သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ေၾကာင့္ျဖစ္လာတဲ့ လူမႈ-စီးပြားျပႆနာေတြ ကန္ နဲ႔ အာဆီယံ ပူးေပါင္း ေဆာင္ရြက္မည္


ဝန္ႀကီး POMPEO

(Zawgyi/Unicode)

COVID-19 ကူးစက္ေရာဂါ တိုက္ဖ်က္ေရးနဲ႔ ကူးစက္ေရာဂါေၾကာင့္ ျဖစ္ေပၚလာနိုင္တဲ့ လူမႈ-စီးပြား ျပႆနာေတြကို ရင္ဆိုင္ ေျဖရွင္း ေရးအတြက္ အေမရိကန္ျပည္ေထာင္စုနဲ႔ အာဆီယံအဖြဲ႕ဝင္ နိုင္ငံေတြအၾကား US-ASEAN Health Future Initiative အေမရိကန္-အာဆီယံ အနာဂတ္ က်န္းမာေရး အစီအစဥ္ကို စတင္မွာ ျဖစ္တယ္ လို႔ အေမရိကန္ နိုင္ငံျခားေရး ဝန္ႀကီး Mike Pompeo က ေျပာ ပါတယ္။

အေမရိကန္နိုင္ငံနဲ႔ အာဆီယံအဖြဲ႕ဝင္နိုင္ငံေတြက နိုင္ငံျခားေရး ဝန္ႀကီးေတြရဲ့ Video Conferencing အထူးအစည္းအေဝး ကို ဧၿပီလ ၂၂ ေန႔က ျပဳလုပ္အၿပီးမွာ ဝန္ႀကီး Pompeo က အခုလို ေၾကညာခ်က္ထုတ္ျပန္ ေျပာၾကားခဲ့တာပါ။

ဒီအစီအစဥ္အရ အေမရိကန္ျပည္ေထာင္စုနဲ႔ အာဆီယံအဖြဲ႕တို႔အၾကား လက္ရွိ ပူးေပါင္းေဆာင္ရြက္ ေနတဲ့ လူထု က်န္းမာေရး လုပ္ငန္း ေတြကို အေျခခံၿပီး ေရရွည္ လက္တြဲ အလုပ္လုပ္ကိုင္နိုင္မယ့္ အေရွ႕ေတာင္အာရွေဒသ လူထု က်န္းမာေရးလုပ္ငန္းေတြ ပိုၿပီး ခိုင္မာလာ ေစဖို႔ အေျခခံ အုတ္ျမစ္ကို ခ်ေပးတာျဖစ္တယ္လို႔လည္း ေၾကညာခ်က္မွာ ပါရွိ ပါတယ္။

အေမရိကန္နိုင္ငံဟာ အေရွ႕ေတာင္အာရွနိုင္ငံ ေတြ COVID-19 ေရာဂါထိန္းခ်ဳပ္ေရးႀကိဳးပမ္းမႈအတြက္ ဧၿပီလ ၂၂ ရက္ေန႔အထိ အေမရိကန္ေဒၚလာ ၃၅ သန္းေက်ာ္ အေထာက္အပံ့ေပး ထားခဲ့ၿပီး ေနာက္ထပ္ လည္း ရက္ရက္ေရာေရာ ေထာက္ပံ့ ကူညီသြားမယ္လို႔ ဝန္ႀကီး Pompeo က ေျပာပါတယ္။

ဒါ့အျပင္ ျမန္မာနိုင္ငံအတြင္း အၾကမ္းဖက္မႈကိစၥေတြေၾကာင့္ အိုးအိမ္စြန္႔ခြာရသူေတြ အပါအဝင္အင္ဒို ပစိဖိတ္ေဒသအတြင္း အကာ အကြယ္မဲ့ ေနသူေတြအားလုံးကို လိုအပ္တဲ့ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေတြနဲ႔ ဝန္ေဆာင္မႈေတြ ေပးအပ္ဖို႔ ေတာင္းဆိုထားၿပီး ရိုဟင္ဂ်ာနဲ႔ တစ္ျခား ေနရပ္စြန္႔ခြာရသူေတြကို အကူအညီေပးဖို႔အတြက္လည္း ကုလသမဂၢအဖြဲ႕နဲ႔ လူသားခ်င္းစာနာမႈဆိုင္ရာ အဖြဲ႕အစည္း ေတြနဲ႔ အတူ လက္တြဲ အလုပ္လုပ္ဖို႔ အာဏာပိုင္ေတြကို တိုက္တြန္းေၾကာင္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

COVID-19 ကပ္ေရာဂါ က်ေရာက္ေနစဥ္အတြင္း အေမရိကန္နိုင္ငံကို ေဆး႐ုံသုံး အကာအကြယ္ ဝတ္စုံ ၂.၂ သန္း ေပးပို႔ခဲ့တဲ့ ဗီယက္နမ္ နိုင္ငံ၊ လက္အိတ္ ကီလိုဂရမ္ ၁.၃ သန္း ေပးပို႔ခဲ့တဲ့ မေလးရွားနိုင္ငံနဲ႔ အေမရိကန္ အေပ်ာ္စီး သဘၤာႀကီး တစ္စင္းကို လက္ခံခဲ့တဲ့ ကေမၻာ ဒီးယားနိုင္ငံတို႔ကို ေက်းဇူးတင္ေၾကာင္း ဝန္ႀကီး Pompeo က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ကိုဗစ်ကြောင့်ဖြစ်လာတဲ့ လူမှု-စီးပွားပြဿနာတွေ ကန် နဲ့ အာဆီယံ ပူးပေါင်း ဆောင်ရွက်မည်

(Unicode)

COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေးနဲ့ ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ လူမှု-စီးပွား ပြဿနာတွေကို ရင်ဆိုင် ဖြေရှင်း ရေးအတွက် အမေရိကန်ပြည်ထောင်စုနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအကြား US-ASEAN Health Future Initiative အမေရိကန်-အာဆီယံ အနာဂတ် ကျန်းမာရေး အစီအစဉ်ကို စတင်မှာ ဖြစ်တယ် လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ပြော ပါတယ်။

အမေရိကန်နိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ Video Conferencing အထူးအစည်းအဝေး ကို ဧပြီလ ၂၂ နေ့က ပြုလုပ်အပြီးမှာ ဝန်ကြီး Pompeo က အခုလို ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့တာပါ။

ဒီအစီအစဉ်အရ အမေရိကန်ပြည်ထောင်စုနဲ့ အာဆီယံအဖွဲ့တို့အကြား လက်ရှိ ပူးပေါင်းဆောင်ရွက် နေတဲ့ လူထု ကျန်းမာရေး လုပ်ငန်း တွေကို အခြေခံပြီး ရေရှည် လက်တွဲ အလုပ်လုပ်ကိုင်နိုင်မယ့် အရှေ့တောင်အာရှဒေသ လူထု ကျန်းမာရေးလုပ်ငန်းတွေ ပိုပြီး ခိုင်မာလာ စေဖို့ အခြေခံ အုတ်မြစ်ကို ချပေးတာဖြစ်တယ်လို့လည်း ကြေညာချက်မှာ ပါရှိ ပါတယ်။

အမေရိကန်နိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံ တွေ COVID-19 ရောဂါထိန်းချုပ်ရေးကြိုးပမ်းမှုအတွက် ဧပြီလ ၂၂ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် အထောက်အပံ့ပေး ထားခဲ့ပြီး နောက်ထပ် လည်း ရက်ရက်ရောရော ထောက်ပံ့ ကူညီသွားမယ်လို့ ဝန်ကြီး Pompeo က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုကိစ္စတွေကြောင့် အိုးအိမ်စွန့်ခွာရသူတွေ အပါအဝင်အင်ဒို ပစိဖိတ်ဒေသအတွင်း အကာ အကွယ်မဲ့ နေသူတွေအားလုံးကို လိုအပ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေနဲ့ ဝန်ဆောင်မှုတွေ ပေးအပ်ဖို့ တောင်းဆိုထားပြီး ရိုဟင်ဂျာနဲ့ တစ်ခြား နေရပ်စွန့်ခွာရသူတွေကို အကူအညီပေးဖို့အတွက်လည်း ကုလသမဂ္ဂအဖွဲ့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်း တွေနဲ့ အတူ လက်တွဲ အလုပ်လုပ်ဖို့ အာဏာပိုင်တွေကို တိုက်တွန်းကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

COVID-19 ကပ်ရောဂါ ကျရောက်နေစဉ်အတွင်း အမေရိကန်နိုင်ငံကို ဆေးရုံသုံး အကာအကွယ် ဝတ်စုံ ၂.၂ သန်း ပေးပို့ခဲ့တဲ့ ဗီယက်နမ် နိုင်ငံ၊ လက်အိတ် ကီလိုဂရမ် ၁.၃ သန်း ပေးပို့ခဲ့တဲ့ မလေးရှားနိုင်ငံနဲ့ အမေရိကန် အပျော်စီး သင်္ဘာကြီး တစ်စင်းကို လက်ခံခဲ့တဲ့ ကမ္ဘော ဒီးယားနိုင်ငံတို့ကို ကျေးဇူးတင်ကြောင်း ဝန်ကြီး Pompeo က ပြောပါတယ်။

XS
SM
MD
LG