သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္စစ္ေျပးဒုကၡသည္တခ်ဳိ႕ ေနရပ္ျပန္ၿပီး မျပန္ႏုိင္ေသးသူေတြလည္း ရွိေနဆဲ


ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ ေတြ႔ရတဲ့ ရခိုင္ စစ္ေဘးေရွာင္ ဒုကၡသည္မ်ား။ (ဇြန္ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္မွာ စစ္ေရးတင္းမာမႈေတြ ေလ်ာ့က်လာရာက ဒီရက္ပုိင္းအတြင္း ေထာင္နဲ႔ခ်ီတဲ့ စစ္ေဘးဒုကၡသည္ေတြ ေနရပ္ျပန္ခဲ့ၾကေပမဲ့ မျပန္ႏုိင္ေသးတဲ့သူေတြလည္း အမ်ားအျပားရွိေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႕အၾကား တိုက္ခိုက္မႈေတြ ေလ်ာ့ပါးလာတာေၾကာင့္ ရေသ့ေတာင္နဲ႔ ေက်ာက္ျဖဴၿမိဳ႕နယ္ေတြက စစ္ေဘးေရွာင္ ရြာသားေတြ ေနရပ္ရင္းျပန္ေနၾကတယ္လုိ႔ အကူအညီေပးေရးအဖဲြ႔ေတြက ေျပာပါတယ္။

ရေသ့ေတာင္ျမိဳ႕နယ္ မိုးစဲကြ်န္းေဒသက တိမ္းေရွာင္သြားခဲ့ၾကတဲ့ ေဒသခံေတြလည္း ေနရပ္ျပန္ေနၾကၿပီလုိ႔ ကံျပင္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးေမာင္ထြန္းစိန္ကေျပာပါတယ္။

“က်ေနာ္တို႔ကေတာ့ အကုန္လုံး အိမ္ျပန္ေရာက္ေနျပီ။ က်ေနာ္တို႔ ၾကာရိုးဆိပ္မွာပဲ ခိုလံႈေနၾကတယ္။ က်ေနာ္တို႔ ကံျပင္ရယ္ေရႊေလာင္းတင္၊ ျမင္းဂန္ေခ်ာင္းရယ္ ကိုယ့္ရြာကိုယ္ အကုန္လုံးျပန္ေနျပီ။ က်ေနာ္တို႔ တရြာထဲပါ ၁,၆၀၀ ေက်ာ္ရွိပါတယ္။”

ျမင္းဂန္ေခ်ာင္းေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးေမာင္ေစာနိုင္ကလည္း တိမ္းေရွာင္ေနတဲ့ ေဒသခံ ၁,၀၀၀ ေက်ာ္ ေနရပ္ျပန္ ေရာက္ေနျပီလို႔ ေျပာပါတယ္။

“ဟုတ္ကဲ့။ ျပန္ေရာက္လာပါျပီးခင္ဗ်။ က်ေနာ္တို႔ ျမင္းဂန္ေခ်ာင္းအုပ္စုမွာက်ေတာ့ ၁,၃၀၀ ေက်ာ္ေလာက္ရွိတယ္ လူဦးေရက်ေတာ့။ ျပန္ေရာက္လာတာကေတာ့ ၁,၀၀၀ ေက်ာ္ေက်ာ္၊ ၁,၂၀၀ ေလာက္။"

ေရႊေလာင္းတင္ေက်းရြာမွာလည္း ရြာသား ၄၀၀ ေလာက္ရြာျပန္ေရာက္ျပီး တ၀က္ေလာက္ကေတာ့ ျပန္မေရာက္ေသးဘူးလို႕ ေက်းရြာအုပ္ခ်ဳပ္ေရးမႉး ဦးခင္ထြန္းေအးကေျပာပါတယ္။

ေက်ာက္ျဖဴျမိဳ႕နယ္အတြင္း ပစ္ခတ္မႈနဲ႕ စစ္ေဆးေမးျမန္းမႈေတြေၾကာင့္ ေနရပ္ကေန တိမ္းေရွာင္ေနရတဲ့ စစ္ေရွာင္ရြာသားေတြ ေနရပ္ျပန္လာၾကျပီးလို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးေက်ာ္လြင္ကေျပာပါတယ္။

“သူတို႕ျပန္တာကေတာ့ AA က ၾကားျဖတ္ေရြးေကာက္ပြဲလုပ္ဖို႔ ေၾကညာခ်က္ထြက္ျပီးတဲ့အခါ ျမန္မာ့တပ္မေတာ္ကလည္း ေထာက္ခံတဲ့ ေၾကညာခ်က္ တေစာင္ထြက္တယ္။ အဲဒီေနာက္ပိုင္းမွာေတာ့ တိုက္ပြဲေတြလည္း နည္းနည္းပါးသြားတဲ့ပုံစံမ်ိဳး။ ေဒသခံေတြကလည္း အဲဒီအခ်ိန္ကတည္းက ျပန္သြားၾကတာအားလုံးက လူေပါင္း ၁,၀၀၀ ေက်ာ္ေလာက္ေတာ့ရွိမယ္ဗ်။ ရြာေတြကေတာ့ ဇိုင္ေခ်ာင္း၊ သိုင္းေခ်ာင္း ရြာေတြက လူေတြမ်ားတယ္။”

လုံၿခံဳေရးအတြက္ စိတ္မခ်ရတာေၾကာင့္ ရခုိင္ျပည္နယ္က ေရြးေကာက္ပဲြေတြ မက်င္းပႏုိင္ခဲ့တဲ့ ေနရာေတြမွာ ျပန္လည္ က်င္းပႏုိင္မယ့္ အေျခအေနေတြ ဖန္တီးဖုိ႔ AA ရခုိင္လက္နက္ကုိင္အဖဲြ႔ရဲ႕ တုိက္တြန္းခ်က္ကုိ တပ္မေတာ္က ႀကိဳဆုိ လုိက္ၿပီးေနာက္ တုိက္ပဲြေတြ ၿငိမ္သက္လာရာက စစ္ေဘးဒုကၡသည္ေတြ ေနရပ္ျပန္ခဲ့ၾကတာပါ။

ဒါေပမဲ့လည္း တိုက္ပြဲေတြ အျပင္းအထန္ျဖစ္ပြါးခဲ့တဲ့ ေက်ာက္တန္း၊ ေအာင္သာစည္ေက်းရြာသားေတြေတာ့ ေနရပ္မျပန္နိုင္ၾကေသးဘူးလုိ႔လည္း အကူအညီေပးေရးအဖဲြ႔ေတြကေျပာပါတယ္။

တိုက္ပြဲျဖစ္ပြါးမႈ မ်ားျပားတဲ့ မင္းျပားျမိဳ႕နယ္ဘက္မွာ စစ္ေရွာင္ရြာသားေတြ ေနရပ္ျပန္ခြင့္မရေသးဘူးလို႔ ေသကန္စစ္ေရွာင္စခန္းကို ေရာက္ေနတဲ့ ဖါးျပိဳရြာသား တဦးကေျပာပါတယ္။

“စစ္ေဘးေရွာင္ေတြက အဲဒီအတိုင္းပဲ ကယ္ဆယ္ေရးမွာပဲ ေနရေသးတယ္ေလ။ ရြာကိုမ၀င္ရေသးဘူး။ ပစ္ခတ္မႈေတာ့ မရွိေသးဘူး။ တဘက္ကမွ ၀င္မခိုင္းေသးဘူး။ အစိုးရကလည္း မ၀င္ခိုင္းဘူး။ AA ကလည္း မ၀င္ခိုင္းေသးဘူးရြာကို။”

အလားတူ ေျမာက္ဦးျမိဳ႕နယ္ စစ္ေရွာင္စခန္းကရြာသားေတြလည္း လုံျခံဳေရး အာမခံခ်က္မရွိတဲ့အေျခအေနေၾကာင့္ ေနရပ္မျပန္နိုင္ေသးဘူးလို႔ စစ္ေရွာင္ေတြကို အကူညီေပးဆာင္ေနတဲ့ ျမတန္ေဆာင္းဆရာေတာ္က အခုလို မိန္႔ပါတယ္။

“စစ္ေဘးေရွာင္ဒုကၡသည္စခန္းမွာ ရွိတဲ့ ဒုကၡသည္အမ်ားစုက ျပန္လို႔ မရတဲ့ရြာေတြေပါ့။ ဥပမာ စစ္ေဘးေရွာင္စခန္းမွာ ရွိတဲ့ အမ်ားစုဟာဆိုရင္ ေပါက္ေတာရွိတယ္။ ေပါက္ေတာဆိုတဲ့ရြာက ၃၇၇၊ ၃၇၈ စစ္တပ္ရွိကတည္းကပဲ။ စစ္တပ္နဲ႔ ရြာၾကားထဲမွာ လမ္းတလမ္းပဲ ျခားတယ္။ ေနာက္တရြာက ေပါက္ေတာျပင္ရြာေပါ့။ ေပါက္ေတာျပင္ရြာက်ေတာ့ ျမန္မာစစ္တပ္ကေနျပီးေတာ့ ဗ်ဴဟာ ေတာင္ကုန္းရဲ႕ေအာက္မွာ။ ဆိုေတာ့ ဒီျပႆနာက ဘာျဖစ္လဲဆိုေတာ့ သူတို႕စစ္ေၾကာင္းဘာေတြ ထြက္လို႕ သူတို႔ ထိခိုက္တာေတြ မ်ားတယ္။ က်ဆုံးတာေတြ မ်ားတယ္။ ဒါမွမဟုတ္လို႕ရွိရင္ မိုင္းေတြဘာေတြအထိမ်ားလို႔ရွိရင္ ျပန္လာရင္သူတို႕က ရြာကို ေသနတ္နဲ႔ ပစ္တယ္။ အဲဒါေၾကာင့္သူတို႕က စစ္ပြဲေတြ အရွိန္မေလွ်ာ့ဘဲနဲ႔ေတာ့ ျပန္လို႔ရမယ့္ ေဒသမရွိဘူး။”

အမ္းျမိဳႈ႕နယ္ဘက္မွာလည္း စစ္ေရွာင္ ၈,၀၀၀ ေက်ာ္ရွိတဲ့အနက္ ေနရပ္ျပန္လာတာ မရွိေသးဘူးလို႔ လူသားခ်င္းစာနာမႈဆိုင္ရာ ေစတနာ့ဝန္ထမ္းအဖြဲ႕၀င္ကိုမ်ိဳးလြင္ကဆိုပါတယ္။

ရခိုင္ျပည္နယ္အတြင္း တိုက္ပြဲရပ္တန္႕ေနတာေၾကာင့္ ေနရပ္ျပန္စစ္ေရွာင္ေတြနဲ႕ စပါးရိတ္သိမ္းဖို႕ ျပန္သြားတဲ့စစ္ေရွာင္ ၂၀,၀၀၀ ေက်ာ္ရွိေနတယ္ဆိုေပမဲ့ ေအးခ်မ္းလို႕ေနရပ္ျပန္တာလို႔ ယူဆလို႕မရေၾကာင္းရခိုင္တိုင္းရင္းသား မ်ိဳးႏြယ္မ်ားအစည္းအ႐ုံး REC ဥကၠ႒ ဦးေရႊေဘာ္စိန္ကဆိုပါတယ္။

“စစ္ေရွာင္ဦးေရအတိုင္းအတာအရဆိုလို႕ရွိရင္ ဥပမာ ၂၀,၀၀၀၊ ၃၀,၀၀၀ ေလာက္က က်ေနာ္တို႔ ေတြ႕ရွိခ်က္အရဆိုလို႔ ရွိရင္ေတာ့ ရေသ့ေတာင္ျမိဳ႕နယ္မွာ ရွိတဲ့ မိုးစဲကမ္းမွာရွိတဲ့ လူတခ်ိဳ႕က်လို႕ရွိရင္ သူတို႕ရဲ႕ စပါးေတြ ရိတ္သိမ္းခ်ိန္ျဖစ္ေနတယ္။ သူတို႕ရဲ႕ ၀မ္းစာေရးကို လုပ္ဖို႕အတြက္ တခ်ိဳ႕ကျပန္ၾကတာ။ ဒီတိုက္ပြဲေတြ လုံး၀ျငိမ္သက္သြားျပီး က်ေနာ္တို႔ ကိုယ့္ရြာမွာကိုယ္ျပန္ျပီးေတာ့ လုပ္စားလို႔ရျပီး အေနအထားမ်ိဳးနဲ႔ ျပန္ၾကတာ မေတြ႕ရဘူး။”

ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ AA အဖဲြ႔တုိ႔ၾကား ျဖစ္ပြားေနတဲ့ ၂ ႏွစ္နီးပါးၾကာ စစ္ေရးပဋိပကၡအတြင္း အိုးအိမ္ေတြကို စြန႔္ခြာၿပီး ေဘးလႊတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ စစ္ေဘးဒုကၡသည္ ၂၀၀,၀၀၀ ေက်ာ္ရွိတယ္လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး REC က စာရင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်စစ်ပြေးဒုက္ခသည်တချို့ နေရပ်ပြန်ပြီး မပြန်နိုင်သေးသူတွေလည်းရှိနေဆဲ

ရခိုင်ပြည်နယ်မှာ စစ်ရေးတင်းမာမှုတွေ လျော့ကျလာရာက ဒီရက်ပိုင်းအတွင်း ထောင်နဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ခဲ့ကြပေမဲ့ မပြန်နိုင်သေးတဲ့သူတွေလည်း အများအပြားရှိနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ခိုက်မှုတွေ လျော့ပါးလာတာကြောင့် ရသေ့တောင်နဲ့ ကျောက်ဖြူမြို့နယ်တွေက စစ်ဘေးရှောင် ရွာသားတွေ နေရပ်ရင်းပြန်နေကြတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ် မိုးစဲကျွန်းဒေသက တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံတွေလည်း နေရပ်ပြန်နေကြပြီလို့ ကံပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းစိန်ကပြောပါတယ်။

“ကျနော်တို့ကတော့ အကုန်လုံး အိမ်ပြန်ရောက်နေပြီ။ ကျနော်တို့ ကြာရိုးဆိပ်မှာပဲ ခိုလှုံနေကြတယ်။ ကျနော်တို့ ကံပြင်ရယ်ရွှေလောင်းတင်၊ မြင်းဂန်ချောင်းရယ် ကိုယ့်ရွာကိုယ် အကုန်လုံးပြန်နေပြီ။ ကျနော်တို့ တရွာထဲပါ ၁,၆၀၀ ကျော်ရှိပါတယ်။”

မြင်းဂန်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်စောနိုင်ကလည်း တိမ်းရှောင်နေတဲ့ ဒေသခံ ၁,၀၀၀ ကျော် နေရပ်ပြန် ရောက်နေပြီလို့ ပြောပါတယ်။

“ဟုတ်ကဲ့။ ပြန်ရောက်လာပါပြီးခင်ဗျ။ ကျနော်တို့ မြင်းဂန်ချောင်းအုပ်စုမှာကျတော့ ၁,၃၀၀ ကျော်လောက်ရှိတယ် လူဦးရေကျတော့။ ပြန်ရောက်လာတာကတော့ ၁,၀၀၀ ကျော်ကျော်၊ ၁,၂၀၀ လောက်။"

ရွှေလောင်းတင်ကျေးရွာမှာလည်း ရွာသား ၄၀၀ လောက်ရွာပြန်ရောက်ပြီး တဝက်လောက်ကတော့ ပြန်မရောက်သေးဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ထွန်းအေးကပြောပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်း ပစ်ခတ်မှုနဲ့ စစ်ဆေးမေးမြန်းမှုတွေကြောင့် နေရပ်ကနေ တိမ်းရှောင်နေရတဲ့ စစ်ရှောင်ရွာသားတွေ နေရပ်ပြန်လာကြပြီးလို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးကျော်လွင်ကပြောပါတယ်။

“သူတို့ပြန်တာကတော့ AA က ကြားဖြတ်ရွေးကောက်ပွဲလုပ်ဖို့ ကြေညာချက်ထွက်ပြီးတဲ့အခါ မြန်မာ့တပ်မတော်ကလည်း ထောက်ခံတဲ့ ကြေညာချက် တစောင်ထွက်တယ်။ အဲဒီနောက်ပိုင်းမှာတော့ တိုက်ပွဲတွေလည်း နည်းနည်းပါးသွားတဲ့ပုံစံမျိုး။ ဒေသခံတွေကလည်း အဲဒီအချိန်ကတည်းက ပြန်သွားကြတာအားလုံးက လူပေါင်း ၁,၀၀၀ ကျော်လောက်တော့ရှိမယ်ဗျ။ ရွာတွေကတော့ ဇိုင်ချောင်း၊ သိုင်းချောင်း ရွာတွေက လူတွေများတယ်။”

လုံခြုံရေးအတွက် စိတ်မချရတာကြောင့် ရခိုင်ပြည်နယ်က ရွေးကောက်ပွဲတွေ မကျင်းပနိုင်ခဲ့တဲ့ နေရာတွေမှာ ပြန်လည် ကျင်းပနိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ တိုက်တွန်းချက်ကို တပ်မတော်က ကြိုဆို လိုက်ပြီးနောက် တိုက်ပွဲတွေ ငြိမ်သက်လာရာက စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ခဲ့ကြတာပါ။

ဒါပေမဲ့လည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွါးခဲ့တဲ့ ကျောက်တန်း၊ အောင်သာစည်ကျေးရွာသားတွေတော့ နေရပ်မပြန်နိုင်ကြသေးဘူးလို့လည်း အကူအညီပေးရေးအဖွဲ့တွေကပြောပါတယ်။

တိုက်ပွဲဖြစ်ပွါးမှု များပြားတဲ့ မင်းပြားမြို့နယ်ဘက်မှာ စစ်ရှောင်ရွာသားတွေ နေရပ်ပြန်ခွင့်မရသေးဘူးလို့ သေကန်စစ်ရှောင်စခန်းကို ရောက်နေတဲ့ ဖါးပြိုရွာသား တဦးကပြောပါတယ်။

“စစ်ဘေးရှောင်တွေက အဲဒီအတိုင်းပဲ ကယ်ဆယ်ရေးမှာပဲ နေရသေးတယ်လေ။ ရွာကိုမဝင်ရသေးဘူး။ ပစ်ခတ်မှုတော့ မရှိသေးဘူး။ တဘက်ကမှ ဝင်မခိုင်းသေးဘူး။ အစိုးရကလည်း မဝင်ခိုင်းဘူး။ AA ကလည်း မဝင်ခိုင်းသေးဘူးရွာကို။”

အလားတူ မြောက်ဦးမြို့နယ် စစ်ရှောင်စခန်းကရွာသားတွေလည်း လုံခြုံရေး အာမခံချက်မရှိတဲ့အခြေအနေကြောင့် နေရပ်မပြန်နိုင်သေးဘူးလို့ စစ်ရှောင်တွေကို အကူညီပေးဆာင်နေတဲ့ မြတန်ဆောင်းဆရာတော်က အခုလို မိန့်ပါတယ်။

“စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာ ရှိတဲ့ ဒုက္ခသည်အများစုက ပြန်လို့ မရတဲ့ရွာတွေပေါ့။ ဥပမာ စစ်ဘေးရှောင်စခန်းမှာ ရှိတဲ့ အများစုဟာဆိုရင် ပေါက်တောရှိတယ်။ ပေါက်တောဆိုတဲ့ရွာက ၃၇၇၊ ၃၇၈ စစ်တပ်ရှိကတည်းကပဲ။ စစ်တပ်နဲ့ ရွာကြားထဲမှာ လမ်းတလမ်းပဲ ခြားတယ်။ နောက်တရွာက ပေါက်တောပြင်ရွာပေါ့။ ပေါက်တောပြင်ရွာကျတော့ မြန်မာစစ်တပ်ကနေပြီးတော့ ဗျူဟာ တောင်ကုန်းရဲ့အောက်မှာ။ ဆိုတော့ ဒီပြဿနာက ဘာဖြစ်လဲဆိုတော့ သူတို့စစ်ကြောင်းဘာတွေ ထွက်လို့ သူတို့ ထိခိုက်တာတွေ များတယ်။ ကျဆုံးတာတွေ များတယ်။ ဒါမှမဟုတ်လို့ရှိရင် မိုင်းတွေဘာတွေအထိများလို့ရှိရင် ပြန်လာရင်သူတို့က ရွာကို သေနတ်နဲ့ ပစ်တယ်။ အဲဒါကြောင့်သူတို့က စစ်ပွဲတွေ အရှိန်မလျှော့ဘဲနဲ့တော့ ပြန်လို့ရမယ့် ဒေသမရှိဘူး။”

အမ်းမြိုှု့နယ်ဘက်မှာလည်း စစ်ရှောင် ၈,၀၀၀ ကျော်ရှိတဲ့အနက် နေရပ်ပြန်လာတာ မရှိသေးဘူးလို့ လူသားချင်းစာနာမှုဆိုင်ရာ စေတနာ့ဝန်ထမ်းအဖွဲ့ဝင်ကိုမျိုးလွင်ကဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲရပ်တန့်နေတာကြောင့် နေရပ်ပြန်စစ်ရှောင်တွေနဲ့ စပါးရိတ်သိမ်းဖို့ ပြန်သွားတဲ့စစ်ရှောင် ၂၀,၀၀၀ ကျော်ရှိနေတယ်ဆိုပေမဲ့ အေးချမ်းလို့နေရပ်ပြန်တာလို့ ယူဆလို့မရကြောင်းရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC ဥက္ကဋ္ဌ ဦးရွှေဘော်စိန်ကဆိုပါတယ်။

“စစ်ရှောင်ဦးရေအတိုင်းအတာအရဆိုလို့ရှိရင် ဥပမာ ၂၀,၀၀၀၊ ၃၀,၀၀၀ လောက်က ကျနော်တို့ တွေ့ရှိချက်အရဆိုလို့ ရှိရင်တော့ ရသေ့တောင်မြို့နယ်မှာ ရှိတဲ့ မိုးစဲကမ်းမှာရှိတဲ့ လူတချို့ကျလို့ရှိရင် သူတို့ရဲ့ စပါးတွေ ရိတ်သိမ်းချိန်ဖြစ်နေတယ်။ သူတို့ရဲ့ ဝမ်းစာရေးကို လုပ်ဖို့အတွက် တချို့ကပြန်ကြတာ။ ဒီတိုက်ပွဲတွေ လုံးဝငြိမ်သက်သွားပြီး ကျနော်တို့ ကိုယ့်ရွာမှာကိုယ်ပြန်ပြီးတော့ လုပ်စားလို့ရပြီး အနေအထားမျိုးနဲ့ ပြန်ကြတာ မတွေ့ရဘူး။”

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့ကြား ဖြစ်ပွားနေတဲ့ ၂ နှစ်နီးပါးကြာ စစ်ရေးပဋိပက္ခအတွင်း အိုးအိမ်တွေကို စွန့်ခွာပြီး ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ၂၀၀,၀၀၀ ကျော်ရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC က စာရင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG