သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီးယား ဒုံးကျည်တွေ ထပ်မံပစ်လွှတ်


မြောက်ကိုရီးယားက အင်္ဂါနေ့မှာ အမျိုးအမည် မသိရတဲ့ ဒုံးကျည် နှစ်စင်း ပစ်လွှတ်လိုက်ပါတယ်။ နျူးကလီးယား ကင်းစင်ရေး အတွက် အမေရိကန် ပြည်ထောင်စုနဲ့ ဆွေးနွေးမှုတွေ စလိုတယ်လို့ မြောက်ကိုရီးယား အစိုးရက ပြောဆိုပြီး နာရီပိုင်း အကြာမှာ ဒုံးကျည်တွေ ပစ်လွှတ်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ တောင်ပိုင်း Pyongan ပြည်နယ်ကနေ မြောက်ကိုရီးယား အရှေ့ဘက် ကမ်းရိုးတန်း ပင်လယ်ပြင်ဘက်ကို ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီး အဖွဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ လက်နက် စမ်းသပ်မှုလို့ ယူဆရတဲ့ အခု ဒုံးကျည်တွေ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေတော့ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ မေလ အစောပိုင်းက စလို့ မြောက်ကိုရီးယားဘက်က ၁၀ ကြိမ်မြောက် ဒုံးကျည် ပစ်လွှတ်မှုလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားဘက်က အမေရိကန် ပြည်ထောင်စုနဲ့ ဆွေးနွေးလိုတယ်လို့ မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Choe Son Hui က တနလာၤနေ့မှာ ပြောဆိုပါတယ်။ ဒါပေမယ့် အမေရိကန်အစိုးရဘက်က အကြံအစည် အသစ်တွေဖြစ်ဖို့ လိုအပ်ပြီးဒါမှမဟုတ်ရင် တွေ့ဆုံဆွေးနွေးမှုကို ထိခိုက်ဖို့ အန္တရာယ်ရှိနေတယ်လို့ မြောက်ကိုရီးယားက သတိပေးပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG