အေမရိကန္နဲ႕ ေျမာက္ကိုရီးယားၾကားေဆြးေႏြးမႈေတြျပန္စဖို႔ အစီအစဥ္ေတြလုပ္ေနတဲ့ ၾကားက လတ္တေလာ ေျမာက္ကိုရီးယားရဲ႕ ဒံုးက်ည္စမ္းသပ္ပစ္လႊတ္မႈဟာ မလိုအပ္ပဲတမင္သက္သက္ရန္စတဲ့လုပ္ရပ္ အျဖစ္ အေမရိကန္နဲ႔ ဂ်ပန္က ေ၀ဖန္လိုက္ပါတယ္။
ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႕က ေျမာက္ကိုရီးယားက သူတို႕ရဲ႕ ေခတ္မီ လက္နက္ကရိယာ စီမံခ်က္ တခုျဖစ္တဲ့ ပဲ့ထိန္းတပ္ဒံုးက်ည္ပစ္လႊတ္ႏိုင္ေအာင္ ပံုစံထုတ္လုပ္ထားတဲ့ ေရငုပ္သေဘၤာေပၚကေန ဒံုးက်ည္စမ္းသပ္ပစ္လႊတ္ခဲ့တာပါ။
ဒီလုပ္ရပ္ဟာ တမင္သက္သက္ရန္စတဲ့ လုပ္ရပ္ျဖစ္ၿပီး သံတမန္ေရးအရ ေဆြးေႏြးဖို႕ အေနအထားမ႐ွိတဲ့ အတြက္ ေျမာက္ကိုရီးယားအေနနဲ႔ ဒီလို စမ္းသပ္မႈေတြကို ရပ္ဆိုင္းဖို႔လိုအပ္တယ္ဆိုတာ အေမရိကန္ ကာကြယ္ေရး၀န္ၾကီး Mark Esper နဲ႔ ဂ်ပန္ ကာကြယ္ေရး၀န္ၾကီး Taro Kono တို႕ တယ္လီဖုန္းဆက္သြယ္ေျပာဆို ေဆြးေႏြးခဲ့ၾကေၾကာင္း ပင္တဂြန္ ေျပာခြင့္ရ Jonathan Hoffman က ၾကာသပေတးေန႕က ေျပာပါတယ္။
ကိုရီးယားဗဟို သတင္းဌာန KCNA က ၾကာသပေတးေန႕က ေရထဲကေန ဒံုးက်ည္ စမ္းသပ္ ပစ္လႊတ္တာကို သတင္းေတြမွာ ေဖာ္ျပခဲ့ၾကတာပါ။ ေရငုပ္သေဘၤာကေန စမ္းသပ္တယ္လို႕ အတိအက်မေျပာႏိုင္ေပမဲ့ ပင္လယ္တြင္း အေျခစိုက္စခန္းတခုက ပစ္လႊတ္တာ ျဖစ္တယ္လို႕ ပင္တဂြန္ေျပာခြင့္ရ ဗိုလ္မွဴးႀကီး Pat Ryder က ေျပာပါတယ္။
ၿပီးခဲ့တဲ့ ေမလကစၿပီး ေျမာက္ကိုရီးယားက ဒံုးက်ည္စမ္းသပ္မႈ ၁၁ ႀကိမ္လုပ္ခဲ့ၿပီးျဖစ္ပါတယ္။ အရင္က တာတိုပစ္ စမ္းသပ္မႈေတြ အေပၚ သမၼတ ထရမ့္ က ျပႆနာမ႐ွိဘူးလို႕ေျပာခဲ့ဖူးေပမဲ့ အခုတႀကိမ္နဲ႕ ပတ္သက္လို႔ေတာ့ ဘာမွ မွတ္ခ်က္မေပးေသးပါဘူး။
ေျမာက္ကိုရီးယားက အေမရိကန္နဲ႔ ႏ်ဴကလီးယားေဆြးေႏြးပြဲေတြ ျပန္စ ေတာ့မယ္လို႕ စေနေန႕ ကေၾကညာၿပီးေနာက္ နာရီပိုင္းအၾကာမွာပဲ အခုလို ဒံုးက်ည္စမ္းသပ္ပစ္လႊတ္ခဲ့တာပါ။ ဒီလုပ္ရပ္အတြက္ အေမရိကန္နဲ႔ ေဆြးေႏြးပြဲေတြ အေပၚ ဘယ္လို အက်ိဳးသက္ေရာက္မႈ ႐ွိလာမလဲ ဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။
.................
{Unicode}
မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှု ကန် နဲ့ဂျပန် ရှုတ်ချ
အမေရိကန်နဲ့ မြောက်ကိုရီးယားကြားဆွေးနွေးမှုတွေပြန်စဖို့ အစီအစဉ်တွေလုပ်နေတဲ့ ကြားက လတ်တလော မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုဟာ မလိုအပ်ပဲတမင်သက်သက်ရန်စတဲ့လုပ်ရပ် အဖြစ် အမေရိကန်နဲ့ ဂျပန်က ဝေဖန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မြောက်ကိုရီးယားက သူတို့ရဲ့ ခေတ်မီ လက်နက်ကရိယာ စီမံချက်တခုဖြစ်တဲ့ ပဲ့ထိန်းတပ်ဒုံးကျည်ပစ်လွှတ်နိုင်အောင် ပုံစံထုတ်လုပ်ထားတဲ့ ရေငုပ်သင်္ဘောပေါ်ကနေ ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့တာပါ။
ဒီလုပ်ရပ်ဟာ တမင်သက်သက်ရန်စတဲ့ လုပ်ရပ်ဖြစ်ပြီး သံတမန်ရေးအရ ဆွေးနွေးဖို့ အနေအထားမရှိတဲ့ အတွက် မြောက်ကိုရီးယားအနေနဲ့ ဒီလို စမ်းသပ်မှုတွေကို ရပ်ဆိုင်းဖို့လိုအပ်တယ်ဆိုတာ အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper နဲ့ ဂျပန် ကာကွယ်ရေးဝန်ကြီး Taro Konoတို့ တယ်လီဖုန်းဆက်သွယ်ပြောဆို ဆွေးနွေးခဲ့ကြကြောင်း ပင်တဂွန် ပြောခွင့်ရ Jonathan Hoffman က ကြာသပတေးနေ့က ပြောပါတယ်။
ကိုရီးယားဗဟို သတင်းဌာန KCNA က ကြာသပတေးနေ့က ရေထဲကနေ ဒုံးကျည် စမ်းသပ် ပစ်လွှတ်တာကို သတင်းတွေမှာ ဖော်ပြခဲ့ကြတာပါ။ ရေငုပ်သင်္ဘောကနေ စမ်းသပ်တယ်လို့ အတိအကျမပြောနိုင်ပေမဲ့ ပင်လယ်တွင်း အခြေစိုက်စခန်းတခုက ပစ်လွှတ်တာ ဖြစ်တယ်လို့ ပင်တဂွန်ပြောခွင့်ရ ဗိုလ်မှူးကြီး Pat Ryder က ပြောပါတယ်။
ပြီးခဲ့တဲ့ မေလကစပြီး မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှု ၁၁ ကြိမ်လုပ်ခဲ့ပြီးဖြစ်ပါတယ်။ အရင်က တာတိုပစ် စမ်းသပ်မှုတွေ အပေါ် သမ္မတ ထရမ့် က ပြဿနာမရှိဘူးလို့ပြောခဲ့ဖူးပေမဲ့ အခုတကြိမ်နဲ့ ပတ်သက်လို့တော့ ဘာမှ မှတ်ချက်မပေးသေးပါဘူး။
မြောက်ကိုရီးယားက အမေရိကန်နဲ့ နျူကလီးယားဆွေးနွေးပွဲတွေ ပြန်စ တော့မယ်လို့ စနေနေ့ ကကြေညာပြီးနောက် နာရီပိုင်းအကြာမှာပဲ အခုလို ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့တာပါ။ ဒီလုပ်ရပ်အတွက် အမေရိကန်နဲ့ ဆွေးနွေးပွဲတွေ အပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိလာမလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။