သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-အာဆီယံ အထူးစည်းဝေးပွဲ မတ်လမှာ ကျင်းပဖွယ်ရှိ


၂၀၁၈ တုန်းက ကန်-အာဆီယံ အထူးစည်းဝေးပွဲ ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး pompeo တက်ရောက်စဉ်
၂၀၁၈ တုန်းက ကန်-အာဆီယံ အထူးစည်းဝေးပွဲ ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး pompeo တက်ရောက်စဉ်

(Zawgyi/Unicode)

တရုတ်နိုင်ငံက ဒေသတွင်းက မဟာမိတ်နိုင်ငံတွေနဲ့ အမေရိကန်အကြား သဘောထားကွဲအောင် သပ်လျှိုပြီး အရှေ့တောင်အာရှတိုက်အတွင်း သူ့ရဲ့သြဇာ ကြီးထွားမှု ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်တဲ့အချိန်မှာဘဲ အမေရိကန်ပြည်ထောင်စုက အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံက ခေါင်းဆောင်တွေနဲ့ လာမယ့် မတ်လအတွင်း တွေ့ဆုံဖို့ စီစဉ်နေပါတယ်။

တွေ့ဆုံပွဲကိုတော့ Nevada ပြည်နယ်၊ Las Vegas မြို့မှာ မတ်လ ၁၄ ရက်နေ့ ကျင်းပဖို့ အမေရိကန်ဘက်က စီစဉ်နေတာပါ။ အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေနဲ့ သမ္မတ Donald Trump တို့ တဦးချင်းစီ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ အာဆီယံဆက်ဆံရေးမှာ အရေးအပါဆုံးအချက်ဟာ ထိပ်တန်းခေါင်းဆောင်တွေအကြား တွေ့ဆုံ ဆွေးနွေးရေးဖြစ်တယ်လို့ Heritage Foundation ရဲ့ ဒုတိယဥက္ကဌ James Carafano က ပြောပါတယ်။

၂၀၁၇ ခုနှစ်မှာ ကျင်းပတဲ့ အာဆီယံနဲ့ အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲတွေကို သမ္မတ Donald Trump တက်ရောက်ခဲ့ပေမယ့် ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ကျင်းပတဲ့ စည်းဝေးပွဲတွေကိုတော့ ကိုယ်တိုင် တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ ၂၀၁၈ ခုနှစ် စည်းဝေးပွဲကို သမ္မတ Trump ကိုစား ဒုသမ္မတ Mike Pence တက်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ် စည်းဝေးပွဲကိုတော့ အိမ်ဖြူတော်က အမျိုးသားလုံခြုံရေးအကြံပေး Robert O’Brien တက်ရောက်ခဲ့ပါတယ်။

အခုနှစ် ရှေ့လအတွင်းကျင်းပမယ့် အမေရိကန်-အာဆီယံ စည်းဝေးပွဲကို မြန်မာနိုင်ငံက ဘယ်သူတက်မယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်မလားဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။

ကန်-အာဆီယံ အထူးစည်းဝေးပွဲ မတ်လမှာ ကျင်းပဖွယ်ရှိ
please wait

No media source currently available

0:00 0:00:49 0:00
တိုက်ရိုက် လင့်ခ်


..................


(Unicode)






XS
SM
MD
LG