သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္ပိုင္းမဟာမိတ္သံုးဖဲြ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြ ေမွ်ာ္လင့္


၂၀၁၈ ခုႏွစ္က က်င္းပခဲ့တဲ့ FPNCC အဖြဲ႔ဝင္ေတြျဖစ္တဲ့ KIA, SSPP/SSA,AA,TNLA,MNDAA နဲ႔ NDAA တို႔ ေဆြးေႏြးပဲြ။

(Zawgyi / Unicode)

ျမန္မာ့တပ္မေတာ္နဲ႔ စစ္ေရးပဋိပကၡျဖစ္ေနဆဲ ေျမာက္ပိုင္းညီေနာင္မဟာမိတ္ ၃ ဖြဲ႔ကေန NLD အစိုးရ၊ တပ္မေတာ္တို႔နဲ႔ တျပည္လုံး အတိုင္းအတာ အပစ္အခတ္ရပ္စဲေရး ၿငိမ္းခ်မ္းေရးလုပ္ငန္းေတြ ေဖာ္ေဆာင္ဖို႔ ေတြ႔ဆုံေဆြးေႏြးဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။ အျပည့္အစုံကို ႏုိင္ကြန္းအိန္ တင္ျပေပးထားပါတယ္။

မၾကာေသးမီက က်င္းပၿပီးစီးခဲ့တဲ့ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ကေန တျပည္လုံးအတိုင္းအတာ ေအာင္ျမင္ခဲ့မႈအေပၚ ႀကိဳဆိုေၾကာင္း ေျမာက္ပိုင္းညီေနာင္မဟာမိတ္ ၃ ဖြဲ႔က ႏုိဝင္ဘာလ ၂၀ ရက္ေန႔ ရက္စြဲနဲ႔ သေဘာထား ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

အထူးသျဖင့္ အစိုးရနဲ႔ တပ္မေတာ္တို႔ရဲ႕ အျပဳသေဘာေဆာင္တဲ့ ထုတ္ျပန္ခ်က္ကို ႀကိဳဆိုေၾကာင္း ေျမာက္ပိုင္းညီေနာင္မဟာမိတ္ ၃ ဖြဲ႔ရဲ႕ ေျပာခြင့္ရ ဗိုလ္မွဴးတာအိုက္ေက်ာ္က အခုလိုေျပာပါတယ္။

“က်ေနာ္တုိ႔ ညီေနာင္မဟာမိတ္ ၃ ဖြဲ႔ေပါ့ေနာ္။ Online ေပၚမွာ အစည္းအေဝး လုပ္လိုက္တယ္။ ဒီလက္ရွိတပ္ဘက္ေရာ အစိုးရဘက္ေရာ ဒီ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ၿပီးမွ အသီးသီး ေၾကညာခ်က္ထုတ္ထားတယ္ေပါ့ေနာ္။ သူတို႔ရဲ႕ ၿငိမ္းခ်မ္းေရးအေပၚ ထုတ္ျပန္ခ်က္ သေဘာထားေတြကို က်ေနာ္တုိ႔က အျပဳသေဘာအေနနဲ႔ ႐ႈျမင္တယ္ေပါ့ေနာ္။ ၿငိမ္းခ်မ္းေရးအတြက္ အျပဳသေဘာေဆာင္တယ္လို႔ အဲဒီလိုမ်ိဳးျမင္တယ္။ အဲဒီထုတ္ျပန္ခ်က္ကို က်ေနာ္တုိ႔ ႀကိဳဆိုတယ္။”

ေရြးေကာက္ပဲြမွာ အမ်ားစုနဲ႔ အႏုိင္ရထားတဲ့ NLD အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ကလည္း ဒီမုိကေရစီ ဖက္ဒရယ္ျပည္ေထာင္စု ေပၚေပါက္ေရး ေရြးေကာက္ပဲြမွာ ပါဝင္ခဲ့ၾကတဲ့ တုိင္းရင္းသား ႏုိင္ငံေရးပါတီေတြနဲ႔ လက္တဲြဖုိ႔ ဆႏၵရွိေၾကာင္း ႏုိဝင္ဘာ ၁၂ ရက္ေန႔မွာ ကမ္းလွမ္းခဲ့ပါတယ္။

အလားတူ တပ္မေတာ္ကေန ႏုိဝင္ဘာ ၉ ရက္က ထုတ္ျပန္ခဲ့တဲ့ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးနဲ႔ ထာဝရၿငိမ္းခ်မ္းေရးအတြက္ ထုတ္ျပန္ခ်က္နဲ႔အတူ ထပ္မံျပင္ဆင္ဖြဲ႔စည္း တာဝန္ေပးအပ္လိုက္တဲ့ ေဆြးေႏြးမႈေကာ္မတီကို ၿငိမ္းခ်မ္းေရးနဲ႔ အပစ္ရပ္ေရးအတြက္ အျပဳသေဘာေဆာင္တဲ့ ေျခလွမ္းအျဖစ္ ႀကိဳဆိုေၾကာင္း ညီေနာင္ ၃ ဖြဲ႔ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေျမာက္ပိုင္းညီေနာင္မဟာမိတ္ ၃ ဖြဲ႔ကေတာ့ အစိုးရ၊ တပ္မေတာ္တို႔နဲ႔ ေတြ႔ဆုံေဆြးေႏြးဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ ဗိုလ္မွဴးတာအိုက္ေက်ာ္က ေျပာပါတယ္။

“တပ္ေရာ အစိုးရဘက္ ၿပီးလို႔ရွိရင္ ကမ္းလွမ္းလာခဲ့ရင္ က်ေနာ္တုိ႔ဘက္ကေတာ့ အၿမဲတမ္း အသင့္ျပင္ရွိတယ္ေပါ့။ က်ေနာ္တုိ႔အဖြဲ႔လည္း ဒီ FPNCC ဦးေဆာင္မႈနဲ႔အတူ ၿငိမ္းခ်မ္းေရးလုပ္ငန္းကို ေအာင္ျမင္ဖို႔အတြက္ေပါ့ေနာ္။ က်ေနာ္တို႔ ၃ ဖြဲ႔အေနနဲ႔ ဆက္ၿပီးမွ ေဆြးေႏြးပြဲ ျပဳလုပ္သြားဖို႔ေပါ့။”

ပဏာမအပစ္ရပ္ သေဘာတူညီခ်က္ လက္မွတ္ေရးထိုးမယ္ဆိုရင္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔နဲ႔အတူ လက္မွတ္ေရးထိုးသြားမွာျဖစ္ၿပီး ႏုိင္ငံေရး ေဆြးေႏြးမႈေတြကိုေတာ့ UWSA ဝတပ္ဖြဲ႔ဦးေဆာင္တဲ့ ျပည္ေထာင္စု ႏုိင္ငံေရး ေဆြးေႏြးညႇိႏႈိင္းေရးေကာ္မတီ FPNCC အဖြဲ႔ဝင္ ၇ ဖြဲ႔လုံးႏွင့္အတူ လုပ္ေဆာင္သြားမယ္လို႔ ဆိုပါတယ္။

ေျမာက္ပိုင္းညီေနာင္သုံးဖြဲ႔ျဖစ္တဲ့ တအာင္းပေလာင္အဖြဲ႔ (TNLA)၊ ရခိုင္လက္နက္ကိုင္ (AA) နဲ႔ ျမန္မာအမ်ိဳးသားဒီမိုကရက္တစ္ မဟာမိတ္တပ္မေတာ္ (MNDAA)၊ ကိုးကန္႔အဖြဲ႔တို႔ဟာ တပ္မေတာ္နဲ႔ စစ္ေရးတင္းမာမႈေတြရွိတဲ့ အဖြဲ႔ေတြျဖစ္ပါတယ္။

လက္ရွိ ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသမွာ ျမန္မာတပ္မေတာ္ေရာ ေျမာက္ပိုင္းညီေနာင္ ၃ ဖြဲ႔ကပါ အပစ္ရပ္ေၾကာင္း ေၾကညာထားေပမယ့္ TNLA တအာင္းပေလာင္အဖြဲ႔၊ KIO ကခ်င္လြတ္လပ္ေရးအဖြဲ႔တို႔နဲ႔ ဒီရက္ပိုင္း တိုက္ပြဲျဖစ္ပြားတာ ရွိေပမယ့္ အရင္ကထက္ ေလ်ာ့ပါးလာေနတယ္လို႔ ဗိုလ္မွဴးတာအိုက္ေက်ာ္က ေျပာပါတယ္။

တပ္မေတာ္အေနနဲ႔ကေတာ့ ျမန္မာအစိုးရနဲ႔ NCA တႏုိင္ငံလုံး အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကုိ လက္မွတ္ေရးထိုးၿပီးသား လက္နက္ကိုင္အဖဲြ႔ေတြနဲ႔ေရာ မထိုးရေသးတဲ့ အဖြဲ႔ေတြနဲ႔ပါ ၿငိမ္းခ်မ္းေရးရေအာင္ ႀကိဳးပမ္းသြားဖုိ႔ အၿမဲတမ္းေကာ္မတီတခုကုိ ဖဲြ႔စည္းခဲ့တာလုိ႔ တပ္မေတာ္ဘက္က ဗြီအိုေအကို ေျပာဆိုခဲ့ပါတယ္။

စစ္ေရးတင္းမာေနတဲ့ ရခိုင္ျပည္နယ္ဘက္မွာလည္း AA ရခိုင္လက္နက္ကိုင္အဖြဲ႔နဲ႔ ျမန္မာစစ္တပ္တို႔အၾကား ဒီရက္ပိုင္းေတြအတြင္း တိုက္ပြဲေတြ ရပ္တန္႔ေနပါတယ္။

AA ရခိုင္လက္နက္ကိုင္အဖြဲ႔ အေနနဲ႔ ႏုိဝင္ဘာလက က်င္းပခဲ့တဲ့ အေထြေထြေရြးေကာက္ပြဲမွာ NLD ပါတီအေနနဲ႔ ထပ္မံအႏုိင္ရတဲ့အေပၚ ခ်ီးက်ဴးဂုဏ္ျပဳေၾကာင္း၊ ၎တို႔ ဖမ္းဆီးထိန္းသိမ္းထားတဲ့ ေတာင္ကုတ္ၿမိဳ႕နယ္က NLD ပါတီဝင္ ၃ ဦးကို မည္သည့္ႏွိပ္စက္ျခင္းမွ မရွိဘဲ ေကာင္းမြန္စြာ ထိန္းသိမ္းထားၿပီး ႏွစ္ဦးႏွစ္ဖက္ ညႇိႏႈိင္းအဆင္ေျပၿပီး အျပန္အလွန္ နားလည္မႈရွိတဲ့ အေျခအေနမွာ အျမန္ဆုံး ျပန္လႊတ္ေပးမယ္လို႔ AA ဘက္က ႏုိဝင္ဘာ ၂၁ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္ထားပါတယ္။

ဒီထုတ္ျပန္ခ်က္မွာ မေရရာတဲ့ စြပ္စြဲခ်က္ေတြနဲ႔ ေထာင္သြင္းအက်ဥ္းခ်ခံေနရတဲ့ ရခိုင္ေဒသခံ တိုင္းရင္းသားေတြနဲ႔ ရခိုင္ႏုိင္ငံေရးသမားေတြ၊ မတရားဖမ္းဆီးျခင္း ခံေနရတဲ့ ULA အဖြဲ႔ဝင္ ေဆြမ်ိဳးသားခ်င္းေတြ ၿငိမ္းခ်မ္းေရးအတြက္ ေတာင္းဆိုဆႏၵျပလို႔ ဖမ္းဆီးခံထားရတဲ့ ျမန္မာျပည္အႏွံ႔မွ တကၠသိုလ္ေက်ာင္းသားေတြကို ႁခြင္းခ်က္မရွိ အျမန္ဆုံး ျပန္လည္လႊတ္ေပးဖို႔ကိုလည္း အေလးအနက္ေတာင္းဆိုေၾကာင္း AA ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မျှော်လင့်

မြန်မာ့တပ်မတော်နဲ့ စစ်ရေးပဋိပက္ခဖြစ်နေဆဲ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ကနေ NLD အစိုးရ၊ တပ်မတော်တို့နဲ့ တပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဖော်ဆောင်ဖို့ တွေ့ဆုံဆွေးနွေးဖို့ မျှော်လင့်နေကြပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

မကြာသေးမီက ကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကနေ တပြည်လုံးအတိုင်းအတာ အောင်မြင်ခဲ့မှုအပေါ် ကြိုဆိုကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က နိုဝင်ဘာလ ၂၀ ရက်နေ့ ရက်စွဲနဲ့ သဘောထား ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အထူးသဖြင့် အစိုးရနဲ့ တပ်မတော်တို့ရဲ့ အပြုသဘောဆောင်တဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ပြောခွင့်ရ ဗိုလ်မှူးတာအိုက်ကျော်က အခုလိုပြောပါတယ်။

“ကျနော်တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ပေါ့နော်။ Online ပေါ်မှာ အစည်းအဝေး လုပ်လိုက်တယ်။ ဒီလက်ရှိတပ်ဘက်ရော အစိုးရဘက်ရော ဒီ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးမှ အသီးသီး ကြေညာချက်ထုတ်ထားတယ်ပေါ့နော်။ သူတို့ရဲ့ ငြိမ်းချမ်းရေးအပေါ် ထုတ်ပြန်ချက် သဘောထားတွေကို ကျနော်တို့က အပြုသဘောအနေနဲ့ ရှုမြင်တယ်ပေါ့နော်။ ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်တယ်လို့ အဲဒီလိုမျိုးမြင်တယ်။ အဲဒီထုတ်ပြန်ချက်ကို ကျနော်တို့ ကြိုဆိုတယ်။”

ရွေးကောက်ပွဲမှာ အများစုနဲ့ အနိုင်ရထားတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ လက်တွဲဖို့ ဆန္ဒရှိကြောင်း နိုဝင်ဘာ ၁၂ ရက်နေ့မှာ ကမ်းလှမ်းခဲ့ပါတယ်။

အလားတူ တပ်မတော်ကနေ နိုဝင်ဘာ ၉ ရက်က ထုတ်ပြန်ခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်နဲ့အတူ ထပ်မံပြင်ဆင်ဖွဲ့စည်း တာဝန်ပေးအပ်လိုက်တဲ့ ဆွေးနွေးမှုကော်မတီကို ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်ရေးအတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းအဖြစ် ကြိုဆိုကြောင်း ညီနောင် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ကတော့ အစိုးရ၊ တပ်မတော်တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ မျှော်လင့်နေတယ်လို့ ဗိုလ်မှူးတာအိုက်ကျော်က ပြောပါတယ်။

“တပ်ရော အစိုးရဘက် ပြီးလို့ရှိရင် ကမ်းလှမ်းလာခဲ့ရင် ကျနော်တို့ဘက်ကတော့ အမြဲတမ်း အသင့်ပြင်ရှိတယ်ပေါ့။ ကျနော်တို့အဖွဲ့လည်း ဒီ FPNCC ဦးဆောင်မှုနဲ့အတူ ငြိမ်းချမ်းရေးလုပ်ငန်းကို အောင်မြင်ဖို့အတွက်ပေါ့နော်။ ကျနော်တို့ ၃ ဖွဲ့အနေနဲ့ ဆက်ပြီးမှ ဆွေးနွေးပွဲ ပြုလုပ်သွားဖို့ပေါ့။”

ပဏာမအပစ်ရပ် သဘောတူညီချက် လက်မှတ်ရေးထိုးမယ်ဆိုရင် မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့အတူ လက်မှတ်ရေးထိုးသွားမှာဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးမှုတွေကိုတော့ UWSA ဝတပ်ဖွဲ့ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင် ၇ ဖွဲ့လုံးနှင့်အတူ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်တဲ့ တအာင်းပလောင်အဖွဲ့ (TNLA)၊ ရခိုင်လက်နက်ကိုင် (AA) နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ကိုးကန့်အဖွဲ့တို့ဟာ တပ်မတော်နဲ့ စစ်ရေးတင်းမာမှုတွေရှိတဲ့ အဖွဲ့တွေဖြစ်ပါတယ်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ မြန်မာတပ်မတော်ရော မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကပါ အပစ်ရပ်ကြောင်း ကြေညာထားပေမယ့် TNLA တအာင်းပလောင်အဖွဲ့၊ KIO ကချင်လွတ်လပ်ရေးအဖွဲ့တို့နဲ့ ဒီရက်ပိုင်း တိုက်ပွဲဖြစ်ပွားတာ ရှိပေမယ့် အရင်ကထက် လျော့ပါးလာနေတယ်လို့ ဗိုလ်မှူးတာအိုက်ကျော်က ပြောပါတယ်။

တပ်မတော်အနေနဲ့ကတော့ မြန်မာအစိုးရနဲ့ NCA တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးသား လက်နက်ကိုင်အဖွဲ့တွေနဲ့ရော မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ပါ ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းသွားဖို့ အမြဲတမ်းကော်မတီတခုကို ဖွဲ့စည်းခဲ့တာလို့ တပ်မတော်ဘက်က ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်ဘက်မှာလည်း AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား ဒီရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေ ရပ်တန့်နေပါတယ်။

AA ရခိုင်လက်နက်ကိုင်အဖွဲ့ အနေနဲ့ နိုဝင်ဘာလက ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ ထပ်မံအနိုင်ရတဲ့အပေါ် ချီးကျူးဂုဏ်ပြုကြောင်း၊ ၎င်းတို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ တောင်ကုတ်မြို့နယ်က NLD ပါတီဝင် ၃ ဦးကို မည်သည့်နှိပ်စက်ခြင်းမှ မရှိဘဲ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး နှစ်ဦးနှစ်ဖက် ညှိနှိုင်းအဆင်ပြေပြီး အပြန်အလှန် နားလည်မှုရှိတဲ့ အခြေအနေမှာ အမြန်ဆုံး ပြန်လွှတ်ပေးမယ်လို့ AA ဘက်က နိုဝင်ဘာ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်မှာ မရေရာတဲ့ စွပ်စွဲချက်တွေနဲ့ ထောင်သွင်းအကျဉ်းချခံနေရတဲ့ ရခိုင်ဒေသခံ တိုင်းရင်းသားတွေနဲ့ ရခိုင်နိုင်ငံရေးသမားတွေ၊ မတရားဖမ်းဆီးခြင်း ခံနေရတဲ့ ULA အဖွဲ့ဝင် ဆွေမျိုးသားချင်းတွေ ငြိမ်းချမ်းရေးအတွက် တောင်းဆိုဆန္ဒပြလို့ ဖမ်းဆီးခံထားရတဲ့ မြန်မာပြည်အနှံ့မှ တက္ကသိုလ်ကျောင်းသားတွေကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့ကိုလည်း အလေးအနက်တောင်းဆိုကြောင်း AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG