သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဝေဖန်ချက်တွေကြောင့် မြောက်ကိုရီးယားဆွေးနွေးပွဲ ပိုအလှမ်းဝေး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo (သြဂုတ် ၂၇၊ ၂၀၁၉)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo (သြဂုတ် ၂၇၊ ၂၀၁၉)

မြောက်ကိုရီးယားနိုင်ငံရဲ့ အပြုအမူတွေဟာ ရိုးသားမှုမရှိသလို နျူကလီးယာအရေးနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးနိုင်မယ့် မျှော်လင့်ချက်တွေ မှေးမှိန်လာနေပြီဆိုတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ သတိပေးလိုက်တဲ့ မှတ်ချက်စကားအပေါ် မြောက်ကိုရီးယား အဆင့်မြင့်သံတမန်တဦးက ဒီကနေ့ စနေနေ့မှာ ဒေါသတကြီး တုံ့ပြန်လိုက်ပါတယ်။

ဝန်ကြီး Pompeo ရဲ့ တင်းမာတဲ့ မှတ်ချက်စကားဟာ အမေရိကန်အပေါ်ထားတဲ့ မြောက်ကိုရီးယား ပြည်သူပြည်သားတွေရဲ့ မလိုလား၊ မနှစ်သက်မှုတွေကို ပိုပြီး တိုးမြင့်လာစေသလို နျူကလီးယားအရေးနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲတွေ တန်းတူပြန်စနိုင်ဖို့ ပိုပြီး ခက်ခဲသွားစေတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Choe Son Hui ရဲ့ ထုတ်ပြန်ကြေညာချက်ကို နိုင်ငံပိုင်သတင်းဌာနက ကြေညာသွားပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ သူတို့ရဲ့ အမိန့်အာဏာနဲ့ ဦးဆောင်မှုတွေကို ပြည်ပက ဝေဖန်ချက်တွေကို လုံးဝ သည်းခံလေ့မရှိဘဲ တုံ့ပြန်တတ်ပါတယ်။

မြောက်ကိုရီးယား နျူကလီးယားအစီအစဉ် အဆုံးသတ်ရေး အမေရိကန်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လတွေနဲ့ချီ ရပ်တန့်နေတဲ့အပေါ် မကျေမနပ် ဖြစ်နေတာကိုလည်း တာတိုပစ် မစ်ဇိုင်းဒုံးတွေနဲ့ ရော့ကက်ဒုံးကျဉ်တွေ လတ်တလော သီတင်းပတ်တွေမှာ အကြိမ်ကြိမ် စမ်းသပ်ပစ်လွှတ်ရင်း ဖော်ပြခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG