သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကန်နဲ့ မြောက်ကိုရီးယားဆွေးနွေးပွဲ ပြန်စနိုင်ဖို့ ကြိုးပမ်း


အမေရိကန် အထူးသံတမန် Stephen Biegun တောင်ကိုရီးယားရောက်ရှိ

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကြား နောက်ဆုံးအကြိမ် စစ်ရေးလေ့ကျင့်မှုတွေ အဆုံးသတ်ခဲ့ပြီး၊ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးသံတမန်ဟာလည်း တောင်ကိုရီးယားမှာ ရောက်ရှိနေပါတယ်။

၃ ရက်ကြာ ခရီးစဉ်အဖြစ် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ကို မနေ့ကပဲ ရောက်လာတဲ့ အမေရိကန် အထူးသံတမန် Stephen Biegun ကတော့ မြောက်ကိုရီးယားဖက်က တခုခုတုံ့ပြန်လာချိန်မှာ ဆက်သွယ်ဖို့ အသင့်ရှိနေကြောင်း ပြောဆိုခဲ့တာပါ။

၂ နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ အဆုံးသတ်ပြီး နောက်တရက်ဖြစ်တဲ့ ဒီနေ့မှာပဲ အမေရိကန် အထူးသံတမန်ဟာ တောင်ကိုရီးယား အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်မှုတွေ အဆုံးသတ်ပြီးနောက် ဆွေးနွေးမှုတွေ ပြန်စဖို့ မြောက်ကိုရီးယားဘက်က အရိပ်အယောင်ပြခဲ့ပေမဲ့ တောင်ကိုရီယားနဲ့ပဲဖြစ်ဖြစ် အမေရိကန်နဲ့ပဲဖြစ်ဖြစ် ဆွေးနွေးဖို့ အသင့်ရှိတဲ့ လက္ခဏာမျိုးတော့ မတွေ့ရသေးပါဘူး။

မြောက်ကိုရီးယား နိုင်ငံပိုင် Rodong Sinmun သတင်းစာမှာတော့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေကို မလုပ်သင့်ကြောင်းနဲ့ အမေရိကန်ဟာ ရန်လိုတဲ့မူဝါဒတွေကို မပြောင်းလဲသေးဘူးလို့လည်း ဖော်ပြခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်တဲ့ လုပ်ရပ်တွေဟာ မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား ဆက်ဆံရေး တိုးတက်မှုတွေအတွက် အဟန့်အတား ဖြစ်စေသလို၊ ဆောင်ရွက်ခဲ့ပြီးဖြစ်တဲ့ အရေးကြီးတဲ့ကိစ္စတွေကိုလည်း ပြန်လည်သုံးသပ်စရာ ဖြစ်ရကြောင်းလည်း သတင်းစာက ရေးသားခဲ့တာပါ။ အမေရိကန်သမ္မတ Donald Trump ကတော့ စစ်ရေးလေ့ကျင့်မှုတွေ ပြီးပြီးချင်း၊ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုတွေ ပြန်စဖို့နဲ့ မစ်ဇိုင်းဒုံး စမ်းသပ်ပစ်လွှတ်မှုတွေကို ရပ်တန့်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ကတိပြုထားကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG