သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံ ကာကြယ္ေရး၀န္ႀကီးမ်ား စည္းေ၀း


အခုႏွစ္ ဇူလုိင္လအတြင္းက ဘန္ေကာက္တြင္ ျပဳလုပ္သည့္ အစည္းအေဝးတြင္ စုေပါင္းဓာတ္ပုံ႐ုိက္ေနၾကသည့္ အာဆီယံကာကြယ္ေရးဝန္ႀကီးမ်ား။ (ဇူလုိင္ ၁၁၊ ၂၀၁၉)

(Zawgyi / Unicode)

အေမရိကန္နဲ႔ ေတာင္ကိုရီးယား ၂ ႏုိင္ငံ ပူးတဲြစစ္ေရးေလ့က်င့္မႈေတြကို ေရႊ႕ဆုိင္းလုိက္တယ္လို႔ အေမရိကန္နဲ႔ ေတာင္ကိုရီးယားႏုိင္ငံေတြက ဒီကေန႔မွာ ေျပာၾကားလိုက္ပါတယ္။

အခုလိုလုပ္တာဟာ ေျမာက္ကိုရီးယားႏုိင္ငံအေပၚမွာ ခ်စ္ၾကည္ရင္းႏွီးမႈကို ျပသတဲ့အေနနဲ႔ လုပ္ေဆာင္လုိက္တာျဖစ္တယ္လို႔ အေမရိကန္ ကာကြယ္ေရး၀န္ႀကီး Mark Esper က ေျပာလိုက္ပါတယ္။

အခုလိုလုပ္တာက ကိုရီးယားကၽြန္းဆြယ္မွာ ႏ်ဴးကလီးယားကင္းမဲ့ၿပီး ႏုိင္ငံေရး သေဘာတူညီခ်က္ရေအာင္ ကူညီေဆာင္ရြက္ၿပီးေတာ့ ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ႏုိင္ဖို႔အတြက္ အေမရိကန္နဲ႔ ေတာင္ကိုရီးယားႏုိင္ငံတုိ႔ဘက္က စိတ္ေစတနာေကာင္းနဲ႔ လုပ္ေဆာင္လိုက္တယ္ဆုိတာကို ျပသေနတယ္လို႔ သူကေျပာပါတယ္။

ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ အာရွတုိက္ႏုိင္ငံမ်ား ကာကြယ္ေရး၀န္ႀကီးေတြရဲ႕ အစည္းအေ၀းအတြင္း အေမရိကန္နဲ႔ ေတာင္ကိုရီးယား ၂ ႏုိင္ငံ ပူးတဲြေၾကညာခ်က္ကို ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

အေမရိကန္နဲ႔ ေတာင္ကိုရီးယားတုိ႔ဘက္က အခုလို ေၾကညာလိုက္ၿပီး သိပ္မၾကာခင္မွာပဲ ဂ်ပန္ကာကြယ္ေရး၀န္ႀကီး Taro Kono ဘက္က တန္ျပန္ေၾကညာခ်က္တေစာင္ ထုတ္ျပန္ခဲ့ပါတယ္။

ေျမာက္ကိုရီးယားနဲ႔ ပတ္သက္ၿပီး ဘယ္သူကမွ အျပဳသေဘာေဆာင္ၿပီး ျမင္လို႔မရႏုိင္ေၾကာင္း၊ ေျမာက္ကိုရီးယားႏုိင္ငံဟာ ပဲ့ထိန္းဒုံးက်ည္အသစ္ေတြ၊ ေရငုပ္သေဘၤာကေန ပစ္လႊတ္ႏုိင္တဲ့ ပဲ့ထိန္းဒုံးေတြ အပါအ၀င္ အခုႏွစ္အတြင္း ဒုံးက်ည္အစင္း ၂၀ ထက္မနည္း ထပ္တလဲလဲ ပစ္လႊတ္ခဲ့တယ္လို႔ ေျပာၾကားလိုက္ပါတယ္။

အေမရိကန္နဲ႔ ေတာင္ကိုရီးယား ပူးတဲြစစ္ေရးေလ့က်င့္မႈဟာ ရန္စၿပီး အႏၱရာယ္မ်ားတဲ့လုပ္ရပ္ ျဖစ္တယ္လို႔ ေျမာက္ကုိရီးယား ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက တာ၀န္ရွိသူတဦးျဖစ္တဲ့ Kwon Jong Gun က အေစာပိုင္းမွာ ေျပာၾကားခဲ့ပါတယ္။

ဘန္ေကာက္ၿမိဳ႕မွာက်င္းပတဲ့ အာရွႏုိင္ငံမ်ား ကာကြယ္ေရး၀န္ႀကီးေတြရဲ႕ အစည္းအေ၀းအတြင္း ေတာင္တ႐ုတ္ပင္လယ္အေရးကိစၥနဲ႔ ျမန္မာႏုိင္ငံက ႐ုိဟင္ဂ်ာအေရးကိစၥေတြကို ထည့္သြင္းေဆြးေႏြးခဲ့ၾကတယ္လို႔ ဘန္ေကာက္ပို႔စ္ သတင္းစာမွာ ေဖာ္ျပပါတယ္။

ဒီအစည္းအေ၀းကို ျမန္မာႏိ္ုင္ငံက ကာကြယ္ေရး၀န္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္၀င္းလည္း တတ္ေရာက္ခဲ့ပါတယ္။

အာဆီယံ ကာကြယ္ေရး၀န္ႀကီးေတြဟာ အေမရိကန္၊ တ႐ုတ္နဲ႔ ဂ်ပန္တို႔က ကာကြယ္ေရး၀န္ႀကီးေတြနဲ႔လည္း စည္းေ၀းခဲ့ၾကတာ ျဖစ္ပါတယ္။

ႏိုင္ငံတကာမွာေတာ့ ႐ိုဟင္ဂ်ာအေရးနဲ႔ပတ္သက္လို႔ ဖိအားေတြ ျမန္မာအေပၚ တိုးလာေပမယ့္ ျမန္မာအစိုးရကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံပါဘူး။

---------------------------------

(Unicode)

အာဆီယံ ကာကွယ်ရေးဝန်ကြီးများ စည်းဝေး

အမေရိကန်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ရွှေ့ဆိုင်းလိုက်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

အခုလိုလုပ်တာဟာ မြောက်ကိုရီးယားနိုင်ငံအပေါ်မှာ ချစ်ကြည်ရင်းနှီးမှုကို ပြသတဲ့အနေနဲ့ လုပ်ဆောင်လိုက်တာဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper က ပြောလိုက်ပါတယ်။

အခုလိုလုပ်တာက ကိုရီးယားကျွန်းဆွယ်မှာ နျူးကလီးယားကင်းမဲ့ပြီး နိုင်ငံရေး သဘောတူညီချက်ရအောင် ကူညီဆောင်ရွက်ပြီးတော့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့အတွက် အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ဘက်က စိတ်စေတနာကောင်းနဲ့ လုပ်ဆောင်လိုက်တယ်ဆိုတာကို ပြသနေတယ်လို့ သူကပြောပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ အာရှတိုက်နိုင်ငံများ ကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအတွင်း အမေရိကန်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဘက်က အခုလို ကြေညာလိုက်ပြီး သိပ်မကြာခင်မှာပဲ ဂျပန်ကာကွယ်ရေးဝန်ကြီး Taro Kono ဘက်က တန်ပြန်ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး ဘယ်သူကမှ အပြုသဘောဆောင်ပြီး မြင်လို့မရနိုင်ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံဟာ ပဲ့ထိန်းဒုံးကျည်အသစ်တွေ၊ ရေငုပ်သင်္ဘောကနေ ပစ်လွှတ်နိုင်တဲ့ ပဲ့ထိန်းဒုံးတွေ အပါအဝင် အခုနှစ်အတွင်း ဒုံးကျည်အစင်း ၂၀ ထက်မနည်း ထပ်တလဲလဲ ပစ်လွှတ်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ရန်စပြီး အန္တရာယ်များတဲ့လုပ်ရပ် ဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ရှိသူတဦးဖြစ်တဲ့ Kwon Jong Gun က အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ဘန်ကောက်မြို့မှာကျင်းပတဲ့ အာရှနိုင်ငံများ ကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအတွင်း တောင်တရုတ်ပင်လယ်အရေးကိစ္စနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးကိစ္စတွေကို ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြပါတယ်။

ဒီအစည်းအဝေးကို မြန်မာနိုင်ငံက ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းလည်း တတ်ရောက်ခဲ့ပါတယ်။

အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေဟာ အမေရိကန်၊ တရုတ်နဲ့ ဂျပန်တို့က ကာကွယ်ရေးဝန်ကြီးတွေနဲ့လည်း စည်းဝေးခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံတကာမှာတော့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ဖိအားတွေ မြန်မာအပေါ် တိုးလာပေမယ့် မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။

အာဆီယံ ကာကြယ္ေရး၀န္ႀကီးမ်ား စည္းေ၀း
please wait

No media source currently available

0:00 0:01:44 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG