သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏုိ၀င္ဘာလကုန္အထိ တပ္မေတာ္ဘက္က တဖက္သတ္အပစ္ရပ္ေၾကညာ


မွတ္တမ္းဓါတ္ပံု- ၂၀၂၀ မတ္လ ၆ ရက္ေန႔တုန္းက ျမန္မာတပ္မေတာ္သားမ်ား လံုၿခံဳေရးယူေနစဥ္

(Zawgyi/Unicode)

ျမန္မာ့တပ္မေတာ္က ႏုိဝင္ဘာလကုန္အထိ တဖက္သတ္ အပစ္ရပ္ေၾကာင္း သက္တမ္းတိုးလိုက္တဲ့အေပၚ အေျခခံသေဘာတရားအရ ႀကဳိဆိုေပမယ့္ ထာဝရၿငိမ္းခ်မ္းေရး ေဖၚေဆာင္လိုတယ္ဆိုရင္ အႏွစ္သာရရွိတဲ့ အပစ္ခတ္ရပ္စဲေရး ျဖစ္ဖို႔လိုတယ္လို႔ ျပည္ပေရာက္ တိုင္းရင္းသားအေရး လႈပ္ရွားသူတခ်ဳိ႕က သုံးသပ္တဲ့အေၾကာင္း ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

ကုိဗစ္ကပ္ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ေရး အရွိန္ျမႇင့္လုပ္ေဆာင္ဖို႔နဲ႔ ထာဝရ ၿငိမ္းခ်မ္းေရး ေဖၚေဆာင္ရာမွာ ထိေရာက္ ေအာင္ျမင္စြာ ေဆာင္ရြက္ႏိုင္ေရး တုိ႔အတြက္ ႏိုဝင္ဘာ ၁ ရက္ကေန ၃၀ ရက္ေန႔အထိ ျမန္မာ့တပ္မေတာ္က တဖက္သတ္ အပစ္ခတ္ ရပ္စဲထားမွာျဖစ္ေၾကာင္း တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက ေသာၾကာ မေန႔တုန္းက ေၾကညာခဲ့တာပါ။

ဒါေပမဲ့ ခုလို အပစ္ရပ္ဖို႔ ေၾကညာတဲ့အထဲမွာေတာ့ အၾကမ္းဖက္အုပ္စုလို႔ ျမန္မာစစ္တပ္က သတ္မွတ္ထားတဲ့ အဖြဲ႔ေတြ လႈပ္ရွားေနတဲ့ နယ္ေျမေတြ မပါဝင္ဘူးလို႔လည္း ေဖၚျပထားပါတယ္။

ျမန္မာ့တပ္မေတာ္က အခုလို တဖက္သတ္ အပစ္ရပ္ကာလ သက္တမ္းတိုးလိုက္တဲ့အေပၚ ႀကဳိဆိုေပမယ့္ ထိေရာက္တဲ့ အပစ္ခတ္ ရပ္စဲမႈ ျဖစ္လာမွာမဟုတ္ဘူးလို႔ ျမန္မာႏိုင္ငံတြင္း တုိင္းရင္းသားပဋိပကၡကို ႏွစ္ေပါင္းမ်ားစြာ ေလ့လာေနတဲ့ ဂ်ာမနီႏိုင္ငံမွာ ေနထိုင္သူ စုိင္းဝမ္စိုင္းက သုံးသပ္ပါတယ္။
" အပစ္ခတ္ ရပ္စဲေရးဆိုရင္ ဘယ္လို အပစ္အခတ္ရပ္စဲေရးကိုပဲျဖစ္ျဖစ္ က်ေနာ္တို႔ ႀကဳိဆိုရမွာေပါ့ေနာ္။ ဒါေပမဲ့ ဒီအဖြဲ႔ က်က္စားတဲ့ေနရာ ဟိုအဖြဲ႔ က်က္စားတဲ့ေနရာေတာ့ မပါဘူးလို႔ ေျပာေနေတာ့ ျပည္လုံးကၽြတ္ အပစ္အခတ္ရပ္စဲေရး ဆုိတာမ်ဳိး အဓိပၸါယ္ မေဆာင္ဘူး ျဖစ္ေနတယ္။ သူတို႔ရဲ႕ အက်ဳိးဖက္ကေန တြက္လို႔ရွိရင္ေတာ့ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္က ေနၿပီး ဒီကိုဗစ္ကာလမွာ လက္နက္ကိုင္အဖြဲ႔ေတြ အပစ္ရပ္ထားၾကပါ ၊ စစ္ပြဲေတြ ရပ္ထားၾကပါလို႔ ေတာင္းဆုိထားတဲ့အခါက်ေတာ့ အဲဒါကို က်ေနာ္တုိ႔လည္း လုပ္ပါတယ္ဆိုတဲ့ဟာမ်ဳိးျဖစ္ေအာင္ သူက လုပ္ျပတဲ့ပုံစံ ေပါက္တယ္။"

တပ္မေတာ္ကေတာ့ AA ရခုိင္လက္နက္ကိုင္တပ္ဖြဲ႔ကို ၿပီးခဲ့တဲ့ မတ္လ ၂၃ ရက္ကစၿပီး အၾကမ္းဖက္အဖဲြ႔အျဖစ္ ေၾကညာ ထားသလို၊ မတရားအသင္းအျဖစ္လည္း ေၾကညာထားတာပါ။

ဒီလို AA တပ္ဖြဲ႔က စစ္ေရးလႈပ္ရွားေနတဲ့ ေဒသကို ခ်န္လွပ္ထားတဲ့ တပ္မေတာ္ရဲ႕ အပစ္ရပ္ ေၾကညာခ်က္ဟာ ဟန္ျပသာ ျဖစ္တယ္လို႔ အေမရိကန္ေရာက္ ရခုိင္လူမႈအဖြဲ႔အစည္း ဒုဥကၠဌ ကိုသိန္းထြန္းဇံက ျမင္ပါတယ္။

" သေဘာတရားအရေတာ့ အပစ္အခပ္ရပ္စဲတယ္ဆိုရင္ အျမဲႀကဳိဆိုရမွာ ျဖစ္ပါတယ္။ သို႔ေသာ္ COVID-19 ထိန္းခ်ဳပ္ဖို႔ရယ္ ၿပီးေတာ့ ေရြးေကာက္ပဲြကို တရားမွ်တစြာ ျဖစ္ဖို႔ရယ္ဆိုတဲ့ .. ဒီ ႏွစ္ခုကို အေၾကာင္းျပၿပီးေတာ့ သူတို႔ ဒီလိုေတြ လုပ္ေနပါတယ္ဆိုၿပီး ျပည္သူေတြကိုေရာ ကမၻာကိုပါ လုပ္ျပတဲ့ သေဘာလို႔ ထင္ပါတယ္။ "

တပ္မေတာ္က တဖက္သတ္ အပစ္ရပ္စဲထားေၾကာင္း ေၾကညာခဲ့ခ်ိန္အတြင္း စက္တင္ဘာ ၂၃ ကေန ေအာက္တိုဘာ ၂၀ ကာလထဲမွာ တပ္မေတာ္နဲ႔ ရွမ္းေတာင္ပိုင္းတပ္ဖြဲ႔ RCSS/SSA တို႔ၾကား တိုက္ပဲြက အႀကိမ္(၃၀)၊ TNLA/MNDAA ပူးေပါင္းတပ္ဖြဲ႔နဲ႔ အစိုးရပ္တပ္ေတြၾကား (၁၀)ႀကိမ္ ၊ TNLA နဲ႔သီးသန္႔တိုက္ပဲြ (၈)ႀကိမ္ ျဖစ္ခဲ့တယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔က စာရင္းထုတ္ျပန္ ထားပါတယ္။

ဒါေတြကုိၾကည့္ရင္ UWSA ဦးေဆာင္တဲ့ ေျမာက္ပိုင္းလက္နက္ကိုင္ တပ္ေပါင္းစုၾကီး FPNCC နဲ႔ဆိုင္တဲ့ ေဒသေတြမွာ တုိက္ပဲြ မရပ္စဲႏိုင္သေရြ႕ ၿငိမ္းခ်မ္းေရး အလွမ္းကာေဝး ေနဦးမယ္လို႔ စုိင္းဝမ္စိုင္း က ျမင္ပါတယ္။
" သူက တကယ့္အင္အား အႀကီးဆုံးျဖစ္တဲ့ FPNCC (ျပည္ေထာင္စု ႏိုင္ငံေရး ေဆြးေႏြးညႇိႏႈိင္းေရး ေကာ္မတီ) ထဲမွာ အဖဲြ႔ ၇ ဖဲြ႔ေလာက္ ရွိတယ္။ ေနာက္ၿပီးသူတို႔က တုိင္းရင္းသားလက္နက္ကိုင္ စစ္အင္အားစု အားလုံးရဲ႕ ၈၀% ေလာက္ သူတို႔ထဲမွာရွိေနတယ္။ ဆိုေတာ့ အဲဒီ ၈၀% ေလာက္ရွိတဲ့ လက္နက္ကုိင္အဖြဲ႔ေတြကို သူက ပလပ္ခ်န္လွပ္ထားလိုက္တဲ့ အတြက္ေၾကာင့္မို႔ ဘယ္လိုလုပ္ၿပီး ၿငိမ္းခ်မ္းေရးရမွာလဲ ၊ အဲဒါ ေမးခြန္းထုတ္စရာပါ။ "

တကယ္ေတာ့ အၾကမ္းဖက္အဖြဲ႔လို႔ သတ္မွတ္ထားတဲ့ AA တပ္ဖြဲ႔ ရွိရာေဒသကုိ အစိုးရတပ္က ထုိးစစ္ဆင္ေနတာဟာ AA ကို တိုက္ရိုက္ ရွင္းလင္းတာမ်ဳိး မဟုတ္ပဲ အျပစ္မဲ့ ျပည္သူေတြသာ ဒုကၡ အႏၱရာယ္ေတြ ႀကဳံေနရတယ္လို႔ ကိုသိန္းထြန္းဇံက ေထာက္ျပပါတယ္။

" ထားပါေတာ့ .. အၾကမ္းဖက္အဖဲြ႔လို႕ သူတို႔ သတ္မွတ္ထားတဲ့ Arakan Army ေပါ့ေနာ္။ AA ကို တိုက္႐ိုက္ ထုိးစစ္ဆင္တာမ်ဳိး မဟုတ္ပဲနဲ႔ ျပည္သူလူထုကို ပစ္မွတ္ထားၿပီး တည့္ၾကီး သြားလုပ္ေနတာမ်ဳိးကို ေတြ႔ရွိရတယ္။ ရြာေတြကို မီး႐ႈိ႕တယ္ ရြာေတြကို ပစ္ခတ္ေနတဲ့ဟာေတြက ဆက္တိုက္ျဖစ္ေနတယ္ ခင္ဗ်။ အဲဒီဟာေတြက ဘာမွ ရပ္တန္႔သြားမယ့္ သေဘာ မရွိပါဘူး။ "

ရခုိင္လက္နက္ကိုင္တပ္ဖြဲ႔ AA အပါအဝင္ TNLA (တအာင္းပေလာင္)၊ MNDAA (ကိုးကန္႔) အဖြဲ႔ေတြပါတဲ့ ေျမာက္ပိုင္း ညီေနာင္မဟာမိတ္(၃)ဖဲြ႔ကလည္း ကိုဗစ္ထိန္းခ်ဳပ္ေရးနဲ႔ ျမန္မာႏို္င္ငံ ေရြးေကာက္ပဲြ ေခ်ာေမြ႔ေစေရးအတြက္ စက္တင္ဘာ (၁)ရက္ကေန ႏိုဝင္ဘာ (၉)ရက္ ေန႔အထိ အပစ္ခတ္ရပ္စဲထားမွာ ျဖစ္ေၾကာင္း ေၾကညာထားေပမယ့္ ရခုိင္ျပည္နယ္တြင္းနဲ႔ ခ်င္းျပည္နယ္ ေဒသတခ်ဳိ႕မွာ ျမန္မာ့တပ္မေတာ္က AA တပ္ဖြဲ႔နဲ႔ တိုက္ပဲြေတြ ျဖစ္ပြားေနဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

နိုဝင်ဘာလကုန်အထိ တပ်မတော်ဘက်က တဖက်သတ်အပစ်ရပ်ကြေညာ

(Unicode)

မြန်မာ့တပ်မတော်က နိုဝင်ဘာလကုန်အထိ တဖက်သတ် အပစ်ရပ်ကြောင်း သက်တမ်းတိုးလိုက်တဲ့အပေါ် အခြေခံသဘောတရားအရ ကြိုဆိုပေမယ့် ထာဝရငြိမ်းချမ်းရေး ဖေါ်ဆောင်လိုတယ်ဆိုရင် အနှစ်သာရရှိတဲ့ အပစ်ခတ်ရပ်စဲရေး ဖြစ်ဖို့လိုတယ်လို့ ပြည်ပရောက် တိုင်းရင်းသားအရေး လှုပ်ရှားသူတချို့က သုံးသပ်တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ကိုဗစ်ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေး အရှိန်မြှင့်လုပ်ဆောင်ဖို့နဲ့ ထာဝရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရာမှာ ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး တို့အတွက် နိုဝင်ဘာ ၁ ရက်ကနေ ၃၀ ရက်နေ့အထိ မြန်မာ့တပ်မတော်က တဖက်သတ် အပစ်ခတ် ရပ်စဲထားမှာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သောကြာ မနေ့တုန်းက ကြေညာခဲ့တာပါ။

ဒါပေမဲ့ ခုလို အပစ်ရပ်ဖို့ ကြေညာတဲ့အထဲမှာတော့ အကြမ်းဖက်အုပ်စုလို့ မြန်မာစစ်တပ်က သတ်မှတ်ထားတဲ့ အဖွဲ့တွေ လှုပ်ရှားနေတဲ့ နယ်မြေတွေ မပါဝင်ဘူးလို့လည်း ဖေါ်ပြထားပါတယ်။

မြန်မာ့တပ်မတော်က အခုလို တဖက်သတ် အပစ်ရပ်ကာလ သက်တမ်းတိုးလိုက်တဲ့အပေါ် ကြိုဆိုပေမယ့် ထိရောက်တဲ့ အပစ်ခတ် ရပ်စဲမှု ဖြစ်လာမှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံတွင်း တိုင်းရင်းသားပဋိပက္ခကို နှစ်ပေါင်းများစွာ လေ့လာနေတဲ့ ဂျာမနီနိုင်ငံမှာ နေထိုင်သူ စိုင်းဝမ်စိုင်းက သုံးသပ်ပါတယ်။
" အပစ်ခတ် ရပ်စဲရေးဆိုရင် ဘယ်လို အပစ်အခတ်ရပ်စဲရေးကိုပဲဖြစ်ဖြစ် ကျနော်တို့ ကြိုဆိုရမှာပေါ့နော်။ ဒါပေမဲ့ ဒီအဖွဲ့ ကျက်စားတဲ့နေရာ ဟိုအဖွဲ့ ကျက်စားတဲ့နေရာတော့ မပါဘူးလို့ ပြောနေတော့ ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေး ဆိုတာမျိုး အဓိပ္ပါယ် မဆောင်ဘူး ဖြစ်နေတယ်။ သူတို့ရဲ့ အကျိုးဖက်ကနေ တွက်လို့ရှိရင်တော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က နေပြီး ဒီကိုဗစ်ကာလမှာ လက်နက်ကိုင်အဖွဲ့တွေ အပစ်ရပ်ထားကြပါ ၊ စစ်ပွဲတွေ ရပ်ထားကြပါလို့ တောင်းဆိုထားတဲ့အခါကျတော့ အဲဒါကို ကျနော်တို့လည်း လုပ်ပါတယ်ဆိုတဲ့ဟာမျိုးဖြစ်အောင် သူက လုပ်ပြတဲ့ပုံစံ ပေါက်တယ်။"

တပ်မတော်ကတော့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်ကစပြီး အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာ ထားသလို၊ မတရားအသင်းအဖြစ်လည်း ကြေညာထားတာပါ။

ဒီလို AA တပ်ဖွဲ့က စစ်ရေးလှုပ်ရှားနေတဲ့ ဒေသကို ချန်လှပ်ထားတဲ့ တပ်မတော်ရဲ့ အပစ်ရပ် ကြေညာချက်ဟာ ဟန်ပြသာ ဖြစ်တယ်လို့ အမေရိကန်ရောက် ရခိုင်လူမှုအဖွဲ့အစည်း ဒုဥက္ကဌ ကိုသိန်းထွန်းဇံက မြင်ပါတယ်။

" သဘောတရားအရတော့ အပစ်အခပ်ရပ်စဲတယ်ဆိုရင် အမြဲကြိုဆိုရမှာ ဖြစ်ပါတယ်။ သို့သော် COVID-19 ထိန်းချုပ်ဖို့ရယ် ပြီးတော့ ရွေးကောက်ပွဲကို တရားမျှတစွာ ဖြစ်ဖို့ရယ်ဆိုတဲ့ .. ဒီ နှစ်ခုကို အကြောင်းပြပြီးတော့ သူတို့ ဒီလိုတွေ လုပ်နေပါတယ်ဆိုပြီး ပြည်သူတွေကိုရော ကမ္ဘာကိုပါ လုပ်ပြတဲ့ သဘောလို့ ထင်ပါတယ်။ "

တပ်မတော်က တဖက်သတ် အပစ်ရပ်စဲထားကြောင်း ကြေညာခဲ့ချိန်အတွင်း စက်တင်ဘာ ၂၃ ကနေ အောက်တိုဘာ ၂၀ ကာလထဲမှာ တပ်မတော်နဲ့ ရှမ်းတောင်ပိုင်းတပ်ဖွဲ့ RCSS/SSA တို့ကြား တိုက်ပွဲက အကြိမ်(၃၀)၊ TNLA/MNDAA ပူးပေါင်းတပ်ဖွဲ့နဲ့ အစိုးရပ်တပ်တွေကြား (၁၀)ကြိမ် ၊ TNLA နဲ့သီးသန့်တိုက်ပွဲ (၈)ကြိမ် ဖြစ်ခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က စာရင်းထုတ်ပြန် ထားပါတယ်။

ဒါတွေကိုကြည့်ရင် UWSA ဦးဆောင်တဲ့ မြောက်ပိုင်းလက်နက်ကိုင် တပ်ပေါင်းစုကြီး FPNCC နဲ့ဆိုင်တဲ့ ဒေသတွေမှာ တိုက်ပွဲ မရပ်စဲနိုင်သရွေ့ ငြိမ်းချမ်းရေး အလှမ်းကာဝေး နေဦးမယ်လို့ စိုင်းဝမ်စိုင်း က မြင်ပါတယ်။
" သူက တကယ့်အင်အား အကြီးဆုံးဖြစ်တဲ့ FPNCC (ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ) ထဲမှာ အဖွဲ့ ၇ ဖွဲ့လောက် ရှိတယ်။ နောက်ပြီးသူတို့က တိုင်းရင်းသားလက်နက်ကိုင် စစ်အင်အားစု အားလုံးရဲ့ ၈၀% လောက် သူတို့ထဲမှာရှိနေတယ်။ ဆိုတော့ အဲဒီ ၈၀% လောက်ရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေကို သူက ပလပ်ချန်လှပ်ထားလိုက်တဲ့ အတွက်ကြောင့်မို့ ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းရေးရမှာလဲ ၊ အဲဒါ မေးခွန်းထုတ်စရာပါ။ "

တကယ်တော့ အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ AA တပ်ဖွဲ့ ရှိရာဒေသကို အစိုးရတပ်က ထိုးစစ်ဆင်နေတာဟာ AA ကို တိုက်ရိုက် ရှင်းလင်းတာမျိုး မဟုတ်ပဲ အပြစ်မဲ့ ပြည်သူတွေသာ ဒုက္ခ အန္တရာယ်တွေ ကြုံနေရတယ်လို့ ကိုသိန်းထွန်းဇံက ထောက်ပြပါတယ်။

" ထားပါတော့ .. အကြမ်းဖက်အဖွဲ့လို့ သူတို့ သတ်မှတ်ထားတဲ့ Arakan Army ပေါ့နော်။ AA ကို တိုက်ရိုက် ထိုးစစ်ဆင်တာမျိုး မဟုတ်ပဲနဲ့ ပြည်သူလူထုကို ပစ်မှတ်ထားပြီး တည့်ကြီး သွားလုပ်နေတာမျိုးကို တွေ့ရှိရတယ်။ ရွာတွေကို မီးရှို့တယ် ရွာတွေကို ပစ်ခတ်နေတဲ့ဟာတွေက ဆက်တိုက်ဖြစ်နေတယ် ခင်ဗျ။ အဲဒီဟာတွေက ဘာမှ ရပ်တန့်သွားမယ့် သဘော မရှိပါဘူး။ "

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA အပါအဝင် TNLA (တအာင်းပလောင်)၊ MNDAA (ကိုးကန့်) အဖွဲ့တွေပါတဲ့ မြောက်ပိုင်း ညီနောင်မဟာမိတ်(၃)ဖွဲ့ကလည်း ကိုဗစ်ထိန်းချုပ်ရေးနဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ချောမွေ့စေရေးအတွက် စက်တင်ဘာ (၁)ရက်ကနေ နိုဝင်ဘာ (၉)ရက် နေ့အထိ အပစ်ခတ်ရပ်စဲထားမှာ ဖြစ်ကြောင်း ကြေညာထားပေမယ့် ရခိုင်ပြည်နယ်တွင်းနဲ့ ချင်းပြည်နယ် ဒေသတချို့မှာ မြန်မာ့တပ်မတော်က AA တပ်ဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG