ေျမာက္ကိုရီးယား အေနနဲ႔ ဆႏၵအေလ်ာက္ ႏ်ဴးကလီးယား လက္နက္စြန္႔လႊတ္တာမ်ိဳး ဘယ္ေတာ့မွ လုပ္မွာ မဟုတ္ဘူးလို႔ အမ်ိဳးသား လံုၿခံဳေရး အႀကံေပးေဟာင္း John Bolton က ေျပာပါတယ္။ ေျမာက္ကိုရီးယား ေခါင္းေဆာင္ Kim Jong Un ဟာ ႏ်ဴးကလီးယား လက္နက္ေတြ ပစ္ခတ္ႏုိင္စြမ္းကို ဆက္ထိန္းထားႏုိင္ဖို႔ အစြမ္းကုန္ ႀကိဳးစားလိမ့္မယ္လို႔လည္း အမ်ိဳးသားလံုၿခံဳေရး အႀကံေပးေဟာင္း Bolton က သမၼတ Donald Trump အစိုးရရဲ႕ အဖြဲ႔၀င္ အျဖစ္ကေန ႏုတ္ထြက္ခဲ႔ၿပီးေနာက္ ပထမဆံုးေျပာတဲ႔ မိန္႔ခြန္းမွာ ထည့္သြင္း ေျပာဆိုသြားပါတယ္။
အေမရိကန္ရဲ႕ ရန္ေစာင္မႈေၾကာင့္ ေဒသတြင္း အေျခအေန ဆိုင္ရာ ေဆြးေႏြးမႈေတြ တန္႔သြားေစတယ္လုိ႔ ေျမာက္ကိုရီးယား ကိုယ္စားလွယ္က ကုလသမဂၢ အေထြေထြ ညီလာခံမွာ စြပ္စြဲ ေျပာဆိုမႈနဲ႔ တိုက္တိုက္ဆိုင္ဆိုင္ဘဲ John Bolton ကေျပာဆိုတာပါ။ ဗီြအိုေအ သတင္းေထာက္ Zlatica Hoke ရဲ႕ သတင္းကို မသိဂၤ ီထုိက္ ေျပာျပမွာပါ။
ေျမာက္ကိုရီးယား ဘက္က ႏ်ဴးကလီးယား အစီအစဥ္ေတြ မဖ်က္သိမ္းရင္ ျပင္းထန္တဲ႔ စီးပြားေရး ဒဏ္ခတ္ပိတ္ဆို႔မႈ ခ်မွတ္ဖို႔ အေမရိကန္က ေထာက္ခံထားတာပါ။ အေမရိကန္ သမၼတ Donald Trump ကေတာ့ သူနဲ႔ ေျမာက္ကိုရီးယား ေခါင္းေဆာင္ Kim Jong Un ၾကား ပုဂၢိဳလ္ေရး ခင္မင္မႈကို အမႊမ္းတင္ ေျပာဆိုၿပီး ကိုရီးယား ကြ်န္းဆြယ္ ႏ်ဴးကလီးယား ကင္းစင္ေရး အတြက္ ႏွစ္ဘက္ ပူးေပါင္းေဆာင္ရြက္ ေနတယ္လို႔လည္း ေျပာပါတယ္။
အေမရိကန္ဘက္က ႏုိင္ငံေရး အရေရာ စစ္ေရး အရပါ ရန္စမႈေတြေၾကာင့္လို႔ ေျမာက္ကိုရီးယားက ေျပာဆိုၿပီး ဒီလုပ္ရပ္ေတြေၾကာင့္ တိုးတက္မႈ မရေၾကာင္းလည္း ေျပာဆိုသြားပါတယ္။ ကုလသမဂၢဆိုင္ရာ ေျမာက္ကိုရီးယား ကိုယ္စားလွယ္ Kim Song က ကိုရီးယားဘာသာ စကားနဲ႔ အခုလို ေျပာပါတယ္။
“ေစ႔စပ္ညွိႏိႈင္းမႈေတြက အခြင့္အလမ္း တခု ျဖစ္လာမလား ဒါမွမဟုတ္လည္း ပဋိပကၡေတြကို အရွိန္ျမင့္သြားတဲ႔ အခိုက္အတန္႔ ျဖစ္ေစမလားဆိုတာက အေမရိကန္ ေပၚမွာဘဲ မူတည္ေနပါတယ္။”
အေမရိကန္ အမ်ိဳးသား လံုၿခံဳေရး အႀကံေပးေဟာင္း John Bolton ကေတာ့ ေျမာက္ကိုရီးယားဘက္က ႏ်ဴးကလီးယား လက္နက္ စြန္႔လႊတ္ဖို႔ အစီအစဥ္ မရွိဘူးလို႔ ေျပာပါတယ္။
“ကင္ဂ်ံဳအြန္း အေနနဲ႔ မဟာဗ်ဴဟာေျမာက္ ဆံုးျဖတ္လုပ္ကိုင္ေနတဲ႔ အခ်က္က ႏ်ဴးကလီးယာ လက္နက္ သယ္ေဆာင္ ပစ္ခတ္ႏုိင္စြမ္းကို ထိန္းထားႏုိင္ဖို႔နဲ႔ ေနာက္ထပ္ ႏ်ဴးကလီးယား သန္႔စင္မႈ လုပ္ဖို႔ အတြက္ ဘာမဆို လုပ္ဖို႔ပါဘဲ။ ႏုိင္ငံတကာ ဒဏ္ခတ္မႈကို သက္သာေအာင္ ႀကိဳးစားလာႏုိင္ပါတယ္။ သူ႔ဘက္က အေလွ်ာ့ေပး လိုက္ေလ်ာတာမ်ိဳး လုပ္လာႏုိင္ပါတယ္။ ဒါေပမယ့္ လက္ရွိ အေျခအေန အရဆိုရင္ေတာ့ သူ႔အေနနဲ႔ ဆႏၵအေလ်ာက္ ႏ်ဴးကလီးယား လက္နက္ စြန္႔လႊတ္ေရးကို ဘယ္ေတာ့မွ လုပ္မွာ မဟုတ္ပါဘူး။”
ေျမာက္ကိုရီးယားဘက္က ဒီႏွစ္အတြင္း ဒံုးက်ည္ စမ္းသပ္မႈေတြ ဆက္တိုက္ လုပ္ခဲ႔တာပါ။ ဒါေပမယ့္ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလ ေနာက္ပိုင္းမွာ ႏ်ဴးကလီးယား စမ္းသပ္မႈ ထပ္မလုပ္ခဲ႔ပါဘူး။ ဒီအခ်က္ကို သမၼတ Trump က ခ်ီးက်ဴးေပးမယ့္ သမၼတရဲ႕ အမ်ိဳးသား အႀကံေပးေဟာင္း Bolton ကေတာ့ ဒါက ေကာင္းတဲ႔ လကၡဏာ မဟုတ္ဘူးလို႔ ေျပာပါတယ္။
“ေလာေလာဆယ္ အေျခအေနမွာ ဘာေၾကာင့္ ႏ်ဴးကလီးယား စမ္းသပ္မႈေတြ ဒါမွမဟုတ္လည္း တာေ၀းပစ္ ဒံုးက်ည္ေတြ ဘာေၾကာင့္ မစမ္းသပ္တာလဲ ဆိုတာမွာ သိပ္ေကာင္းတဲ႔ စိုးရိမ္ဖြယ္ရာ အေၾကာင္းျပခ်က္ တခုကေတာ့ ဘယ္လုိဘဲ ျဖစ္ျဖစ္ စမ္းသပ္မႈေတြကို အဆံုးသတ္ၿပီး ႏ်ဴးကလီးယား ထိပ္ဖူးေတြနဲ႔ တာေ၀းပစ္ ဒံုးက်ည္ေတြ ထုတ္လုပ္ႏိုင္တယ္ဆိုတဲ႔ ခ်ိန္ဆခ်က္ ရွိေနတာပါ။ ဒါက အားရစရာ ေကာင္းတဲ႔ လကၡဏာ မဟုတ္ပါဘူး။ စိုးရိမ္စရာ လကၡဏာ ျဖစ္ပါတယ္။”
ေျမာက္ကိုရီးယားကို ႏ်ဴးကလီးယား လက္နက္ေတြ ရွိခြင့္ ေပးထားတာက လက္သင့္မခံႏုိင္စရာ ျဖစ္တယ္လို႔လည္း Bolton က ေျပာပါတယ္။
“ယံုၾကည္သည္ ျဖစ္ေစ မယံုၾကည္သည္ ျဖစ္ေစ ေျမာက္ကိုရီးယားကို ႏ်ဴးကလီးယား လက္နက္ေတြ ပိုင္ဆိုင္ခြင့္ရသြားမယ့္ အေရးက လက္မခံႏုိင္စရာ ျဖစ္ၿပီး တခ်ိန္ခ်ိန္မွာ စစ္တပ္ကို စဥ္းစားလာရပါမယ္။”
စစ္တပ္ကို အသံုးျပဳဖို႔ အေရးက သမၼတ Trump ေရွာင္ရွားတဲ႔ အခ်က္ တခုပါ။ ေျမာက္ကိုရီးယား၊ အီရန္နဲ႔ တျခား အေရးကိစၥတို႔မွာ သေဘာထား ကြဲျပားမႈေတြကို ေထာက္ျပၿပီး ၿပီးခဲ႔တဲ႔ လတုန္းကဘဲ လံုၿခံဳေရး အၾကံေပး Bolton ကို သမၼတ Trump က ရာထူးက ဖယ္ရွားလိုက္ၿပီး သူ႔ေနရာမွာ ဓားစာခံ အေရး ေစ႔စပ္ညွိႏိႈင္းသူ Robert O’Brien ကို အစားထိုး ခန္႔အပ္ထားပါတယ္။
.....................
{Unicode}
နျူးကလီးယားအစီအစဉ် မြောက်ကိုရီးယား စွန့်လွှတ်ပါ့မလား
မြောက်ကိုရီးယား အနေနဲ့ ဆန္ဒအလျောက် နျူးကလီးယား လက်နက်စွန့်လွှတ်တာမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးလို့ အမျိုးသား လုံခြုံရေး အကြံပေးဟောင်း John Bolton က ပြောပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ဟာ နျူးကလီးယား လက်နက်တွေ ပစ်ခတ်နိုင်စွမ်းကို ဆက်ထိန်းထားနိုင်ဖို့ အစွမ်းကုန် ကြိုးစားလိမ့်မယ်လို့လည်း အမျိုးသားလုံခြုံရေး အကြံပေးဟောင်း Bolton က သမ္မတ Donald Trump အစိုးရရဲ့ အဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်ခဲ့ပြီးနောက် ပထမဆုံးပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။
အမေရိကန်ရဲ့ ရန်စောင်မှုကြောင့် ဒေသတွင်း အခြေအနေ ဆိုင်ရာ ဆွေးနွေးမှုတွေ တန့်သွားစေတယ်လို့ မြောက်ကိုရီးယား ကိုယ်စားလှယ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ စွပ်စွဲ ပြောဆိုမှုနဲ့ တိုက်တိုက်ဆိုင်ဆိုင်ဘဲ John Bolton ကပြောဆိုတာပါ။ ဗွီအိုအေ သတင်းထောက် Zlatica Hoke ရဲ့ သတင်းကို မသိင်္ဂ ီထိုက် ပြောပြမှာပါ။
မြောက်ကိုရီးယား ဘက်က နျူးကလီးယား အစီအစဉ်တွေ မဖျက်သိမ်းရင် ပြင်းထန်တဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ဖို့ အမေရိကန်က ထောက်ခံထားတာပါ။ အမေရိကန် သမ္မတ Donald Trump ကတော့ သူနဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ကြား ပုဂ္ဂိုလ်ရေး ခင်မင်မှုကို အမွှမ်းတင် ပြောဆိုပြီး ကိုရီးယား ကျွန်းဆွယ် နျူးကလီးယား ကင်းစင်ရေး အတွက် နှစ်ဘက် ပူးပေါင်းဆောင်ရွက် နေတယ်လို့လည်း ပြောပါတယ်။
အမေရိကန်ဘက်က နိုင်ငံရေး အရရော စစ်ရေး အရပါ ရန်စမှုတွေကြောင့်လို့ မြောက်ကိုရီးယားက ပြောဆိုပြီး ဒီလုပ်ရပ်တွေကြောင့် တိုးတက်မှု မရကြောင်းလည်း ပြောဆိုသွားပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား ကိုယ်စားလှယ် Kim Song က ကိုရီးယားဘာသာ စကားနဲ့ အခုလို ပြောပါတယ်။
“စေ့စပ်ညှိနှိုင်းမှုတွေက အခွင့်အလမ်း တခု ဖြစ်လာမလား ဒါမှမဟုတ်လည်း ပဋိပက္ခတွေကို အရှိန်မြင့်သွားတဲ့ အခိုက်အတန့် ဖြစ်စေမလားဆိုတာက အမေရိကန် ပေါ်မှာဘဲ မူတည်နေပါတယ်။”
အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေးဟောင်း John Bolton ကတော့ မြောက်ကိုရီးယားဘက်က နျူးကလီးယား လက်နက် စွန့်လွှတ်ဖို့ အစီအစဉ် မရှိဘူးလို့ ပြောပါတယ်။
“ကင်ဂျုံအွန်း အနေနဲ့ မဟာဗျူဟာမြောက် ဆုံးဖြတ်လုပ်ကိုင်နေတဲ့ အချက်က နျူးကလီးယာ လက်နက် သယ်ဆောင် ပစ်ခတ်နိုင်စွမ်းကို ထိန်းထားနိုင်ဖို့နဲ့ နောက်ထပ် နျူးကလီးယား သန့်စင်မှု လုပ်ဖို့ အတွက် ဘာမဆို လုပ်ဖို့ပါဘဲ။ နိုင်ငံတကာ ဒဏ်ခတ်မှုကို သက်သာအောင် ကြိုးစားလာနိုင်ပါတယ်။ သူ့ဘက်က အလျှော့ပေး လိုက်လျောတာမျိုး လုပ်လာနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေ အရဆိုရင်တော့ သူ့အနေနဲ့ ဆန္ဒအလျောက် နျူးကလီးယား လက်နက် စွန့်လွှတ်ရေးကို ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။”
မြောက်ကိုရီးယားဘက်က ဒီနှစ်အတွင်း ဒုံးကျည် စမ်းသပ်မှုတွေ ဆက်တိုက် လုပ်ခဲ့တာပါ။ ဒါပေမယ့် ၂၀၁၇ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းမှာ နျူးကလီးယား စမ်းသပ်မှု ထပ်မလုပ်ခဲ့ပါဘူး။ ဒီအချက်ကို သမ္မတ Trump က ချီးကျူးပေးမယ့် သမ္မတရဲ့ အမျိုးသား အကြံပေးဟောင်း Bolton ကတော့ ဒါက ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူးလို့ ပြောပါတယ်။
“လောလောဆယ် အခြေအနေမှာ ဘာကြောင့် နျူးကလီးယား စမ်းသပ်မှုတွေ ဒါမှမဟုတ်လည်း တာဝေးပစ် ဒုံးကျည်တွေ ဘာကြောင့် မစမ်းသပ်တာလဲ ဆိုတာမှာ သိပ်ကောင်းတဲ့ စိုးရိမ်ဖွယ်ရာ အကြောင်းပြချက် တခုကတော့ ဘယ်လိုဘဲ ဖြစ်ဖြစ် စမ်းသပ်မှုတွေကို အဆုံးသတ်ပြီး နျူးကလီးယား ထိပ်ဖူးတွေနဲ့ တာဝေးပစ် ဒုံးကျည်တွေ ထုတ်လုပ်နိုင်တယ်ဆိုတဲ့ ချိန်ဆချက် ရှိနေတာပါ။ ဒါက အားရစရာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ စိုးရိမ်စရာ လက္ခဏာ ဖြစ်ပါတယ်။”
မြောက်ကိုရီးယားကို နျူးကလီးယား လက်နက်တွေ ရှိခွင့် ပေးထားတာက လက်သင့်မခံနိုင်စရာ ဖြစ်တယ်လို့လည်း Bolton က ပြောပါတယ်။
“ယုံကြည်သည် ဖြစ်စေ မယုံကြည်သည် ဖြစ်စေ မြောက်ကိုရီးယားကို နျူးကလီးယား လက်နက်တွေ ပိုင်ဆိုင်ခွင့်ရသွားမယ့် အရေးက လက်မခံနိုင်စရာ ဖြစ်ပြီး တချိန်ချိန်မှာ စစ်တပ်ကို စဉ်းစားလာရပါမယ်။”
စစ်တပ်ကို အသုံးပြုဖို့ အရေးက သမ္မတ Trump ရှောင်ရှားတဲ့ အချက် တခုပါ။ မြောက်ကိုရီးယား၊ အီရန်နဲ့ တခြား အရေးကိစ္စတို့မှာ သဘောထား ကွဲပြားမှုတွေကို ထောက်ပြပြီး ပြီးခဲ့တဲ့ လတုန်းကဘဲ လုံခြုံရေး အကြံပေး Bolton ကို သမ္မတ Trump က ရာထူးက ဖယ်ရှားလိုက်ပြီး သူ့နေရာမှာ ဓားစာခံ အရေး စေ့စပ်ညှိနှိုင်းသူ Robert O’Brien ကို အစားထိုး ခန့်အပ်ထားပါတယ်။