သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ဆွေးနွေးပွဲ မြောက်ကိုရီယားပြန်စလို


သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ ၂၀၁၉ ဇွန်လ တုန်းက တွေ့ဆုံစဉ်
သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ ၂၀၁၉ ဇွန်လ တုန်းက တွေ့ဆုံစဉ်

မြောက်ကိုရီးယားနိုင်ငံရဲ့ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေအပေါ် အတိအကျပြောမထားတဲ့ “ခြိမ်းခြောက်မှုနဲ့ အခက်အခဲတွေ” ဆိုတာကို ဖြေရှင်းပေးမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုနဲ့ နျူကလီးယားကင်းရှင်းရေးဆိုင်ရာ ဆွေးနွေးချင် တယ်လို့ မြောက်ကိုရီးယားက ပြောလိုက်ပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား ရပ်ဆိုင်းနေတာအတော်ကြာပြီဖြစ်တဲ့ လုပ်ငန်းအကောင်အထည်ဖော်မှုအဆင့် နျူကလီးယားအရေးဆွေးနွေးပွဲတွေ ပြန်စတော့မယ်လို့ အမေရိကန်တာဝန်ရှိသူတွေက မျှော်လင့်ထားတဲ့ရက်မတိုင်ခင် ရက်ပိုင်း တွေအတွင်းမှာပဲ မြောက်ကိုရီးယားနိုင်ငံခြားရေးဌာနက ဒီကနေ့ အခုလိုပြောလာတာပါ။

အမေရိကန်တာဝန်ရှိသူတွေနဲ့ ပြီးပြည့်စုံတဲ့ ဆွေးနွေးပွဲတွေကို ဒီလကုန်မှာ ပြန်လုပ်ချင်တယ်လို့ မြောက်ကိုရီးယား ဒုတိယနိုင်ငံ ခြားရေးဝန်ကြီး Choe Son Hui က လွန်ခဲ့တဲ့တပတ်ကပဲ ပြောထားပါသေးတယ်။

ကိုရီးယားဗဟိုသတင်းဌာန KCNA ကနေ ဒီကနေ့ ထုတ်လွှွင့်သွားတဲ့ မြောက်ကိုရီးယားနိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ဆွေးနွေးပွဲလုပ်နိုင်ခြေရက်ကို နောက်ပြန်ဆုတ်သွားပုံရပြီး သီတင်းပတ်အနည်းငယ်အတွင်း ဖြစ်မယ်လို့ ခန့်မှန်းရကြောင်း ဖော်ပြ ထားပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်တို့ကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်မှာလုပ်တဲ့ ထိပ်သီးအစည်းအဝေးအတွင်း သဘောတူညီချက်တခုခုမရဘဲ အဆုံးသတ်ခဲ့ပြီးတဲ့နောက် အမေရိကန် နဲ့မြောက်ကိုရီးယားကြား ဆွေးနွေးပွဲတွေ ရပ်ဆိုင်းသွားတာဖြစ်ပါတယ်။

....................

[Unicode Version]







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG