သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနဲ့ သံတမန်ရေးနဲ့ ပြေလည်နိုင်ရင် တောင်ကိုးရီးယားမှာ ကန် စစ်ရေးလျှော့မည်


(မှတ်တမ်းဓာတ်ပုံ) အမေရိကန် တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်လေ့ကျင့်ခဲ့တဲ့ Blackhawk ရဟတ်ယာဉ် အုပ်စု။ ဓာတ်ပုံ - AP
(မှတ်တမ်းဓာတ်ပုံ) အမေရိကန် တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်လေ့ကျင့်ခဲ့တဲ့ Blackhawk ရဟတ်ယာဉ် အုပ်စု။ ဓာတ်ပုံ - AP

မြောက်ကိုရီးယားနိုင်ငံရဲ့ နျူးကလီးယားအစီအစဉ် ဖျက်သိမ်းရေးအတွက် သံခင်းတမန်ခင်း အပေးအယူကို အထောက်အကူဖြစ်မယ်ဆိုရင် တောင်ကိုရီးယားနိုင်ငံမှာ ပြုလုပ်နေတဲ့ အမေရိကန်ရဲ့ စစ်ရေး အပြုအမူတွေကို ပြောင်းလဲပစ်ဖို့ လမ်းပွင့် သွားနိုင်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper က ပြောကြားလိုက်ပါတယ်။

ဒီလို ပြောင်းလဲရာမှာ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ တပ်ဖွဲ့တွေရဲ့ အခြေအနေကို ထိခိုက်စေမှာ မဟုတ်သလို၊ ဒီလုပ်ရပ်ကို တောင်ကိုရီးယား အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်အသွား လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ဝန်ကြီး Esper က ပြောလိုက်တာပါ။
ဘယ်လို အသေးစိတ် ညှိနှိုင်းမှုတွေ လုပ်သွားမလဲဆိုတာကို ဝန်ကြီးက မပြောပေမဲ့ ၊ မြောက်ကိုရီးယားက နျူးကလီးယားအစီအစဉ်ကို စွန့်လွှတ် လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တောင်ကိုရီးယားနဲ့ ပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေကိုတော့ အမေရိကန်က အရှိန် လျှော့ထားခဲ့ပြီး ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံကတော့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ရေး လေ့ကျင့်မှုတွေဟာ သူတို့နိုင်ငံကို ကျူးကျော်ဖို့ ပြင်ဆင်နေတာ ဖြစ်တယ်ဆိုပြီး ကာလကြာရှည် ပြင်းပြင်းထန်ထန် ကန့်ကွက်လာခဲ့တာ ဖြစ်ပါတယ်။

သမ္မတ Donald Trump ကလည်း စစ်ရေးလေ့ကျင့်မှုတွေဟာ အကုန်အကျများပြီး ရန်စသလိုဖြစ်နေတယ်လို့ ပြောထားပေမဲ့ အမေရိကန်စစ်တပ် အကြီးအကဲတွေကတော့ ဒီလုပ်ရပ်တွေဟာ မြောက်ကိုရီးယားရဲ့ကျူးကျော်မှုကို ဟန့်တားဖို့အတွက်လို့ ယူဆကြပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG