သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ျပႆနာေျပလည္ေရး အာဆီယံ နဲ႔ ပူးေပါင္းေဆာင္ရြက္ရန္ ကုလအဆင္သင္႔ 


ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres

(Zawgyi/Unicode)

အာဆီယံ- ကုလသမဂၢ ၀န္ႀကီးမ်ားအစည္းအေ၀းကို ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္က ေအာက္တိုဘာ ၂၁ ရက္ ေန႔စြဲနဲ႔ သ၀ဏ္လႊာတေစာင္ေပးပို႔လိုက္ပါတယ္။

အဲဒီသ၀ဏ္လႊာထဲမွာ ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္ နဲ႔ တျခားေနရာတခ်ိဳက ရိုဟင္ဂ်ာ နဲ႔ တျခားလူမႈ အသိုင္းအ၀ိုင္းေတြ အိုးအိမ္စြန္႔ ထြက္ေျပးတိမ္းေရွာင္ေနရဆဲ ဆိုးရြားတဲ႔ ဒုကၡေတြရင္ဆိုင္ေနရဆဲ ျဖစ္ေနတဲ႔အတြက္ ျပႆနာရဲ႕ ေၾကာင္းရင္းဇစ္ျမစ္ကို ေျဖရွင္းဖို႔ အပူတျပင္းလိုအပ္ေနတယ္ လို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ ကဆိုပါတယ္။ ဒုကၡသည္ေတြ လံုလံုၿခံဳၿခံဳ ဂုဏ္သိကၡာရွိရွိ သူတို႔ဆႏၵအေလ်ာက္ ျပန္သြားႏိုင္မယ္႔ အေျခအေနေတြ ဖန္တီးေပးဖို႔လိုအပ္တယ္လို႔ လဲဆိုပါတယ္။

ဒါ႔အျပင္တာ၀န္မကင္းသူေတြ တာ၀န္ရွိေစမႈဟာ ေရရွည္ျပန္လည္သင္႔ျမန္ေရးအတြက္ မရွိအျဖစ္လုိအပ္တယ္လို႔လဲဆိုပါတယ္။ ဒီအတြက္ ျမန္မာအစိုးရရဲ႕ အားထုတ္မႈကို အာဆီယံနဲ႔ လက္တြဲကူညီဖို႔ အဆင္သင္႔ရွိတယ္လို႔လဲ ေဖာ္ျပထားပါတယ္၊ ဒါေပမဲ႔ အဓိက တာ၀န္ရွိတာကေတာ႔ ျမန္မာအာဏာပိုိင္ေတြ ျဖစ္တယ္လို႔လဲ ဆိုပါတယ္။

ပင္လယ္ျပင္ကို အသက္စြန္႔ေနၾကရတဲ႔ ဒုကၡသည္ေတြရဲ႕ အၾကပ္အတည္းက ပိုမိုလြန္စြာပိုအေရးႀကီးေနၿပီး ဒီလို ပံုမွန္မဟုတ္တဲ႔ ေရေၾကာင္းသြားလာေရးျပႆနာကို ေျဖရွင္းမယ္႔ ေဒသဆိုင္ရာမဟာဗ်ဴဟာကို ကူညီဖို႔ အဆင္သင္႔ရွိေနတယ္လို႔လဲ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ သ၀ဏ္လႊာမွာေဖာ္ျပထားပါတယ္။

ဒါ႔အျပင္ COVID ကပ္ေရာဂါ ပူးေပါင္းတိုက္ဖ်က္ေရး၊ ဆိုးရြားလာေနတဲ႔ ဥတုရာသီဆိုင္ရာအေရးေပၚ အေျခအေန နဲ႔ အရွိန္ျမင္႔လာေနတဲ႔ ေဒသဆိုင္ရာ တင္းမာမႈေတြ ရင္ဆိုင္ေျဖရွင္းႏိုင္ဖို႔အတြက္ ေဒသတြင္း ႏိုင္ငံေတြ ပူးေပါင္းေဆာင္ရြက္မႈဟာ မရွိမျဖစ္လိုအပ္ေနတယ္လို႔လဲ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ရခိုင်ပြဿနာပြေလည်ရေး အာဆီယံ နဲ့ ပူးပေါင်းဆောင်ရွက်ရန် ကုလအဆင်သင့်

(Unicode)

အာဆီယံ- ကုလသမဂ္ဂ ဝန်ကြီးများအစည်းအဝေးကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အောက်တိုဘာ ၂၁ ရက် နေ့စွဲနဲ့ သဝဏ်လွှာတစောင်ပေးပို့လိုက်ပါတယ်။

အဲဒီသဝဏ်လွှာထဲမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် နဲ့ တခြားနေရာတချိုက ရိုဟင်ဂျာ နဲ့ တခြားလူမှု အသိုင်းအဝိုင်းတွေ အိုးအိမ်စွန့် ထွက်ပြေးတိမ်းရှောင်နေရဆဲ ဆိုးရွားတဲ့ ဒုက္ခတွေရင်ဆိုင်နေရဆဲ ဖြစ်နေတဲ့အတွက် ပြဿနာရဲ့ ကြောင်းရင်းဇစ်မြစ်ကို ဖြေရှင်းဖို့ အပူတပြင်းလိုအပ်နေတယ် လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကဆိုပါတယ်။ ဒုက္ခသည်တွေ လုံလုံခြုံခြုံ ဂုဏ်သိက္ခာရှိရှိ သူတို့ဆန္ဒအလျောက် ပြန်သွားနိုင်မယ့် အခြေအနေတွေ ဖန်တီးပေးဖို့လိုအပ်တယ်လို့ လဲဆိုပါတယ်။

ဒါ့အပြင်တာဝန်မကင်းသူတွေ တာဝန်ရှိစေမှုဟာ ရေရှည်ပြန်လည်သင့်မြန်ရေးအတွက် မရှိအဖြစ်လိုအပ်တယ်လို့လဲဆိုပါတယ်။ ဒီအတွက် မြန်မာအစိုးရရဲ့ အားထုတ်မှုကို အာဆီယံနဲ့ လက်တွဲကူညီဖို့ အဆင်သင့်ရှိတယ်လို့လဲ ဖော်ပြထားပါတယ်၊ ဒါပေမဲ့ အဓိက တာဝန်ရှိတာကတော့ မြန်မာအာဏာပိုင်တွေ ဖြစ်တယ်လို့လဲ ဆိုပါတယ်။

ပင်လယ်ပြင်ကို အသက်စွန့်နေကြရတဲ့ ဒုက္ခသည်တွေရဲ့ အကြပ်အတည်းက ပိုမိုလွန်စွာပိုအရေးကြီးနေပြီး ဒီလို ပုံမှန်မဟုတ်တဲ့ ရေကြောင်းသွားလာရေးပြဿနာကို ဖြေရှင်းမယ့် ဒေသဆိုင်ရာမဟာဗျူဟာကို ကူညီဖို့ အဆင်သင့်ရှိနေတယ်လို့လဲ အတွင်းရေးမှူးချုပ်ရဲ့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။

ဒါ့အပြင် COVID ကပ်ရောဂါ ပူးပေါင်းတိုက်ဖျက်ရေး၊ ဆိုးရွားလာနေတဲ့ ဥတုရာသီဆိုင်ရာအရေးပေါ် အခြေအနေ နဲ့ အရှိန်မြင့်လာနေတဲ့ ဒေသဆိုင်ရာ တင်းမာမှုတွေ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက် ဒေသတွင်း နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်မှုဟာ မရှိမဖြစ်လိုအပ်နေတယ်လို့လဲ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG