သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မင္းျပားဘက္ ေက်းရြာတခုတြင္းပစ္ခတ္မႈ ရြာသားသံုးဦး ဒဏ္ရာရ


ရခိုင္ျပည္နယ္တြင္ ျဖစ္ပြားေနေသာ တိုုက္ပြဲမ်ားေၾကာင့္ တိမ္းေရွာင္ထြက္ေျပးလာခဲ့ၾကေသာ စစ္ေရွာင္မ်ား။ (မွတ္တမ္းဓာတ္ပံု - Khine Murn Chun (Citizen Journalist)

[Zawgyi/Unicode]

စစ္ေရးတင္းမာေနဆဲ ရခုိင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္မွာ ဒီေန႔အေစာပုိင္း ပစ္ခတ္မႈေတြၾကာင့္ မိန္းကေလး ႏွစ္ ဦး အပါအ၀င္ ရြာသား သံုး ဦး ထိခုိက္ဒဏ္ရာ ရခဲ့တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က ေျပာျပေပးပါမယ္။

ရခိုင္ျပည္နယ္မင္းျပားျမိဳ႕နယ္ စကၠေရေက်းရြာထဲ လက္နက္ၾကီး က်ည္က်ေရာက္ရာက ထိခုိက္ဒဏ္ရာေတြ ရရွိခဲ့တဲ့အေၾကာင္း ေဒသခံေတြနဲ႔ လႊတ္ေတာ္ ကုိယ္စားလွယ္ေတြက ေျပာပါတယ္။ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကဲြမႈေၾကာင့္ မိန္းကေလးႏွစ္ဦးနဲ႕ အမ်ိဳးသား တဦးဒဏ္ရာ ရရွိခဲ့တယ္လို႔လည္း စကၠေရေက်းရြာသူ မျဖဴေခ်ကေျပာပါတယ္။

“ဟုတ္ကဲ့ လက္နက္ၾကီး ဆိုးဆိုးရြားရြား က်ပါတယ္ရွင္။ သံုးေယာက္အနာရေနတယ္။ မိန္းကေလး ႏွစ္ေယာက္ပါ။ မိန္းကေလးေတြ အသက္ ၁၄ ႏွစ္ကတေယာက္ ၁၃ ႏွစ္ေလာက္ရွိပါတယ္။ NAVY ကေန စက္ေသနတ္နဲ႕ပစ္တယ္။ ရြာထိပ္က ပစ္တာပါ။ ရြာထိပ္က။”

လက္နက္ၾကီး က်ည္က်ေရာက္အျပီး ရာခ်ီတဲ့ စကၠေရေက်းရြာသားေတြကလည္း နီးစပ္ရာေက်းရြာေတြမွာ တိမ္းေရွာင္ေနၾကရပါတယ္။

စကၠေရေက်းရြာထဲ လက္နက္ ၾကီးက်ည္က်တဲ့ အေျခအေနကို မင္းျပားျမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က အခုလိုေျပာပါတယ္။

“ဒီေန႔ NAVY ႏွစ္စီးက မင္းျပားကိုပစၥည္းတင္ဖို႕လာတာထင္တယ္။ အဲဒီလိုအဆင္းမွာ ေပါက္ေတာအလြန္ သူတို႕ရြာေတြ ဒီအတိုင္းပစ္ျပီး တက္လာတယ္ဆိုျပီးေတာ့ အဲဒီက ေဒသခံေတြကေျပာတယ္။ ဒီစကၠေရရြာကိုက်တဲ့အခါမွာ စကၠရရြာမွာ ဒဏ္ရာရတာ ေလး ဦးရတယ္။ သံုး ဦးကေတာ့အျပင္းထန္ေပါ့။”

ဒဏ္ရာရသူ သံုး ဦးကိုေတာ့ေပါက္ေတာျမိဳ႕ေဆးရံုကို ပို႔ေဆာင္ထားတယ္လို႔ ေဒသတြင္းလူမႈကူညီေရးအဖြဲ႕၀င္ေတြကေျပာပါတယ္။

ျပီးခဲ့တဲ့ရက္ေတြတုန္းကလည္း မင္းျပားျမိဳ႕နယ္ ေခါင္းေလာင္းေခ်ာင္းေက်းရြာမွာ ေရႊဘုံသာျမစ္ (ခ) ေခါင္းေလာင္းေခ်ာင္း ျမစ္အတြင္း ခုတ္ေမာင္းေနတဲ့ တပ္မေတာ္ေရယာဥ္နဲ႕ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ ပစ္ခတ္တိုက္ခိုက္မႈေတြ ျဖစ္ပြါးခဲ့ပါတယ္။

မေန႔ကလည္း ရေသ့ေတာင္ျမိဳ႕နယ္ ျပိန္းေတာေက်းရြာအနီး အျပည္ျပည္ဆုိင္ရာ ၾကက္ေျခနီေကာ္မတီ (ICRC) က ကယ္ဆယ္ေရးပစၥည္းေတြ ပုိ႔ေဆာင္ရာမွာ ငွားရမ္းအသုံးျပဳတဲ့ စက္ေလွတစင္း ပစ္ခတ္ခံရမႈေၾကာင့္ မီးေလာင္ကြ်မ္းသြားျပီး အနည္းဆုံး တဦးေသ၊ ႏွစ္ ေယာက္ ဒဏ္ရာရခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ပစ္ခတ္ခံရလို႔ မီးေလာင္သြားတဲ့စက္ေလွဟာ ICRC က ကယ္ဆယ္ေရးပစၥည္းေတြ တင္ေဆာင္လာရင္း လမ္းခရီးမွာ ပစ္ခတ္ခံခဲ့ရတာျဖစ္ေၾကာင္း ဒဏ္ရာရသူေလွသမားေတြကုိ ေမးျမန္းခ်က္အရ သိရတယ္လုိ႔လည္း ျပိန္းေတာရြာအုပ္ခ်ဳပ္ေရးအဖြဲ႕၀င္တဦးက ေျပာပါတယ္။

“သူတို႔က ICRC က ကယ္ဆယ္ေရးပစၥည္းလို႔ ေျပာပါတယ္။ အဲဒီပစၥည္းကို ဘူးသီးေတာင္ျမိဳ႕နယ္ ဆင္ခုန္းတိုင္ကို သြားပို႔တယ္လို႔ ေျပာပါတယ္။ သူတို႔ ေျပာတာကဇက္ NAVY ကေတြ႕တာနဲ႔က သူတို႔က ICRC စာရြက္ အေထာက္ထားေတြကို သူတို႕ကို ထုတ္ျပတယ္လို႕ေျပာပါတယ္။ သူတို႔ဆီကေပးတဲ့ အေထာက္အထား စာရြက္ေတြ။ ျပတာနဲ႔ သူတို႔ ပစ္တာပါတဲ့။"

ပစ္ခတ္မႈအတြင္း ေသဆုံးသူကေတာ့ ေမာင္ေဇာ္မိုးထြန္း ပုဏၰားကြ်န္းကျဖစ္ျပီး ဒဏ္ရာရသူကေတာ့ ဦးမူသဲ စနဲျမိဳ႕နဲ႕ ဦးလွေမာင္ ေျမာက္ဦး ျမိဳ႕နယ္ကလို႔ စဖိုကြ်န္းအုပ္ခ်ဳပ္ေရးအဖြဲ႕၀င္တဦးကဆိုပါတယ္။

ဒဏ္ရာရသူႏွစ္ဦးကေတာ့ စစ္ေတြျမိဳ႕ကို ေခၚေဆာင္သြားျပီးလို႕ ေစတီျပင္ေက်းရြာလူမႈကူညီေရးအဖြဲ႕၀င္ တဦးက ေျပာပါတယ္။

ကနဦးသတင္းမွာေတာ့ လက္နက္ပစ္ခတ္ေနစဥ္အတြင္း ေရထဲက်သြားတဲ့သူဟာ ေသဆုံးျပီးလို႔သတင္းေပၚထြက္ေပမဲ့ အသက္မေသ လြတ္ေျမာက္သြားခဲ့တာပါ။

မင္းျပားနဲ႔ ရေသ့ေတာင္ဘက္ တပ္မေတာ္ေရယာဥ္က ပစ္ခတ္ခဲ့ေၾကာင္း ကုိယ္တုိင္ေတြ႔သူေတြက ေျပာဆုိေနတာနဲ႔ ပတ္သက္လို႔ တပ္မေတာ္ေျပာခြင့္ရသူကို ဆက္သြယ္ေမးျမန္းဖုိ႔ ႀကိဳးစားခဲ့ေပမဲ့ မရခဲ့ပါဘူး။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕ မေန႔ေႏွာင္းပုိင္း ထုတ္ျပန္ခ်က္မွာေတာ့ AA ရခိုင္လက္နက္ကိုင္အဖြဲ႕ေတြ စီးနင္းလုိက္ပါလာတဲ့ စက္ေလွကေန စတင္ပစ္ခတ္ရာက တုံ႔ျပန္ပစ္ခတ္ခဲ့ေၾကာင္း ေျပာဆုိထားပါတယ္။ ICRC အေနနဲ႔ အကူအညီေပးေရး လုပ္ငန္းေတြ ေဆာင္ရြက္တဲ့အခါမွာ သက္ဆုိင္ရာ တာ၀န္ရွိသူေတြကုိ ႀကိဳတင္ အသိေပးညိွႏိႈင္းၿပီးမွသာ ပို႔ေဆာင္ေပးေနသလို လံုျခံဳေရးအဖြဲ႔ေတြကလည္း လိုအပ္တာေတြ ကူညီ ပူးေပါင္းေဆာင္ရြက္ေပးေလ့ ရွိတယ္လုိ႔လည္း ေျပာဆုိထားပါတယ္။

ICRC ကေတာ့ ပစ္ခတ္ခံရတဲ့ စက္ေလွဟာ ICRC ရဲ႕ အကူအညီေပးေရး ပစၥည္းေတြကို သယ္ယူပို႔ေဆာင္ရာမွာ ငွားရမ္းအသုံးျပဳတဲ့ စက္ေလွျဖစ္ေၾကာင္း အတည္ျပဳခဲ့ၿပီး ပစ္ခတ္ခံရမႈအတြက္ စိတ္မေကာင္းျဖစ္ရေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။ ဒါေပမဲ့လည္း စက္ေလွေပၚမွာ ICRC ဝန္ထမ္းေတြ လုိက္ပါတာ မရွိသလုိ၊ အနီး၀န္းက်င္မွာ မရွိေၾကာင္းလည္း ေျပာဆုိထားတာပါ။ တပ္မေတာ္နဲ႔ ICRC တုိ႔ရဲ႕ ထုတ္ျပန္ခ်က္ေတြနဲ႔ ပတ္သက္လုိ႔ မရွင္းလင္းတဲ့ အခ်က္အလက္ေတြကုိ သိႏုိင္ဖုိ႔ ဆက္သြယ္ေမးျမန္းဖုိ႔ ႀကိဳးစားေပမဲ့ တပ္မေတာ္ဘက္ကုိ ဆက္သြယ္လုိ႔ မရေသးသလုိ ICRC ကေတာ့ ထုတ္ျပန္ခ်က္ကုိသာ ကုိးကားဖုိ႔ တုန္႔ျပန္ထားပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလမွာတုန္းကလည္း ကမာၻ႔က်န္းမာေရးအဖဲြ႔ (WHO) က ကုိဗစ္ေရာဂါေဆးစစ္ နမူနာေတြကုိ သယ္ေဆာင္လာတဲ့ ကားတစင္း ပစ္ခတ္ခံရမႈေၾကာင့္ ယာဥ္ေမာင္းျဖစ္သူ ေသဆုံးခဲ့ဖူးပါတယ္။ ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ AA အဖဲြ႔တုိ႔ၾကား ျဖစ္ပြားေနတဲ့ ၂ ႏွစ္နီးပါးၾကာ စစ္ေရးပဋိပကၡအတြင္း အရပ္သား ေတြ ထိခိုက္ေသဆုံးမႈေတြ ရွိေနတာေၾကာင့္ ကုလသမဂၢ အပါအ၀င္ ႏုိင္ငံတကာအသုိင္းအ၀န္းကလည္း သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မင်းပြားဘက် ကျေးရွာတခုတွင်းပစ်ခတ်မှု ရွာသားသုံးဦး ဒဏ်ရာရ

စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ ဒီနေ့အစောပိုင်း ပစ်ခတ်မှုတွေကြာင့် မိန်းကလေး နှစ် ဦး အပါအဝင် ရွာသား သုံး ဦး ထိခိုက်ဒဏ်ရာ ရခဲ့တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးပါမယ်။

ရခိုင်ပြည်နယ်မင်းပြားမြို့နယ် စက္ကရေကျေးရွာထဲ လက်နက်ကြီး ကျည်ကျရောက်ရာက ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တဲ့အကြောင်း ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မိန်းကလေးနှစ်ဦးနဲ့ အမျိုးသား တဦးဒဏ်ရာ ရရှိခဲ့တယ်လို့လည်း စက္ကရေကျေးရွာသူ မဖြူချေကပြောပါတယ်။

“ဟုတ်ကဲ့ လက်နက်ကြီး ဆိုးဆိုးရွားရွား ကျပါတယ်ရှင်။ သုံးယောက်အနာရနေတယ်။ မိန်းကလေး နှစ်ယောက်ပါ။ မိန်းကလေးတွေ အသက် ၁၄ နှစ်ကတယောက် ၁၃ နှစ်လောက်ရှိပါတယ်။ NAVY ကနေ စက်သေနတ်နဲ့ပစ်တယ်။ ရွာထိပ်က ပစ်တာပါ။ ရွာထိပ်က။”

လက်နက်ကြီး ကျည်ကျရောက်အပြီး ရာချီတဲ့ စက္ကရေကျေးရွာသားတွေကလည်း နီးစပ်ရာကျေးရွာတွေမှာ တိမ်းရှောင်နေကြရပါတယ်။

စက္ကရေကျေးရွာထဲ လက်နက် ကြီးကျည်ကျတဲ့ အခြေအနေကို မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က အခုလိုပြောပါတယ်။

“ဒီနေ့ NAVY နှစ်စီးက မင်းပြားကိုပစ္စည်းတင်ဖို့လာတာထင်တယ်။ အဲဒီလိုအဆင်းမှာ ပေါက်တောအလွန် သူတို့ရွာတွေ ဒီအတိုင်းပစ်ပြီး တက်လာတယ်ဆိုပြီးတော့ အဲဒီက ဒေသခံတွေကပြောတယ်။ ဒီစက္ကရေရွာကိုကျတဲ့အခါမှာ စက္ကရရွာမှာ ဒဏ်ရာရတာ လေး ဦးရတယ်။ သုံး ဦးကတော့အပြင်းထန်ပေါ့။”

ဒဏ်ရာရသူ သုံး ဦးကိုတော့ပေါက်တောမြို့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဒေသတွင်းလူမှုကူညီရေးအဖွဲ့ဝင်တွေကပြောပါတယ်။

ပြီးခဲ့တဲ့ရက်တွေတုန်းကလည်း မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းကျေးရွာမှာ ရွှေဘုံသာမြစ် (ခ) ခေါင်းလောင်းချောင်း မြစ်အတွင်း ခုတ်မောင်းနေတဲ့ တပ်မတော်ရေယာဉ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွါးခဲ့ပါတယ်။

မနေ့ကလည်း ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာအနီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဆောင်ရာမှာ ငှားရမ်းအသုံးပြုတဲ့ စက်လှေတစင်း ပစ်ခတ်ခံရမှုကြောင့် မီးလောင်ကျွမ်းသွားပြီး အနည်းဆုံး တဦးသေ၊ နှစ် ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပစ်ခတ်ခံရလို့ မီးလောင်သွားတဲ့စက်လှေဟာ ICRC က ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာရင်း လမ်းခရီးမှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ကြောင်း ဒဏ်ရာရသူလှေသမားတွေကို မေးမြန်းချက်အရ သိရတယ်လို့လည်း ပြိန်းတောရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

“သူတို့က ICRC က ကယ်ဆယ်ရေးပစ္စည်းလို့ ပြောပါတယ်။ အဲဒီပစ္စည်းကို ဘူးသီးတောင်မြို့နယ် ဆင်ခုန်းတိုင်ကို သွားပို့တယ်လို့ ပြောပါတယ်။ သူတို့ ပြောတာကဇက် NAVY ကတွေ့တာနဲ့က သူတို့က ICRC စာရွက် အထောက်ထားတွေကို သူတို့ကို ထုတ်ပြတယ်လို့ပြောပါတယ်။ သူတို့ဆီကပေးတဲ့ အထောက်အထား စာရွက်တွေ။ ပြတာနဲ့ သူတို့ ပစ်တာပါတဲ့။"

ပစ်ခတ်မှုအတွင်း သေဆုံးသူကတော့ မောင်ဇော်မိုးထွန်း ပုဏ္ဏားကျွန်းကဖြစ်ပြီး ဒဏ်ရာရသူကတော့ ဦးမူသဲ စနဲမြို့နဲ့ ဦးလှမောင် မြောက်ဦး မြို့နယ်ကလို့ စဖိုကျွန်းအုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကဆိုပါတယ်။

ဒဏ်ရာရသူနှစ်ဦးကတော့ စစ်တွေမြို့ကို ခေါ်ဆောင်သွားပြီးလို့ စေတီပြင်ကျေးရွာလူမှုကူညီရေးအဖွဲ့ဝင် တဦးက ပြောပါတယ်။

ကနဦးသတင်းမှာတော့ လက်နက်ပစ်ခတ်နေစဉ်အတွင်း ရေထဲကျသွားတဲ့သူဟာ သေဆုံးပြီးလို့သတင်းပေါ်ထွက်ပေမဲ့ အသက်မသေ လွတ်မြောက်သွားခဲ့တာပါ။

မင်းပြားနဲ့ ရသေ့တောင်ဘက် တပ်မတော်ရေယာဉ်က ပစ်ခတ်ခဲ့ကြောင်း ကိုယ်တိုင်တွေ့သူတွေက ပြောဆိုနေတာနဲ့ ပတ်သက်လို့ တပ်မတော်ပြောခွင့်ရသူကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ မနေ့နှောင်းပိုင်း ထုတ်ပြန်ချက်မှာတော့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တွေ စီးနင်းလိုက်ပါလာတဲ့ စက်လှေကနေ စတင်ပစ်ခတ်ရာက တုံ့ပြန်ပစ်ခတ်ခဲ့ကြောင်း ပြောဆိုထားပါတယ်။ ICRC အနေနဲ့ အကူအညီပေးရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကြိုတင် အသိပေးညှိနှိုင်းပြီးမှသာ ပို့ဆောင်ပေးနေသလို လုံခြုံရေးအဖွဲ့တွေကလည်း လိုအပ်တာတွေ ကူညီ ပူးပေါင်းဆောင်ရွက်ပေးလေ့ ရှိတယ်လို့လည်း ပြောဆိုထားပါတယ်။

ICRC ကတော့ ပစ်ခတ်ခံရတဲ့ စက်လှေဟာ ICRC ရဲ့ အကူအညီပေးရေး ပစ္စည်းတွေကို သယ်ယူပို့ဆောင်ရာမှာ ငှားရမ်းအသုံးပြုတဲ့ စက်လှေဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ပစ်ခတ်ခံရမှုအတွက် စိတ်မကောင်းဖြစ်ရကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း စက်လှေပေါ်မှာ ICRC ဝန်ထမ်းတွေ လိုက်ပါတာ မရှိသလို၊ အနီးဝန်းကျင်မှာ မရှိကြောင်းလည်း ပြောဆိုထားတာပါ။ တပ်မတော်နဲ့ ICRC တို့ရဲ့ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်လို့ မရှင်းလင်းတဲ့ အချက်အလက်တွေကို သိနိုင်ဖို့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ တပ်မတော်ဘက်ကို ဆက်သွယ်လို့ မရသေးသလို ICRC ကတော့ ထုတ်ပြန်ချက်ကိုသာ ကိုးကားဖို့ တုန့်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာတုန်းကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကိုဗစ်ရောဂါဆေးစစ် နမူနာတွေကို သယ်ဆောင်လာတဲ့ ကားတစင်း ပစ်ခတ်ခံရမှုကြောင့် ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ဖူးပါတယ်။ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့ကြား ဖြစ်ပွားနေတဲ့ ၂ နှစ်နီးပါးကြာ စစ်ရေးပဋိပက္ခအတွင်း အရပ်သား တွေ ထိခိုက်သေဆုံးမှုတွေ ရှိနေတာကြောင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝန်းကလည်း သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG