ေျမာက္ကိုရီးယားရဲ႕ ႏ်ဴကလီးယားအေရးနဲ႔ ပတ္သက္ၿပီး အေမရိကန္နဲ႔ ေျမာက္ကိုရီးယား ကိုယ္စားလွယ္ေတြရဲ႕ လုပ္ငန္းအဆင့္ ေဆြးေႏြးပြဲေတြ ဆြီဒင္ႏုိင္ငံ စေတာ့ဟုမ္းၿမိဳ႕မွာ ျပန္စတင္ေတာ့မွာပါ။
အေမရိကန္သမၼတ Donald Trump နဲ႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un တို႔ ဗီယက္နမ္ႏုိင္ငံမွာ ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီလမွာ ေတြ႔ဆုံေဆြးေႏြးခဲ့ေပမယ့္ ေအာင္ျမင္မႈ မရခဲ့တာကို တခါျပန္ၿပီး ႀကိဳးပမ္းဖို႔ ေခါင္းေဆာင္ႏွစ္ဦးတို႔ ဇြန္လမွာ သေဘာတူညီခဲ့ၿပီးတဲ့ေနာက္ ကိုယ္စားလွယ္ေတြရဲ႕ ေတြ႔ဆုံေဆြးေႏြးမႈေတြ ခုလို တရား၀င္ ျပန္စတင္လိုက္တာပါ။
ေျမာက္ကိုရီးယားရဲ႕ ႏ်ဴကလီးယားအစီအစဥ္ေတြ အဆုံးသတ္ေရး လုပ္ငန္းအဆင့္အတုိင္း အေရးယူဒဏ္ခတ္မႈေတြ ေလွ်ာ့ေပါ့ေပးမယ္ဆိုတဲ့ ကိစၥမွာ သေဘာတူညီမႈ မရတာေၾကာင့္ အရင္က ေဆြးေႏြးပြဲေတြ ပ်က္ျပားခဲ့ရတာပါ။
အေမရိကန္ ကိုယ္စားလွယ္ေတြလည္း အႀကံဉာဏ္ေကာင္းေတြနဲ႔ စေတာ့ဟုမ္းၿမိဳ႕ကို ေရာက္ရွိသြားၿပီ ျဖစ္တဲ့အတြက္ ဒီေဆြးေႏြးညႇိႏႈိင္းပြဲကေန တိုးတက္မႈေတြရလာဖို႔ ေမွ်ာ္လင့္ပါတယ္လို႔လည္း ဥေရာပခရီးစဥ္နဲ႔ ဂရိႏုိင္ငံကိုေရာက္ေနတဲ့ အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီး Mike Pompeo က ဒီကေန႔ပဲ ေျပာဆိုခဲ့ပါတယ္။
လတ္တေလာ ျဖစ္ေပၚတိုးတက္မႈေတြအရ သေဘာတူညီမႈရဖို႔ ႏွစ္ဦးႏွစ္ဖက္ လိုလားတာကို ေတြ႔ရေပမယ့္လည္း ႏွစ္ႏုိင္ငံ ကိုယ္စားလွယ္ေတြအေနနဲ႔ တဖက္နဲ႔တဖက္ အေလွ်ာ့ေပး ေဆြးေႏြးညႇိႏႈိင္းၾကမလား ဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မရွိပါဘူး။
ေျမာက္ကိုရီးယားႏုိင္ငံဘက္က လေတြနဲ႔ခ်ီ ေျပာဆိုထားတဲ့ ေလသံအတုိင္း ႏ်ဴကလီးယားအေရးကိစၥကို နည္းလမ္းအသစ္နဲ႔ ခ်ဥ္းကပ္ရင္ သိပ္ကိုေကာင္းလိမ့္မယ္လို႔ သမၼတ Trump ကလည္း ၿပီးခဲ့တဲ့လက ေျပာဆိုထားပါတယ္။
ေျမာက္ကိုရီးယားက သူ႔ရဲ႕ ႏ်ဴကလီးယား အစီအစဥ္ေတြကို တဖက္သတ္ အေလွ်ာ့ေပး ရပ္ပစ္တာမ်ိဳးလုပ္ဖို႔ ဆႏၵမရွိဘူးလို႔ အႀကိမ္ႀကိမ္ ေျပာဆိုထားပါတယ္။
သူ႔အေပၚ ခ်မွတ္ထားတဲ့ အေရးယူ ဒဏ္ခတ္မႈေတြကို ေလွ်ာ့ေပါ့ၿပီး လုံၿခဳံေရးအတြက္ အေမရိကန္က အာမခံေပးဖို႔ ေျမာက္ကိုရီးယားက လိုလားေနတာလည္း ျဖစ္ပါတယ္။
------------------------------
(Unicode)
မြောက်ကိုရီးယား နျူကလီးယားဆွေးနွေးပွဲ ပြန်စ
မြောက်ကိုရီးယားရဲ့ နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်တွေရဲ့ လုပ်ငန်းအဆင့် ဆွေးနွေးပွဲတွေ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာပြန်စတင်တော့မှာပါ။
အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ ဗီယက်နမ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် အောင်မြင်မှု မရခဲ့တာကို တခါပြန်ပြီး ကြိုးပမ်းဖို့ ခေါင်းဆောင်နှစ်ဦးတို့ ဇွန်လမှာ သဘောတူညီခဲ့ပြီးတဲ့နောက် ကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ခုလို တရားဝင် ပြန်စတင်လိုက်တာပါ။
မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်တွေ အဆုံးသတ်ရေး လုပ်ငန်းအဆင့်အတိုင်း အရေးယူဒဏ်ခတ်မှုတွေ လျှော့ပေါ့ပေးမယ်ဆိုတဲ့ ကိစ္စမှာ သဘောတူညီမှု မရတာကြောင့် အရင်က ဆွေးနွေးပွဲတွေ ပျက်ပြားခဲ့ရတာပါ။
အမေရိကန် ကိုယ်စားလှယ်တွေလည်း အကြံဉာဏ်ကောင်းတွေနဲ့ စတော့ဟုမ်းမြို့ကို ရောက်ရှိသွားပြီ ဖြစ်တဲ့အတွက် ဒီဆွေးနွေးညှိနှိုင်းပွဲကနေ တိုးတက်မှုတွေရလာဖို့ မျှော်လင့်ပါတယ်လို့လည်း ဥရောပခရီးစဉ်နဲ့ ဂရိနိုင်ငံကိုရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဒီကနေ့ပဲ ပြောဆိုခဲ့ပါတယ်။
လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေအရ သဘောတူညီမှုရဖို့ နှစ်ဦးနှစ်ဖက် လိုလားတာကို တွေ့ရပေမယ့်လည်းနှစ်နိုင်ငံ ကိုယ်စားလှယ်တွေအနေနဲ့ တဖက်နဲ့တဖက် အလျှော့ပေး ဆွေးနွေးညှိနှိုင်းကြမလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။
မြောက်ကိုရီးယားနိုင်ငံဘက်က လတွေနဲ့ချီ ပြောဆိုထားတဲ့ လေသံအတိုင်းနျူကလီးယားအရေးကိစ္စကိုနည်းလမ်းအသစ်နဲ့ ချဉ်းကပ်ရင် သိပ်ကိုကောင်းလိမ့်မယ်လို့ သမ္မတ Trump ကလည်း ပြီးခဲ့တဲ့လက ပြောဆိုထားပါတယ်။
မြောက်ကိုရီးယားက သူ့ရဲ့ နျူကလီးယား အစီအစဉ်တွေကို တဖက်သတ် အလျှော့ပေး ရပ်ပစ်တာမျိုးလုပ်ဖို့ ဆန္ဒမရှိဘူးလို့ အကြိမ်ကြိမ် ပြောဆိုထားပါတယ်။
သူ့အပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို လျှော့ပေါ့ပြီး လုံခြုံရေးအတွက် အမေရိကန်က အာမခံပေးဖို့ မြောက်ကိုရီးယားက လိုလားနေတာလည်း ဖြစ်ပါတယ်။