သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္မွာ က်င္းပမယ့္ အာဆီယံထိပ္သီးအစည္းအေ၀း ေရႊ႕ဆုိင္း 


(Zawgyi/Unicode)

အေရွ႕ေတာင္အာရွ ႏုိင္ငံမ်ားအသင္း အာဆီယံနဲ႔ ထိပ္သီးေဆြးေႏြးပဲြ ေရွ႕လထဲ က်င္းပမယ့္ အစီအစဥ္ကုိ ေရႊ႕ဆုိင္းဖုိ႔ အေမရိကန္က ဆုံးျဖတ္လုိက္ပါတယ္။ ႏုိင္ငံတကာ အသုိင္းအ၀န္ုးက ကုိ႐ုိနာဗုိင္းရပ္စ္ တုိက္ဖ်က္ေရး ႀကိဳးပမ္းေနခ်ိန္မွာ အာဆီယံ မိတ္ဘက္ေတြနဲ႔ တုိင္ပင္ေဆြးေႏြးၿပီးေနာက္ ဆုံးျဖတ္ခ်က္ခ်ခဲ့ရတာ ျဖစ္ေၾကာင္းလည္း အေမရိကန္ အစုိးရတာ၀န္ရွိသူေတြကုိ ကုိးကားၿပီး Reuters သတင္းက ေဖာ္ျပခဲ့တာပါ။

ျမန္မာႏုိင္ငံ အပါအ၀င္ အာဆီယံ ၁၀ ႏုိင္ငံက ေခါင္းေဆာင္ေတြနဲ႔ အေမရိကန္ ျပည္ေထာင္စု Las Vegas ၿမိဳ႕မွာ မတ္လ ၁၄ ရက္ေန႔ ေတြ႔ဆုံဖုိ႔ မူလက စီစဥ္ထားေပမဲ့ အစီအစဥ္ပ်က္သြားခဲ့တာပါ။

ၿပီးခဲ့တဲ့ ႏုိ၀င္ဘာလထဲ ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕ေတာ္မွာ က်င္းပခဲ့တဲ့ ထိပ္သီးအစည္းအေ၀းပဲြကုိ အေမရိကန္သမၼတ Donald Trump ကုိယ္တုိင္မသြားဘဲ အဆင့္နိမ့္ကုိယ္စားလွယ္ တေယာက္ကုိသာ ေစလႊတ္ခဲ့ၿပီးေနာက္ အာဆီယံေခါင္းေဆာင္ေတြကုိ အေမရိကန္မွာ အစည္းအေ၀းက်င္းပဖုိ႔ ဖိတ္ၾကားခဲ့တာလည္း ျဖစ္ပါတယ္။

................

အမေရိကန်မှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးရွှေ့ဆိုင်း

(Unicode)

အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံနဲ့ ထိပ်သီးဆွေးနွေးပွဲ ရှေ့လထဲ ကျင်းပမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းဖို့ အမေရိကန်က ဆုံးဖြတ်လိုက်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝန်ုးက ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကြိုးပမ်းနေချိန်မှာ အာဆီယံ မိတ်ဘက်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီးနောက် ဆုံးဖြတ်ချက်ချခဲ့ရတာ ဖြစ်ကြောင်းလည်း အမေရိကန် အစိုးရတာဝန်ရှိသူတွေကို ကိုးကားပြီး Reuters သတင်းက ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံ အပါအဝင် အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေနဲ့ အမေရိကန် ပြည်ထောင်စု Las Vegas မြို့မှာ မတ်လ ၁၄ ရက်နေ့ တွေ့ဆုံဖို့ မူလက စီစဉ်ထားပေမဲ့ အစီအစဉ်ပျက်သွားခဲ့တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလထဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးပွဲကို အမေရိကန်သမ္မတ Donald Trump ကိုယ်တိုင်မသွားဘဲ အဆင့်နိမ့်ကိုယ်စားလှယ် တယောက်ကိုသာ စေလွှတ်ခဲ့ပြီးနောက် အာဆီယံခေါင်းဆောင်တွေကို အမေရိကန်မှာ အစည်းအဝေးကျင်းပဖို့ ဖိတ်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG