သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္-အာဆီယံ ထိပ္သီးစည္းေ၀းပြဲက ဘာေတြ ေမွ်ာ္လင့္ႏုိင္မလဲ


၂၀၁၇ ႏို၀င္ဘာလတုန္းက သမၼတ Trump အာဆီယံထိပ္သီးအစည္းအေ၀းတက္ေရာက္စဥ္

(Zawgyi / Unicode)

ရခိုင္ျပည္နယ္ ပဋိပကၡေၾကာင့္ ျမန္မာကို အေနာက္ႏိုင္ငံေတြက ၀ိုင္း၀န္းဖိအားေပးေနခ်ိန္မွာ မၾကာခင္လပိုင္းအတြင္း အေမရိကန္ျပည္ေထာင္စုမွာ က်င္းပဖို႔ရွိတဲ့ အေမရိကန္-အာဆီယံ အထူးထိပ္သီး အစည္းအေ၀းကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ တက္ေရာက္ျခင္းအားျဖင့္ တိုးတက္မႈ တစံုတရာရွိလာလိမ့္မယ္လို႔ အေမရိကန္-အာဆီယံ အသိုင္းအ၀ိုင္းဘက္က ေမွ်ာ္လင့္ၾကပါတယ္။

အေမရိကန္-အာဆီယံ ထိပ္သီးအစည္းအေ၀းကို သမၼတ Donald Trump အစိုးရက အခုအခ်ိန္မွာ ဘာေၾကာင့္ က်င္းပရသလဲ၊ ျမန္မာႏိုင္ငံအတြက္ ဒီထိပ္သီးအစည္းအေ၀းက ဘယ္ေလာက္အထိ အေရးပါမလဲ။ ၀ါရွင္တန္အေျခစိုက္ အေမရိကန္- အာဆီယံစီးပြားေရးေကာင္စီအဖြဲ႔ရဲ ႔ ျမန္မာႏိုင္ငံပူးေပါင္းေဆာင္ရြက္ေရးမွဴး ကိုလွဘုန္းျမင့္ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းရာမွာ သူက အခုလိုစေျပာပါတယ္။

ကိုလွဘုန္းျမင့္။ ။ ျမန္မာႏိုင္ငံအတြက္ေရာ၊ အေရွ႕ေတာင္အာရွ တခုလံုးအတြက္ ဒီအစည္းအေ၀းမွာ အဓိက ဘာေတြမ်ားေဆြးေႏြးမလဲ။ ဘယ္လို ရလာဒ္ေတြ ထြက္လာမလဲဆိုတာ က်ေနာ္တို႔ၾကည့္ရမယ္။ အဲဒီမွာ က်ေနာ္တို႔ သံုးပိုင္းခဲြတယ္။ ပထမေတာ့- လံုၿခံဳေရးအပိုင္းပါ။ အခု အေရွ႕ေတာင္အာရွ ထိပ္သီးႏိုင္ငံေတာ္ေတာ္မ်ားမ်ားရဲ႕ ေတာင္တရုတ္္ပင္လယ္မွာ ျဖစ္ေနတဲ့ တရုတ္နဲ႔ ၿငိစြန္းေနတဲ့ နယ္ေျမပိုင္ဆိုင္မႈ အျငင္းပြားေနတာေတြ၊ အဲဒါကို အေမရိကန္ဘက္က ဘယ္လိုမ်ဳိး ၀င္ၿပီးေတာ့ ညွဳိႏႈိင္းတာျဖစ္ျဖစ္၊ ေျဖရွင္းတာျဖစ္ျဖစ္ လုပ္ေပးႏိုင္မလဲ။ တရုတ္က ၀င္ေရာက္ၿပီးေတာ့ တျခားေသာ ႏိုင္ငံေတြရဲ႕ ေရပိုင္နက္၊ ကြ်န္းဆြယ္ေတြကို က်ဴးေက်ာ္လာတဲ့အခါမွာ အေမရိကန္ဘက္က ဘယ္လိုမ်ဳိးေသာ ေထာက္ပံမႈနဲ႔ ပူးေပါင္းေဆာင္ရြက္ေပးႏိုင္မလဲ ဆိုတာေဆြးေႏြးမယ္လို႔ က်ေနာ္တို႔ သံုးသပ္တယ္။

ေနာက္တခု ကုန္သြယ္ေရး၊ လမ္းပန္းတံတားဆက္သြယ္ေရးနဲ႔ အေျခခံအေဆာက္အဦး ဖံြ႔ၿဖိဳးတိုးတက္ေရးေတြမွာ အေမရိကန္ဘက္က ဘယ္လိုပါ၀င္မႈရွိလဲ။ တရုတ္က သူတို႔ရဲ႕ ခါးပတ္လမ္း စီမံကိန္းနဲ႔ အလံုးအရင္းနဲ႔ ေငြေတြကို အေရွ႕ေတာင္အာရွထဲကို ထည့္ေနတယ္။ အဲဒါကို အေမရိကန္ဘက္က ဘယ္လို ျပန္ balance လုပ္မလဲ။ အဲဒါကို ျပန္သံုးသပ္တဲ့အခါမွာ သမၼတ Trump က (DFC) ဖြံၿဖိဳးတိုးတက္ေရး၊ ဘ႑ာေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈအဖဲြ႔ကို ထူေထာင္တယ္။ အဲဒီမွာ ဘတ္ဂ်က္က အေမရိကန္ ေဒၚလာ ၆၀ ဘီလီယံ ရွိတယ္။ ဒါေပမဲ့ အဲဒီဘတ္ဂ်က္ကို ဘယ္လိုမ်ဳိး အသံုးခ်ရမလဲဆိုတာ သမၼတက အခုထက္ထိ အတိအက် လမ္းျပေျမပံု မေပးေသးဘူး။ အဲေတာ့ ထိပ္သီးေဆြးေႏြးပဲြကို တက္ေရာက္မယ့္ အာဆီယံေခါင္းေဆာင္ေတြနဲ႔ တိုင္ပင္လိမ့္မယ္လို႔ က်ေနာ္တို႔ ယံုၾကည္တယ္။

အင္ၾကင္းႏိုင္ ။ ။ အခုထိပ္သီးေဆြးေႏြးပဲြမွာ အေမရိကန္ဘက္က သူတို႔နဲ႔ စစ္ေရးအရ တင္းမာေနတဲ့ အီရန္နဲ႔ အေရွ႕အလယ္ပိုင္းကိစၥေတြမွာ အာဆီယံေခါင္းေဆာင္ေတြကို သူတို႔ကို ေထာက္ခံဖို႔ တြန္းအားေပးဖို႔ ရွိမလား။

ကိုလွဘုန္းျမင့္။ ။ အေရွ႕အလယ္ပိုင္းကိစၥမွာေတာ့ အာဆီယံကို တြန္းအားေပးမယ္လို႔ က်ေနာ္တို႔ မထင္ဘူး။ ခုနက က်ေနာ္ေျပာသြားတဲ့အထဲမွာ ျဖစ္လာႏိုင္တဲ့ ေကာင္းတဲ့အခ်က္ေတြမ်ားသလို၊ က်န္တဲ့ ႏွစ္ခ်က္ကို က်ေနာ္ ေထာက္ျပခ်င္ပါတယ္။ အေမရိကန္လႊတ္ေတာ္ဘက္က အခုသမၼတ Trump ရဲ႕ အာဆီယံ ထိပ္သီးအစည္းအေ၀းကို နည္းနည္း ဆန္႔က်င္မႈရွိႏိုင္တယ္။ ဘာလို႔လဲဆိုေတာ့ ယူကရိန္း ကိစၥနဲ႔ပတ္သက္ၿပီးေတာ့ သမၼတရာထူးကေန ထုတ္ပယ္ဖို႔ လႊတ္ေတာ္က လုပ္ေနတာေတြရွိတယ္။ အဲေတာ့ ဒီလိုမ်ဳိး ႏိုင္ငံျခားေရးမူ၀ါဒနဲ႔ ပတ္သက္လို႔ ႀကီးႀကီးမားမား တခုခု လုပ္လိုက္တဲ့အခါမွာ သူဘာလုပ္လုပ္ အတိုက္အခို္က္ရွိမယ္ဆိုတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အမ်ားႀကီးရွိတယ္ ဆိုတာ က်ေနာ္တို႔ သိတယ္။

ဘယ္လိုမ်ဳိး ကိစၥေတြနဲ႔ တိုက္ခိုက္ႏိုင္မလဲဆိုရင္- လူ႔အခြင့္အေရးနဲ႔ ဒီမိုကေရစီ ကိစၥမ်ဳိးပါ။ ဖိလစ္ပိုင္ဆိုရင္ သမၼတ ဒူတာေတးရဲ႕ မူးယစ္ေဆးနဲ႔ ဆက္စပ္ၿပီးလုပ္ထံုး၊ လုပ္စဥ္ေတြကို တရားဥပေဒနဲ႔ မကိုက္ညီဘူး၊ လူ႔အခြင့္အေရးနဲ႔ မကိုက္ညီဘူးဆိုၿပီး တိုက္ခိုက္တာမ်ဳိးရွိမယ္။ ေဒၚေအာင္ဆန္းစုၾကည္ဆိုရင္ ရခိုင္အေရးနဲ႔ပတ္သက္ၿပီးတိုက္ခိုက္မယ့္ သူေတြရွိမယ္။ ဘရူးႏိုင္မွာဆိုရင္လည္း ဘရူးႏိုင္ရဲ႕ဘုရင္ကို အာဏာရွင္ဆန္တဲ့စနစ္နဲ႔ အုပ္ခ်ဳပ္တယ္ဆိုၿပီး တိုက္ခိုက္မယ့္ သူေတြရွိတယ္။ ဒါက အေမရိကန္ ေရြးေကာက္ပဲြႏွစ္လည္းျဖစ္ေနတယ္။ အေမရိကန္သမၼက သူ႔ရဲ႕ျပည္တြင္းေရးကို ပဓာန ထားမွာျဖစ္တယ္။ သူတက္လာတာေရာ၊ သူအာဏာ ထိန္းထားတာကေရာ အေမရိကန္သာ ပထမဆိုတဲ့ နည္းဗ်ဴဟာျဖစ္ပါတယ္။ ေဒသတြင္းပူးေပါင္းေဆာင္ရြက္ေရးဆိုတာမ်ဳိး ျဖစ္လာမွာမဟုတ္ဘူး။ ႏွစ္ႏိုင္ငံခ်င္း သေဘာတူ ပူးေပါင္းေဆာင္ရြက္တဲ့ အပိုင္းမွာလည္း က်ေနာ္တို႔ ေလာေလာဆယ္ သိပ္အားမရလွပါဘူး။ ဒါေပမယ့္လည္း ဒီလို အထိမ္းအမွတ္ သေကၤတအရ အေရးပါတဲ့ ဖိတ္ၾကားမႈတခုတည္းနဲ႔ပဲ အာဆီယံဟာ အေမရိကန္အတြက္ အေရးပါအရာေရာက္တဲ့ အစိတ္အပိုင္းအျဖစ္ ျပန္ေရာက္လာတယ္ဆိုတာကိုပဲ ေက်နပ္ရမွာပါ။

အင္ၾကင္းႏိုင္။ ။ အခုလို သမၼတ Trump ဦးစီးမယ့္ အေမရိကန္-အာဆီယံ အထူးထိပ္သီး ေဆြးေႏြးပဲြကို ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ တက္ေရာက္ျခင္း၊ မတက္ေရာက္ျခင္းက ျမန္မာႏိုင္ငံအတြက္ အက်ဳိးသက္ေရာက္မႈေတြ ဘယ္လိုေတြရွိမလဲ။

ကိုလွဘုန္းျမင့္။ ။ အက်ဳိးသက္ေရာက္မႈကေတာ့ အမ်ားႀကီးရွိပါတယ္။ ႏွစ္ႏိုင္ငံၾကားေခါင္းေဆာင္ေတြ က တဦးနဲ႔တဦးေတြ႕ဆံုၿပီး သေဘာတူညီမႈေတြပဲျဖစ္ျဖစ္၊ နားလည္မႈ လဲႊမွား ေနတာေတြကိုပဲျဖစ္ျဖစ္ တဦးနဲ႔တဦး ေဆြးေႏြးေျဖရွင္းတာကေတာ့ အထိေရာက္ဆံုး၊ အေကာင္းဆံုး နည္းနာပဲျဖစ္ပါတယ္။ အခုဟာက ႏွစ္ႏိုင္ငံၾကား မီဒီယာေတြ ေရးသားေနတာ၊ ႏွစ္ဖက္ကိုယ္စားလွယ္ေတြက တဆင့္ေျပာ၊ စာနဲ႔တဆင့္ေရး ဆိုတာမ်ဳိးဆိုေတာ့၊ ေခါင္းေဆာင္ေတြရဲ႕ အျမင္၊ ေျဖရွင္းခ်က္ေတြကို တဦးနဲ႔တဦးၾကား နားမေပါက္ဘူး ျဖစ္ေနတယ္။ က်ေနာ္ကေတာ့ အခုလို ေခါင္းေဆာင္ႏွစ္ဦး ကုိယ္တိုင္ေတြ႕ဆံုတဲ့ လုပ္ထံုးလုပ္နည္းက အေကာင္းဆံုးနည္းလမ္းျဖစ္တယ္လို႔ ယံုၾကည္တယ္။ အဲေတာ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္လည္း ထိပ္သီးအစည္းအေ၀းပဲြကို ကိုယ္တိုင္ပါ၀င္တက္ေရာက္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

၀ါရွင္တန္အေျခစိုက္ အေမရိကန္- အာဆီယံစီးပြားေရးေကာင္စီအဖြဲ႔ရဲ ႔ ျမန္မာႏိုင္ငံ ပူးေပါင္းေဆာင္ရြက္ေရးမွဴး ကိုလွဘုန္းျမင့္ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


.............

ကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲက ဘာတွေ မျှော်လင့်နိုင်မလဲ

(Unicode)

ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် မြန်မာကို အနောက်နိုင်ငံတွေက ဝိုင်းဝန်းဖိအားပေးနေချိန်မှာ မကြာခင်လပိုင်းအတွင်း အမေရိကန်ပြည်ထောင်စုမှာ ကျင်းပဖို့ရှိတဲ့ အမေရိကန်-အာဆီယံ အထူးထိပ်သီး အစည်းအဝေးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခြင်းအားဖြင့် တိုးတက်မှု တစုံတရာရှိလာလိမ့်မယ်လို့ အမေရိကန်-အာဆီယံ အသိုင်းအဝိုင်းဘက်က မျှော်လင့်ကြပါတယ်။

အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးကို သမ္မတ Donald Trump အစိုးရက အခုအချိန်မှာ ဘာကြောင့် ကျင်းပရသလဲ၊ မြန်မာနိုင်ငံအတွက် ဒီထိပ်သီးအစည်းအဝေးက ဘယ်လောက်အထိ အရေးပါမလဲ။ ဝါရှင်တန်အခြေစိုက် အမေရိကန်- အာဆီယံစီးပွားရေးကောင်စီအဖွဲ့ရဲ့ မြန်မာနိုင်ငံပူးပေါင်းဆောင်ရွက်ရေးမှူး ကိုလှဘုန်းမြင့်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ သူက အခုလိုစပြောပါတယ်။

ကိုလှဘုန်းမြင့်။ ။ မြန်မာနိုင်ငံအတွက်ရော၊ အရှေ့တောင်အာရှ တခုလုံးအတွက် ဒီအစည်းအဝေးမှာ အဓိက ဘာတွေများဆွေးနွေးမလဲ။ ဘယ်လို ရလာဒ်တွေ ထွက်လာမလဲဆိုတာ ကျနော်တို့ကြည့်ရမယ်။ အဲဒီမှာ ကျနော်တို့ သုံးပိုင်းခွဲတယ်။ ပထမတော့- လုံခြုံရေးအပိုင်းပါ။ အခု အရှေ့တောင်အာရှ ထိပ်သီးနိုင်ငံတော်တော်များများရဲ့ တောင်တရုတ်ပင်လယ်မှာ ဖြစ်နေတဲ့ တရုတ်နဲ့ ငြိစွန်းနေတဲ့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတာတွေ၊ အဲဒါကို အမေရိကန်ဘက်က ဘယ်လိုမျိုး ဝင်ပြီးတော့ ညှိုနှိုင်းတာဖြစ်ဖြစ်၊ ဖြေရှင်းတာဖြစ်ဖြစ် လုပ်ပေးနိုင်မလဲ။ တရုတ်က ဝင်ရောက်ပြီးတော့ တခြားသော နိုင်ငံတွေရဲ့ ရေပိုင်နက်၊ ကျွန်းဆွယ်တွေကို ကျူးကျော်လာတဲ့အခါမှာ အမေရိကန်ဘက်က ဘယ်လိုမျိုးသော ထောက်ပံမှုနဲ့ ပူးပေါင်းဆောင်ရွက်ပေးနိုင်မလဲ ဆိုတာဆွေးနွေးမယ်လို့ ကျနော်တို့ သုံးသပ်တယ်။

နောက်တခု ကုန်သွယ်ရေး၊ လမ်းပန်းတံတားဆက်သွယ်ရေးနဲ့ အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ အမေရိကန်ဘက်က ဘယ်လိုပါဝင်မှုရှိလဲ။ တရုတ်က သူတို့ရဲ့ ခါးပတ်လမ်း စီမံကိန်းနဲ့ အလုံးအရင်းနဲ့ ငွေတွေကို အရှေ့တောင်အာရှထဲကို ထည့်နေတယ်။ အဲဒါကို အမေရိကန်ဘက်က ဘယ်လို ပြန် balance လုပ်မလဲ။ အဲဒါကို ပြန်သုံးသပ်တဲ့အခါမှာ သမ္မတ Trump က (DFC) ဖွံဖြိုးတိုးတက်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကို ထူထောင်တယ်။ အဲဒီမှာ ဘတ်ဂျက်က အမေရိကန် ဒေါ်လာ ၆၀ ဘီလီယံ ရှိတယ်။ ဒါပေမဲ့ အဲဒီဘတ်ဂျက်ကို ဘယ်လိုမျိုး အသုံးချရမလဲဆိုတာ သမ္မတက အခုထက်ထိ အတိအကျ လမ်းပြမြေပုံ မပေးသေးဘူး။ အဲတော့ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မယ့် အာဆီယံခေါင်းဆောင်တွေနဲ့ တိုင်ပင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။

အင်ကြင်းနိုင် ။ ။ အခုထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်ဘက်က သူတို့နဲ့ စစ်ရေးအရ တင်းမာနေတဲ့ အီရန်နဲ့ အရှေ့အလယ်ပိုင်းကိစ္စတွေမှာ အာဆီယံခေါင်းဆောင်တွေကို သူတို့ကို ထောက်ခံဖို့ တွန်းအားပေးဖို့ ရှိမလား။

ကိုလှဘုန်းမြင့်။ ။ အရှေ့အလယ်ပိုင်းကိစ္စမှာတော့ အာဆီယံကို တွန်းအားပေးမယ်လို့ ကျနော်တို့ မထင်ဘူး။ ခုနက ကျနော်ပြောသွားတဲ့အထဲမှာ ဖြစ်လာနိုင်တဲ့ ကောင်းတဲ့အချက်တွေများသလို၊ ကျန်တဲ့ နှစ်ချက်ကို ကျနော် ထောက်ပြချင်ပါတယ်။ အမေရိကန်လွှတ်တော်ဘက်က အခုသမ္မတ Trump ရဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကို နည်းနည်း ဆန့်ကျင်မှုရှိနိုင်တယ်။ ဘာလို့လဲဆိုတော့ ယူကရိန်း ကိစ္စနဲ့ပတ်သက်ပြီးတော့ သမ္မတရာထူးကနေ ထုတ်ပယ်ဖို့ လွှတ်တော်က လုပ်နေတာတွေရှိတယ်။ အဲတော့ ဒီလိုမျိုး နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်လို့ ကြီးကြီးမားမား တခုခု လုပ်လိုက်တဲ့အခါမှာ သူဘာလုပ်လုပ် အတိုက်အခိုက်ရှိမယ်ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အများကြီးရှိတယ် ဆိုတာ ကျနော်တို့ သိတယ်။

ဘယ်လိုမျိုး ကိစ္စတွေနဲ့ တိုက်ခိုက်နိုင်မလဲဆိုရင်- လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ကိစ္စမျိုးပါ။ ဖိလစ်ပိုင်ဆိုရင် သမ္မတ ဒူတာတေးရဲ့ မူးယစ်ဆေးနဲ့ ဆက်စပ်ပြီးလုပ်ထုံး၊ လုပ်စဉ်တွေကို တရားဥပဒေနဲ့ မကိုက်ညီဘူး၊ လူ့အခွင့်အရေးနဲ့ မကိုက်ညီဘူးဆိုပြီး တိုက်ခိုက်တာမျိုးရှိမယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ရခိုင်အရေးနဲ့ပတ်သက်ပြီးတိုက်ခိုက်မယ့် သူတွေရှိမယ်။ ဘရူးနိုင်မှာဆိုရင်လည်း ဘရူးနိုင်ရဲ့ဘုရင်ကို အာဏာရှင်ဆန်တဲ့စနစ်နဲ့ အုပ်ချုပ်တယ်ဆိုပြီး တိုက်ခိုက်မယ့် သူတွေရှိတယ်။ ဒါက အမေရိကန် ရွေးကောက်ပွဲနှစ်လည်းဖြစ်နေတယ်။ အမေရိကန်သမ္မက သူ့ရဲ့ပြည်တွင်းရေးကို ပဓာန ထားမှာဖြစ်တယ်။ သူတက်လာတာရော၊ သူအာဏာ ထိန်းထားတာကရော အမေရိကန်သာ ပထမဆိုတဲ့ နည်းဗျူဟာဖြစ်ပါတယ်။ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးဆိုတာမျိုး ဖြစ်လာမှာမဟုတ်ဘူး။ နှစ်နိုင်ငံချင်း သဘောတူ ပူးပေါင်းဆောင်ရွက်တဲ့ အပိုင်းမှာလည်း ကျနော်တို့ လောလောဆယ် သိပ်အားမရလှပါဘူး။ ဒါပေမယ့်လည်း ဒီလို အထိမ်းအမှတ် သင်္ကေတအရ အရေးပါတဲ့ ဖိတ်ကြားမှုတခုတည်းနဲ့ပဲ အာဆီယံဟာ အမေရိကန်အတွက် အရေးပါအရာရောက်တဲ့ အစိတ်အပိုင်းအဖြစ် ပြန်ရောက်လာတယ်ဆိုတာကိုပဲ ကျေနပ်ရမှာပါ။

အင်ကြင်းနိုင်။ ။ အခုလို သမ္မတ Trump ဦးစီးမယ့် အမေရိကန်-အာဆီယံ အထူးထိပ်သီး ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခြင်း၊ မတက်ရောက်ခြင်းက မြန်မာနိုင်ငံအတွက် အကျိုးသက်ရောက်မှုတွေ ဘယ်လိုတွေရှိမလဲ။

ကိုလှဘုန်းမြင့်။ ။ အကျိုးသက်ရောက်မှုကတော့ အများကြီးရှိပါတယ်။ နှစ်နိုင်ငံကြားခေါင်းဆောင်တွေ က တဦးနဲ့တဦးတွေ့ဆုံပြီး သဘောတူညီမှုတွေပဲဖြစ်ဖြစ်၊ နားလည်မှု လွဲှမှား နေတာတွေကိုပဲဖြစ်ဖြစ် တဦးနဲ့တဦး ဆွေးနွေးဖြေရှင်းတာကတော့ အထိရောက်ဆုံး၊ အကောင်းဆုံး နည်းနာပဲဖြစ်ပါတယ်။ အခုဟာက နှစ်နိုင်ငံကြား မီဒီယာတွေ ရေးသားနေတာ၊ နှစ်ဖက်ကိုယ်စားလှယ်တွေက တဆင့်ပြော၊ စာနဲ့တဆင့်ရေး ဆိုတာမျိုးဆိုတော့၊ ခေါင်းဆောင်တွေရဲ့ အမြင်၊ ဖြေရှင်းချက်တွေကို တဦးနဲ့တဦးကြား နားမပေါက်ဘူး ဖြစ်နေတယ်။ ကျနော်ကတော့ အခုလို ခေါင်းဆောင်နှစ်ဦး ကိုယ်တိုင်တွေ့ဆုံတဲ့ လုပ်ထုံးလုပ်နည်းက အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ယုံကြည်တယ်။ အဲတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်း ထိပ်သီးအစည်းအဝေးပွဲကို ကိုယ်တိုင်ပါဝင်တက်ရောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဝါရှင်တန်အခြေစိုက် အမေရိကန်- အာဆီယံစီးပွားရေးကောင်စီအဖွဲ့ရဲ့ မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးမှူး ကိုလှဘုန်းမြင့်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG