သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား တာတိုပစ်ဒုံး ထပ်မံစမ်းသပ်


မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည် စမ်းသပ်မှု တောင်ကိုရီးယား ဘူတာရုံထဲမှာ ကြည့်နေကြပုံ။ (သြဂုတ် ၁၆၊ ၂၀၁၉ )
မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည် စမ်းသပ်မှု တောင်ကိုရီးယား ဘူတာရုံထဲမှာ ကြည့်နေကြပုံ။ (သြဂုတ် ၁၆၊ ၂၀၁၉ )

မြောက်ကိုရီးယားက နိုင်ငံအရှေ့ဘက် ကမ်းလွန်ပင်လယ်ထဲကို ဒီကနေ့ တာတိုပစ်ဒုံးကျည်တွေ ထပ်ပြီး ပစ်လွှတ်စမ်းသပ်တယ် လို့ တောင်ကိုရီးယားစစ်ဘက်က ပြောပါတယ်။ ဒါဟာ အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု ဆက်လုပ်နေတဲ့ အပေါ် မကျေနပ်ဘူးဆိုတာကို ဆက်ပြီး ပြနေတဲ့ပုံရပါတယ်။

ပြီးခဲ့တဲ့ သီတင်းသုံးပတ်အတွင်း မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်ပစ်လွှတ်တ ခြောက်ကြိမ်ရှိသွားပါပြီ။ တောင်ကိုရီးယား ဒါမှ မဟုတ် အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ငြင်းထားတဲ့ မြောက်ကိုရီးယားအစိုးရဟာ ပိုပြီးတော့ ရပ်လိုတဲ့ရပ်တည်ချက်မျိုးဆီ ပြန် ရောက်သွားတယ်ဆိုတာ ဒီစမ်းသပ်မှုတွေက ပြနေပါတယ်။

တောင်ကိုရီးယား နိုင်ငံတော်လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ဒီကနေ့လုပ်ပြီးတဲ့နောက် ဒုံးကျည် ပစ်လွှတ်စမ်းသပ်တာ တွေကို ရပ်ပစ်ဖို့ မြောက်ကိုရီးယားကို တောင်းဆိုလိုက်သလို ဒီလိုလုပ်ရပ်မျိုးဟာ စစ်ရေးတင်းမာမှု ပိုပြီး အရှိန်မြင့်လာစေနိုင်တယ် လို့လည်း သတိပေးလိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေအရ ဘယ်လို ပဲ့ထိန်းဒုံးကျည် စမ်းသပ်တာမျိုးကိုမဆို မလုပ်ဖို့ မြောက်ကိုရီး ယားကို ပိတ်ပင်ထားပါတယ်။ ဒါပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က အဲဒီဒုံးကျည်တွေဟာ အမေရိကန်ကို မရောက်နိုင်တာကြောင့် ဒုံးကျည်စမ်းသပ်တာတွေအပေါ် သူ့အနေနဲ့ ပြဿနာမရှိဘူးလို့ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG