သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကာလ ျမန္မာနဲ႔ အာဆီယံႏုိင္ငံသားေတြ က်န္းမာေရးေလ့က်င့္ႏုိင္မယ့္ ဗီြဒီယုိဇာတ္လမ္းတုိထုတ္


ဓါတ္ပံု -ASEAN

(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါ ကာလအတြင္း ျမန္မာအပါအဝင္ အာဆီယံႏိုင္ငံေတြက ျပည္သူေတြ က်န္းမာတဲ့ဘဝ ရရွိခံစားေစဖို႔ ရည္ရြယ္ၿပီး ေန႔စဥ္ဘဝမွာ ဘယ္လို တက္ၾကြလႈပ္ရွား ေနထိုင္ရမယ္ဆုိတဲ့ နည္းလမ္းေတြ ေလ့က်င္းခန္းေတြ ျပထားတဲ့ တမိနစ္ေၾကာ္ရွိတဲ့ #BeActive ပညာေပး ဗီြဒီယုိဇာတ္လမ္းတိုကို အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း ASEAN နဲ႔ ကမၻာ့ ေဘာလုံးအဖဲြ႔ခ်ဳပ္ FIFA ၊ WHO ကမၻာ့က်န္းမာေရး အဖဲြ႕႔တို႔ေပါင္းၿပီး ထုတ္လုပ္ တင္ဆက္ေနပါတယ္။

ဗီြဒီယုိထဲမွာ အာဆီယံေဒသက ႏိုင္ငံအလိုက္ ေဘာလုံးအေၾကာ္အေမာ္ေတြ ပါဝင္ သ႐ုပ္ေဆာင္ ေျပာဆိုထားၾကတာပါ။

အာဆီယံၾကား မတူကဲြျပားေပမယ့္ ေပါင္းစည္းလိုက္ရင္ အင္အားႀကီးမားလာမွာ ျဖစ္ေၾကာင္း ၊ အေျခေနေတြ ကဲြျပားေနပါေစ ၿပဳိင္ဘက္ေတြၾကား အတူတကြ စည္းလုံးရမွာျဖစ္ေၾကာင္း ၊ အျမင့္မားဆုံး က်န္းမာေရး အက်ဳးိေက်းဇူးကိုရဖို႔ ႏုိးၾကား တက္ၾကြတဲ့ လူမႈအသိုင္းဝိုင္း ရွိေနျခင္းက ညီညြတ္မႈကို အားေကာင္းေစႏုိင္ေၾကာင္း #BeActive ဗီြဒီယုိထဲမွာ ျမန္မာေဘာလုံးသမားေတြျဖစ္တဲ့ မျမတ္ႏိုးခင္နဲ႔ ကိုနႏၵေက်ာ္တို႔က ဗမာဘာသာ စကားနဲ႔ ေျပာဆိုထားပါတယ္။ သူတို႔ ေျပာတဲ့စကားေတြဟာ အာဆီယံအဖဲြ႔က ေပးခ်င္တဲ့ သတင္းစကားလည္း ျဖစ္ပါတယ္။

ဗီြဒီယုိဇာတ္လမ္း ထဲမွာေတာ့ WHO အဖဲြ႕႔ႀကီးက အြန္လိုင္း APP ကတဆင့္ ျပထားတဲ့ ေလ့က်င့္ခန္းေတြကုိ အႀကံျပဳထားတဲ့အတုိင္း ေန႔စဥ္ပုံမွန္ အခ်ိန္အနည္းငယ္ေပးၿပီး ေလ့က်င့္ခန္းလုပ္တာ ၊ အေၾကာေလွ်ာ့တာ၊ ကခုန္တာ၊ ႀကဳိးခုန္တာ၊ ၾကြက္သားေလ့က်င္းခန္းေတြ လုပ္ဖို႔ တိုက္တ ြန္းထားပါတယ္။

ခုလို ကပ္ေရာဂါကာလအတြင္း အာဆီယံလူမႈအသိုက္အဝန္း အက်ဳးိစီပြားအတြက္ FIFA အဖဲြ႔ခ်ဳပ္နဲ႔ေပါင္းၿပီး ႏိုင္ငံတုိင္းရဲ႕ အားကစားက႑ကို ျမွင့္တင္ရင္း ျပည္သူလူထုကို အက်ဳိးျပဳသ ြားဖို႔ ရည္ရြယ္တာပါလို႔ အာဆီယံ အားကစားဝန္ႀကီးမ်ား ဥကၠဌလည္းျဖစ္ ၊ ဖိလစ္ပိုင္ အားကစား ကော္မရွင္ဥကၠဌလည္းျဖစ္တဲ့ William Ramirez က ေျပာပါတယ္။

ဒီလုိ လူထုက်န္းမာေရး လႈံ႔ေဆာ္မႈ လုပ္သြားဖို႔ ၂၀၁၉ ႏုိဝင္ဘာလ ၃၅ ႀကိမ္ေျမာက္ အာဆီယံညီလာခံ ကာလမွာ အာဆီယံနဲ႔ FIFA ၾကား သေဘာတူခဲ့ၾကတာပါ။

တိုက္႐ိုက္ လင့္ခ္


...............

ကိုဗစ်ကာလ မြန်မာနဲ့ အာဆီယံနိုင်ငံသားတွေ ကျန်းမာရေးလေ့ကျင့်နိုင်မယ့် ဗွီဒီယိုဇာတ်လမ်းတိုထုတ်

(Unicode)

COVID-19 ကပ်ရောဂါ ကာလအတွင်း မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေက ပြည်သူတွေ ကျန်းမာတဲ့ဘဝ ရရှိခံစားစေဖို့ ရည်ရွယ်ပြီး နေ့စဉ်ဘဝမှာ ဘယ်လို တက်ကြွလှုပ်ရှား နေထိုင်ရမယ်ဆိုတဲ့ နည်းလမ်းတွေ လေ့ကျင်းခန်းတွေ ပြထားတဲ့ တမိနစ်ကြော်ရှိတဲ့ #BeActive ပညာပေး ဗွီဒီယိုဇာတ်လမ်းတိုကို အရှေ့တောင်အာရှ နိုင်ငံများအသင်း ASEAN နဲ့ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် FIFA ၊ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့တို့ပေါင်းပြီး ထုတ်လုပ် တင်ဆက်နေပါတယ်။

ဗွီဒီယိုထဲမှာ အာဆီယံဒေသက နိုင်ငံအလိုက် ဘောလုံးအကြော်အမော်တွေ ပါဝင် သရုပ်ဆောင် ပြောဆိုထားကြတာပါ။

အာဆီယံကြား မတူကွဲပြားပေမယ့် ပေါင်းစည်းလိုက်ရင် အင်အားကြီးမားလာမှာ ဖြစ်ကြောင်း ၊ အခြေနေတွေ ကွဲပြားနေပါစေ ပြိုင်ဘက်တွေကြား အတူတကွ စည်းလုံးရမှာဖြစ်ကြောင်း ၊ အမြင့်မားဆုံး ကျန်းမာရေး အကျုးိကျေးဇူးကိုရဖို့ နိုးကြား တက်ကြွတဲ့ လူမှုအသိုင်းဝိုင်း ရှိနေခြင်းက ညီညွတ်မှုကို အားကောင်းစေနိုင်ကြောင်း #BeActive ဗွီဒီယိုထဲမှာ မြန်မာဘောလုံးသမားတွေဖြစ်တဲ့ မမြတ်နိုးခင်နဲ့ ကိုနန္ဒကျော်တို့က ဗမာဘာသာ စကားနဲ့ ပြောဆိုထားပါတယ်။ သူတို့ ပြောတဲ့စကားတွေဟာ အာဆီယံအဖွဲ့က ပေးချင်တဲ့ သတင်းစကားလည်း ဖြစ်ပါတယ်။

ဗွီဒီယိုဇာတ်လမ်း ထဲမှာတော့ WHO အဖွဲ့ကြီးက အွန်လိုင်း APP ကတဆင့် ပြထားတဲ့ လေ့ကျင့်ခန်းတွေကို အကြံပြုထားတဲ့အတိုင်း နေ့စဉ်ပုံမှန် အချိန်အနည်းငယ်ပေးပြီး လေ့ကျင့်ခန်းလုပ်တာ ၊ အကြောလျှော့တာ၊ ကခုန်တာ၊ ကြိုးခုန်တာ၊ ကြွက်သားလေ့ကျင်းခန်းတွေ လုပ်ဖို့ တိုက်တ ွန်းထားပါတယ်။

ခုလို ကပ်ရောဂါကာလအတွင်း အာဆီယံလူမှုအသိုက်အဝန်း အကျုးိစီပွားအတွက် FIFA အဖွဲ့ချုပ်နဲ့ပေါင်းပြီး နိုင်ငံတိုင်းရဲ့ အားကစားကဏ္ဍကို မြှင့်တင်ရင်း ပြည်သူလူထုကို အကျိုးပြုသ ွားဖို့ ရည်ရွယ်တာပါလို့ အာဆီယံ အားကစားဝန်ကြီးများ ဥက္ကဌလည်းဖြစ် ၊ ဖိလစ်ပိုင် အားကစား ကော်မရှင်ဥက္ကဌလည်းဖြစ်တဲ့ William Ramirez က ပြောပါတယ်။

ဒီလို လူထုကျန်းမာရေး လှုံ့ဆော်မှု လုပ်သွားဖို့ ၂၀၁၉ နိုဝင်ဘာလ ၃၅ ကြိမ်မြောက် အာဆီယံညီလာခံ ကာလမှာ အာဆီယံနဲ့ FIFA ကြား သဘောတူခဲ့ကြတာပါ။

ဆက္စပ္သတင္းမ်ား ...

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG