သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တပ္မေတာ္နဲ႔ AA ၾကား ေစ့စပ္ေပးသူေတြရွိေၾကာင္း ႏွစ္ဘက္အတည္ျပဳ


AA ရခိုင္လက္နက္ကိုင္အဖြဲ႔။ (မွတ္တမ္းဓာတ္ပံု - ရကၡိဳင့္တပ္မေတာ္ - သတင္းႏွင့္ ျပန္ၾကားေရးဌာန)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္မွာ လက္နက္ကုိင္ ပဋိပကၡေတြ အဆုံးသတ္ေရး ျမန္မာစစ္တပ္နဲ႔ AA ရခုိင္လက္နက္ကုိင္အဖဲြ႔အၾကား အဖြဲ႔အစည္းေတြနဲ႔ လူပုဂၢိဳလ္တခ်ဳိ႕က ၾကားဝင္ေစ့စပ္ေပးေနေၾကာင္း တပ္မေတာ္က ေျပာဆုိလုိက္တာကုိ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ျပေပးပါမယ္။

စစ္ေရးတင္းမာမႈေတြ ၂ ႏွစ္နီးပါး ႀကံဳခဲ့ရၿပီးေနာက္ မၾကာေသးခင္ကစလုိ႔ တုိက္ပဲြေတြၿငိမ္သက္ေနတဲ့ ရခုိင္ျပည္နယ္မွာ ပဋိပကၡေတြ အဆုံးသတ္ေရး ၾကား၀င္ႀကိဳးပမ္းသူေတြ ရွိေနတဲ့အေၾကာင္း တပ္မေတာ္က ေျပာဆုိလုိက္တာပါ။ ျမန္မာစစ္တပ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႔တို႔အၾကား တိုက္ပြဲေလ်ာ့က်နိုင္ဖို႔ တုိက္႐ုိက္ေဆြးေႏြးမႈေတြ မရွိေသးေပမဲ့ ၾကားဝင္ေစ့စပ္ေပးေနတဲ့ အဖြဲ႔အစည္းေတြနဲ႔ လူပုဂၢိဳလ္တခ်ဳိ႕ရွိေနတဲ့အေၾကာင္း တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႔က ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဒီကေန႔ ေနျပည္ေတာ္မွာ က်င္းပတဲ့သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။

“AA အဖြဲ႕နဲ႔ တပ္မေတာ္ၾကားမွာေတာ့ တိုက္ရိုက္ညိွႏိႈင္းမႈေတာ့ မရွိဘူး။ သို႕ေသာ္ဆက္သြယ္ေဆာင္ရြက္သင့္တဲ့ ဆက္သြယ္ေဆာင္ရြက္နိုင္တဲ့ အဖြဲ႕အစည္းေတြ တဦးခ်င္း၊ အဖြဲ႕အစည္းတဖြဲ႕ခ်င္း၊ အဖြဲ႕အစည္းအမ်ားအျပား၊ လူပုဂၢိဳလ္တဦးခ်င္း၊ လူပုဂၢိဳလ္အမ်ားအျပားေတြကေနတဆင့္ ဆက္သြယ္ညိွႏိႈင္းေဆာင္ရြက္ေနလ်က္ရွိတယ္။ ဒီလူပုဂၢိဳလ္ေတြ အဖြဲ႕အစည္းေတြကိုလည္း က်ေနာ္တို႔အေနနဲ႕ ထုတ္ေျပာဖို႕မသင့္ေတာ္ပါဘူး။”

ရခုိင္ျပည္နယ္မွာ တုိက္ခုိက္မႈေတြကုိ ရပ္စဲဖုိ႔ ၾကားခံေတြကတဆင့္ ေစ့စပ္ညွိႏႈိင္းေျပလည္မႈရလာတဲ့ ေနာက္ပုိင္းမွာေတာ့ တုိက္႐ုိက္ေဆြးေႏြးမႈေတြ ျဖစ္လာႏုိင္တယ္လုိ႔လည္း ေျပာပါတယ္။

AA ရခိုင္လက္နက္ကိုင္အဖြဲ႔ ေျပာခြင့္ရခိုင္သုခကလည္း စစ္ေရးတင္းမာမႈေတြ ေလွ်ာ့ခ်နိုင္ေရး ညိွႏိႈင္းေနတယ္လိ႔ု ေျပာပါတယ္။

“လက္ရွိအေျခအေနကေတာ့ ယုံၾကည္မႈ တည္ေဆာက္တဲ့အေနနဲ႔ ႏွစ္ဘက္တပ္ေတြ ပစ္ခတ္တိုက္ခိုက္မႈေတြ မျဖစ္ေအာင္ ႏွစ္ဘက္လုံးကေနျပီးေတာ့ ထိန္းသိမ္းထားတယ္ဗ်။ ႏွစ္အခ်က္ကေတာ့ ေရြးေကာက္ပြဲ က်င္းပခြင့္မရခဲ့တဲ့ ၿမိဳ႕နယ္ေတြမွာ ေရြးေကာက္ပြဲျပန္လည္က်င္းပနိုင္တဲ့ လုံျခံဳေရးအခင္းအက်င္းတခုကို ဖန္တီးနိုင္ေအာင္ ႏွစ္ဘက္ညိွေနၾကတာရွိတယ္။ နံပါတ္ ၃ အခ်က္ကေတာ့ လက္ရွိအေျခအေနကေန ႏွစ္ဘက္တပ္ဖြဲ႕ေတြ တိုက္ပြဲ ထပ္မံမျဖစ္ပြါးေအာင္ ဆက္လက္ျပီးေတာ့ညိွႏိႈင္းေနတာရွိတယ္။ ႏွစ္ဘက္လူခ်င္းေတြ႕ဆုံေဆြးေႏြးနိုင္ဖို႔အတြက္ ၾကားခံလူပုဂၢိဳလ္အဖြဲ႕အစည္းေတြကေန တဆင့္ ဆက္လက္ျပီးေတာ့ညိွႏိႈင္းေနၾကတာ ရွိတယ္။”

ၾကား၀င္ေစ့စပ္ေပးေနတယ္လုိ႔ဆုိတဲ့ အဖဲြ႔အစည္းေတြနဲ႔ လူပုဂၢိဳလ္ေတြ ဘယ္သူဆုိတာကုိေတာ့ တပ္မေတာ္ေရာ၊ AA ဘက္ကပါ ထုတ္ေဖာ္မေျပာပါဘူး။ အရင္တုန္းက ျမန္မာႏုိင္ငံ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာေတာ့ တ႐ုတ္ႏုိင္ငံက အထူးကုိယ္စားလွယ္ ေစလႊတ္ၿပီး တက္တက္ၾကြၾကြ ပါ၀င္ေလ့ ရွိေပမဲ့ ေနာက္ပုိင္းမွာေတာ့ ပါ၀င္တာ သိပ္မေတြ႔ရေတာ့ပါဘူး။

ႏုိ၀င္ဘာလ ၈ ရက္ေန႔က က်င္းပခဲ့တဲ့ ေရြးေကာက္ပဲြမွာ လုံၿခံဳေရး စိတ္မခ်ရတာေၾကာင့္ မက်င္းပျဖစ္တဲ့ေနရာေတြမွာ ျပန္က်င္းပႏုိင္မယ့္ အေျခအေနေတြ ဖန္တီးဖုိ႔ AA ရခုိင္လက္နက္ကုိင္အဖဲြ႔က ကမ္းလွမ္းခဲ့တာကုိ တပ္မေတာ္က ႀကိဳဆုိလုိက္ၿပီးေနာက္ ရခုိင္ျပည္နယ္မွာ တုိက္ခုိက္မႈေတြလည္း ရပ္ဆုိင္းေနပါတယ္။ မၾကာေသးခင္ သီတင္းပတ္ေတြကစလုိ႔ တုိက္ခုိက္မႈေတြ ေလ်ာ့ပါးသြားတာဟာ အလားအလာေကာင္းတခုလုိ႔လည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

“က်ေနာ္ျမင္တာကေတာ့ ေကာင္းတဲ့ အေျခအေနလို႔ပဲ ျမင္ပါတယ္။ ဘာျဖစ္လို့လဲက် က်ေနာ္တို႔အေနနဲ႔ ေစ့စပ္ညႇိႏိႈင္းမႈေတြ ေဆြးေႏြးမႈေတြ လုပ္ခဲ့တယ္။ ဒါေပမဲ့ ဒီလိုမ်ိဳးေပါ့ နယ္ေျမေဒသႀကီးတစ္ခုလုံးကို အခုအခ်ိန္အထိေပါ့ ဘယ္ေလာက္ပဲ ေသနတ္သံတိတ္ေန ၁၂ ရက္ေန႔က စတယ္ပဲ ေျပာေျပာ၊ ၈ ရက္ေန႔က စတယ္ပဲေျပာေျပာ ဒီေန႔ဆိုရင္ ၂၀ ရက္ေက်ာ္ၿပီေပါ့။ စစ္ေျမျပင္မွာေတာ့ တိုက္ပြဲ မျဖစ္ပြားျခင္းကေတာ့ က်ေနာ္တို႔ စစ္သားေတြအယူအဆကေတာ့ တစ္မိနစ္ တိုက္ပြဲမျဖစ္ပြားေလ တစ္မိနစ္အက်ိဳးရွိေလပဲ။ ေဒသခံ ျပည္သူေတြလည္း အဲဒီလိုပဲျဖစ္မွာပါ။ ဒါမ်ိဳးကို က်ေနာ္တို႔ လုပ္နိုင္တာဆိုတာသည္ မရွိခဲ့ဖူးဘူး။ မရွိခဲ့ဖူးတဲ့အတြက္ေၾကာင့္ တခ်ိဳ႕ေနရာေတြ ၿငိမ္းခ်မ္းေရး ရေနၿပီေျပာတယ္။ အပစ္အခတ္ ရပ္စဲထားတယ္ေျပာတယ္။ ျဖစ္ေနဆဲပါပဲ။ ဒီလိုအေျခအေနထိ လဝက္ေက်ာ္ေလာက္အထိ ထိန္းသိမ္းထားနိုင္တယ္ဆိုတာ နည္းတဲ့ အဆင့္မဟုတ္ပါဘူး။ ႏွစ္ဘက္လိုက္နာေဆာင္ရြက္မႈေကာင္းလို႔ ျဖစ္ပါတယ္။ ဒီကေနတဆင့္က်ေတာ့ ပိုၿပီးေတာ့ ေကာင္းလာမယ္လို႔ က်ေနာ္တို႔ ေမၽွာ္လင့္ပါတယ္။"

တပ္မေတာ္က ရခုိင္ျပည္နယ္မွာ ထိုးစစ္ဆင္တာေတြ ရပ္ဆုိင္းထားၿပီး၊ လမ္း၊ တံတား လုံျခဳံေရးကိုသာ အဓိက ေဆာင္ရြက္ေနတယ္လု႔ိလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ကေျပာပါတယ္။ ရခိုင္ျပည္နယ္မွာ တိုက္ပြဲေလ်ာ့က်လာတာကိုၾကိဳဆိုေပမဲ့ ၿငိမ္းခ်မ္းေရးအလားအလာ တိုးတက္လာတယ္ဆိုတာ ကိုေတာ့ေျပာဖို႔ ေစာေသးေၾကာင္း ဘူးသီးေတာင္ျမိဳ႕နယ္ ျပည္သူ့လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ေသာင္းေရႊက ဆိုပါတယ္။

“အတိုင္းအတာ တခုအထိေတာ့ သူတို႔ဘက္က ဒီလိုေျပာဆိုလာတာေတာ့ က်ေနာ္တို႔လည္း ၾကိဳဆိုတယ္။ ဒါေပမဲ့ လက္ေတြ႔ အေကာင္အထည္ေဖၚဖို႔ လိုတယ္။ ဥပမာဆိုပါစို႕ အၾကမ္းဖက္အဖြဲ႕လို႔ ေၾကညာထားတဲ့ တရား၀င္ေျပာထားတဲ့ဟာကို ရုပ္သိမ္းေပးဖို႔ လိုတယ္။ အစိုးရအေနနဲ႔ေရာ တပ္မေတာ္အေနနဲ႕ေရာသူတို႔ဘက္က ထုတ္ျပန္ဖို႔လိုတယ္။ အခုခ်ိန္မွာေတာ့ တိုက္ပြဲမျဖစ္တာေလာက္နဲ႕ေတာ့ က်ေနာ္တို႔ တိုးတက္တယ္ဆိုတာေတာ့ေျပာလို႕မရဘူး။ တဘက္ကလည္း ဒီလိုတပ္အင္အားတို႔ ျဖည့္တာေလး ျဖစ္ေကာင္းျဖစ္နိုင္တာေပါ့ေနာ္။ တိုက္ပြဲထပ္မျဖစ္လာဘူးလို႔ ဘယ္သူမွ အာမခံမေပးဘူးဆိုေတာ့ သိပ္တိုးတက္တယ္ဆိုတာေတာ့ေျပာဖို႔ နည္းနည္း ေစာပါေသးတယ္။”

AA ရခုိင္လက္နက္ကုိင္အဖဲြ႔ကုိ အစုိးရနဲ႔ တပ္မေတာ္က အၾကမ္းဖက္အဖဲြ႔အျဖစ္ သတ္မွတ္ထားသလုိ အရင္က ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ တခ်ဳိ႕မွာလည္း ခ်န္လွပ္ထားခဲ့တာေတြ ရွိခဲ့ဘူးပါတယ္။ ဒီကေန႔ သတင္းစာရွင္းလင္းပြဲမွာေတာ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးစဥ္ လက္နက္ကိုင္အဖြဲ႔ေတြကို မတရားအသင္းေၾကညာထားတဲ့ စာရင္းကေန ပယ္ဖ်က္ေပးခဲ့တဲ့ ျဖစ္စဥ္ေတြ ရွိခဲ့ဘူးေၾကာင္း တပ္မေတာ္ တာ၀န္ရွိသူေတြ ထည့္သြင္းေျပာဆိုသြားခဲ့သလုိ AA အဖဲြ႔ကုိလည္း အရင္ကလုိ အၾကမ္းဖက္ အဖဲြ႔အစည္းအျဖစ္ ရည္ညႊန္းသုံးႏႈန္းတာ မေတြ႔ရပါဘူး။

ဒါေပမဲ့လည္း အာဏာရ NLD အမ်ဳိးသား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္ရဲ႕ ေရြးေကာက္ပဲြေနာက္ပုိင္း ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာေတာ့ AA အဖဲြ႔ကုိ အၾကမ္းဖက္အဖဲြ႔အစည္းအျဖစ္ ဆက္လက္သုံးႏႈန္းထားၿပီး ဖမ္းဆီးထားတဲ့ ပါတီကုိယ္စားလွယ္ေတြကုိ ျပန္လႊတ္ဖုိ႔လည္း ေတာင္းဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တပ်မတော်နဲ့ AA ကြား စေ့စပ်ပေးသူတွေရှိကြောင်း နှစ်ဘက်အတည်ပြု

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ရေး မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့အကြား အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တချို့က ကြားဝင်စေ့စပ်ပေးနေကြောင်း တပ်မတော်က ပြောဆိုလိုက်တာကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ပြပေးပါမယ်။

စစ်ရေးတင်းမာမှုတွေ ၂ နှစ်နီးပါး ကြုံခဲ့ရပြီးနောက် မကြာသေးခင်ကစလို့ တိုက်ပွဲတွေငြိမ်သက်နေတဲ့ ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ အဆုံးသတ်ရေး ကြားဝင်ကြိုးပမ်းသူတွေ ရှိနေတဲ့အကြောင်း တပ်မတော်က ပြောဆိုလိုက်တာပါ။ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲလျော့ကျနိုင်ဖို့ တိုက်ရိုက်ဆွေးနွေးမှုတွေ မရှိသေးပေမဲ့ ကြားဝင်စေ့စပ်ပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တချို့ရှိနေတဲ့အကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

“AA အဖွဲ့နဲ့ တပ်မတော်ကြားမှာတော့ တိုက်ရိုက်ညှိနှိုင်းမှုတော့ မရှိဘူး။ သို့သော်ဆက်သွယ်ဆောင်ရွက်သင့်တဲ့ ဆက်သွယ်ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းတွေ တဦးချင်း၊ အဖွဲ့အစည်းတဖွဲ့ချင်း၊ အဖွဲ့အစည်းအများအပြား၊ လူပုဂ္ဂိုလ်တဦးချင်း၊ လူပုဂ္ဂိုလ်အများအပြားတွေကနေတဆင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နေလျက်ရှိတယ်။ ဒီလူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကိုလည်း ကျနော်တို့အနေနဲ့ ထုတ်ပြောဖို့မသင့်တော်ပါဘူး။”

ရခိုင်ပြည်နယ်မှာ တိုက်ခိုက်မှုတွေကို ရပ်စဲဖို့ ကြားခံတွေကတဆင့် စေ့စပ်ညှိနှိုင်းပြေလည်မှုရလာတဲ့ နောက်ပိုင်းမှာတော့ တိုက်ရိုက်ဆွေးနွေးမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း ပြောပါတယ်။

AA ရခိုင်လက်နက်ကိုင်အဖွဲ့ ပြောခွင့်ရခိုင်သုခကလည်း စစ်ရေးတင်းမာမှုတွေ လျှော့ချနိုင်ရေး ညှိနှိုင်းနေတယ်လိ့ု ပြောပါတယ်။

“လက်ရှိအခြေအနေကတော့ ယုံကြည်မှု တည်ဆောက်တဲ့အနေနဲ့ နှစ်ဘက်တပ်တွေ ပစ်ခတ်တိုက်ခိုက်မှုတွေ မဖြစ်အောင် နှစ်ဘက်လုံးကနေပြီးတော့ ထိန်းသိမ်းထားတယ်ဗျ။ နှစ်အချက်ကတော့ ရွေးကောက်ပွဲ ကျင်းပခွင့်မရခဲ့တဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်တဲ့ လုံခြုံရေးအခင်းအကျင်းတခုကို ဖန်တီးနိုင်အောင် နှစ်ဘက်ညှိနေကြတာရှိတယ်။ နံပါတ် ၃ အချက်ကတော့ လက်ရှိအခြေအနေကနေ နှစ်ဘက်တပ်ဖွဲ့တွေ တိုက်ပွဲ ထပ်မံမဖြစ်ပွါးအောင် ဆက်လက်ပြီးတော့ညှိနှိုင်းနေတာရှိတယ်။ နှစ်ဘက်လူချင်းတွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် ကြားခံလူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကနေ တဆင့် ဆက်လက်ပြီးတော့ညှိနှိုင်းနေကြတာ ရှိတယ်။”

ကြားဝင်စေ့စပ်ပေးနေတယ်လို့ဆိုတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေ ဘယ်သူဆိုတာကိုတော့ တပ်မတော်ရော၊ AA ဘက်ကပါ ထုတ်ဖော်မပြောပါဘူး။ အရင်တုန်းက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတော့ တရုတ်နိုင်ငံက အထူးကိုယ်စားလှယ် စေလွှတ်ပြီး တက်တက်ကြွကြွ ပါဝင်လေ့ ရှိပေမဲ့ နောက်ပိုင်းမှာတော့ ပါဝင်တာ သိပ်မတွေ့ရတော့ပါဘူး။

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လုံခြုံရေး စိတ်မချရတာကြောင့် မကျင်းပဖြစ်တဲ့နေရာတွေမှာ ပြန်ကျင်းပနိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့က ကမ်းလှမ်းခဲ့တာကို တပ်မတော်က ကြိုဆိုလိုက်ပြီးနောက် ရခိုင်ပြည်နယ်မှာ တိုက်ခိုက်မှုတွေလည်း ရပ်ဆိုင်းနေပါတယ်။ မကြာသေးခင် သီတင်းပတ်တွေကစလို့ တိုက်ခိုက်မှုတွေ လျော့ပါးသွားတာဟာ အလားအလာကောင်းတခုလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

“ကျနော်မြင်တာကတော့ ကောင်းတဲ့ အခြေအနေလို့ပဲ မြင်ပါတယ်။ ဘာဖြစ်လို့လဲကျ ကျနော်တို့အနေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။ ဒါပေမဲ့ ဒီလိုမျိုးပေါ့ နယ်မြေဒေသကြီးတစ်ခုလုံးကို အခုအချိန်အထိပေါ့ ဘယ်လောက်ပဲ သေနတ်သံတိတ်နေ ၁၂ ရက်နေ့က စတယ်ပဲ ပြောပြော၊ ၈ ရက်နေ့က စတယ်ပဲပြောပြော ဒီနေ့ဆိုရင် ၂၀ ရက်ကျော်ပြီပေါ့။ စစ်မြေပြင်မှာတော့ တိုက်ပွဲ မဖြစ်ပွားခြင်းကတော့ ကျနော်တို့ စစ်သားတွေအယူအဆကတော့ တစ်မိနစ် တိုက်ပွဲမဖြစ်ပွားလေ တစ်မိနစ်အကျိုးရှိလေပဲ။ ဒေသခံ ပြည်သူတွေလည်း အဲဒီလိုပဲဖြစ်မှာပါ။ ဒါမျိုးကို ကျနော်တို့ လုပ်နိုင်တာဆိုတာသည် မရှိခဲ့ဖူးဘူး။ မရှိခဲ့ဖူးတဲ့အတွက်ကြောင့် တချို့နေရာတွေ ငြိမ်းချမ်းရေး ရနေပြီပြောတယ်။ အပစ်အခတ် ရပ်စဲထားတယ်ပြောတယ်။ ဖြစ်နေဆဲပါပဲ။ ဒီလိုအခြေအနေထိ လဝက်ကျော်လောက်အထိ ထိန်းသိမ်းထားနိုင်တယ်ဆိုတာ နည်းတဲ့ အဆင့်မဟုတ်ပါဘူး။ နှစ်ဘက်လိုက်နာဆောင်ရွက်မှုကောင်းလို့ ဖြစ်ပါတယ်။ ဒီကနေတဆင့်ကျတော့ ပိုပြီးတော့ ကောင်းလာမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။"

တပ်မတော်က ရခိုင်ပြည်နယ်မှာ ထိုးစစ်ဆင်တာတွေ ရပ်ဆိုင်းထားပြီး၊ လမ်း၊ တံတား လုံခြုံရေးကိုသာ အဓိက ဆောင်ရွက်နေတယ်လု့ိလည်း ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောပါတယ်။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲလျော့ကျလာတာကိုကြိုဆိုပေမဲ့ ငြိမ်းချမ်းရေးအလားအလာ တိုးတက်လာတယ်ဆိုတာ ကိုတော့ပြောဖို့ စောသေးကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ဆိုပါတယ်။

“အတိုင်းအတာ တခုအထိတော့ သူတို့ဘက်က ဒီလိုပြောဆိုလာတာတော့ ကျနော်တို့လည်း ကြိုဆိုတယ်။ ဒါပေမဲ့ လက်တွေ့ အကောင်အထည်ဖေါ်ဖို့ လိုတယ်။ ဥပမာဆိုပါစို့ အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့ တရားဝင်ပြောထားတဲ့ဟာကို ရုပ်သိမ်းပေးဖို့ လိုတယ်။ အစိုးရအနေနဲ့ရော တပ်မတော်အနေနဲ့ရောသူတို့ဘက်က ထုတ်ပြန်ဖို့လိုတယ်။ အခုချိန်မှာတော့ တိုက်ပွဲမဖြစ်တာလောက်နဲ့တော့ ကျနော်တို့ တိုးတက်တယ်ဆိုတာတော့ပြောလို့မရဘူး။ တဘက်ကလည်း ဒီလိုတပ်အင်အားတို့ ဖြည့်တာလေး ဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်။ တိုက်ပွဲထပ်မဖြစ်လာဘူးလို့ ဘယ်သူမှ အာမခံမပေးဘူးဆိုတော့ သိပ်တိုးတက်တယ်ဆိုတာတော့ပြောဖို့ နည်းနည်း စောပါသေးတယ်။”

AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို အစိုးရနဲ့ တပ်မတော်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသလို အရင်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တချို့မှာလည်း ချန်လှပ်ထားခဲ့တာတွေ ရှိခဲ့ဘူးပါတယ်။ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာတော့ ငြိမ်းချမ်းရေးဆွေးနွေးစဉ် လက်နက်ကိုင်အဖွဲ့တွေကို မတရားအသင်းကြေညာထားတဲ့ စာရင်းကနေ ပယ်ဖျက်ပေးခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဘူးကြောင်း တပ်မတော် တာဝန်ရှိသူတွေ ထည့်သွင်းပြောဆိုသွားခဲ့သလို AA အဖွဲ့ကိုလည်း အရင်ကလို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ရည်ညွှန်းသုံးနှုန်းတာ မတွေ့ရပါဘူး။

ဒါပေမဲ့လည်း အာဏာရ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲနောက်ပိုင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဆက်လက်သုံးနှုန်းထားပြီး ဖမ်းဆီးထားတဲ့ ပါတီကိုယ်စားလှယ်တွေကို ပြန်လွှတ်ဖို့လည်း တောင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG