိုရမယ့္အခ်က္ပါ။ ဒီအေျခအေနကေတာ့ ဂ်ပန္ရဲ႕ ဝင္ေရာက္ေစ့စပ္ညႇိႏႈိင္းမႈရဲ႕ ေကာင္းတဲ့ရလဒ္လို႔ ေျပာရမွာေပါ့။ ဒုတိယတခ်က္ကေတာ့ သူႀကိဳးစားေနတာက ေရြးေကာက္ပြဲ မက်င္းပျဖစ္ခဲ့တဲ့ ရခိုင္ၿမိဳ႕နယ္ ၉ ၿမိဳ႕နယ္ရွိတာကိုး။ အဲဒီမွာ ေနာက္ဆက္တြဲ ေရြးေကာက္ပြဲ က်င္းပႏိုင္ေရး ႀကိဳးစားေနတယ္။ ဘယ္ေလာက္အထိ ေအာင္ျမင္မလဲ က်ေနာ္တို႔ ေစာင့္ၾကည့္ေနရဦးမယ္ ထင္ပါတယ္။ ဒီ ရခိုင္ခရီးစဥ္မွာလည္း တပ္မေတာ္ဘက္က ကူညီေပးတာမ်ိဳး ေတြ႔ရသလို ေနာက္ ANP နဲ႔ေတြ႔တယ္၊ ေနာက္ ရခိုင္စစ္ေဘးဒုကၡသည္ေတြအတြက္ ေဒၚလာ ၂ သိန္း တန္ဖိုးရွိတဲ့ပစၥည္းေတြ လွဴတာ၊ ကတိကဝတ္ေတြ ေပးသြားတာလည္း ေတြ႔ရပါတယ္။ အဲ့ေတာ့ ေရွ႕မွာလည္း ဒီလို ပူးေပါင္းေဆာင္ရြက္မႈေတြ ေတြ႔ရမယ္လို႔ တြက္ရမွာပါ။”

ဒီလ ႏုိဝင္ဘာလဆန္းပိုင္းတုန္းက ျမန္မာႏိုင္ငံ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးဆိုင္ရာ ဂ်ပန္အစိုးရရဲ႕ အထူးကိုယ္စားလွယ္ဟာ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္နဲ႔ပါ ေနျပည္ေတာ္မွာ သီးျခားစီ ေတြ႔ဆံုခဲ့ၾကၿပီး ေရြးေကာက္ပြဲဆိုင္ရာ ကိစၥေတြနဲ႔ ျမန္မာ့ၿငိမ္းခ်မ္းေရး အေျခအေနေတြကိုလည္း ေဆြးေႏြးခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ရခိုင်အရေး ဂျပန်ကြားဝင်ကူညီမှုအပေါ် ရခိုင်ကိုယ်စားလှယ်တချို့ ကြိုဆို

ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေ အဆုံးသတ်ပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး ဂျပန်နိုင်ငံက ကြားဝင်ကြိုးစားပေးနေတဲ့အပေါ် ရွေးကောက်ခံ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက ကြိုဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ ကိုယ်စားလှယ်ရဲ့ ရခိုင်ခရီးစဉ်ကနေ ဂျပန်ရဲ့ ကြားဝင်ကူညီဖြေရှင်းပေးနိုင်မှု ရခိုင်ပြည်သူတွေဘက်က ဘယ်လိုတုံ့ပြန်သလဲဆိုတာကို မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ရခိုင်ပြည်နယ်ထဲက ဘူးသီးတောင်မြို့နယ်နဲ့ ကျောက်တော်မြို့နယ်တွေဆီ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ် ဂျပန်နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr. Yohei Sasakawa ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်မှူးနဲ့အတူ တပ်မတော်ရဟတ်ယာဉ်တွေနဲ့ မနေ့ စနေနေ့တုန်းက သွားရောက်ခဲ့တာပါ။

မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ်ဘက်က ရခိုင်ဒေသခံ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စတွေ၊ ဒေသတွင်း ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်နဲ့ အစိုးရတပ်တို့ကြား လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့အတွက် ဒေသခံတွေရဲ့ သဘောထားတွေကို ကိုယ်တိုင်တွေ့ဆုံ မေးမြန်းခဲ့သလို ရခိုင်တိုက်ပွဲရှောင်ပြည်သူတွေ လိုအပ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းတွေကိုလည်း လှူဒါန်းခဲ့ပါတယ်။

မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ်ရဲ့ ရခိုင်ခရီးစဉ်အပေါ် လက်ရှိ ရခိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံ ရန်ကုန်တိုင်းရဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး မထုမေက အခုလို သုံးသပ်ပါတယ်။

"အခုလိုမျိုး ဂျပန်နိုင်ငံရဲ့ ကြားဝင်ဖျန်ဖြေမှုသာရှိခဲ့မယ်၊ ပြီးရင် ရွေးကောက်ပွဲတွေ ပြန်ကျင်းပနိုင်မယ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ စေ့စပ်ညှိနှိုင်းပေးမယ့် နိုင်ငံအနေနဲ့ ပါဝင်လာမယ်ဆိုရင် ကျမတို့အနေနဲ့ ကြိုဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြားဝင်ဖျန်ဖြေပေးတဲ့နိုင်ငံဟာ သမာသမတ်ကျမယ်၊ တကယ်တမ်း ပြည်သူ့အကျိုးစီးပွားကို ယူဆောင်လာနိုင်တဲ့ အခြေအနေမျိုးမှာ ဖြစ်မယ်ဆိုရင်တော့ ကျမတို့အတွက် အကောင်းဆုံးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ အခင်းအကျင်းထဲမှာ ဂျပန်အနေနဲ့ ပါဝင်မှုကို ကျမတို့ ကြိုဆိုသလိုပဲ ဒါကို ဆက်လက်ဖြစ်ထွန်းဖို့ရာကိုလည်း ကျမတို့ အားပေးချင်တယ်။ ဒီလိုဆောင်ရွက်တဲ့ အခါမှာလည်း အစိုးရရော တပ်မတော်ရော နောက် AA ပေါ့နော် ဒီအဖွဲ့တွေကနေပြီးတော့ ခိုင်ခိုင်မာမာနဲ့ စတင်ဖို့လိုပါတယ်။ ဒါမှသာ ပြည်သူတွေလိုလားတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

“ဒီအခြေအနေဟာ ရခိုင်အတွက် ကောင်းမွန်တဲ့အခြေအနေ ဖြစ်သလိုပဲ တကယ်လို့သာ ဂျပန်နိုင်ငံနဲ့ မဟာမိတ်နိုင်ငံ တချို့တွေပါ ပါဝင်လာမယ်ဆိုရင် ပိုပြီးသင့်တော်တယ်။ ဒါပေမယ့် ကြားဝင်ဖျန်ဖြေမှု ဆောင်ရွက်တဲ့အခါမှာလည်း မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ဖောင်ဒေးရှင်းအပေါ်မှာ အခြေခံတဲ့ ကြားဝင်ဖျန်ဖြေပေးမှု ရေရှည်မှာ အလားအလာကောင်းတဲ့ ရေရှည်အကျိုးစီးပွားအတွက် ဆောင်ရွက်နိုင်မယ် ဆိုလို့ရှိရင်တော့ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ အရွေ့မှာရော မြန်မာ့ငြိမ်းချမ်းရေးမှာရော စိတ်ချရတဲ့ အခြေအနေကို ရောက်သွားမယ် ဆိုလို့ရှိရင်တော့ ဒါဟာ ကောင်းမွန်တဲ့ အခြေအနေတရပ်လို့ ကျမတို့ သုံးသပ်လို့ ရပါမယ်ရှင့်။"

စစ်ရေးပဋိပက္ခသာမက ကပ်ရောဂါ ကိုဗစ်အန္တရာယ်တွေနဲ့ပါ ရင်ဆိုင်နေရတဲ့ ရခိုင်စစ်ရှောင်ပြည်သူတွေအရေး ကူညီပေးတဲ့ အတွက်ရော ရခိုင်ငြိမ်းချမ်းရေးအတွက်ပါ အလေးအနက်ထားပြီး ဂျပန်အစိုးရ ကိုယ်စားလှယ်ဘက်က ရခိုင်ဒေသခံတွေနဲ့ ကွင်းဆင်းတွေ့ဆုံဆွေးနွေးမှုကို ကမန်အမျိုးသား တိုးတက်ရေးပါတီရဲ့ ဒုဥက္ကဋ္ဌ ဦးတင်ငွေက ကြိုဆိုပါတယ်။

"ဒီ ဂျပန်သံအမတ်ကြီးကိုယ်တိုင် ကြားဝင်စေ့စပ် ညှိနှိုင်းပေးတာနဲ့ ပတ်သက်လို့တော့ ကျနော်တို့က ကြိုဆိုပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးနဲ့ စစ်ရေးအလားအလာတွေကို လျှော့ချနိုင်တဲ့ အနေအထားမျိုး ဖြစ်လာနိုင်စရာ အကြောင်းရှိတယ်လို့ ကျနော်ကမြင်ပါတယ်။ ကျနော်တို့ ရခိုင်မှာက အခက်အခဲတွေ အများကြီးရှိပါတယ်ဗျ။ စစ်ရေးပဋိပက္ခတွေရှိတယ်၊ နောက် စစ်ဘေးရှောင်တွေရှိတယ်။ ကြားထဲ ကိုဗစ်ပြဿနာနဲ့ဆိုတော့ တော်တော်လေးကို ဒေသခံပြည်သူတွေက အခက်အခဲပေါင်း မြောက်မြားစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အနေအထားပေါ့။ ဒီ ဂျပန်အစိုးရက ကူညီတာကတော့ ရခိုင်ပြည်နယ်အတွက်လည်း အကျိုးရှိသလို ပြည်ထောင်စုအစိုးရအတွက်လည်း ဒီအပေါ်မှာ ငြိမ်းချမ်းရေးလမ်းစတခု ဖြစ်သွားလိမ့်မယ်လို့ အဲ့လို ကျနော်ကတော့ မြင်ပါတယ်။”

လတ်တလော အပစ်ရပ်ပြီး တိုက်ပွဲတွေ ငြိမ်သက်စပြုနေတဲ့ ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်လာနိုင်ရေး ဂျပန်အပါအဝင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေရဲ့ ကြားဝင်စေ့စပ် ညှိနှိုင်းမှုတွေရဲ့ အလားအလာအပေါ် နိုင်ငံရေးအကဲခတ် ဦးမောင်မောင်စိုးက အခုလိုသုံးသပ်ပါတယ်။

"လောလောဆယ်မှာတော့ တပ်နဲ့ AA ကြား နှစ်ဖက်အပစ်ရပ်မှာကို သူညှိနှိုင်းပေးတာ သိရတယ်ဗျ။ ဒါကတော့ လက်တွေ့ကျတဲ့ဖြစ်ရပ်ပဲ။ ဒါပေမယ့် တကယ်တမ်း Bilateral ထိုးဖို့တို့ တပ်နေရာချထားရေးတို့ကတော့ ဆက်ဆွေးနွေးရမယ့်ကိစ္စတွေ ဖြစ်တာပေါ့။ အဲ့ဒါတွေလည်း ဆက်ဆွေးနွေးဖို့ ကြိုးစားနေကြတယ်ဆိုတဲ့ သတင်းတွေ ကြားနေရတဲ့ အတွက်ကြောင့်မို့ ဒါတွေကတော့ ကျနော်တို့ ကြိုဆိုရမယ့်အချက်ပါ။ ဒီအခြေအနေကတော့ ဂျပန်ရဲ့ ဝင်ရောက်စေ့စပ်ညှိနှိုင်းမှုရဲ့ ကောင်းတဲ့ရလဒ်လို့ ပြောရမှာပေါ့။ ဒုတိယတချက်ကတော့ သူကြိုးစားနေတာက ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ ရခိုင်မြို့နယ် ၉ မြို့နယ်ရှိတာကိုး။ အဲဒီမှာ နောက်ဆက်တွဲ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးစားနေတယ်။ ဘယ်လောက်အထိ အောင်မြင်မလဲ ကျနော်တို့ စောင့်ကြည့်နေရဦးမယ် ထင်ပါတယ်။ ဒီ ရခိုင်ခရီးစဉ်မှာလည်း တပ်မတော်ဘက်က ကူညီပေးတာမျိုး တွေ့ရသလို နောက် ANP နဲ့တွေ့တယ်၊ နောက် ရခိုင်စစ်ဘေးဒုက္ခသည်တွေအတွက် ဒေါ်လာ ၂ သိန်း တန်ဖိုးရှိတဲ့ပစ္စည်းတွေ လှူတာ၊ ကတိကဝတ်တွေ ပေးသွားတာလည်း တွေ့ရပါတယ်။ အဲ့တော့ ရှေ့မှာလည်း ဒီလို ပူးပေါင်းဆောင်ရွက်မှုတွေ တွေ့ရမယ်လို့ တွက်ရမှာပါ။”

ဒီလ နိုဝင်ဘာလဆန်းပိုင်းတုန်းက မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ပါ နေပြည်တော်မှာ သီးခြားစီ တွေ့ဆုံခဲ့ကြပြီး ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေနဲ့ မြန်မာ့ငြိမ်းချမ်းရေး အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG