အေမရိကန္နဲ႔ ေျမာက္ကိုရီးယားၾကား အလုပ္သေဘာ အဆင့္ ေဆြးေႏြးမႈေတြ စေနေန႔မွာ ျပဳလုပ္မယ္လို႔ ေၾကညာၿပီးေနာက္ နာရီပိုင္း အၾကာမွာဘဲ ေျမာက္ကိုရီးယားဘက္က ေနာက္ထပ္ ဒံုးက်ည္ေတြ ထပ္မံ စမ္းသပ္ခဲ႔တဲ႔ အေနအထား ရွိပါတယ္။
Gangwon ျပည္နယ္ Wonsan ၿမိဳ႕ ကမ္းရိုးတန္းကေန ေျမာက္ကိုရီးယားက အမ်ိဳးအမည္ မေသခ်ာေသးတဲ႔ ထိပ္ဖူးတပ္ လက္နက္ေတြ ပစ္ခတ္ခဲ႔တယ္လို႔႔ ေတာင္ကိုရီးယား စစ္တပ္က ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။
ဒီ ထိပ္ဖူးတပ္ လက္နက္ေတြက ဒံုးက်ည္ေတြလို႔ ဂ်ပန္ အစိုးရ တာ၀န္ရွိသူေတြက ေျပာဆိုၿပီး တစင္းကေတာ႔ Shimane စီရင္စု အျပင္က ဂ်ပန္ အထူးစီးပြားေရးဇံုထဲကို က်ေရာက္ခဲ႔ၿပီး တျခား တစင္းကေတာ့ အထူးစီးပြားေရးဇံု အျပင္မွာ က်ေရာက္ခဲ႔တယ္လို႔ ဂ်ပန္ အစိုးရက ေျပာပါတယ္။ ဒီအခ်က္ အတည္ျဖစ္ရင္ေတာ့ ၂ ႏွစ္နီးပါးတာ ကာလ အတြင္း ေျမာက္ကိုရီးယား ဒံုးက်ည္တစင္း ဂ်ပန္ရဲ႕ အထူး စီးပြားေရးဇုံမွာ က်ေရာက္မႈ ျဖစ္မွာပါ။ ဒံုးက်ည္ ပစ္ခတ္မႈေတြနဲ႔ ပတ္သက္တဲ႔ အေသးစိတ္ အခ်က္အလက္ေတြေတာ့ မရေသးပါဘူး။
ႏ်ဴးကလီးယား ကင္းစင္္ေရးနဲ႔ ပတ္သက္ၿပီး သေဘာထား ကြဲျပားမႈေတြ နည္းပါးသြားေစေရး ႀကိဳးပမ္းမႈ အေနနဲ႔ ေျမာက္ကိုရီးယားနဲ႔ အေမရိကန္တို႔ၾကား ကာလရွည္ ရပ္ဆိုင္းထားတဲ႔ အလုပ္သေဘာဆင့္ ေဆြးေႏြးပြဲေတြ ကို ဒီသတင္းပတ္ကုန္မွာ ျပန္စဖို႔ သေဘာတူလိုက္ပါတယ္။ အေမရိကန္နဲ႔ ေျမာက္ကိုရီးယား အရာရွိေတြၾကား ေနာက္သီတင္းပတ္ထဲမွာ ေတြ႔ဆံုဖို႔ စီစဥ္ထားတာကို အတည္ျပဳပါတယ္လို႔ အေမရိကန္ ႏုိင္ငံျခားေရး ဌာန ေျပာခြင့္ရ Morgan Ortagus က အဂၤါေန႔မွာ ေျပာဆိုထားတာပါ။
........................
{Unicode}
ကန်နဲ့ ဆွေးနွေးဖို့ သဘောတူပြီးချက်ချင်း မြောက်ကိုရီးယားဒုံးကျည် ပစ်လွှတ်
အမေရိကန်နဲ့ မြောက်ကိုရီးယားကြား အလုပ်သဘော အဆင့် ဆွေးနွေးမှုတွေ စနေနေ့မှာ ပြုလုပ်မယ်လို့ ကြေညာပြီးနောက် နာရီပိုင်း အကြာမှာဘဲ မြောက်ကိုရီးယားဘက်က နောက်ထပ် ဒုံးကျည်တွေ ထပ်မံ စမ်းသပ်ခဲ့တဲ့ အနေအထား ရှိပါတယ်။
Gangwon ပြည်နယ် Wonsan မြို့ ကမ်းရိုးတန်းကနေ မြောက်ကိုရီးယားက အမျိုးအမည် မသေချာသေးတဲ့ ထိပ်ဖူးတပ် လက်နက်တွေ ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ကြေညာချက်မှာ ပြောဆိုထားပါတယ်။
ဒီ ထိပ်ဖူးတပ် လက်နက်တွေက ဒုံးကျည်တွေလို့ ဂျပန် အစိုးရ တာဝန်ရှိသူတွေက ပြောဆိုပြီး တစင်းကတော့ Shimane စီရင်စု အပြင်က ဂျပန် အထူးစီးပွားရေးဇုံထဲကို ကျရောက်ခဲ့ပြီး တခြား တစင်းကတော့ အထူးစီးပွားရေးဇုံ အပြင်မှာ ကျရောက်ခဲ့တယ်လို့ ဂျပန် အစိုးရက ပြောပါတယ်။ ဒီအချက် အတည်ဖြစ်ရင်တော့ ၂ နှစ်နီးပါးတာ ကာလ အတွင်း မြောက်ကိုရီးယား ဒုံးကျည်တစင်း ဂျပန်ရဲ့ အထူး စီးပွားရေးဇုံမှာ ကျရောက်မှု ဖြစ်မှာပါ။ ဒုံးကျည် ပစ်ခတ်မှုတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေတော့ မရသေးပါဘူး။
နျူးကလီးယား ကင်းစင်ရေးနဲ့ ပတ်သက်ပြီး သဘောထား ကွဲပြားမှုတွေ နည်းပါးသွားစေရေး ကြိုးပမ်းမှု အနေနဲ့ မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ကြား ကာလရှည် ရပ်ဆိုင်းထားတဲ့ အလုပ်သဘောဆင့် ဆွေးနွေးပွဲတွေ ကို ဒီသတင်းပတ်ကုန်မှာ ပြန်စဖို့ သဘောတူလိုက်ပါတယ်။ အမေရိကန်နဲ့ မြောက်ကိုရီးယား အရာရှိတွေကြား နောက်သီတင်းပတ်ထဲမှာ တွေ့ဆုံဖို့ စီစဉ်ထားတာကို အတည်ပြုပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Morgan Ortagus က အင်္ဂါနေ့မှာ ပြောဆိုထားတာပါ။