သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

AA ထုတ္ျပန္ခ်က္အေပၚ NLD ပါတီ တုံ႔ျပန္ခ်က္


NLD ပါတီေျပာခြင့္ရ ေဒါက္တာမ်ိဳးၫြန္႔။ (ဓာတ္ပုံ - NLD)

(Zawgyi / Unicode)

၂၀၂၀ ေရြးေကာက္ပြဲမွာ NLD ပါတီရဲ႕ အႏိုင္ရမႈ AA တိုင္းရင္းသား လက္နက္ကိုင္တပ္က ခ်ီးက်ဳးဂုဏ္ျပဳတယ္လို႔ ဒီကေန႔ ထုတ္ျပန္တဲ့ ေၾကညာခ်က္ဟာ အျပဳသေဘာေဆာင္တဲ့ သေဘာထားအျဖစ္ NLD ပါတီဘက္က ေျပာဆိုလိုက္ေပမယ့္ AA ရဲ႕ ထုတ္ျပန္ခ်က္ပါ ရခိုင္ေဒသခံ ဖမ္းဆီးခံေတြ ျပန္လႊတ္ေပးေရး NLD ပါတီကို ေတာင္းဆိုမႈေတြကိုေတာ့ ျငင္းပယ္လိုက္ပါတယ္။ NLD ပါတီေျပာခြင့္ရ ေဒါက္တာမ်ိဳးၫြန႔္ကို မဆုမြန္ ဆက္သြယ္ေမးျမန္းၿပီး တင္ျပထားပါတယ္။

ULA/AA ထုတ္ျပန္ခ်က္။ (ႏုိဝင္ဘာ ၂၁၊ ၂၀၂၀)
ULA/AA ထုတ္ျပန္ခ်က္။ (ႏုိဝင္ဘာ ၂၁၊ ၂၀၂၀)


ဒီကေန႔ ႏုိဝင္ဘာလ ၂၁ ရက္ေန႔ စေနေန႔မွာ ရခိုင္အမ်ိဳးသားအဖြဲ႔ခ်ဳပ္ (ULA)၊ ရကၡိဳင့္တပ္ေတာ္ (AA) ကေန ၂၀၂၀ ျပည့္ႏွစ္ အေထြေထြေရြးေကာက္ပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ NLD ပါတီ လူထုရဲ႕ တခဲနက္ အားေပးေထာက္ခံမႈနဲ႔ အျပတ္အသတ္ အႏုိင္ရခဲ့တဲ့အေပၚ ULA/AA အေနနဲ႔ ခ်ီးက်ဴးဂုဏ္ျပဳေၾကာင္း သေဘာထား ထုတ္ျပန္ေၾကညာလိုက္တာပါ။ NLD အစိုးရအေနနဲ႔ ဒီမိုကေရစီ အႏွစ္သာရနဲ႔ တရားမွ်တတဲ့ စစ္မွန္တဲ့ ျပည္ေထာင္စု ပုံေဖာ္ထုဆစ္ႏုိင္လိမ့္မယ္လို႔ AA ဘက္က ေမွ်ာ္လင့္ေၾကာင္းလည္း ထည့္သြင္းေဖာ္ျပထားပါတယ္။

အခုလိုမ်ိဳး AA တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႔ရဲ႕ NLD ပါတီအေပၚ ထုတ္ျပန္ေၾကညာခ်က္နဲ႔ ပတ္သက္ၿပီး NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ ေျပာခြင့္ရ ေဒါက္တာမ်ိဳးၫြန႔္ကေတာ့ အျပဳသေဘာေဆာင္တဲ့ ထုတ္ျပန္ခ်က္အျဖစ္ ႐ႈျမင္ပါတယ္။

ULA/AA ထုတ္ျပန္ခ်က္။ (ႏုိဝင္ဘာ ၂၁၊ ၂၀၂၀)
ULA/AA ထုတ္ျပန္ခ်က္။ (ႏုိဝင္ဘာ ၂၁၊ ၂၀၂၀)


"အဲ့ဒီ့စာက ယခင္စာမ်ားနဲ႔မတူဘဲ အသုံးအႏႈန္းေတြကအစ ႏိုင္ငံေရးအရလည္း ပိုၿပီး လက္ခံႏိုင္တဲ့ အေျခအေန ရွိပါတယ္ခင္ဗ်။ ေနာက္ ၂၀၂၀ ေရြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီးေတာ့လည္း သူတို႔က ဒါ ႀကိဳဆိုလက္ခံတဲ့သေဘာ ေတြ႔ရွိရတဲ့အတြက္ အျပဳသေဘာေဆာင္တယ္လို႔ က်ေနာ္တို႔က သုံးသပ္ပါတယ္။ ေနာက္ သူတို႔ AA ရဲ႕ထုတ္ျပန္ခ်က္မွာ ေတြ႔ဆုံေဆြးေႏြးၿပီး ညႇိႏႈိင္းမႈရလဒ္ေတြေပၚ မူတည္ၿပီး ဖမ္းဆီးထားတဲ့ က်ေနာ္တို႔ အဖြဲ႔ခ်ဳပ္ကိုယ္စားလွယ္ေလာင္း ၃ ဦးကို ျပန္ၿပီး လႊတ္ေပးပါမယ္ဆိုတာ ပါပါတယ္။ ဒီကိုယ္စားလွယ္ေလာင္း ၃ ဦးကိုလည္း ညႇဥ္းပန္းႏွိပ္စက္ျခင္း မရွိဘူး၊ ေကာင္းမြန္စြာထားတယ္ဆိုတာ သိရတဲ့အတြက္ က်ေနာ္တို႔ ဝမ္းသာပါတယ္။

“က်ေနာ္တို႔ သေဘာထား ရပ္တည္ခ်က္ကေတာ့ AA ဟာ လက္ရွိမွာ အၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္ ေၾကညာထားခံရတဲ့အဖြဲ႔ ျဖစ္ပါတယ္။ က်ေနာ္တို႔ကေတာ့ ႏိုင္ငံေရးပါတီတခု ျဖစ္တဲ့အတြက္ အၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္ ေၾကညာထားျခင္းခံရတဲ့ အဖြဲ႔အစည္းနဲ႔ ဥပေဒအရ ညႇိႏႈိင္းေဆြးေႏြးခြင့္ မရွိပါဘူးခင္ဗ်။ ဒါေၾကာင့္ ညႇိႏႈိင္းေဆြးေႏြးခြင့္ရွိတဲ့ အစိုးရ၊ ၿငိမ္းခ်မ္းေရးေဆာင္ရြက္ေနသူမ်ား ေနာက္ၿပီးေတာ့ တပ္မေတာ္တို႔နဲ႔ သူတို႔ရဲ႕ သေဘာထားကို ညႇိႏႈိင္းေဆြးေႏြးရမွာ ျဖစ္ပါတယ္။ က်ေနာ္တို႔ကေတာ့ ဒီကိုယ္စားလွယ္ေလာင္း ၃ ဦးကို ဖမ္းဆီးထားၿပီးေတာ့ ေတာင္းဆိုမႈေတြ လုပ္ေနတာကိုေတာ့ သင့္ျမတ္ျခင္းမရွိဘူးလို႔ က်ေနာ္တို႔ ယူဆပါတယ္။ က်ေနာ္တို႔ ကိုယ္စားလွယ္ ၃ ဦးကို ႁခြင္းခ်က္မရွိ ျပန္လည္လႊတ္ေပးတာေတာ့ ပိုမိုသင့္ေတာ္ပါတယ္။ အဲ့သလို လုပ္လိုက္ျခင္းအားျဖင့္ AA အဖြဲ႔ရဲ႕ အၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္ ေၾကညာထားျခင္း ခံရတာလည္း ေလ်ာ့ပါးသြားႏုိင္ပါတယ္။”

AA ဘက္က NLD အေနနဲ႔ အမ်ိဳးသားရင္ၾကားေစ့ေရးကို ႏႈတ္အားျဖင့္ ေျပာဆိုေနတာမဟုတ္ဘဲ လက္ေတြ႔အားျဖင့္ အေကာင္အထည္ေဖာ္ သက္ေသျပရမယ့္ အခ်ိန္ကာလျဖစ္တယ္လို႔ ေျပာဆိုထားသလို AA အေနနဲ႔ အမ်ိဳးသားရင္ၾကားေစ့ေရးနဲ႔ ၿငိမ္းခ်မ္းေရးကို ေထာက္႐ႈၿပီးေတာ့ ေမတၱာတရားကို ေမတၱာတရားနဲ႔ တုံ႔ျပန္ရန္ အဆင္သင့္ျဖစ္ေနပါတယ္ ဆိုတာ ထည့္သြင္းထားပါတယ္။ ဒီလို ၿငိမ္းခ်မ္းေရးအတြက္ ႏိုင္ငံေရးေဆြးေႏြးပြဲေတြကို အရွိန္ျမႇင့္ ေဆာင္ရြက္ျခင္းအားျဖင့္ ၿငိမ္းခ်မ္းေရး တိုးတက္လာေနေစမယ့္ လမ္းစအျဖစ္လည္း NLD ဘက္က သေဘာထားကုိ ေဒါက္တာမ်ိဳးၫြန႔္က ေျပာပါတယ္။

"အထူးသျဖင့္ AA အဖြဲ႔အစည္းက တပ္မေတာ္နဲ႔ လက္နက္ကိုင္ၿပီး တိုက္ပြဲျဖစ္ေနတယ္။ အခု ယာယီအပစ္အခတ္ ရပ္စဲထားတယ္။ အဲ့ေတာ့ လက္နက္ကိုင္တပ္ဖြဲ႔ အခ်င္းခ်င္းၾကား ျဖစ္တာဟာ ဒါဟာ က်ေနာ္တို႔နဲ႔ မဆိုင္ပါဘူး။ က်ေနာ္တို႔နဲ႔ အဓိကဆိုင္တဲ့ အေၾကာင္းကေတာ့ လက္နက္ကိုင္တိုက္ပြဲမွာ လုံးဝ ပါဝင္ပတ္သက္ျခင္းမရွိတဲ့ ျပည္သူမ်ားကို လက္နက္ကိုင္ၿပီးေတာ့ ဖမ္းဆီးတာ၊ ေရွးဦးပိုင္းေတြမွာ ႏွိပ္စက္တာ ရွိခဲ့တာ၊ ၿခိမ္းေျခာက္တာ ဒါေတြကေတာ့ အၾကမ္းဖက္လုပ္ရပ္ေတြလို႔ က်ေနာ္တို႔ကေတာ့ သေဘာေပါက္ပါတယ္။ ဒါေၾကာင့္ ဒီလို အၾကမ္းဖက္လုပ္ရပ္ေတြကို ေျဖေလ်ာ့ႏိုင္မယ္၊ ေနာက္ၿပီး မဟာမိတ္ ၃ ဖြဲ႔ရဲ႕ ေၾကညာခ်က္အတိုင္း ၿငိမ္းခ်မ္းေရးအတြက္ ႏုိင္ငံေရးေဆြးေႏြးပြဲေတြကို အရွိန္ျမႇင့္ ေဆာင္ရြက္လာမယ္ ဆိုရင္ သူဟာ အၾကမ္းဖက္အဖြဲ႔အစည္းကေနလည္း လြတ္ေျမာက္သြားႏုိင္ပါတယ္။ ေနာက္ၿပီးေတာ့ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ေတြ တိုးတက္လာတာနဲ႔အမွ် အခုေတာင္းဆိုထားတဲ့ ပုဂၢိဳလ္မ်ား လြတ္ေျမာက္ေရးဟာလည္း အစိုးရအဖြဲ႔က ေဆာင္ရြက္လာႏုိင္ဖြယ္ အေျခအေန ရွိပါတယ္လို႔ က်ေနာ္တို႔ကေတာ့ ေျပာခ်င္ပါတယ္။"

NLD ပါတီဝင္ ၃ ဦး လြတ္ေျမာက္ေရး NLD ပါတီ တာဝန္ရွိသူေတြက ေတာင္းဆိုတာနဲ႔နည္းတူ NLD အစိုးရက ပုဒ္မအမ်ိဳးမ်ိဳးတပ္ ဖမ္းထားတဲ့ ရခိုင္ျပည္သူေတြ၊ ရခိုင္ႏိုင္ငံေရးအက်ဥ္းသားေတြ၊ ULA အဖြဲ႔ရဲ႕ ေဆြမ်ိဳးေတြ၊ ၿငိမ္းခ်မ္းေရးအတြက္ ေတာင္းဆိုဆႏၵျပလို႔ အဖမ္းဆီးခံ တကၠသိုလ္ေက်ာင္းသားေတြကို လူသားခ်င္းစာနာစိတ္နဲ႔ ႁခြင္းခ်က္မရွိ အျမန္ဆုံး လႊတ္ေပးပါလို႔ AA လက္နက္ကိုင္အဖြဲ႔က ထုတ္ျပန္ခ်က္ထဲ အဓိက ေတာင္းဆိုထားတာပါ။ ဒီအေပၚ NLD ပါတီ ေျပာခြင့္ရ ေဒါက္တာမ်ိဳးၫြန႔္က အခုလိုတုံ႔ျပန္ပါတယ္။

"ဖမ္းဆီးတယ္ဆိုတာဟာ ဥပေဒမဲ့ဖမ္းဆီးျခင္း မဟုတ္ပါဘူး။ လက္ရွိ တည္ဆဲဥပေဒ တရပ္ရပ္နဲ႔ ၿငိစြန္းတဲ့အတြက္ ဖမ္းဆီးတယ္။ တရား႐ုံးမွာ ေရွ႕ေနေရွ႕ရပ္မ်ားနဲ႔ ခုခံေခ်ပခြင့္ရွိတယ္။ တရားသူႀကီးရဲ႕ ဆင္ျခင္တုံတရားအရ အျပစ္ရွိတယ္လို႔ ယူဆတဲ့အတြက္ အျပစ္ေပးတာပါ။ ဒါဟာ ဖမ္းဆီးခံထားရတဲ့ က်ေနာ္တို႔ရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား အေပၚကိုေတာ့ ဒါက သက္ေရာက္ျခင္း မရွိဘူးလို႔ဘဲ က်ေနာ္တို႔ေျပာခ်င္ပါတယ္။ က်ေနာ္တို႔ဟာ ဒီမိုကေရစီ ဖက္ဒရယ္စနစ္ကို မမွိတ္မသုန္ သြားေနပါတယ္။ သြားေနတဲ့ ခရီးလမ္းအတြင္းမွာ သေဘာေပါက္နားလည္မႈ လြဲတာေတြေၾကာင့္ ဆင္းရဲဒုကၡတခ်ိဳ႕ ခံစားရတာကို က်ေနာ္တို႔ အထူးပဲ စာနာမိပါတယ္။ က်ေနာ္တို႔ရဲ႕ ကိုယ္စားလွယ္ေလာင္းေတြ လြတ္ေျမာက္ေရးအတြက္ကို က်ေနာ္တို႔က မမွိတ္မသုန္ ႀကိဳးပမ္းေနပါတယ္ ဆိုတာကိုလည္း က်ေနာ္တို႔ သတင္းစကား ပါးခ်င္ပါတယ္။”

အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အစိုးရအေနနဲ႔ အစိုးရသစ္ လႊတ္ေတာ္အခင္းအက်င္းသစ္ မစတင္မီ ေရြးေကာက္ပြဲ မက်င္းပႏိုင္ခဲ့တဲ့ ရခိုင္ျပည္နယ္တြင္းက ၿမိဳ႕နယ္ေတြမွာ ေရြးေကာက္ပြဲ အျမန္ဆုံးက်င္းပႏိုင္ေရး ႀကိဳးပမ္းေဆာင္ရြက္သင့္တယ္လို႔ AA က တိုက္တြန္းထားသလို ေရြးေကာက္ပြဲေတြ က်င္းပေပးဖို႔ AA ရဲ႕ ကမ္းလွမ္းခ်က္ကို တပ္မေတာ္ဘက္က အျပဳသေဘာေဆာင္ လက္ခံႀကိဳဆိုတဲ့အေပၚ ၿငိမ္းခ်မ္းေရးအတြက္ အလားအလာေကာင္းတဲ့ လမ္းစအျဖစ္ ႐ႈျမင္ေၾကာင္းလည္း AA ရဲ႕ ထုတ္ျပန္ခ်က္ထဲ ေဖာ္ျပပါရွိပါတယ္။

AA ထုတ္ျပန္ခ်က္အေပၚ NLD ပါတီ တုံ႔ျပန္ခ်က္
please wait

No media source currently available

0:00 0:05:57 0:00
တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

AA ထုတ်ပြန်ချက်အပေါ် NLD ပါတီ တုံ့ပြန်ချက်

၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီရဲ့ အနိုင်ရမှု AA တိုင်းရင်းသား လက်နက်ကိုင်တပ်က ချီးကျုးဂုဏ်ပြုတယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ဟာ အပြုသဘောဆောင်တဲ့ သဘောထားအဖြစ် NLD ပါတီဘက်က ပြောဆိုလိုက်ပေမယ့် AA ရဲ့ ထုတ်ပြန်ချက်ပါ ရခိုင်ဒေသခံ ဖမ်းဆီးခံတွေ ပြန်လွှတ်ပေးရေး NLD ပါတီကို တောင်းဆိုမှုတွေကိုတော့ ငြင်းပယ်လိုက်ပါတယ်။ NLD ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကို မဆုမွန် ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ စနေနေ့မှာ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)၊ ရက္ခိုင့်တပ်တော် (AA) ကနေ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီ လူထုရဲ့ တခဲနက် အားပေးထောက်ခံမှုနဲ့ အပြတ်အသတ် အနိုင်ရခဲ့တဲ့အပေါ် ULA/AA အနေနဲ့ ချီးကျူးဂုဏ်ပြုကြောင်း သဘောထား ထုတ်ပြန်ကြေညာလိုက်တာပါ။ NLD အစိုးရအနေနဲ့ ဒီမိုကရေစီ အနှစ်သာရနဲ့ တရားမျှတတဲ့ စစ်မှန်တဲ့ ပြည်ထောင်စု ပုံဖော်ထုဆစ်နိုင်လိမ့်မယ်လို့ AA ဘက်က မျှော်လင့်ကြောင်းလည်း ထည့်သွင်းဖော်ပြထားပါတယ်။

အခုလိုမျိုး AA တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ရဲ့ NLD ပါတီအပေါ် ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်ပြီး NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကတော့ အပြုသဘောဆောင်တဲ့ ထုတ်ပြန်ချက်အဖြစ် ရှုမြင်ပါတယ်။

"အဲ့ဒီ့စာက ယခင်စာများနဲ့မတူဘဲ အသုံးအနှုန်းတွေကအစ နိုင်ငံရေးအရလည်း ပိုပြီး လက်ခံနိုင်တဲ့ အခြေအနေ ရှိပါတယ်ခင်ဗျ။ နောက် ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း သူတို့က ဒါ ကြိုဆိုလက်ခံတဲ့သဘော တွေ့ရှိရတဲ့အတွက် အပြုသဘောဆောင်တယ်လို့ ကျနော်တို့က သုံးသပ်ပါတယ်။ နောက် သူတို့ AA ရဲ့ထုတ်ပြန်ချက်မှာ တွေ့ဆုံဆွေးနွေးပြီး ညှိနှိုင်းမှုရလဒ်တွေပေါ် မူတည်ပြီး ဖမ်းဆီးထားတဲ့ ကျနော်တို့ အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း ၃ ဦးကို ပြန်ပြီး လွှတ်ပေးပါမယ်ဆိုတာ ပါပါတယ်။ ဒီကိုယ်စားလှယ်လောင်း ၃ ဦးကိုလည်း ညှဉ်းပန်းနှိပ်စက်ခြင်း မရှိဘူး၊ ကောင်းမွန်စွာထားတယ်ဆိုတာ သိရတဲ့အတွက် ကျနော်တို့ ဝမ်းသာပါတယ်။

“ကျနော်တို့ သဘောထား ရပ်တည်ချက်ကတော့ AA ဟာ လက်ရှိမှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားခံရတဲ့အဖွဲ့ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ နိုင်ငံရေးပါတီတခု ဖြစ်တဲ့အတွက် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားခြင်းခံရတဲ့ အဖွဲ့အစည်းနဲ့ ဥပဒေအရ ညှိနှိုင်းဆွေးနွေးခွင့် မရှိပါဘူးခင်ဗျ။ ဒါကြောင့် ညှိနှိုင်းဆွေးနွေးခွင့်ရှိတဲ့ အစိုးရ၊ ငြိမ်းချမ်းရေးဆောင်ရွက်နေသူများ နောက်ပြီးတော့ တပ်မတော်တို့နဲ့ သူတို့ရဲ့ သဘောထားကို ညှိနှိုင်းဆွေးနွေးရမှာ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ ဒီကိုယ်စားလှယ်လောင်း ၃ ဦးကို ဖမ်းဆီးထားပြီးတော့ တောင်းဆိုမှုတွေ လုပ်နေတာကိုတော့ သင့်မြတ်ခြင်းမရှိဘူးလို့ ကျနော်တို့ ယူဆပါတယ်။ ကျနော်တို့ ကိုယ်စားလှယ် ၃ ဦးကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးတာတော့ ပိုမိုသင့်တော်ပါတယ်။ အဲ့သလို လုပ်လိုက်ခြင်းအားဖြင့် AA အဖွဲ့ရဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားခြင်း ခံရတာလည်း လျော့ပါးသွားနိုင်ပါတယ်။”

AA ဘက်က NLD အနေနဲ့ အမျိုးသားရင်ကြားစေ့ရေးကို နှုတ်အားဖြင့် ပြောဆိုနေတာမဟုတ်ဘဲ လက်တွေ့အားဖြင့် အကောင်အထည်ဖော် သက်သေပြရမယ့် အချိန်ကာလဖြစ်တယ်လို့ ပြောဆိုထားသလို AA အနေနဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးကို ထောက်ရှုပြီးတော့ မေတ္တာတရားကို မေတ္တာတရားနဲ့ တုံ့ပြန်ရန် အဆင်သင့်ဖြစ်နေပါတယ် ဆိုတာ ထည့်သွင်းထားပါတယ်။ ဒီလို ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲတွေကို အရှိန်မြှင့် ဆောင်ရွက်ခြင်းအားဖြင့် ငြိမ်းချမ်းရေး တိုးတက်လာနေစေမယ့် လမ်းစအဖြစ်လည်း NLD ဘက်က သဘောထားကို ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

"အထူးသဖြင့် AA အဖွဲ့အစည်းက တပ်မတော်နဲ့ လက်နက်ကိုင်ပြီး တိုက်ပွဲဖြစ်နေတယ်။ အခု ယာယီအပစ်အခတ် ရပ်စဲထားတယ်။ အဲ့တော့ လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းကြား ဖြစ်တာဟာ ဒါဟာ ကျနော်တို့နဲ့ မဆိုင်ပါဘူး။ ကျနော်တို့နဲ့ အဓိကဆိုင်တဲ့ အကြောင်းကတော့ လက်နက်ကိုင်တိုက်ပွဲမှာ လုံးဝ ပါဝင်ပတ်သက်ခြင်းမရှိတဲ့ ပြည်သူများကို လက်နက်ကိုင်ပြီးတော့ ဖမ်းဆီးတာ၊ ရှေးဦးပိုင်းတွေမှာ နှိပ်စက်တာ ရှိခဲ့တာ၊ ခြိမ်းခြောက်တာ ဒါတွေကတော့ အကြမ်းဖက်လုပ်ရပ်တွေလို့ ကျနော်တို့ကတော့ သဘောပေါက်ပါတယ်။ ဒါကြောင့် ဒီလို အကြမ်းဖက်လုပ်ရပ်တွေကို ဖြေလျော့နိုင်မယ်၊ နောက်ပြီး မဟာမိတ် ၃ ဖွဲ့ရဲ့ ကြေညာချက်အတိုင်း ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲတွေကို အရှိန်မြှင့် ဆောင်ရွက်လာမယ် ဆိုရင် သူဟာ အကြမ်းဖက်အဖွဲ့အစည်းကနေလည်း လွတ်မြောက်သွားနိုင်ပါတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ တိုးတက်လာတာနဲ့အမျှ အခုတောင်းဆိုထားတဲ့ ပုဂ္ဂိုလ်များ လွတ်မြောက်ရေးဟာလည်း အစိုးရအဖွဲ့က ဆောင်ရွက်လာနိုင်ဖွယ် အခြေအနေ ရှိပါတယ်လို့ ကျနော်တို့ကတော့ ပြောချင်ပါတယ်။"

NLD ပါတီဝင် ၃ ဦး လွတ်မြောက်ရေး NLD ပါတီ တာဝန်ရှိသူတွေက တောင်းဆိုတာနဲ့နည်းတူ NLD အစိုးရက ပုဒ်မအမျိုးမျိုးတပ် ဖမ်းထားတဲ့ ရခိုင်ပြည်သူတွေ၊ ရခိုင်နိုင်ငံရေးအကျဉ်းသားတွေ၊ ULA အဖွဲ့ရဲ့ ဆွေမျိုးတွေ၊ ငြိမ်းချမ်းရေးအတွက် တောင်းဆိုဆန္ဒပြလို့ အဖမ်းဆီးခံ တက္ကသိုလ်ကျောင်းသားတွေကို လူသားချင်းစာနာစိတ်နဲ့ ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးပါလို့ AA လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ချက်ထဲ အဓိက တောင်းဆိုထားတာပါ။ ဒီအပေါ် NLD ပါတီ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က အခုလိုတုံ့ပြန်ပါတယ်။

"ဖမ်းဆီးတယ်ဆိုတာဟာ ဥပဒေမဲ့ဖမ်းဆီးခြင်း မဟုတ်ပါဘူး။ လက်ရှိ တည်ဆဲဥပဒေ တရပ်ရပ်နဲ့ ငြိစွန်းတဲ့အတွက် ဖမ်းဆီးတယ်။ တရားရုံးမှာ ရှေ့နေရှေ့ရပ်များနဲ့ ခုခံချေပခွင့်ရှိတယ်။ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအရ အပြစ်ရှိတယ်လို့ ယူဆတဲ့အတွက် အပြစ်ပေးတာပါ။ ဒါဟာ ဖမ်းဆီးခံထားရတဲ့ ကျနော်တို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်များ အပေါ်ကိုတော့ ဒါက သက်ရောက်ခြင်း မရှိဘူးလို့ဘဲ ကျနော်တို့ပြောချင်ပါတယ်။ ကျနော်တို့ဟာ ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို မမှိတ်မသုန် သွားနေပါတယ်။ သွားနေတဲ့ ခရီးလမ်းအတွင်းမှာ သဘောပေါက်နားလည်မှု လွဲတာတွေကြောင့် ဆင်းရဲဒုက္ခတချို့ ခံစားရတာကို ကျနော်တို့ အထူးပဲ စာနာမိပါတယ်။ ကျနော်တို့ရဲ့ ကိုယ်စားလှယ်လောင်းတွေ လွတ်မြောက်ရေးအတွက်ကို ကျနော်တို့က မမှိတ်မသုန် ကြိုးပမ်းနေပါတယ် ဆိုတာကိုလည်း ကျနော်တို့ သတင်းစကား ပါးချင်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေနဲ့ အစိုးရသစ် လွှတ်တော်အခင်းအကျင်းသစ် မစတင်မီ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်းက မြို့နယ်တွေမှာ ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်သင့်တယ်လို့ AA က တိုက်တွန်းထားသလို ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ AA ရဲ့ ကမ်းလှမ်းချက်ကို တပ်မတော်ဘက်က အပြုသဘောဆောင် လက်ခံကြိုဆိုတဲ့အပေါ် ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတဲ့ လမ်းစအဖြစ် ရှုမြင်ကြောင်းလည်း AA ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြပါရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG