ေျမာက္ကိုရီးယားနဲ႔ အေမရိကန္ျပည္ေထာင္စုၾကား ႏ်ဴကလီးယားအေရး ေစ့စပ္ညႇိႏိႈင္းပြဲေတြကို ေအာက္တိုဘာလ ၅ ရက္ေန႔မွာ ျပန္စဖို႔ သေဘာတူထားၿပီးျဖစ္တဲ့အေၾကာင္း ေျမာက္ကိုရီးယားအစိုးရအာေဘာ္ KCNA သတင္းဌာနက ဒီကေန႔ေျပာပါတယ္။ ဒါဟာျဖင့္ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလက ႏွစ္ဘက္ေခါင္းေဆာင္ေတြၾကား ထိပ္သီးအစည္းအေဝး ေအာင္ျမင္မႈမရဘဲ အဆံုးသတ္ခဲ့ၿပီး တဲ့ေနာက္ လအေတာ္ၾကာ ေရွ႕မတိုးေနာက္မဆုတ္ျဖစ္ေနတာကေန တိုးတက္မႈတခု ရလာတဲ့သေဘာပါပဲ။
ေအာက္တိုဘာလ ၄ ရက္ေန႔မွာ ကနဦး ဆက္သြယ္ၾကၿပီးတဲ့ေနာက္ ေစ့စပ္ ညႇိႏိႈင္းပြဲလုပ္မယ့္ အေၾကာင္း ေျမာက္ကိုရီးယား ဒုတိယႏုိင္ငံျခားေရးဝန္ႀကီး Choe Son Hui အေနနဲ႔ ထုတ္ျပန္ခ်က္ကို ကိုးကားၿပီး KCNA သတင္းဌာနက ေျပာပါတယ္။
ေစ့စပ္ညႇိႏိႈင္းပြဲေတြ ျပန္စခ်င္တဲ့အေၾကာင္း ေျမာက္ကုိရီးယားဘက္က ေျပာထားခဲ့ေပမယ့္လည္း အေမရိကန္အစိုးရအေနနဲ႔ ပိုၿပီး လွည့္သာေျပာင္းသာရွိတဲ့ သေဘာထား ျပသင့္တယ္ဆိုတဲ့ သတိေပးခ်က္ကိုပါ ႏုိင္ငံပိုင္သတင္းဌာနက ထည့္ေျပာထားပါတယ္။
လာမယ့္ေဆြးေႏြးပြဲေတြမွာ အေမရိကန္အေနနဲ႔ မွန္ကန္္တဲ့ ဆန္းစစ္ခ်က္မ်ဳိး ရွိသင့္တယ္လုိ႔ ႏ်ဴကလီးယားအေရး ေျမာက္ကိုရီးယား ေစ့စပ္ညႇိႏိႈင္းေရးမွဴးခ်ဳပ္ Kim Myong Gil က ၿပီးခဲ့တဲ့လ ထုတ္ျပန္ခ်က္တခုမွာ ေျပာထားပါတယ္။
ေျမာက္ကိုရီးယားဘက္က ေစ့စပ္ညႇိႏိႈင္းသူေတြနဲ႔ေတြ႔ဖို႔ အေမရိကန္အေနနဲ႔ အဆင္သင့္ျဖစ္ေနၿပီလို႔ အေမရိကန္ႏုိင္္ငံျခားေရး ဝန္ႀကီး Mike Pompeo က ၿပီးခဲ့တဲ့လမွာ ေျပာထားပါတယ္။
ဒါေပမယ့္ အထုတ္ခံလိုက္ရတဲ့ အေမရိကန္ အမ်ဳိးသားလံုျခံဳေရးအၾကံေပးပုဂၢိဳလ္ John Bolton ကေတာ့ ေျမာက္ကိုရီးယားဟာ ႏ်ဴကလီးယားအစီအစဥ္ကို စြန္႔လႊတ္ဖို႔ ရည္ရြယ္ခ်က္မရွိဘူးလို႔ တနလၤာေန႔ကပဲ သတိေပးေျပာဆိုထားပါတယ္။
........................
{Unicode}
အမေရိကန်၊ မြောက်ကိုရီးယား ဆွေးနွေးပွဲတွေ ပြန်စမည်
မြောက်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုကြား နျူကလီးယားအရေး စေ့စပ်ညှိနှိုင်းပွဲတွေကို အောက်တိုဘာလ ၅ ရက်နေ့မှာ ပြန်စဖို့ သဘောတူထားပြီးဖြစ်တဲ့အကြောင်း မြောက်ကိုရီးယားအစိုးရအာဘော် KCNA သတင်းဌာနက ဒီကနေ့ပြောပါတယ်။ ဒါဟာဖြင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက နှစ်ဘက်ခေါင်းဆောင်တွေကြား ထိပ်သီးအစည်းအဝေး အောင်မြင်မှုမရဘဲ အဆုံးသတ်ခဲ့ပြီး တဲ့နောက် လအတော်ကြာ ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတာကနေ တိုးတက်မှုတခု ရလာတဲ့သဘောပါပဲ။
အောက်တိုဘာလ ၄ ရက်နေ့မှာ ကနဦး ဆက်သွယ်ကြပြီးတဲ့နောက် စေ့စပ် ညှိနှိုင်းပွဲလုပ်မယ့် အကြောင်း မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Choe Son Hui အနေနဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး KCNA သတင်းဌာနက ပြောပါတယ်။
စေ့စပ်ညှိနှိုင်းပွဲတွေ ပြန်စချင်တဲ့အကြောင်း မြောက်ကိုရီးယားဘက်က ပြောထားခဲ့ပေမယ့်လည်း အမေရိကန်အစိုးရအနေနဲ့ ပိုပြီး လှည့်သာပြောင်းသာရှိတဲ့ သဘောထား ပြသင့်တယ်ဆိုတဲ့ သတိပေးချက်ကိုပါ နိုင်ငံပိုင်သတင်းဌာနက ထည့်ပြောထားပါတယ်။
လာမယ့်ဆွေးနွေးပွဲတွေမှာ အမေရိကန်အနေနဲ့ မှန်ကန်တဲ့ ဆန်းစစ်ချက်မျိုး ရှိသင့်တယ်လို့ နျူကလီးယားအရေး မြောက်ကိုရီးယား စေ့စပ်ညှိနှိုင်းရေးမှူးချုပ် Kim Myong Gil က ပြီးခဲ့တဲ့လ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။
မြောက်ကိုရီးယားဘက်က စေ့စပ်ညှိနှိုင်းသူတွေနဲ့တွေ့ဖို့ အမေရိကန်အနေနဲ့ အဆင်သင့်ဖြစ်နေပြီလို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ပြီးခဲ့တဲ့လမှာ ပြောထားပါတယ်။
ဒါပေမယ့် အထုတ်ခံလိုက်ရတဲ့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် John Bolton ကတော့ မြောက်ကိုရီးယားဟာ နျူကလီးယားအစီအစဉ်ကို စွန့်လွှတ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ တနင်္လာနေ့ကပဲ သတိပေးပြောဆိုထားပါတယ်။