သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုက္ပြဲမျဖစ္ေသးတဲ့ ေပါက္ေတာၿမိဳ႕နယ္ဘက္ပစ္ခတ္မႈ ကေလး ၁ ဦးပါ၊ ၅ ဦးဒဏ္ရာရ


ရခိုင္ျပည္နယ္တြင္း ျဖစ္ပြားေနေသာစစ္ပဲြမ်ားေၾကာင့္ ထြက္ေျပးတိမ္းေရွာင္လာေသာ စစ္ေရွာင္ ဒုကၡသည္မ်ားကို စစ္ေတြၿမိဳ႕မွာ ေတြ႔ရ။ (ဇြန္ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္မွာ လက္နက္ကုိင္ပဋိပကၡေတြ မျဖစ္ဘူးေသးတဲ့ နယ္ေျမတခုျဖစ္တဲ့ ေပါက္ေတာၿမိဳ႕နယ္မွာ လက္နက္ႀကီးပစ္ခတ္မႈေၾကာင့္ ကေလး တစ္ ဦးအပါအဝင္ လူ ငါး ဦး ဒဏ္ရာရသြားတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ တိုက္ပြဲမျဖစ္ဘူးေသးတဲ့ ေပါက္ေတာျမိဳ႕နယ္မွာ အခုေနာက္ဆုံး လက္နက္ႀကီးက်ည္ က်ေရာက္ရာက ေဒသခံေတြ ထိခုိက္ဒဏ္ရာေတြ ရရွိခဲ့ေၾကာင္း ေဒသခံေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေျပာပါတယ္။

မေန႔ညေနပိုင္းမွာ ေပါက္ေတာျမိဳ႕နယ္ေက်ာ္ရွင္ရြာထဲ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကဲြရာက ဒဏ္ရာရရွိခဲ့တာလုိ႔လည္း ေဒသခံရြာသား ဦးေအာင္စံမင္းက ေျပာပါတယ္။

“ပစ္တာကေတာ့ကာ ဗမာ NAVY က ပစ္တာပါ။ အိမ္ကတေဆာင္ထိျပီး ေနာက္တအိမ္က ေနာက္တအိမ္က် လူ ငါး ေယာက္ဒဏ္ရာရပါတယ္။ ငါးေယာက္ပါ... စိုးရိမ္ရပါတယ္။ ဒဏ္ရာကေတာ့ မ်ားပါတယ္။”

ဒဏ္ရာရသူေတြကေတာ့ ေက်ာ္႐ွင္ေက်း႐ြာက အသက္ ၆ ႏွစ္အရြယ္ မိန္းကေလးငယ္တဦး၊ အသက္ ၂၆ ႏွစ္အရြယ္ အမ်ဳိးသမီး ၂ ဦး အသက္ ၅၈ ႏွစ္အရြယ္ အမ်ဳိးသမီးတဦးနဲ႔ ၅၅ ႏွစ္အရြယ္ အမ်ဳိးသမီးတဦးျဖစ္တယ္လုိ႔လည္း ေျပာပါတယ္။

တိုက္ပြဲျဖစ္ပြါးတာ မရွိဘဲ ပစ္ခတ္မႈ ျဖစ္ခဲ့တာလို႔ ေဒသခံေတြက ေျပာဆိုေၾကာင္းလည္း ေပါက္ေတာၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္ထြီးက ဗီြအိုေအကိုေျပာပါတယ္။

“ျမစ္ထဲကေနျပီးေတာ့ တပ္မေတာ္ေရ စစ္သေဘၤာႏွစ္စီးေပါ့ဗ်ာ။ ညေနေပါက္ေတာနဲ႕မင္းျပား နယ္စပ္လို႔ ေျပာလို႔ ရတာေပါ့။ ေက်ာ္ေခါင္ေက်းရြာရဲ႕ ေအာက္နား အဲဒီနားအေရာက္မွာ ပစ္သံၾကားပါတယ္။ ေဒသခံေတြ က်ေနာ္တို႔ သတင္းေပးရသေလာက္ကေတာ့ အဲဒီအနားမွာ တိုက္ပြဲလည္း ျဖစ္တာမရွိဘူးဆိုျပီးေတာ့မွ သိရပါတယ္။ ေပါက္ေတာျမိဳ႕နဲ႔ ၃ မိုင္ေက်ာ္ေက်ာ္ေလာက္ေ၀းတဲ့ ေက်ာ္ရွင္ေက်းရြာမွာ လက္နက္ၾကီးက်ျပီးေတာ့ လူ ၅ ဦး ထိတယ္ဆိုတဲ့ သတင္းကို က်ေနာ္တို႔ ရပါတယ္။ ဆိုေတာ့ ၅ ဦးထိတဲ့အထဲမွာ ၆ ႏွစ္ေပါ့ေနာ္... မိန္းကေလးတဦးပါပါတယ္။ က်န္တာကေတာ့ ၂၀ ၀န္းက်င္အမ်ိဳးသမီးႏွစ္ဦးရယ္။ ၅၀ ေက်ာ္ေလာက္ရွိတဲ့ အမ်ိဳးသမီးၾကီးတဦးရယ္။ အမ်ိဳးသား တဦးေပါ့ဗ်ာ။ ၅ ဦးလက္နက္ၾကီးက်ည္စထိတာကိုေတြ႕ပါတယ္ဗ်။ ခုကေတာ့ေပါက္ေတာေဆးရံုမွာ သူတို႔ေဆးကုသမႈ ခံယူေနၾကပါတယ္။”

ရခိုင္ျပည္နယ္ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔အၾကား တိုက္ပြဲေတြ ျဖစ္ပြါးေနေပမဲ့ ေပါက္ေတာျမိဳ႕နယ္မွာေတာ့ တိုက္ခုိက္မႈေတြ မျဖစ္ဘူးေသးပါဘူး။ ဒါေပမဲ့လည္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကေတာ့ လုံၿခံဳေရးအရ စိတ္မခ်ရတဲ့ နယ္ေျမအျဖစ္ ေပါက္ေတာျမိဳ႕နယ္မွာ ေရြးေကာက္ပြဲက်င္းပမယ့္ အစီအစဥ္ကုိ ပယ္ဖ်က္ထားပါတယ္။

မေန႔တုန္းကပဲ ရခုိင္ျပည္နယ္ မင္းျပားျမိဳ႕နယ္မွာလည္း ပစ္ခတ္မႈေၾကာင့္ ေဒသခံရြာသား သံုး ဦး ဒဏ္ရာရခဲ့သလုိ က်န္တဲ့သူေတြလည္း ေဘးလြတ္ရာ တိမ္းေရွာင္ေနၾကရတယ္လုိ႔ ေဒသခံရြာသား ကိုထြန္းေက်ာ္က ေျပာပါတယ္။

“သံုးေယာက္ထိသြားတယ္ စကၠေရရြာက။ မိန္းကေလးတေယာက္က အေျခအေနေတာ္ေတာ္ဆိုးတယ္လို႕ေျပာတယ္။ သူက သန္းသန္းစိုးလို႕ေခၚတယ္။ စစ္ေတြေဆးရံုကိုပို႕ထားတယ္။ အခုရြာမွာသိပ္မရွိေတာ့ဘူး။ က်ေနာ္ ေဆြမ်ိဳးေတြဆို ဒီမွာေရာက္ေနၾကျပီး မင္းျပားမွာေပါ့။ တျခားလူေတာ့ သစ္ေပါေတာင္တို႔၊ ေရႊေခ်ာင္းတို႔၊ ေခြးေတာက္ေခ်ာင္းတို႔ အဲဘက္ကိုေရႊ႕သြားၾကတယ္။”

ရြာသား ရွစ္ ဦးထက္ မနည္း ဒဏ္ရာရခဲ့တဲ့ မေန႔က မင္းျပားနဲ႔ ေပါက္ေတာျမိဳ႕နယ္ေတြက ပစ္ခတ္မႈေတြဟာ တပ္မေတာ္ေရတပ္ရဲ႕ လက္ခ်က္အျဖစ္ ေဒသခံေတြကေျပာေနတာေၾကာင့္ အေျခအေနကိုသိႏုိင္ေအာင္ တပ္မေတာ္ေျပာခြင့္ရသူကို အၾကိမ္ၾကိမ္ဆက္သြယ္ခဲ့ေပမဲ့ မရခဲ့ပါဘူး။

၂၀၂၀ ျပည့္ႏွစ္ ဇြန္လကေန ေအာက္တိုဘာ ၃၀ ရက္ေန႔အထိ ႏွစ္ဘက္တပ္ဖြဲ႕ေတြရဲ႕စစ္ေရးတင္းမာမႈအၾကား လက္နက္ႀကီး၊ လက္နက္ငယ္ ထိမွန္မႈတို႔ေၾကာင့္ အရပ္သား ၁၂၀ ေက်ာ္ ဒဏ္ရာရရွိခဲ့သလို ေသဆုံးသူ ၄၅ ဦးထိ ႐ွိလာေနျပီလို႔ ရခိုင္ျပည္နယ္ အေျခစုိက္ အရပ္ဘက္အဖြဲ႕အစည္းေတြက စာရင္းျပဳစုထားပါတယ္။

လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ ရခုိင္ျပည္နယ္ အပါအ၀င္ ျမန္မာႏုိင္ငံမွာ ဒီႏွစ္ ၂၀၂၀ ျပည့္ ပထမ ၃ လအတြင္း ကေလးငယ္ ၁၀၀ ေက်ာ္ ေသေၾကဒဏ္ရာရခဲ့ၿပီး ဒီကိန္းဂဏန္းဟာ ၿပီးခဲ့တဲ့ႏွစ္ တႏွစ္လုံးရဲ႕ ထက္၀က္ေက်ာ္ ရွိေနတဲ့အေၾကာင္း ကုလသမဂၢ လူသားခ်င္းစာနာမႈဆုိင္ရာ ညွိႏႈိင္းေရးမွဴး႐ုံးကလည္း ဒီလထဲမွာပဲ သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တိုက်ပွဲမဖြစ်သေးတဲ့ ပေါက်တောမြို့နယ်ဘက်ပစ်ခတ်မှု ကလေး ၁ ဦးပါ၊ ၅ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေ မဖြစ်ဘူးသေးတဲ့ နယ်မြေတခုဖြစ်တဲ့ ပေါက်တောမြို့နယ်မှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး တစ် ဦးအပါအဝင် လူ ငါး ဦး ဒဏ်ရာရသွားတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲမဖြစ်ဘူးသေးတဲ့ ပေါက်တောမြို့နယ်မှာ အခုနောက်ဆုံး လက်နက်ကြီးကျည် ကျရောက်ရာက ဒေသခံတွေ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

မနေ့ညနေပိုင်းမှာ ပေါက်တောမြို့နယ်ကျော်ရှင်ရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာက ဒဏ်ရာရရှိခဲ့တာလို့လည်း ဒေသခံရွာသား ဦးအောင်စံမင်းက ပြောပါတယ်။

“ပစ်တာကတော့ကာ ဗမာ NAVY က ပစ်တာပါ။ အိမ်ကတဆောင်ထိပြီး နောက်တအိမ်က နောက်တအိမ်ကျ လူ ငါး ယောက်ဒဏ်ရာရပါတယ်။ ငါးယောက်ပါ... စိုးရိမ်ရပါတယ်။ ဒဏ်ရာကတော့ များပါတယ်။”

ဒဏ်ရာရသူတွေကတော့ ကျော်ရှင်ကျေးရွာက အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်တဦး၊ အသက် ၂၆ နှစ်အရွယ် အမျိုးသမီး ၂ ဦး အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ ၅၅ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်တယ်လို့လည်း ပြောပါတယ်။

တိုက်ပွဲဖြစ်ပွါးတာ မရှိဘဲ ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ ဒေသခံတွေက ပြောဆိုကြောင်းလည်း ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ဗွီအိုအေကိုပြောပါတယ်။

“မြစ်ထဲကနေပြီးတော့ တပ်မတော်ရေ စစ်သင်္ဘောနှစ်စီးပေါ့ဗျာ။ ညနေပေါက်တောနဲ့မင်းပြား နယ်စပ်လို့ ပြောလို့ ရတာပေါ့။ ကျော်ခေါင်ကျေးရွာရဲ့ အောက်နား အဲဒီနားအရောက်မှာ ပစ်သံကြားပါတယ်။ ဒေသခံတွေ ကျနော်တို့ သတင်းပေးရသလောက်ကတော့ အဲဒီအနားမှာ တိုက်ပွဲလည်း ဖြစ်တာမရှိဘူးဆိုပြီးတော့မှ သိရပါတယ်။ ပေါက်တောမြို့နဲ့ ၃ မိုင်ကျော်ကျော်လောက်ဝေးတဲ့ ကျော်ရှင်ကျေးရွာမှာ လက်နက်ကြီးကျပြီးတော့ လူ ၅ ဦး ထိတယ်ဆိုတဲ့ သတင်းကို ကျနော်တို့ ရပါတယ်။ ဆိုတော့ ၅ ဦးထိတဲ့အထဲမှာ ၆ နှစ်ပေါ့နော်... မိန်းကလေးတဦးပါပါတယ်။ ကျန်တာကတော့ ၂၀ ဝန်းကျင်အမျိုးသမီးနှစ်ဦးရယ်။ ၅၀ ကျော်လောက်ရှိတဲ့ အမျိုးသမီးကြီးတဦးရယ်။ အမျိုးသား တဦးပေါ့ဗျာ။ ၅ ဦးလက်နက်ကြီးကျည်စထိတာကိုတွေ့ပါတယ်ဗျ။ ခုကတော့ပေါက်တောဆေးရုံမှာ သူတို့ဆေးကုသမှု ခံယူနေကြပါတယ်။”

ရခိုင်ပြည်နယ် နေရာတော်တော်များများမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲတွေ ဖြစ်ပွါးနေပေမဲ့ ပေါက်တောမြို့နယ်မှာတော့ တိုက်ခိုက်မှုတွေ မဖြစ်ဘူးသေးပါဘူး။ ဒါပေမဲ့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ လုံခြုံရေးအရ စိတ်မချရတဲ့ နယ်မြေအဖြစ် ပေါက်တောမြို့နယ်မှာ ရွေးကောက်ပွဲကျင်းပမယ့် အစီအစဉ်ကို ပယ်ဖျက်ထားပါတယ်။

မနေ့တုန်းကပဲ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာလည်း ပစ်ခတ်မှုကြောင့် ဒေသခံရွာသား သုံး ဦး ဒဏ်ရာရခဲ့သလို ကျန်တဲ့သူတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံရွာသား ကိုထွန်းကျော်က ပြောပါတယ်။

“သုံးယောက်ထိသွားတယ် စက္ကရေရွာက။ မိန်းကလေးတယောက်က အခြေအနေတော်တော်ဆိုးတယ်လို့ပြောတယ်။ သူက သန်းသန်းစိုးလို့ခေါ်တယ်။ စစ်တွေဆေးရုံကိုပို့ထားတယ်။ အခုရွာမှာသိပ်မရှိတော့ဘူး။ ကျနော် ဆွေမျိုးတွေဆိုဒီမှာရောက်နေကြပြီး မင်းပြားမှာပေါ့။ တခြားလူတော့ သစ်ပေါတောင်တို့၊ ရွှေချောင်းတို့၊ ခွေးတောက်ချောင်းတို့ အဲဘက်ကိုရွှေ့သွားကြတယ်။”

ရွာသား ရှစ် ဦးထက် မနည်း ဒဏ်ရာရခဲ့တဲ့ မနေ့က မင်းပြားနဲ့ ပေါက်တောမြို့နယ်တွေက ပစ်ခတ်မှုတွေဟာ တပ်မတော်ရေတပ်ရဲ့ လက်ချက်အဖြစ် ဒေသခံတွေကပြောနေတာကြောင့် အခြေအနေကိုသိနိုင်အောင် တပ်မတော်ပြောခွင့်ရသူကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

၂၀၂၀ ပြည့်နှစ် ဇွန်လကနေ အောက်တိုဘာ ၃၀ ရက်နေ့အထိ နှစ်ဘက်တပ်ဖွဲ့တွေရဲ့စစ်ရေးတင်းမာမှုအကြား လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်မှုတို့ကြောင့် အရပ်သား ၁၂၀ ကျော် ဒဏ်ရာရရှိခဲ့သလို သေဆုံးသူ ၄၅ ဦးထိ ရှိလာနေပြီလို့ ရခိုင်ပြည်နယ် အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေက စာရင်းပြုစုထားပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံမှာ ဒီနှစ် ၂၀၂၀ ပြည့် ပထမ ၃ လအတွင်း ကလေးငယ် ၁၀၀ ကျော် သေကြေဒဏ်ရာရခဲ့ပြီး ဒီကိန်းဂဏန်းဟာ ပြီးခဲ့တဲ့နှစ် တနှစ်လုံးရဲ့ ထက်ဝက်ကျော် ရှိနေတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးကလည်း ဒီလထဲမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG